မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Monday 25 November 2013

၁၈၉၃ တွင် ပြည်မြို့တောင်ဘက် ငါးမိုင်ကွာခန့်မှမှော်ဇာ အရပ် ၊ မောင်ကန် (မောင်ဂန်) ကုန်းမှ တွေ့ရပြန်သော မြန်မာနိုင်ငံသို့ ထေရဝါဒ ဗုဒ္ဓဘာသာ ရောက်ရှိရာ အထောက်အထား ။ ( နောက်ဆက်တွဲတွေ့ရှိမှု ) ။


https://www.facebook.com/photo.php?fbid=592351714147017&set=a.474475725934617.100938.474473762601480&type=1


ပေချပ် (၁)

[ ယေဓမ္မာ ဟေတုပ္ဗဘဝါ
တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယောနိရောဓော
ဧဝံဝါဒီ က္တွဒ္ဓိပါဒါ စတ္တာရော
သမ္မပ္ဗဓာနာ … ]

ပေချပ် (၂ )

[ ယေဓမ္မာ ဟေတုပ္ဗဘဝါ
(တေ) သံ ဟေတုံ တထာဂ တော အာဟ၊
တေသဉ္စ ယောနိ ရောဓော၊
ဧဝံ ဝါဒီ မဟာသမဏောတိ
က္တွတိပိတော ဘဂဝါ အရဟ သမ္မာ သမ္ဗုဒ္ဓေါ
ဝိဇ္ဇာ စရဏ သမ္ဗန္နော သုဂတော …]

Sunday 24 November 2013

နန်းတော်မြို့ရိုးများအောက်က အမှန်တရား (သို့) လူစတေးခြင်း ။


မြို့ရိုး ၊ မြို့တံခါးတွေမှာ ဖုတ်ပြိတ္တာဖြစ်ပြီး စောင့်ဖို့အတွက် လူ
အရှင်လတ်လတ်ကို မြေတွင်းတူးမြှုပ် ၊ အပေါ်ကတံခါးတိုင်စိုက်
ဆိုတာမျိုးတွေ လုပ်လေ့ရှိတယ် ဆိုတာကို အင်္ဂလိပ်လက်ထက်
ကျောက်စာဌာန၏ ကျောက်စာဝန် ဖြစ်တဲ့ချားလ်ဒူရွိုင်ဆယ်ရေး
တဲ့ မန္တလေးနန်းတော်လမ်းညွှန်ကြား စာအုပ်မှာ အတိအလင်း
အကျယ်တဝင့်ထည့်ရေးသွားတာ တွေ့ရပါတယ် ။ ၁၉၂၅မှာရေး
ဒီစာအုပ်ကိုပဲ၁၉၆၃ခုနှစ်တွင်ရှေးဟောင်းသုတေသနရုံးမှ၊အမေ
ရိကန်အဖွဲ့တစ်ဖွဲ့သည်“အာရှဖောင်ဒေးရှင်း”ဆီမှအထောက်အ
ပံ့ယူ၍ မူလခေါင်းစဉ် “ မန္တလေး နန်းတော် လမ်းညွှန်ကြား ” မှ
“လမ်းညွှန်”ကိုဖြုတ်၍ “ မန္တလေးနန်းတော် ”ဆိုတဲ့ အမည်သစ်
နှင့်ထပ်မံပုံနှိပ်ကာ မြန်မာပြည်အတွင်း တစ်အုပ်ကိုးကျပ်နှုန်းဖြင့်
ရောင်းချခဲ့ပါသည် ။ အင်္ဂလိပ်ဘာသာနှင့် ပုံနှိပ်ထုတ်ဝေတာ ဖြစ်
လို့ထိုစဉ်ကမြန်မာနိုင်ငံသို့ လာရောက်ကြတဲ့ နိုင်ငံခြားသား တိုင်း
ဝယ်ယူဖတ်ရှု လျှက်ရှိခဲ့ပါတယ် ။ ဆရာကြီးဒေါက်တာသန်းထွန်း
မှနယ်လှဲ့ရာဇဝင်ဆိုသော စာအုပ်တစ်အုပ်ထဲတွင် ဘာသာပြန်၍
ဤ အကြောင်းအရာ ကို ရေးသားသွားခဲ့ရာ အလျဉ်းသင့်၍ ပြန်
လည်ပြုပြင် တင်ပြလိုက်ရပါတယ် ။

Saturday 7 September 2013

ကမ္ဘာကျော်ပေမယ့် မြန်မာမကျော်တဲ့သူ ။

Zin Yaw Page မှကူးယူဖော်ပြပါသည် ။

မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ ဦးဘ မော်ဟာ ပုံတောင်ဂျီးဟား ခေါ်တဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း သန်း ၄၀ ကလူသား ရဲ့ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးကို စတင်ရှာဖွေတွေ့ရှိခဲ့ တယ်။ လူသားများ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့နေထိုင်ခြင်း ဆိုင်ရာ သီအိုရီအဟောင်း တွေကို လည်း ပြောင်းပြန်လှန်ပစ်ခဲ့တယ်။

ရာဇဝင်ထဲကမိန်းမသား(သို့) မြန်မာတို့၏နောက်ဆုံးမိဖုရားတစ်ပါးဟာ မိန်းမကြမ်းကြီးတဲ့လား ။


အင်္ဂလိပ်နယ်ချဲ့ သမိုင်းရေးသူတွေရဲ့ သမိုင်းတွေကို ဖတ်မိပြီး ယုံ ကြည်မိနေ ကြသူတွေအများကြီးရှိနေတာ သိလာရပါတယ် ။ အဲဒီလို မျိုးမြန်မာ့သမိုင်းကို ရေးတဲ့သူအချို့က ဘယ်လိုများ ဝါးကူထိုးလိုက် ကြလဲဆိုရင် သီပေါမင်းတရားနဲ့ စုဖုရားလတ်တို့ အသုံးမကျလို့ အ ထူးသဖြင့် စုဖုရားလတ် “စွာ” လို့ မြန်မာ့လွပ်လပ်ရေး ဆုံးရှုံးခဲ့ရတယ် လို့ ယူဆထားသူတွေ အများအပြားရှိနေပါတယ် ။ အဲဒီလိုထင်မြင်ယူဆမှုတွေကြောင့်လည်း မြန်မာနိုင်ငံကို ကျူးကျော် သိမ်းပိုက်လိုက်တဲ့ နယ်ချဲ့တွေဟာ အလိုလိုနေရင်း “ ကယ်တင်ရှင် ကြီး ကရုဏာရှင်ကြီး အဖြစ်သို့ ရောက်သွားခဲ့သည် မဟုတ်ပါလား ။ စာရေးသူအနေနှင့်တော့ မည်သည်မည်ဝါ ကိုအမှန်၊ အမှားခွဲခြားပြ ရန် ဆန္ဒမရှိပါ ။ သို့သော် မြန်မာ့သမိုင်းကို မြန်မာ့အမြင်စင်စစ်ဖြင့် ချဉ်းကပ်ခဲ့ကြသော မြန်မာ့ အမျိုးသား စာပေပညာရှင်တွေ ၏စာအု ပ်စာတမ်းမြောက်မြားစွာထဲမှ ရှာဖွေတွေ့ရှိလာသည့် “ မြန်မာ့မျိုး ချစ်စိတ် ” ကိုတော့ဖြင့် ရှာဖွေတင်ဆက်ပေးလိုက်ပါသည် ။

Thursday 5 September 2013

သမိုင်းကြောင်းဆိုင်ရာ အရေးပါသော ရှင်ဒီသာပါမောက် ကျောက်စာ အေဒီ ၁၂၈၅။ ဒေါက်တာသန်းထွန်း

ရှေးမြန်မာ ဆိုဒ်မှ ဆရာကြီး ဒေါက်တာသန်းထွန်း၏ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော ဤ
စာတမ်းကို  တတ်အားသရွေ့ အဓိပ္ပါယ် ပြန်ထားပါသည် ။

The Historical Important of the Disapramuk Inscreption, A.D. 1285
By Dr Than Htun,

သမိုင်းကြောင်းဆိုင်ရာ အရေးပါသော ရှင်ဒီသာပါမောက် ကျောက်စာ အေဒီ ၁၂၈၅။
ဒေါက်တာသန်းထွန်း
The Disapramuk stone inscription now stands as one of the collection of stone inscriptions at the Pagan Museum but originally if belongs to the Mingala Zedi of Pagan and a photogravure of its rubbing has been published as Plate 271 in portfolio two of Inscriptions of Burma ( Tin & Luce, London, 1936 ). The historical information that we get from this inscription is new to our knowledge of the Mongol invasion of Burma at the end of the 13th century. It enables us to correct the story given in the Chinese sources on that particular aspect. Therefore we would like to give the story as found in the chronicles on Burma-China relations on the eve of the Mongol invasion that terminated the reign of King Narathihapati (1254-1287) who is now called as Tayoke Pyay Min- the king who fled from the Chinese.


ယခုလက်ရှိ ပုဂံပြတိုက် အတွင်းတွင် Plate - 271 အဖြစ်မင်ကူး၍ စာအိတ်- အတွင်း အခြားကျောက်
စာနှစ်ခုနှင့် အတူ  ထိန်းသိမ်းထားသော သျှင်ဒိသာ ပါမောက္ခ ကျောက်စာ  (မူလ- မင်္ဂလာစေတီ၊ပုဂံ)
တွေ့ရသည် ။ (တင်၊လု့စ်၊ လန်ဒန်၊၁၉၃၆) ။ -ဤကျောက်စာမှ ၁၃  ရာစုအတွင်း မြန်မာနိုင်ငံ ကိုမွန်
ဂိုတို့  ကျူးကျော်ခဲ့သော အဖြစ်ကို သိရပါသည် ။ တရုတ်မှတ်တမ်း - များနှင့် တိုက်ဆိုင် -စစ်ဆေး၍
သမိုင်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်မှန်ကို ကျွန်ုပ်တို့ ပြင်ဆင် -ပေးနိုင်ပါသည် ။ ထို့ကြောင့် - ပထမ
ဦးစွာ မြန်မာ့ -ရာဇဝင် ကျမ်းများထဲတွင် တွေ့ရသော နရသီဟပတေ့မင်း -( တရုတ်ပြေးမင်း ) အေဒီ
၁၂၅၄-၁၂၈၇ လက်ထက် မွန်ဂိုကျူးကျော်စစ် ၏ အဖြစ်အပျက် များကို မှတ်တမ်းတင်ထားမှုကိုဦးစွာဖော်ပြပေးပါမည် ။ 

Wednesday 4 September 2013

အရှင်နှစ်ပါး ပါတော်မူပြီ ဘယ်တော့မှ ပြန်မလာပြီ ။

၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၊၂၈ ရက် နေ့ နံနက် ဆယ်နာရီ အချိန် ဖြစ်သည် ။ မန္တ လေးမြို့ ဂေါဝိန်ဆိပ်ကမ်း ၊ ဧရာဝတီမြစ် ရေပြင် ထက် အင်္ဂလိပ် စစ်သေ နာပတိချုပ် ဗိုလ်ချုပ် -ပရင်ဒါဂတ် ဦးဆောင် လာသော အင်္ဂလိပ် စစ်သင်္ဘော အုပ်စုဆိုက်ရောက်လျက် ရှိသည် ။ ယင်းအုပ်စု တွင်

Tuesday 20 August 2013

ဧရာဝတီ (သို့) ရာဇဝင်များရဲ့ သတို့သမီး

မြန်မာလူမျိုး ၊ မြန်မာ့ယဉ်ကျေးမှု နှင့် မြန်မာ့ သမိုင်းစဉ်သည် ဧရာဝတီမြစ်၏ ဝဲယာမြစ် ကမ်းပါး ပေါ် တွင် ဖြစ်တည် လာ၍ မြန်မာ နိုင်ငံကြီး သည်လည်း ဧရာဝတီမြစ် ဝဲယာ ကမ်းပါးပေါ်တွင် လူလား မြောက်၍ ဤမြစ် ဝဲယာ ၌ပင် ရှင်သန် တည်ရှိနေ ပေသည် ။ ဧရာဝတီသည် မြန်မာ နိုင်ငံ အတွင်း ၌ပင် စ၍ မြန်မာနိုင်ငံ တွင်ပင် ဆုံးသော မြန်မာ့ သဘာဝ အဝေးပြေး လမ်း မ ကြီး ဖြစ် သည် ။ တ ကောင်း ၊ ဟန်လင်း ၊ ဗိဿနိုး ၊ သရေ ခေတ္တရာ ၊ ပုဂံ ၊ ပင်းယ ၊ စစ်ကိုင်း ၊ အင်းဝ ၊ အမရပူရ ၊ ရတနာပုံ အစ ရှိသော မင်း နေပြည်တော် ကြီး များ သည် ဧရာဝတီမြစ် ဝဲယာ ကမ်းပါး ပေါ်တွင် ထွန်းကားခဲ့ ပြီး မြန်မာ တိုင်း ရင်းသား ပြည်သူတို့ ၏ ကိစ္စ အဝဝ သည် ဧရာဝတီ နှင့် ဆက်စပ် လျက် ရှိ သည် ။ ဧရာဝတီမြစ် ပို့ချခဲ့သော မြေပေါ်တွင် မြန်မာ့ ပထဝီဝင် ၊ မြန်မာ့ ရာဇ ဝင် ၊ မြန်မာ့ သမိုင်း ၊ မြန်မာ့ ဇာတိ ၊ မြန်မာ့ ယဉ်ကျေးမှု နှင့် မြန်မာနိုင်ငံ သား တို့  ဖြစ်ပေါ် လာပါသည် ။ လွန်စွာ လှပသော မြစ်ကျဉ်း ငါးခု နှင့် ပင် လယ် ထွက်ပေါက် ပါရှိသော အဖိုးတန် သဘာဝ ရတနာ ပင် ။ကမ္ဘာပေါ်တွင် မည် သည့်နိုင်ငံ မဆို လူဦးရေသာ လျှင်တိုးတက်မှု ရှိပြီး မြေကြီး တိုးတက်မှု ကား မရှိပေ ။ သို့သော် ဧရာဝတီ မြစ်၏ နုန်းတင် မြေနုများ ပို့ချမှု ကြောင့် အနှစ် (၁၀၀) ကြာတိုင်း မြစ်ဝ ကျွန်းပေါ်တွင် သုံးမိုင်မျှ ကျယ်ဝန်းသော မြေ ပမာဏကို မြန်မာပြည်သူ တို့အတွက် လက် ဆောင်ပေးလျက်ရှိ ပါသည် ။

Sunday 18 August 2013


ထူးခြားလှသည့် အရည်အချင်း ရှိသော လက်ရာ ဖြစ်သည့် ပရန ကန် ရတနာ ပစ္စည်း တစ်ခုမှာ ပုံတွင် ဖော်ပြ ထားသည့် ရွှေဖြင့် ပြုလုပ်ထား သော စိန် ခါး စည်း ဖြစ်သည်။ ထို ခါးစည်းတွင် ဒေါင်းရုပ်ကို စိန်လုံး များနှင့် ပုံဖော် ထား သည် ။ ဤခါးစည်းကို ၂၀ ရာ စု နှစ် အစောပိုင်း လောက်က ထူးခြားလှသည့် ၇၅ ကာရက်ရှိသော စိန်လုံးရေများဖြင့် ပြုလုပ် ထားသည်။ ဘာကယ်လ် (Buckle) နှင့် ဘေး...မှစိန်များသည် အ၀ါ ရောင်စိန်၊ အညို ရောင်စိန်နှင့် ပန်း ရောင် သန်းသည့် လိမ္မော်ရောင် စိန်တို့ဖြင့် ပြုလုပ် ထားခြင်း ဖြစ်သည်။ ဒေါင်း ရုပ် ကိုယ်ထည်မှ အလယ် စိန်လုံးမှာ ဥရောပ ၌ သွေးထားသော စိန် ဖြစ်ပုံ ရ ၍ အလေးချိန် ၅ ကာရက် ရှိသည်။ ဤခါးစည်းမှ ဘာကယ်လ်(Buckle) ဒီဇိုင်း ပုံမှာ ဖြုတ်လိုက်လျှင် စိန်ရင်ထိုး သဖွယ် သုံး၍ ရသည်။

Saturday 17 August 2013

နှစ်ပေါင်း (၁၅၀၀)ခန့်က ပျူခေတ် ကချေသည် ကြေးရုပ်တို့၏ အတိတ်သမိုင်းကို စာမျက်နှာများပေါ်မှ တူးဆွခြင်း


၁၉၆၇ ခုနှစ် ဇန်န၀ါရီလ အတွင်းတွင် သုတေ သန ၀န်ထောက် ဦး စိန်မောင် ဦး ဦးစီးသည့် အဖွဲ့သည် သရေ ခေတ္တရာမြို့ ဟောင်းအရှေ့ မြောက် ဘက် မြို့ရိုး၏ အပြင် ဘက်ရှိ ၊ ဘုရားမာ ဘုရားအနီး တူးဖော်မှု ကုနုးအမှတ် (၈) မှ ကျက်သရေ မင်္ဂလာ အထိမ်းအမှတ် သင်္ကေတ သီရိဝစ္ဆပုံနှင့် ကြာပန်း ကြာခက် တို့ဖြင့် ခြယ်လှယ် ထားသော အမြင့် ၁၁ လက်မ ခန့်ရှိသည့် ကြေး ခေါင်းလောင်း တစ်လုံး ကို တူးဖော် တွေရှိခဲ့သည်။ ထိုကြေး ခေါင်းလောင်း အတွင်းမှ ထူးခြားသော ပျူခေတ် ကြေးရုပ် ငါးရုပ်ကို တွေ့ရှိခဲ့ ပေသည် ။ ကြေးရုပ်ငါးရုပ် သည် ထိုခေတ် တီးမှုတ်ကခုန်သည့် သဘင်ပညာသည်တို့၏ ပုံသဏ္ဍန်ကို ဖော်ညွှန်းသွန်း လုပ်ခဲ့ဟန်ရှိပေသည်။ အရုပ် တစ်ခုသည် ပလွေ မှုတ်ဟန်၊ အရုပ်တစ်က ဗုံတီးဟန်၊ နောက်တစ်ခု က ခွက်ခွင်း တီးပြီး၊ တစ်ရုပ် က ပျော့ပြောင်းနွဲ့ နှောင်း နူးညံ့ ငြိမ့်ညောင်းစွာ ကပြ ဟန်နှင့် နောက်ဆုံး တစ်ခုက ပုပု ကွကွ ခါးကုန်းကုန်း ၊ သူ့ ကျောကုန်း မှာ အထုပ် တစ်ခု ပိုးပြီး ပျော်တော် ဆက် (လူပြက်) ဟန်ပါပါ ဟာသပြု သရုပ်ဆောင် နေပုံ များဖြစ် သည်။ ၄င်းတို့သည် ငယ်ပင် ငယ်စေကာမူ အလွန်အသက် ပါလှပြီး အလွန် မြတ်နိုးဖွယ် ဖြစ်အောင် အနုပညာ လက်ရာ မြောက်ကြ ပေသည်။ ဆင်ယဉ် ထုံးဖွဲ့မှုနှင့် ဟန်ပန် အနေအထား များမှာ အိန္ဒိယ ဆန်လှသည် ။

Friday 16 August 2013

ကျောက်စာများတွင် တွေ့ ရသော ပုဂံပြည့်ရှင် စည်သူ (၂) ၏ မိဖုရားများ


စည်သူ(၂) ၏ လက်ထက်တွင် နိုင်ငံတော် သည် အရှေ့  သလ္လင်ကျေ ၊ အ နောက် မစ္စဂီ ရိ ၊ မြောက် ငဆောင်ချံ ၊ တောင် တလိုင် သရိယ် နှင့် ထဝယ် လျင် အပိုင်းအခြား ရှိ သည် ဟုစိရပါသည် ။ စည်သူ (၂)၏ မိဖုရား ခြောက်ပါး စာရင်းကိုလည်း တွေ့ ရပါ သည် ။ ယင်းတို့ မှာ

၁ ။ တောင်ပ္လင်သည် (တောင်နန်းစံ) ။

၂ ။ မ္လစ်ပ္လင်သည် (မြောက်နန်းစံ) ။

၃ ။ စဝ်မြကန်သည် (မြကန် မိဖုရားစော) ။

၎ ။ ဝဋံ သိကာ (ဦဆောက်ပန်)(ထိပ်ခေါင်တင် မိဖုရား) ။

၅ ။ စဝ်အလွမ် (ထိပ်ထား မိဖုရားစော) ။

၆။ ဝေလုဝတီ (ဝါးမိဖုရား) ။

တို့ ဖြစ်ပါသည် ။
ယင်းတို့ အနက် စဝ်မြကန်သည် အရေးပါ အရာအရောက် ဆုံးမိဖုရား ဖြစ်ဟန် တူ ၏။ ထိုမိဖုရား၏ သားတော် နာတောင်မျာ က စည်သူ (၂) ၏ အရိုက်အရာ ကို ဆက်ခံသော ကြောင့် ဖြစ်သည် ။

Thursday 15 August 2013

ပျူမင်းသား ဂီတခရီး စဉ် အေဒီ - ၈၀၂ ။




၂၀၁၂ ခုနှစ် ၊ မတ်လ အတွင်း ရန်ကုန် မြို့ ၊ ယဉ်ကျေး မှု နှင့် အနု ပညာ တ က္ကသိုလ် ပါမောက္ခ ချုပ်က မြန်မာ့သ မိုင်းအ ဖွဲ့ ဒုတိယ ဥက္ကဌ ကြီး ဒေါက်တာ တိုးလှ နှင့် မြန်မာ့ သမိုင်း အဖွဲ့ဝင် ဒေါက် တာ ချစ်စံဝင်း တို့ကို ခေါ်ယူ တွေ့ ဆုံ၍ တရုတ်နိုင်ငံ တွင် ရုပ်မြင် သံကြား ဇာတ် လမ်း တွဲ အဖြစ်ရိုက် ကူးမည် ဖြစ်သော ပျူအဖွဲ့၏ ဂီတ ဖျော်ဖြေမှု နှင့် အက တင် ဆက်မှုကို ကူညီပေးရန် ဖိတ်ကြား ခဲ့ ပါသည် ။ ခရစ်နှစ် ၈၀၂ ခုနှစ်က အိမ်ရှေ့ မင်းသာ; သုနန္ဒန ဦး ဆောင်၍ သရေခတ္တရာ မှ တရုတ်နန်း တော် ချန်အန်းသို့ သွား ရောက် ဖျော် ဖြေ ခဲ့ရာ ဤအ ကြောင်း ကို ဇာတ်လမ်းတွဲ ရိုက်ကူး မည် ဟုသိရသည် ။ မြန် မာ့ အနု ပညာရှင် များနှင့်တကွ သမိုင်း ပညာ ရှင် များကပါ ထို ခေတ်ကာလ က ပျူဂီတ ဖျော်ဖြေ မှု နှင့် အက တင်ဆက်မှု တို့ အ မှား အယွင်း မရှိစေရန် နှင့် မြန်မာ့ဘက် မှ စီစဉ် တင်ဆက် ထားမှုနှင့် ကိုက်ညီရန် နှစ်ဘက် တွေ့ဆုံ ဆွေး နွေး ခြင်းဖြစ်ပါ သည် ။ ထို ဇာတ်လမ်းတွဲ တွင် မြန်မာ့ အနုပညာ ရှင် များလည်း ပါဝင်သရုပ် ဆောင်မည်ဟု သိရသည် ။

ပျူ ဂီတ အနုပညာ ရှင်များ ။ ( Noel . F Singer 1997 )
ခရစ်နှစ် ၈၀၂ ခုနှစ် တရုတ်ပြည် ရောက် ပျူဂီတ အနု ပညာ အဖွဲ့ ၏ စွမ်းပ ကား သည် တရုတ်တို့ ကိုအံ့အားသင့် စေခဲ့ပါသည် ။ ပျူ ဂီတ အနုပညာ၏ အင်အားသည် သရေခတ္တရာ ၏ အင်အား ပင် ဖြစ်ပေသည် ။ မြန်မာနိုင်ငံတွင် ပျူဂီတ အနုပညာ အတွက် မြေ ပေါ် မြေအောက် အထောက် အထား ဆို၍ မှော်ဇာရှိ မြင်ဗာဟုစေ တီ ပျက် ကုန်းမှ ခြေထိုးကနေဟန် အုတ်ခွက် တစ်ခု ၊ မှော်ဇာ အခြားနေရာမှ ခြေထိုး လက်မြှောက် ကနေဟန် အုတ်ခွက် တစ်ခု နှင့် ၁၉၆၆-၆၇ ခုနှစ်အတွင်း သရေခတ္တရာ မြို့ဟောင်းမှ တူးဖော် ရရှိသော ကခုန် တီးမှုတ် နေသော ကြေးရုပ် ငါးရုပ် လောက်သာ တွေ့ရပါသည် ။ သို့ဖြစ်ပါ၍ တရုတ်တို့ ၏ ထန်မင်းဆက် သမိုင်းဟောင်း ၊ ထန်မင်းဆက် သမိုင်းသစ် နှင့် ထန် မင်းဆက် အုပ်ချုပ် ပုံစာတမ်း များတွင် ပျူဂီတ ခရီးသွား အဖွဲ့အ ကြောင်းကို ဆရာကြီး ဦးရည် စိန် ၏ ကျေးဇူးနှင့် လေ့လာရပါ ဦးမည် ။

Monday 12 August 2013

အမတ်ကြီးဦးပေါ်ဦးနှင့် သုတေသနအမြင် အပိုင်း (၂)။


 ဦးပေါ်ဦး ၏ အဆက်အနွယ် ဇယားး
အမတ်ကြီးဦးပေါ်ဦးအကြောင်း နှင့် ပတ်သတ်၍ ဦးအောင်၊ ပိဋိကတ် ဆရာ မြိုင် ၊ ဦးကျော်ထွန်း ၊ စာတော်ပြန် ဆရာသိန်းတို့က လျှောက်ထုံး စာအုပ်များ ထုတ်ဝေခဲ့ ဖူးကြသည် ။ မြန်မာ လူမျိုးတို့ သည် ဦးပေါ်ဦး အကြောင်းကို သက်ကြီးစကား သက်ငယ် ကြား အ နေဖြင့် ကြားဖူး နားဝရှိခဲ့ ကြပြီး ယခု အချိန်ထိ ကိုးကား၍ ပြောဆို နေကြဆဲ ဖြစ်သည် ။ ဦးပေါ်ဦး သည် အမှန် တကယ်တွင် တော့ လူ အများ သိထားသလို ပျော်တော်ဆက် တစ်ဦး မဟုတ် ပါ။ပျက်တီး၊ ပျက်ချော်နေတတ်သူလည်းမဟုတ်ပြန်ပေ။ထို့ပြင် ဝန်ကြီးတစ်ဦး လည်း မဟုတ်ခဲ့ပါ။မြန်မာဘုရင်လက်ထက် နန်းတွင်းအဖွဲ့ အ စည်းတွင် မြေ တိုင်း အတွင်းဝန် တစ်ဦးသာ ဖြစ်ပါသည် ။ စာရေးဆ ရာများ၏ ဖန်တီးချက် သာ ဖြစ်ပြီး ထို ဖန်တီးချက် များကို စာအုပ် တစ်ချို့ထဲတွင် အကိုး အကား အဖြစ် အသုံးပြုနေကြ၍ စာဖတ်သူ များမှ လျှောက်ထုံးများ ထဲရှိဦးပေါ်ဦးကို အစစ် အမှန်ဟု ယုံကြည် သွားမည် စိုးသောကြောင့် စာရေးဆရာ ဦးတင်နိုင် တိုးမှ ဦးပေါ်ဦး ၏ ဘဝ သရုပ်မှန်နှင့် သူ၏ လျောက်ထုံး များကို သမိုင်း သု တေ သန အမြင်ဖြင့် ချဉ်းကပ်ရန် ကြိုးစားခဲ့ပါသည်။

Sunday 11 August 2013

ကျောက်စာများထဲမှ ပုဂံခေတ်ဆိုင်ရာ အပင် ၊ အသီး စာရင်း ။


ပျဉ်မ = ဣပ်မှူယ် ။
ဥသျှစ် = ဥိရေစ် ။
အုန်း = ဥိ ။
အောက်မဲညို = အောင်မညိစ် ။
ကြက်သွန်ဖြူ = ကသွန် ။
ကုလားပဲ = ကုလာပါယ် ။
ကင်ပွန်း = ကမ်ပေါန် ။
ကန်ချုပ် = ကန်ချောင် ။
ကျောက်ဖရုံ = က္လေည်ဖူရုံ ။

Saturday 10 August 2013

ပုဂံခေတ် ကျောက်စာများ တွင် နေ့ ခုနှစ် နေ့ အား ရေးထိုးထားပုံ ။ မြန်မာ-မွန်-ပါဠိ-သက္ကတ ။


တနင်္ဂနွေ နေ့  = တန်နှင်ကနုယ် ။ တငဲ / တ္ဂဲ (ဂ=င) (မွန်) ။

တနင်္လာနေ့  = တန်နှင်လာ ။ တငဲ (မွန်) ။

အင်္ဂါ နေ့  = အင်ကာ ။

ဗုဒ္ဓဟူး နေ့  = ပုတ္တဟူ ။

ကြာသာပတေး နေ့  =္ကကြဿပတိယ် ။ ဗြိဟ သ္မတိ (သက္ကတ) ။

သောကြာ နေ့  = သုက္ကြာ ။ သုက္က (ပါဠိ) ။ ဂုကြ (သက္ကတ)။

စနေ နေ့  = စနိယ် ။ သနိ (ပါဠိ) ။ ဇနိ (သက္ကတ) ။

Photo Copied

Friday 9 August 2013

ပုဂံခေတ်ဆိုင်ရာ ကျောက်စာများထဲ မှ တွေ့ နိုင်သော အသက်မွေးဝမ်းကြောင်း ကိုလိုက် ၍ သတ်မှတ်သော စကားလုံး များ ။


(က) ။ မွေးမြူရေး နှင့် လယ်ယာလုပ်ငန်းဆိုင်ရာ။

လယ်သမား = လယ်သယ်/ လယ်သူ ။
လယ်ခင်းစောင့် = လယ်ဥယင်စောင့် ။
ကောက်စိုက်သူ/ သမ = စပါစိုက် ။
ဥယျာဉ်မှူး = ဥယင်သည် ။
ကျွဲနွားမွေးသူ = နွာထိန် ။
ကြက်မွေးသူ = က္လွထိန် ။
ဆိတ်မွေးသူ = ဆိတ်ထိန် ။
ဆင်ထိမ်းသူ = ဆင်ထိန်/ ဝမ်ပယ်ထိန် ။
နွားကျောင်းသူ = နွာက္လောင်စွံ ။

Tuesday 6 August 2013

ပုဂံခေတ် ဆိုင်ရာ ကျောက်စာများမှ အဆွေ / အမျိုး တို့  အပေါ် အခေါ် အဝေါ် စကားလုံး များ ။( မြန်မာ / မွန် )

ပုဂံခေတ် လူမှုအဖွဲ့  အစည်း တွင် ထိုအခါ ၊ ထိုကာလ ကပင် အမိ ၊ အဖ နှင့် သားသမီး တစ်အုပ်တို့  သည် အရေး အပါဆုံး သောအဖွဲ့ အစည်း ပင်ဖြစ်သည် ။

Saturday 3 August 2013

မြန်မာ့ သမိုင်းအပေါ် အဆိုးအကောင်း သက်ရောက်စေခဲ့ သော အင်္ဂလိပ် တို့ ၏ ကိုလိုနီ ပညာရေး ။


မြန်မာတို့ သည် ရှည်လျားသော သမိုင်းကြောင်း ရှိခဲ့ ကြသည် ။ သို့  သော် သမိုင်း ကြောင်း မှတ်တမ်းတင် ရာတွင် လိုအပ်ချက် များရှိ နေ လျက် ပြီးပြည့် စုံသော ထောက် ကွက် မရှိသော သမိုင်းစစ်ကို ထား မသွား နိုင်ခဲ့  ကြ ။ ရှေးက ရာဇဝင် ဆရာ တို့  သည် လုပ်ပိုင်ခွင့် အပြည့် အဝ မရရှိခဲ့ကြ၍လော ။ ဒေသတွင်း ရင်းနှီး ချစ် ကြည် မှုကို ရှေ့ တန်းတင် ချင်ဇော အားကြီး လွန်း ၍လော ။ သမိုင်း အထောက် အထား ဆိုင်ရာ ဗဟု သုတ အားနည်း ချက်ကြောင့် လော ။ သို့ လောပေါင်း များစွာ နှင့် မြန်မာ့သမိုင်း ကြောင်း ပုံရိပ်သည် ရာဇဝင် အဆင့်သာ ရှိသည် ဟု နိုင်ငံ တကာ ဆိုင်ရာ ပညာရှင် တို့ က သတ်မှတ်ခြင်း ခံခဲ့ ရလေ သည် ။

Thursday 25 July 2013

လွန်ခဲ့ သော နှစ်ပေါင်း (၂၀၀၀) ကျော် ပျူခေတ်က ဟုယူဆရသော ရှေးဟောင်း ပစ္စည်းများ စစ်ကိုင်းတိုင်း တွင် တွေ့ ရှိ ။

ဇူလိုင်၊ (၂၅) ။

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ သမန္တောကျေးရွာနေ ဦးထွန်းမြင့်(၄၂)နှစ်နှင့် ဦးသန်းဇော်(၄၂)နှစ်ဆိုသူတို့ သည် လွန် ခဲ့သော(၁၅)ရက်ခန့်က သန်းဇော်ဆိုသူက ၎င်းပိုင်ယာမြေအတွင်း နွားဖြင့် ထွန်ယက်စဉ် ငွေဖလား ဟုထင်ရသော ဘောလုံး အသေးအရွယ် ခန့်အား ထယ်ဖြင့်ထိုးမိသဖြင့် ကြည့် ရှုရာ ဖလား(၃)လုံး ထပ်လျက်တွေ့ရှိရကြောင်း၊ ၎င်း ဖလား(၃)လုံးအနီး ၀န်း ကျင် တွင် ရွှေလုံး ဘယက်ကုံးများ၊ ရွှေဝါရှာကွင်း များ၊ ရွှေဆွဲပြားနှင့် ရောင်စုံ ကျောက်ပုတီးများကို ထပ်မံတွေ့ရှိသဖြင့် သိမ်း ဆည်းခဲ့ သည်။ (၃/၄)ရက်ခန့် အကြာတွင် ဦးသန်းဇော်က အိမ်နီးချင်းနေ ဦးထွန်းမြင့်နှင့်အတူ မြင်းမူမြို့ရှိ ရွှေဆိုင် (၁)ဆိုင်သို့ သွားရောက်ပြသခဲ့ သော်လည်း ၀ယ်ယူခြင်းမရှိသဖြင့် ၂၂-၆-၂၀၁၃ ရက်နေ့တွင် ဦးထွန်းမြင့် နှင့်အတူ မန္တလေးမြို့၊ မန်းမြို့ဈေး အတွင်းရှိ ““ရွှေထိပ်ဦး”” ရွှေဆိုင်သို့ လာ ရောက်ရောင်းချခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆိုင်ဆရာကြီး ဦးဟန်ပ

မန္တလေးမြို့တွင်သာမက မြန်မာတစ်နိုင်ငံလုံး ကျော်ကြားထင်ရှားတဲ့ ရွာစား ကြီး စိန်ဗေဒါ ကွယ်လွန် တဲ့နောက်“ဦးဟန်ပ”ဟာ အကြီးကျယ်ဆုံး မြန်မာ့ ဂီတ ပညာရှင်ကြီးပါ ။ ဒီလောက် ပုဂ္ဂိုလ်ကြီးက နတ်ကနား တီးတဲ့ဆီ ပညာ သွားယူ ရတယ်ဆိုတော့ ကျနော့် စိတ်ထဲ တမျိုးကြီး ။နတ်ကနား တီးတာက မန္တလေး နတ်ကနား လောကမှာ (နတ်ကနားစိန်ဗေဒါ) ရယ်လို့ ထင်ရှားတဲ့
“ဦးဘဒင်”ပါ ။ “ဦးဘဒင်”ဟာနတ်ကနားကို အလွန်ခေတ်မှီအောင် တီးတဲ့သူ ပါ ။ “ဗလာဆိုင်း” သမား တွေက နတ်ကနား တီးတဲ့သူတွေ ကို သိပ်အထင် မကြီးကြ ဘူး ။ နတ်ကနား တီးတဲ့ သူတွေက လည်း “မင်းတို့ ငါတို့လို့ တီး တတ် ရဲ့လား”လို့ ပြန်မေးတာ တွေရှိတယ် ။ အမှန်ဝန်ခံ ရရင်တော့ သူတို့ တီးသလို မတီးတတ်တာ အမှန်ပါ ။

Saturday 13 July 2013

C - 14 ခေါ်အက်တန်အနုမြူ နှင့် အတိတ်ကို ရက်စွဲတပ်ခြင်း ။

ကမ္ဘာ့ အပြင်ဘက် ကျယ်ဝန်းလှသည့် ဟင်းလင်းပြင်ထဲမှ ဖြတ် သန်းလာသော ကော့ စ်မစ်ရောင်ခြည်တို့သည် ကမ္ဘာ့ လေထုအ တွင်း ရှိ နိုက်ထရိုဂျင် အနုမြူများနှင့် ကမ္ဘာမြေကြီး၏ အထက် ငါး မိုင်အကွာ တွင်လာရောက် တိုက်မိရာမှ ကာဗွန်-၁၄ ဖြစ်လာ မည့် ရေဒီယို သတ္တိကြွ အနုမြူများ ဖြစ် လာသည် ။ ၎င်းတို့သည် အောက်ဆီဂျင် နှင့်ပူးပေါင်း၍ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် များအ ဖြစ် မြေပြင်ပေါ်သို့ ဆင်းသက် လာလေ သည် ။ ကာဗွန်ဒိုင် အောက်ဆိုက်ဒ် ကိုသစ်ပင် ပန်းမာန်တို့မှ အစာချက်လုပ် ရန် လို အပ်သဖြင့် စုပ်ယူ ကြရာ ထိုဒြပ်ပေါင်းသည် သစ်ပင်တို့ကို စား သုံးသော သတ္တဝါ များ၏ ကိုယ်တွင်းသို့ ရောက်ရှိသွား တော့ သည်။ မှတ်သားရန်မှာ သက်ရှိအရာ ဝတ္ထုတိုင်းသည် ကာဗွန် - ၁၄ ကိုစုတ်ယူ ကြခြင်း ဖြစ်သည် ။ သွင်းယူပြီးသည့် ပမာဏ တစ်ခုတွင် ထိုထက်ပိုသွင်းယူခြင်း မရှိတော့ပဲ ရပ်တံ့သွားသည် ။သက်ရှိတို့ သေဆုံးသွား သော အခါ ကာဗွန်-၁၄ ကိုစုပ်ယူ ခြင်း ရပ်ဆိုင်း သွားသည် ။ ထိုအခါ ဝတ္ထု အတွင်းတွင် ရှိသော ကာဗွန်- ၁၄ သည်စတင် ပြိုကွဲတော့ သည်။ သိပ္ပံပညာ ရှင်တို့သည် အရာ ဝတ္ထု တစ်ခု အတွင်းရှိ ကာ ဗွန် -၁၄ မည်မျှ ပြိုကွဲ၍ မည်မျှ ကြွင်း ကျန်သည်ကို တိုင်းတာနိုင် သည် ။ ရေဒီယို သတ္တိကြွ အနုမြူ ဖြစ် သည့် ကာဗွန်-၁၄ ကို ၁၉၄၃ ခုနှစ်တွင် သပ်သပ်ခွဲထုတ် တွေ့ ရှိ ခဲ့လေသည် ။ အတိတ် ကို လေ့လာရန် ၊ ပစ္စုပန်ကို နားလည်ရန် နှင့် အနာဂါတ်ကို စူးစမ်း ကြည့်နိုင်ရန် အတွက် အရေးပါသော ဒြပ်ပေါင်း တစ်ခု ဖြစ်လာ ခဲ့ သည် ။ သဘာဝ ဒြပ်စင် ကာဗွန်၏ ရေဒီယို သတ္တိကြွ အိုင်ဆို တုပ် တခုဖြစ်သည့် ကာဗွန်-၁၄ သည် ရှေးဟောင်းပစ္စည်း များကို ရက်စွဲတပ်ရန် အတွက် သပ္ပံပညာရှင် များ ၏ အရေးကြီးသော နည်းလမ်းဖြစ် ပေတော့သည် ။ မည်သို့ အသုံးဝင်သည်ကို ရှင်းပါ ဦးမည် ။

Sunday 7 July 2013

ဗိဿနိုး မြို့ ဟောင်း ဆိုင်ရာ ယခင် တူးဖော်တွေ့ ရှိ ချက်များကို ချေပခြင်း ။

2003 June 10 တွင် ဗိဿနိုး မြို့ ဟောင်း နေရာ မှ တူးဖော် တွေ့ ရှိ ခဲ့သော ဗုဒ္ဓ ရုပ်ပွား တော် တစ်ဆူ ကြောင့် ယခင် အယူ အဆများ ပြေပျောက်ခဲ့ ရပါ သည် ။ ယခင်က ဗိဿ နိုး မြို့ ဟောင်းတူးဖော်ရာ တွင် မည်သို့ သော သာသ နာ အထောက် အထား တစ်စုံတ ရာမှတွေ့ ရှိခြင်း အလျင်း မရှိခဲ့ ပေ။ သို့ ဖြစ် ရာ အေဒီ ၁ရာစု ခန့် ကစည်ပင် ခဲ့ သော ဗိဿနိုး မြို့ ဟောင်းတွင် မည်သည့် သာသနာ ကိုးကွယ်မှု အထောက်အထား များမရှိ ဟူသော အယူအဆ များနှင့် ဗိဿနိုး သည် ကိုးကွယ်မှု တစုံတရာ မရှိဟန် ယူဆခဲ့ ကြ ပေသည် ။ မြန်မာ နိုင်ငံ ရှေးဟောင်း သုတေ သန ဌာနမှ တူးဖော် တွေ့ ရှိသော ဆင်းတု တော် သည် ဗိဿနိုး ခေတ် ၏ ဗုဒ္ဓ သာ သနာ အထောက် အ ထား ကိုလှစ်ဟ ပြ လိုက်သည် သို့ ပင် ။ သမိုင်း သက်သေတည် မှ အသိပေးထား သလိုပင် မြေ ထဲ သမိုင်း တဖြစ်လဲ ရှေးဟောင်း သုတေ သန အပိုင်း တွင် အချက် အလက် များစွာ ကို အသစ် အ သစ် သော တူးဖော် တွေ့ ရှိမှု များနှင့် ဆ က်စပ် ဖော် ထုတ် ရပေသည် ။ သမိုင်း ပညာ ရှင် တို့ ၏ တာဝ န်မှာ ကွင်းဆက် ပြတ် နေ လျှင် ဖြစ်တန် ဖြစ်ကောင်း ဘွယ်ရာ၊ ဖြစ်နိုင်ဘွယ် ရာ ရှိသည် ဟူ၍ အနု မာန နှင့် ယာယီ ဖြည့်ထား ပေးရ ပေမည် ။ သို့ မှသာ နောင်ဆက် ခံသော သမိုင်း ပညာ ရှင်မှ အသစ်တွေ့ ရှိချက် များရှိ လာလျှင် အလွယ်တကူ ပြန်လည် အ တည်ပြု ရေးသား နိုင် မည် ဖြစ်သည် ။ ဗိဿနိုး မြို့ ဟောင်း ဆိုင်ရာ အရေး ပါသော တွေ့ ရှိချက် ဖြစ်သည့် ဤ ဆင်းတု တော် တွေ့ ရှိမှု ကို ဥပမာ ယူ၍ သမိုင်းဘာသာ ရပ် တွင် မည်သို့ မျှ အတည်သဘော မရှိနိုင်ကြောင်း ၊ မည် သည့် ဖြစ်ရပ်ကိုမျှ ပုံသေတွက် ချက် မထားသင့် ကြောင်း သတိချပ် နိုင်ကြ စေရန် ပြန်လည် ဖော်ထုတ် တင်ပြလိုက် ပါ သည် ။

Saturday 6 July 2013

သမိုင်းကြောင်းတို့  တိုက်ဆိုင်ရာ ။


ပြောရရင် တော့ သမိုင်းဆို တာ ဆုံချက်လေး ရှိရမယ် ။ သဘောက ခေတ်ပြိုင် မှတ်တမ်းတွေ တိုက်ဆိုင်ရမယ် ။ရေမြေဒေသ နီးစပ် တဲ့  နေရာတွေမှာ သမိုင်းကြောင်း အချက်အလက် တွေဆက်နွယ်နေရမယ် ။
သေချာလေ့လာ လိုက်မိတော့ မြန်မာ့နိုင်ငံ တိုင်းရင်းသားတွေ ရဲ့  သမိုင်းဟာ ရာဇဝင် ပိုင်းမှာ တိုက်ဆိုင်မှုတွေ ရှိနေတာကို တော့တွေ့ ရပါတယ်။ အကြောင်းက ခေတ်ပြိုင် သဘောမျိုး မှတ်တမ်းတင် ထားတာမဟုတ်ပဲ အလွန်တရာ မှနောက်ကျနေပြီ ဖစ်သော အချိန်ကာလမှာ ရေး ခဲ့ ကြလို့ ပဲ ။ ရေးခဲ့ တဲ့  အချိန်ကာလ အလိုက် ဘုန်းမီးနေလ တောက်ပြောင် နေသူတွေ က အသာစီး မှနေပြီး ရေးခဲ့ တဲ့  အဂတိသဘော မလွတ်တာလေး တွေ အနဲ အများဆို ပါနေတာမို့ လို့  တိုက်ဆိုင်သော အကြောင်း အချက်အလက်တွေ ကို သာလိုရာဆွဲ ကိုးကားတတ်ကြပါတယ် ။ ကမ္ဘာ့  သမိုင်းနယ်ပယ် တွင် ပေါက်ပေါက်မြောက်မြောက် ရှိကြသော ပုဂ္ဂိုလ်တို့  စွတ်စွဲကြသလို ရာဇဝင်ကြီး များဟာ မင်းလိုလိုက် မင်းကြိုက် ဖန်တီးခဲ့  ကြတယ် ဆိုတာ ကိုလဲ ငြင်းမရတာတော့ သေချာပါတယ် ။ သို့ သော် ခေတ်ကာလ အလိုက် ထိုရာဇဝင် ကျမ်းကြီးများ ၏အကိုးအကား ကိုမည်သည့်နေရာမှ ရသည်ကို မဖော်ထုတ်နိုင် သေးသရွေ့ ကတော့ တိုင်းရင်းသား တို့ ၏ ရာဇဝင် များကို လျစ်လျူရှု ပစ်ရန် လုံးဝမဖြစ်နိုင်သေးပေ ။ လွန်လေပြီး သော သမိုင်းပညာ ရှင် တို့ ကို ကျမတို့  လေးစားကြရမည် မဟုတ်ပါလား ။

Friday 28 June 2013

သင့်လူ ၏ ဖေ့ဘွတ်နုတ်စ် ထဲမှ ကျောက်စာထဲက ပုဂံ


သင့်လူ ၏ ဖေ့ဘွတ်နုတ်စ် ထဲမှ ကျောက်စာထဲက ပုဂံ အပိုင်း (၁) မှ အပိုင်း (၄) အထိ ကူးယူဖော် ပြပါသည် ။ရှေးသုတေသန ၏အသက် ဖြစ်သော ခိုင် မာသောကျောက်စာ အထောက်အထား များနှင့် ဆောင်းပါးရှင်၏ အာဘော် ကို ပါးနပ်စွာ ထည့်သွင်း ရေးသားထားသည် မို့  လေးလံ ခြင်းမ ရှိသော သ မိုင်းစာ ဟုထင်မြင်မိပါတယ် ။ ဝါသနာ တူ ညီအစ်ကို မောင် နှမ များ လေ့လာ မှတ်သား နိုင်စေရန် ကူးယူဖော်ပြပေးလိုက်ပါသည် ။ဆောင်းပါးသည် ပြီးဟန် မတူသေးပါ ။ အနုရုဒ္ဓ ၊ ထိလိုင်မင် ၊ စည်သူ စသော ပုဂံခေတ်၏ လျှမ်းလျှမ်း တောက် အောင်မြင် ထင်ရှားခဲ့ သော မင်းသုံးပါး အကြောင်း နှင့်တကွ ထိုမင်း တို့ လက်ထက် မှ စီးပွားရေး ၊နိုင်ငံရေး ၊လူမှုရေး ၊ယဉ်ကျေးမှု အထွေထွေ ကို ဤမျှ ပြည့်စုံ အောက်စုစည်းဖော်ပြထား သည်ကို သမိုင်း သက်သေတည်မျှ လွယ်လင့်တကူ ဖတ်ဖူးခြင်း အလျင်းမရှိပါ။ ပြည့်စုံနေပါ၍ ဖတ်နိုင်ရန် စုစည်းတင်ပြထားပါသည် ။

ဤ ဆောင်းပါး အတွက် ကို သင့်လူ အား သမိုင်းသက်သေတည်မှ အထူး ကျေးဇူး တင်ရှိပါကြောင်း ။
မှတ်ချက် ။ ။ ဖြတ်တောက်ပြင်ဆင် ထားခြင်းမရှိပါ။

Tuesday 18 June 2013

ဆရာ ငြိမ်းကျော် ၊ သုဓနု ၊ ဒွေးမယ်နော် တို့၏ ငွေတောင်နှင့် အနီးကပ် ရှုမြင်ခြင်း။

ဆရာငြိမ်းကျော်၏ ငွေတောင် ဆိုသော သုတေသန စာတမ်း တစ်ခု ။ အမျိုးသား စာပေဆု ချီးမြှင့်ခြင်း ခံရသော စာအုပ်လေး တစ်အုပ်။ဗိုလ်မှူးဘရှင် ၏ ရှေးဟောင်းသုတေသန ဆိုင်ရာ သုံး သပ်ချက်။ ပါမောက္ခ ဦးမောင်မောင် ကြီး ၏ပျို့၊ ရကန်၊ ပြဇာတ် နှင့် စာပေအထောက်အထား သုံးသပ် ချက်များ နှင့် ဝေဝေ ဆာ ဆာရှိလှကြောင်း မိတ်ဆွေ တစ်ဦး၏ အားတတ်ဖွယ် အညွှန်း ကြောင့် စာရေးသူ အင်မတန် စိတ်ဝင်တစား ဖတ်ချင် ၍ ရရှိ နိုင် ရန် ကြိုး စားခဲ့ရပါသည်။ ညွှန်းသောမိတ်ဆွေ ကပင် ကူညီ ရှာဖွေ ပေး၍ လက်ဝယ် ပိုင်ဆိုင် ရသောအခါ ထုံးစံအတိုင်း အမှာစာကို ကျေညက်သည် ထိ ဖတ် မိတော့သည် ။ကရင်အမျိုးသား တို့၏ ယုံကြည်မှု တွင် သုဓနုမင်းသား နှင့် ဒွေးမယ်နော် တို့မှ ပေါက်ဖွား ဆင်းသက်လာ သည်ဟုယုံကြည်လျက် ၊ ကယား တိုင်း ရင်းသား တို့မှာ ၎င်း တို့ ဒေသအတွင်း တည်ရှိသော ငွေ တောင်နယ် ကို ဒွေးမယ်နော် ဇာတ်တော်လာ ငွေတောင်ဖြစ်သည် ဟုယုံ ကြည် မှု များ ရှိနေပါ သည် ။ ထိုသို့ သော အခြင်းအရာ များကြောင့် စိတ် ပါဝင်စား ရသည့်အထဲ ဆရာ ငြိမ်း ကျော်၏ ကနဦး အမှာစာ ရှည်ကြီး ထဲမှ တက္ကသိုလ် ကျောင်းသားတစ်ဦး ၏မပြည့်စုံ မှု များ ကြားမှ ဇွဲနပဲ ကြီးစွာ သုတေသန နတ်၏ဖမ်း စားခြင်း နောက် သို့ တကောက် ကောက် လိုက်ပါ နေပုံ ကိုဖတ်မိသဖြင့် ဤအသွင် သဏ္ဍာန် အားစိတ်ကူးနှင့် မြင်ယောင် ပုံဖော်မိပါ သည်။

Saturday 8 June 2013

ကယန်း လူမျိုး အမျိုးသမီးများ၏ များ ကြေးစွပ် ဓလေ့။

ကယန်းလူမျိုး များသည် အခြားမဟုတ်လည်ပင်းတွင် ခွေစွပ်ထားသော အမျိုးသမီးများ ကြောင့် ကမ္ဘာကပင် စိတ်ဝင်စားကြ သည်ကို လူတိုင်းသိရှိပြီး ဖြစ်လေသည်။ ကယန်း ဟူသောစကား သည် (ကမ်းယန့် )မှဆင်းသက် ပြောင်းလဲလာသော စကား ဖြစ်သည်။ (ကမ်း) ဟူသော အဓိပ္ပါယ်မှာ နယ်မြေဒေသ၊ နယ်ပယ်၊ ဧရိယာ သတ်မှတ်ထားသော မြေသား အကျယ်အဝန်း ဖြစ်၍ ၊(ယန့် ) ဆိုသည်မှာ စွဲစွဲ မြဲမြဲရှိခြင်း၊ အတည်တကျ ရှိခြင်းဟု အဓိပ္ပါယ် ဆောင်သည်။ သို့ ဖြစ်ပါ၍ ကယန်း၏ အဓိပ္ပါယ် မှာ နယ်မြေဒေသ တစ်ခုအတွင်းအတည်တကျ နေသော သူများကို ခေါ်ဆိုခြင်းဖြစ်သည်။ ၎င်းတို့ အား (ပဒေါင်) ဟု ခေါ်လျှင် နှစ်သက်လေ့ မရှိပေ။ ပဒေါင် ဟုခေါ်ဆိုခြင်း မှာ ကယန်းဘာသာစကား မဟုတ်ပဲ ၊ ရှမ်းဘာသာစကား (ယန်းပဒေါင်း) ဟု အဓိပ္ပါယ်ရှိရာရှမ်းဘာသာ စကားဖြင်း ယန်း= ကရင်မျိုးနွယ် ၊ ပဒေါင်း= ကြေးပတ် ဖြစ်ရာ ယန်းပဒေါင်းကို ကြေးခွေစွပ်ထား သော ကရင်လူမျိုး ၊ရှမ်းဘာသာစကားဖြစ်သော ယန်းပဒေါင်း မှတွင်လာခြင်း ကြောင့် ဖြစ်သည်။ ကယန်း ပဒေါင် တို့ သည် အခြားတိုင်းရင်းသာ များနည်းတူ မွန်ဂိုကုန်းမြင့် ဒေသမှ ရေကြည်ရာ မြက်နုရာ အရပ်သို့  တရွေ့ ရွေ့  ဆင်းလာကြရာ မှ ယန်းစီမြစ် နှင့် ဟန်ဟို မြစ်ဖျားတွင် နေထိုင်ခဲ့ ဖူး သဖြင့် ယင်းဒေသ များမှ ဆင်းသက်လာသည်ကို အစွဲပြု၍ ကယန်းဟု ခေါ်ခြင်းဖြစ်သည် ဟုယူဆခဲ့ ကြသည်။

ရွှေနန်းဆီသို့ (၂) သုဝဏ္ဏ ဘူမိ

(င) ။ နောက်ဆက်တွဲ သမိုင်း သက်သေတည်ပါစေ မှ သဘောတွေ့ မိသော ဖြေရှင်းချက်အချို့  ။သုဝဏ္ဏ ဘူမိ အဓိပ္ပါယ်။

သုဝဏ္ဏ ဘူမိဟူသော ပါဋ္ဌိ ဝေါဟာရ၏ အနက်သည် သုဝဏ္ဏ သည် ရွှေ ဟူ၍လည်းကောင်း၊ ဘူမိသည် မြေ ဟူ၍ လည်းကောင်း ပါဋ္ဌိ-မြန်မာ အဘိဓာန် တွင် တွေ့ နိုင်ပေသည်။ ထို့ ကြောင့် သုဝဏ္ဏဘူမိ ဟူသော နာမသည် `“ရွှေမြေ [ ဖြစ်သည်။ တနည်းအားဖြင့် ရွှေ ပေါများ ကြွယ်ဝစွာ ထွက်ရှိရာ ဒေသ အဖြစ် ရှေး အိန္ဒိယ သားတို့ က တင်စားခေါ်ဝေါ် ကြခြင်းဖြစ်ပေသည်။ သုဝဏ္ဏ ဘုမိဟူ၍ လွဲမှားစွာ ဖြင့် မှတ်သားထား တတ်မှုများကြောင့် ဘုမိ ဟူသည် ဘုံ ဟုအဓိပ္ပါယ် ထွက်လျက် ရွှေဘုံ ဟု မြန်မာလို အဓိပ္ပါယ်ရသဖြင့် ဝေါဟာရ ခြင်းကော ၊ အနက် အဓိပ္ပါယ် ပါ များ စွာကွာခြားလျက်ရှိသဖြင့် သုဝဏ္ဏ ဘူမိ နှင့် သုဝဏ္ဏ ဘုမိ မရောထွေးသင့်ပေ။

ကျမ်းဂန်လာ သုဝဏ္ဏ ဘူမိကို အဓိပ္ပါယ် ကောက်ယူရာဝယ်။

Sunday 2 June 2013

ဒေါက်တာ သန်းထွန်း၏ သမိုင်းမှတ်တမ်း ထဲမှ သိလာရသော မြန်မာတို့ အတွက် ပုဂံ ယဉ်ကျေးမှုရှေးဟောင်းနယ်မြေ။

မြန်မာနိုင်ငံသားတိုင်း ပုဂံ အကြောင်းကောင်းကောင်း သိထား သင့်ပေသည်။ မှန်နန်းရာဇဝင်ထဲက ပုဂံတော့မဟုတ်။ ဘုရားသမိုင်း အထွေထွေမှ ပုဂံ လည်း မဟုတ်။ သို့ဆိုလျှင် အဘယ်နည်း ။ မြန်မာတို့၏ အထင်ကရကျက်သရေဆောင် နယ်မြေ ဖြစ်ခဲ့သော ပုဂံ ဒေသကို အစစ်ဆေးခံ၊ မှတ်ကျောက်တင်ခံ၊ အထောက်အ ထားနှင့် တကွဖြစ်သော ပုဂံ အား ရှေးဟောင်းသုတေသန ကလောင်ဖြင့် မှတ်တမ်းတင် ထားလျက်ရှိသော နောက်ထပ် ရှုထောင့် တစ်မျိုးနှင့် ပုဂံ အား တင်ပြလိုက်ရပေသည်။

လက်နက်နိုင်ငံတော်မရှိတဲ့ ဧကရာဇ် (ခရစ်နှစ် ၁၅၅၇)

                                     
    
ရေးသူ-ဒေါက်တာသန်းထွန်း
 ရှင်းလင်းပြောပြစရာ အများကြီးနော်။ အချိန်ကာလတိုတိုမှာ နောင်အကြာကြီး အကျိုး အပြစ်ခံရမယ့် အကြောင်းအရာတွေကတော့ အစုလိုက်အပြုံလိုက် တိုးနေတယ်။ မြန်မာအများ က ဗုဒ္ဓသာသနာဟာ အနှစ်ငါးထောင်တည်မယ်လို့ ယုံတယ်။ ဒါပေမယ့် စဉ်းစားကြည့်စမ်းပါ။ သာသနာ အဓွန့်ရှည်အောင်လုပ်ဖို့ လူအား ငွေအား အများကြီးလိုတယ်။ ဒါပေမယ့် ဘာပဲပြောပြော တခုခုကို တကယ်ယုံကြည်ပြီး လုပ်ချင်ကြပြီဆိုရင် ဟိုလိုတမျိုးလုပ်၊ ဒီလိုတမျိုး လုပ်နဲ့ ပန်းတိုင်ကို ဆိုက်သွားတာပါပဲ။ အဲဒီအားကို ငါက အသုံးချရမှာလို့ ငါယူဆပြီးသား၊ လူစွမ်းကောင်းဆိုရင် အပြောမပိုင်ဘူး။ ဒါပေမယ့် သူက အစွမ်းထက်တဲ့ ဧရာမပုဂ္ဂိုလ်ကြီး ဖြစ်လာတတ်ပါတယ်။ ငါ့ကိုယ်ငါ သီရိပရ၀မမဟာရာဇာဓိရာဇ (ဘုန်းကျက်သရေကြီးတဲ့ တရားစောင့်တဲ့ မင်းတကာ့မင်း) လို့ ဆိုတယ်။

Saturday 18 May 2013

ဆရာဝန် တင်မောင်ကြည် ( မန္တလေး )။ မြန်မာပြည် ရောက်ယိုးဒယား အနွယ်လာများ။

ဆရာဝန် တင်မောင်ကြည် ( မန္တလေး )။

မြန်မာပြည် ရောက်ယိုးဒယား အနွယ်လာများ။

first edition ;march , 2013

ရုပ်ပုံနှင့် ယှဉ်တွဲဖော်ပြထား သောသမိုင်း။

ပုံ (၃) ။ စီးချင်းထိုးပုံ ။

On fighting elephant , the leader always sat on nape. He made rapid command to the elephant not with his mouth but with his kneels , heels , toes , soles , and with kick and jerk to which the elephant was trained to respond. The assistants sat on sedan chair and handed over necessary weapons installed on his side . He also cursed mantras and magic; and fanned them towards the enemy using peacock tail. ( Myanmar soldiers never used it) . The rear guard's main duty was cover the rear. He never fell down as his knee and feet were tugged under leather straps.

အယုဒ္ဓယ စီးချင်းတိုက်ပွဲတွင် ခေါင်းဆောင်သည် ဆင်လည်ကုပ် ( ရာဇထိုင် ) တွင် ထိုင်သည် ။ တစ်ဘက်ရန်သူကို လှမ်းအော် ပြောရသေးသည်။ လက်ကလည်း ရန်သူကို တိုက်ရသေးသည်။ ဆင်ကို နှုတ်မှ အမိန့် ပေးချိန်မရပါ။ ဒူး- ခြေဦး-ဖနောင့်- တို့နှင့် ကန်-ပေါက် လိုရာခိုင်းသည်ကို လေ့ကျင့်ထားသော ဆင်က ကောင်းစွာ လိုက်နာသည်။ အကူလက်ထောက် ( ကုန်းလည်စီး ဟုခေါ်သည် ) မှာ ဆင်ကပေါ်တွင် ထိုင်ရပြီး လှံအစ ရှိသော လို ရာ လက်နက်များ ကိုကမ်းသည်။ ထို့ပြင် ရန်သူရှုံးရန် မန္တန်ရွတ် ၍ ဒေါင်းမြီးနှင့် ယပ်ရသည်( မြန်မာတွင် ထိုသို့လုပ်လေ့မရှိ ) ။ နောက်ထိုင်မှာ ခြေနှင့် ဒူးများကို ဆင်ကကြိုး နှင့်ပတ်သိုင်း ထား၍ ဘယ်သောအခါမှ လိမ့်မကျပေ။

၁၉၊၅၊၂၀၁၃ ။

painting from Internet ။

ဒေါက်တာသန်းထွန်း၏အတ္ထုပတ္တိ

                                                   ဒေါက်တာသန်းထွန်း။

(B.A.Hons:), MA, Ph.D, D.Lit,(London)
အငြိမ်းစားပါမောက္ခ၊သမိုင်းဌာန၊ မန္တလေး တက္ကသိုလ်။
အဖွဲ့ ဝင်၊မြန်မာနိုင်ငံ သမိုင်းကော်မရှင်။
ဂုဏ်ထူးဆောင် ပါမောက္ခ၊မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာဌာန။
ဂုဏ်ထူးဆောင် ပါမောက္ခ၊သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ်။

မွေးသက္ကရာဇ် ။

၆၊ ၄၊ ၁၉၂၃ ။

မွေးဖွားရာဒေသ ။

ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်း မြို့ နယ်၊ ငဝန်မြစ် အနောက်ဖက်ကမ်းက ဒေါင့်ကြီးရွာ ။

မိဘများ ။

ဦးဘိုးတွေ + ဒေါ်သင် ။

မွေးချင်း ။

လေးယောက် - ဒုတိယသား

Sunday 12 May 2013

အုတ်ပြားပေါ်မှ ကဗျဉ်းစာ (ကျွန်းတော် မှ အုတ်ပြားပေါ်တွင် ရေးထိုးထားသော မွန် ကဗျဉ်းကျောက်စာ )


ပြည်ထောင်စု မြန်မာနိုင်ငံ ရှေးဟောင်း သုတေသန ညွှန်ကြားရေးဝန်၏ ၁၉၆၀- ၆၁ ခုနှစ် အတွက် နှစ်ချုပ် အစီရင်ခံစာ မှ။

Saturday 11 May 2013

သူပြောတဲ့ သူ့အကြောင်း

၂၀၀၀ ပြည့်နှစ်ဆိုရင် ငါ့အသက်၇၇ ပြည့်လို့  ရ၈ဖြစ်တော့မယ်။ ဆိုလိုတာက သေခါနီးပြီပေါ့။

Monday 6 May 2013

ကျောက်စာတွင် ပါဝင်သော စာလုံးများကို ဖတ်၍ ရသလောက်ဆိုလျှင်-



၁ ။ သကရာစ် ၈၂၃ ခု တေ
၂ ။ တ် ၈ ရာက် နေ့ နှိုက် ဒ-
၃ ။ ကြီသည် မျာကြီ မိရွေဝါ
၎ ။ တယောက် စ မျာငယ် -
၅ ။ လေ တစ်ယောက် ဤသူ
၆။ နတ်ရွာ လာပါအံ ဟူရုယ်
၇။ ၀် ပ္လု တေ -
၈။လှူ သည့်ကျန်း
ဟူ၍ ရေးထိုးထားပါသည်။

Saturday 27 April 2013

သမိုင်းသက်သေ ကျောက်စာများ (၂) ။

ကျောက်စာဖတ်သူ ။ ဦးငြိမ်းမောင် ။
 နောက်ဆက်တွဲ ကျောက်စာများ။

Thursday 18 April 2013

သမိုင်းသက်သေ ကျောက်စာများ (၁) ။

                                      ကျောက်စာဖတ်သူ ။ ဦးငြိမ်းမောင် ။
                                      နောက်ဆက်တွဲ ကျောက်စာများ

Wednesday 17 April 2013

သုတေသနလေ့လာရေး ခရီးတစ်ထောက်


မှတ်မှတ်ရရ တကောင်းရွှေပြည်ကြီးကို ပုံဖော်ချင်ခဲ့မိသည် ။ ယုံကြည်ကိုးကွယ်ရာ ဘာသာတရား အပေါ်အလေးထားပုံ ၊ ပျူစောထီးမင်းကြီးမှစ၍ ထိုအချိန်အကာလက ရွှေနန်းတော်ကြီး မင်းခမ်းမင်းနားများ၊ ထီးသုံးနန်းသုံးပစ္စည်းများ ၊ ထီးဓလေ့နန်း ရာများ ၊ နှစ်ပြည်ထောင်မင်းတို့ ၏ ချစ်ကြည်ရေး၊ တိုင်းနိုင်ငံ နှစ်ခုစစ်ပြုကြပုံ ၊ ရာဇဝင်ထဲမှ ရှေးမြန်မာစစ်သားကြီးတို့၏ ခန့်ညားသောအသွင် သဏ္ဍာန် ၊ တော်ဝင်အခမ်း အနားများတွင် တီးမှုတ်ကခုန် ဖျော်ဖြေမှု ၊ ကုန်သည် ကုန်ဝယ် အပေါင်းတို့ ၏ စီးပွားရေးကူးလူးဆက်ဆံမှု စသည်ဖြင့် အတွေးကြွယ်ကြွယ် အရေးသွက်သွက်နှင့် စာရေးချင်မိသော အိပ်မက်တစ်ခုပါ ။ မှန်နန်းရာဇဝင်တော် ကြီးထဲမှာ တကောင်းရွှေပြည်ကား ထည်ဝါစွာတည်ရှိနေမလား စေ့ငုံစွာ ရှာဖွေမိတော့ အဘိရာဇာ မှစသော (၃၃)ပါးသော မင်းဆက်များ လောက်သာတွေ့ရသည် ။ ရခိုင်နှင့် ဗမာသည် ညီအစ်ကို နှစ်ယောက်က အုပ်ချုပ်၍ အမျိုးနွယ်တူသည် ဟူ၏။တကောင်းနေပြည်ကို စိန့်တိုင်း ဂန္တာရာဇ် ခေါ် တရုတ်တို့ ဖျက်၍ ပျက်သုန်းရကြောင်း လည်း တွေ့ရသည် ။

Saturday 6 April 2013

မန်ရှုကျမ်းနှင့် ကျမ်းပြုသူတို့၏ အစဆွဲထုတ်မိရာဝယ်။

သမိုင်း ရေးသားပြုစုရာတွင် ကျမ်းကိုး ပြုအပ်ခြင်း၊ မပြုအပ်ခြင်း နှင့်ပတ်သတ်၍ သမိုင်းပညာရှင်များ လိုက်နာကျင့်သုံးကြသော ပညာရပ်ဆိုင်ရာ စံသဘောရှိပါသည်။ ကျမ်းကိုးပြုစုရာ၌ မိမိပြုစု သော သမိုင်းခေတ်နှင့် ဆိုင်ရာခေတ်ပြိုင်လည်းဖြစ် ၊ ကိုယ်တွေ့ လည်းဖြစ်သော ( ဝါ ) တဆင့်ကြားလည်းမဟုတ်သော မူရင်းမှတ်တမ်းများ ၊ မူရင်း အထောက်အထားများ စသည်တို့ကို သာ အသုံးပြုကျမ်းကိုးလေ့ရှိပါသည်။ တဆင့်ကြားမှတ်တမ်းများ နောက်ရေးသမိုင်းများ ၊ဆင့်ထိုး နောက်ထိုး စာများသည် အလိုအပိုမကင်း တတ်၍ ကျမ်းကိုးပြုရန် စိတ်မချရ ယုံကြည် ကိုးစားမရ ဟုဆိုကြပါသည်။ ဥပမာ ဦးကုလား မဟာရာဇဝင် တော်ကြီး၊ မှန်နန်းရာဇဝင် အစရှိသော ရှေးဗမာ မှတ်တမ်းများနှင့် ရှေးဗမာ နောက်ထိုး၊ ဆင့်ထိုး ၊ စပ်ထိုး ကျောက်စာစသည်တို့ကို အချို့သော ပညာရှင်များမှ မြန်မာ့သမိုင်းကို ပြုစုရာတွင် ပစ်ပယ် ဖယ်ထုတ်လေ့ရှိပါသည်။

Friday 5 April 2013

ဆရာဝန် တင်မောင်ကြည် (မန္တလေး )


မြန်မာပြည်ရောက် ယိုးဒယားအနွယ်လာများ။
 first edition : March, 2013
 ရုပ်ပုံနှင့်ယှဉ်တွဲဖော်ပြထားသော သမိုင်း။ပုံ (၁)
။ Fall of Ayutthia : Myanmar forces advenced from north and south of Ayutthia : north from Chiang Mai and south from Tavoy. the northern advance was resisted by guerrillas from Bang Rajan. Singburi province. They could repulse seven times . The village was defeated finally, but its name remain in history. မြန်မာစစ်ကြောင်း (၂) ကြောင်း- တောင်ဘက်ထားဝယ်မှ တစ်ကြောင်း၊ မြောက်ဘက် ဇင်းမယ်မှ တစ်ကြောင်း အယုဒ္ဓယ သို့ ချီတက်လာကြသည်။ ဇင်းမယ်စစ်ကြောင်းကို အန်ရချန် ရွာသားများက ပြောက်ကျားစနစ် ဖြင့် ခုခံခဲ့ သည်။ ရှစ်ကြိမ်မြောက်တွင် ရှုံးသည်။ ထိုရွာ၏ နာမည်သည် သမိုင်းတွင် ကျန်ရစ်သည်။ * Copy right by Dr. Tin Maung Kyi

Saturday 30 March 2013

သုဝဏ္ဏဘူမိ ။ (ဃ)။ သုဝဏ္ဏဘူမိ တိုက်ပွဲ၏ အလားလာကောင်းသော တင်ပြမှုများ။

တည်နေရာ ရှာရာဝယ် ။

ဗုဒ္ဓစာပေကျမ်းဂန်များဖြစ်ကြသော ဇာတကအဋ္ဌကထာ၊ အဂုတ္တရကထာ၊ ပါရာဇိက အဋ္ဌကထာ၊ မိလိန္ဒပဥှာ တို့က သုဝဏ္ဏဘူမိအမည်ကို ဖော်ထုတ်လျက် တည်နေရာအနေအ ထားကို ညွှန်ပြခဲ့ပြီးဖြစ်ပါသည် ။ ယင်းတို့ကို အစဉ်အလာ မှတ်တမ်း များအဖြစ်သာသတ်မှတ်၍ သိပ္ပံနည်းကျ ဆန်းစစ် ခဲ့ခြင်း မရှိသေးပေ။ ယင်းတ်ို့ကို အထောက်အကူပြုသော ဒေသတွင်းသား တို့၏ ရာဇဝန်ကျမ်းများ ၊ ကျောက်စာမော်ကွန်း များကိုလည်း ခေတ်ပြိုင် အထောက်အထား မျမဟုတ်သဖြင့် ဒဏ္ဍာရီများသာ ဖြစ်သည်ဟုသတ်မှတ်ပါသည် ။ သမိုင်းဆရာ များအတွက် ဒဏ္ဍာရီဆန်ဆန်ပုံပြင်များ ဟု တိုင်းရင်းရာဇဝင်များ ကို ငြင်းပယ်ကြမည် ဖြစ်သော်လည်း စာပေအက္ခရာ မပေါ်ထွန်းမီ ကလူ့သမိုင်းကို လေ့လာမည့် ရှေးဟောင်းသုတေသန ပညာရှင် များအတွက်မူ ၎င်းရာဇဝင်ထွက် အထောက်အထား သဲလွန်စ ကို ရှာနိုင်လိမ့်မည်ဖြစ်သည် ။ တိုင်းရင်း အထောက်အထားများ မှ သုဝဏ္ဏဘူမိ အကြောင်းကိုဖော်ပြရန် နေရာဒေသနှင့် အချိန် ( ရက်စွဲ ) ကိုသိသာစေရန် ကာလအပိုင်းအခြား ( Date ) နှင့် အဖြစ်အပျက် ( Event ) ကိုဖော်ညွှန်း တင်ပြရပါမည် ။ အနောက်တိုင်း သမိုင်းတင် ရက်စွဲကို ခရစ်နှစ် နှင့်ဖော်ပြလျက် ရှိသကဲ့သို့ အရှေ့တိုင်း အိန္ဒိယ ၊ မြန်မာ၊ ထိုင်း နိုင်ငံတို့၏ သမိုင်း အတွက် ဗုဒ္ဓပရိနိဗ္ဗာန်စံလွန်သည့်နှစ် သာသနာ သက္ကရာဇ် ကိုသုံး လေ့ရှိသည် ။ ယခု သုဝဏ္ဏဘူမိ သမိုင်းကိုလည်း ဖြစ်ရပ်ကြီး ငါး ရပ်နှင့်တိုက်ဆိုင်စစ်ဆေးသင့်ပါသည် ။

Wednesday 27 March 2013

(၁)။တည်နေရာ အပေါ် အငြင်းပွားမှု။

သုဝဏ္ဏဘူမိ ။

သုဝဏ္ဏဘူမိ တိုက်ပွဲ။

(၁)။တည်နေရာ အပေါ် အငြင်းပွားမှု။

ဦးရည်စိန် ။

တော်လမီ၏ ပထဝီဝင် ကျမ်းတွင်ပါဝင်သော ရွှေကျွန်း ၊ ရွှေကျွန်းဆွယ်သည် လည်းကောင်း ၊ အရှင် ယီကျောင်း၏ ခရီးသွားမှတ်တမ်းလာ ရွှေကျွန်း ( ကျင်းကျိုး) သည် လည်းကောင်း ၊ အာရပ် ( အာရေဗျ) မှတ်တမ်းလာ Zabaj သည်လည်းကောင်း ထပ်တူညီကြောင်းတွေ့ရသည်။ တော်လမီ၏ ပထဝီကျမ်းက မြေပုံနှင့် ယခု အရှေ့တောင်အာရှ မြေပုံတို့ကို ထပ်၍ကြည့်လျှင် တော်လမီကျမ်းတွင် ရည်ညွှန်းထား သော ရွှေကျွန်းသည် အာရှတိုက်၏ တောင်ဖက် အစွန်ဆုံး နေရာ တွင် ရှိကြောင်းကို တွေ့ရသည် ။ တဖန် တော်လမီ၏ ပထဝီဝင်ကျမ်းသည် Besynga ( သို့မဟုတ် အိန္ဒိယ ကျမ်းဂန်လာ Vessunga ဝေသုင်္ဂ ) ကိုဖော်ပြပြီးနောက် Sarabak ကွေ့ကြီး မြောက်ဖက်တွင် မြို့ကြီးလေးမြို့ကို ဖော်ပြထားသည်။ ရွှေကျွန်း ကို Sarabak ကွေ့ သို့မဟုတ် မုတ္တမကွေ့တွင်ရှိကြောင်း မဖော်ပြထားခဲ့ပေ။ အရှင်ယိကျင့်သည် ခရစ်နှစ် ၇ ရာစုအခါ၌ စူမတြကျွန်းကို ရွှေကျွန်းဟု နှစ်ကြိမ်ဖော်ပြထားခဲ့သည် ။ ဤကား သက္ကတ ဘာသာ Suvrgmadviba သို့မဟုတ် ပါဠိဘာသာ သုဝဏ္ဏ ဒီပကို တရုတ်ဘာသာဖြင့် တိုက်ရိုက် ပြန်ထားခြင်းဖြစ်သည် ။ထို့အပြင် အာရေဗျ ( အာရပ် ) ပထဝီဝင် ဆရာ ဗီရူနီသည် Zabaj ကျွန်းများ သီရိဝိဇိယ နိုင်ငံတည် ရှိထား သော ကျွန်းကို ဟိန္ဒူလူမျိုးတို့က Suvarn Div သုဝရ်ဏဒွိပ Suvrana Dvipa ဟုခေါ်ကြောင်းအတိအကျ မှတ်တမ်းတင်ထားခဲ့သည် ။ သီရိဝိဇိယနိုင်ငံတည်ရာ ဌာနသည် စူမတြကျွန်းပင်တည်း ။ ထို့အပြင် အိန္ဒိယနိုင်ငံ သောမဒေဝ ပြုစု သော သမုဒ္ဒရာပုံပြင်၌ ဂုဏဝတီ မင်းသမီးသည် ကဠဟ ယခု မလေးရှား အရှေ့ဘက် ကမ်းခြေရှိ (Kedah ) မှ အိန္ဒိယ နိုင်ငံသို့ အပြန်ခရီးတွင် သုဝရ်ဏဒွိပ ( သုဝဏ္ဏဒီပ ) ကျွန်းတွင် သဘောင်္ ပျက်ခဲ့ ကြောင်း ဖော်ပြထားရာ ဂုဏဝတီ မင်းသမီးစီးခဲ့သော သင်္ဘောသည် မလေးကျွန်းဆွယ် အရှေ့ဘက်ကမ်းမှ စူမတြား ကျွန်း ရေလက်ကြားကို ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံသို့ ပြန်လာ ရခြင်း ဖြစ်သည် ။ ထို့ကြောင့် ခရစ်နှစ် ၂- ရာစုမှ ၁၁- ရာစုအထိ အိန္ဒိယ၊ ဂရိ၊ တရုတ် နှင့် အရေဗျ မှတ်တမ်းအစောင်စောင်တွင် ဖော်ပြထား သော သုဝရ်ဏဒွိပ/သုဝဏ္ဏဘူမိ သို့မဟုတ် သုဝဏ္ဏ ဒီပ/သုဝဏ္ဏဘူမိ သည် မုတ္တမကွေ့ မြောက်ဘက်တွင်မရှိနိုင် ။ ယခုစူ မတြကျွန်းတွင်သာဖြစ်ကြောင်း ထင်ရှား၏ ။

Thursday 14 March 2013

မြန်မာရာဇဝင်များကို ခုခံကာကွယ်သူ ဒေါက်တာထင်အောင် ဆိုတာ

မွေးသက္ကရာဇ် - ၁၈၊၅၊၁၉၀၉ မိဘအမည် - အရေးပိုင် ဦးဖိန်း + ဒေါ်မိမိ မွးချင်း - ခုနှစ်ယောက် ( ပဉ္စမမြောက်သားဖြစ်သည် )

မွေးရပ် - ပဲခူး

ကွယ်လွန်ချိန် - ၁၀၊၅၊၁၉၇၈

ကွယ်လွန်သည့် နေရာ - မြန်မာနိုင်ငံ

နိုင်ငံသား - မြန်မာ

အလုပ်အကိုင် - စာရေး ဆရာ ၊ မြန်မာနိုင်ငံ သုတေသန အသင်း၏ ဥက္ကဌ ၊ မြန်မာ့သမိုင်း ကော်မရှင် - ဒုတိယ ဥက္ကဌ ၊ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ၊ ရန်ကုန်တက္ကသိုလ် အပြည်ပြည် ဆိုင်ရာ လေ့လာရေး ဌာန၏ ညွှန်ကြားရေးမှူး ၊ သီဟိုဠ်နိုင်ငံ သီရိလင်္ကာ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး။
ဇနီး - ဒေါ်တင်လှ

မိခင်တက္ကသိုလ် - ရန်ကုန် တက္ကသိုလ်။(မှတ်ချက်။ တက်ရောက်ပညာသင်ကြားချိန်တွင် အသက် -၁၅ နှစ်သာရှိသေးသည်။) London school of Economic၊ Queen College, Cambridge ,England.၊ Trinity College, Dublins , Ireland ၊ University of Paris ၊ Oxford , United Kingdom ၊

Tuesday 12 March 2013

တိဘက် - မြန်မာတို့ ၏ ရနိုင်သမျှ ခြေရာ။


( ၁ )။ ယျေဘုယ လူမျိုးစုများ ခွဲခြားပုံ ကမ္ဘာပေါ်တွင် လူမျိုးစု များ ( ဝါ ) မျိုးနွယ်စု သုံးမျိုး ခွဲခြားထား ပါသည်။ အသားမည်း လူမျိုး ၊ အသားဖြူလူမျိုး နှင့် အသားဝါ လူမျိုးတို့ ဖြစ်ကြသည်။ အသားမည်း မျိုးနွယ်စု ကြီးကို Neroid ဟူ၍လည်းကောင်း ၊ အသားဖြူ လူမျိုးကို Europoid ဟူ၍လည်းကောင်း ၊ အသားဝါ လူမျိုးကို Mongoloid ဟူ၍ လည်း ကောင်း ခေါ်ကြသည်။ အာဖရိက တိုက်ရှိလူမျိုး အားလုံး လိုလို အသားမည်း မျိုးနွယ်စုကြီးတွင် ပါဝင်သည်။ အသားဖြူ မျိုးနွယ်စုကြီးသည် အများအား ဖြင့် ဥရောပတိုက်တွင် နေထိုင် သည်။ အသားဝါ လူမျိုးစု ကြီးမူကား အာရှတိုက် အရှေ့ပိုင်း တွင် နေထိုင်ကြသည်။ အမေရိက တိုက်တွင်လည်း နေထိုင်သည်။မွန်ဂိုလွိုက် သည်အသားဝါ မျိုးနွယ်စုများ အားလုံးကို ခြုံ၍ခေါ် သော အမည် ဖြစ်သည်။ ယင်းထဲတွင် မွန်ဂိုလ် လည်းအပါအဝင် ဖြစ်သည် ။ မွန်ဂိုလ် နှင့် မွန်ဂိုလွိုက် ဟူသော ဝေါဟာရ မတူပေ။ မွန်ဂိုလ် သည် လူမျိုးဖြစ်၍ မွန်ဂိုလွိုက်သည် မျိုးနွယ်စုဖြစ်သည် ။အမေရိကတိုက် ရှိ Red Indian များလည်း အပါ အဝင် ဖြစ်သည် ။ အသားဝါ မျိုးနွယ်စုကြီးတွင် တိဘက် - မြန်မာ လူမျိုးတို့ ပါဝင်လျှက် ရှိသည် ။ အကြမ်းအားဖြင့် တိဘက် - မြန်မာ ကို အုပ်စုနှစ်မျိုး ခွဲခြားနိုင်သည် ။ ခရစ်တော် မပေါ်မီ နှစ်ပေါင်း များစွာခန့်က ရှေးတရုတ် တို့၏ ရာဇဝင်ကျမ်းများတွင် ရှေးတရုတ် နိုင်ငံ၏ အနောက်ဖက် တွင် ချိယန် ( Chi'ang ) ဟူသော မျိုးနွယ်စု ကြီးတစ်စု ရှိခဲ့ ကြောင်း ထင်ရှားစွာ ဖော်ပြထား သည်။ ယခု တရုတ်နိုင်ငံ၏ အနောက်ပိုင်းတွင် တိဘက် အနွယ်စု ၊ ယှီဖန် အနွယ်စု စသည့် တိဘက် - မြန်မာ အနွယ်စု များပျံ့နှံ့ နေထိုင်သည်က တစ်ကြောင်း ၊ စီချွမ်နယ် အနောက်မြောက်အပိုင်းတွင် ချိယန် အမည်ရှိအနွယ်စု တစ်စု၏ ဘာသာစကားသည် တိဘက် - မြန်မာ ဘာသာစကားနှင့် နီးစပ် သည်ကတစ်ကြောင်းကြောင့် ထိုသို့ ကောက်ချက်ချခြင်း ပင်ဖြစ် သည်။

Saturday 9 March 2013

သုဝဏ္ဏဘူမိ။ ( ခ ) ရာဇဝင်ကို ခွဲခြမ်းကြည့်သော်။

သထုံရာဇဝင်ပါအကြောင်းအရာတို့သည် ခေတ်ပြိုင် ကျောက်စာလည်းမဟုတ်၊ သမိုင်းမှတ်တမ်းလည်းမဆိုသာ ၊ ဒဏ္ဍာရီပါ အကြောင်းအရာတို့ကို သမိုင်းနည်းဖြင့် အချိန်ကာလ၊ နေရာဒေသနှင့် အဖြစ်အပျက်များကို ထုတ်နှုတ်ပြီးဆန်းစစ် တင်ပြပါမည်။အချိန်ကာလအားဖြင့် ဗုဒ္ဓခေတ်နှင့် ဗုဒ္ဓလွန်ခေတ် အကြောင်းတို့ပါဝင်နေသည်။ သုဝဏ္ဏဘူမိ သထုံပြည်ကို ဗုဒ္ဓမြတ် စွာမပွင့်ခင်က တည်ထောင်ခဲ့သည်ဆိုထား၏။ တဖန် သိကြား ၊ ရသေ့ ၊ ဝိဇ္ဇာဓိုရ် တို့တည်ထောင်ခဲ့သော ပထမ နှင့် ဒုတိယ သုဓမ္မ ဝတီ တို့သည်လည်းပါဝင်လေရာ မြို့ရိုးခုနှစ်ထပ် ကျုံးခုနှစ်ထပ်ဖြင့် တည်ပေးခဲ့သည်ဟုမှတ်သားဖွယ်ရာ တွေ့ရသည်။ထို့ပြင်သထုံမြို့တွင် မြို့ရိုးအထပ်ထပ်ဖြင့် တည်ထား သောမြို့ဟောင်းရာများကို ကောင်းကင်ဓါတ်ပုံများမှ ရှာဖွေတွေ့ရှိထားပေသည်။ဥပမာ ကျိုက္ကရာ မြို့ဟောင်းအရာဆို လျှင် မြို့ရိုးခုနှစ်ထပ်ထက်မနည်း ရှိသည်ကိုတွေ့နိုင်ပါသည်။

Thursday 7 March 2013

The Making of Burma ( Dorothy Woodman )

စာအုပ်အမည် - ခေတ်မြန်မာတည်ဟန် (The Making of Burma) 
စာရေးသူ - Dorothy Woodman
 ဘာသာပြန်သူ - ဦးတင်မောင်ရင် (မဟာဝိဇ္ဖာ)
 ထုတ်ဝေကာလ - (ပ) ၁၉၇၈၊ (ဒု) ၂၀၀၈ 
ပုံနိုပ် - (ပ) မြတ်နိုးသူစာပေ၊ (ဒု) ရာပြည့်စာအုပ်တိုက်
 ထုတ်ဝေသူ - ရာပြည့်စာအုပ်တိုက်
 စာမျက်နှာ - ၅၅၀ တန်ဖိုး - ၄၅၀၀ ကျပ်

Wednesday 6 March 2013

သုဝဏ္ဏဘူမိ

( က) ရာဇဝင်များထဲမှ သုဝဏ္ဏဘူမိ မြန်မာသက္ကရာဇ် - ၈၄၁( အေဒီ-၁၄၇၉ ) တွင် ပခူး ( ဟံသာဝတီ) ဘုရင် ရာမာဓိပတိ( ဓမ္မစေတီ မင်း )သည် ကလျာဏီသိမ်ကျောက်စာကို ရေးထိုးသည့်အခါ " ဗုဒ္ဓဘာသာ စတင် တည်၍ ရဟန်းယောကျာင်္း ရဟန်းမိန်းမ သာမဏေယောကျာင်္း သာမဏေမိန်းမတို့ဖြစ်ကြကုန်၏ " ဟုဖော်ပြခဲ့သည်။

AddThis