မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Saturday 13 July 2013

C - 14 ခေါ်အက်တန်အနုမြူ နှင့် အတိတ်ကို ရက်စွဲတပ်ခြင်း ။

ကမ္ဘာ့ အပြင်ဘက် ကျယ်ဝန်းလှသည့် ဟင်းလင်းပြင်ထဲမှ ဖြတ် သန်းလာသော ကော့ စ်မစ်ရောင်ခြည်တို့သည် ကမ္ဘာ့ လေထုအ တွင်း ရှိ နိုက်ထရိုဂျင် အနုမြူများနှင့် ကမ္ဘာမြေကြီး၏ အထက် ငါး မိုင်အကွာ တွင်လာရောက် တိုက်မိရာမှ ကာဗွန်-၁၄ ဖြစ်လာ မည့် ရေဒီယို သတ္တိကြွ အနုမြူများ ဖြစ် လာသည် ။ ၎င်းတို့သည် အောက်ဆီဂျင် နှင့်ပူးပေါင်း၍ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် များအ ဖြစ် မြေပြင်ပေါ်သို့ ဆင်းသက် လာလေ သည် ။ ကာဗွန်ဒိုင် အောက်ဆိုက်ဒ် ကိုသစ်ပင် ပန်းမာန်တို့မှ အစာချက်လုပ် ရန် လို အပ်သဖြင့် စုပ်ယူ ကြရာ ထိုဒြပ်ပေါင်းသည် သစ်ပင်တို့ကို စား သုံးသော သတ္တဝါ များ၏ ကိုယ်တွင်းသို့ ရောက်ရှိသွား တော့ သည်။ မှတ်သားရန်မှာ သက်ရှိအရာ ဝတ္ထုတိုင်းသည် ကာဗွန် - ၁၄ ကိုစုတ်ယူ ကြခြင်း ဖြစ်သည် ။ သွင်းယူပြီးသည့် ပမာဏ တစ်ခုတွင် ထိုထက်ပိုသွင်းယူခြင်း မရှိတော့ပဲ ရပ်တံ့သွားသည် ။သက်ရှိတို့ သေဆုံးသွား သော အခါ ကာဗွန်-၁၄ ကိုစုပ်ယူ ခြင်း ရပ်ဆိုင်း သွားသည် ။ ထိုအခါ ဝတ္ထု အတွင်းတွင် ရှိသော ကာဗွန်- ၁၄ သည်စတင် ပြိုကွဲတော့ သည်။ သိပ္ပံပညာ ရှင်တို့သည် အရာ ဝတ္ထု တစ်ခု အတွင်းရှိ ကာ ဗွန် -၁၄ မည်မျှ ပြိုကွဲ၍ မည်မျှ ကြွင်း ကျန်သည်ကို တိုင်းတာနိုင် သည် ။ ရေဒီယို သတ္တိကြွ အနုမြူ ဖြစ် သည့် ကာဗွန်-၁၄ ကို ၁၉၄၃ ခုနှစ်တွင် သပ်သပ်ခွဲထုတ် တွေ့ ရှိ ခဲ့လေသည် ။ အတိတ် ကို လေ့လာရန် ၊ ပစ္စုပန်ကို နားလည်ရန် နှင့် အနာဂါတ်ကို စူးစမ်း ကြည့်နိုင်ရန် အတွက် အရေးပါသော ဒြပ်ပေါင်း တစ်ခု ဖြစ်လာ ခဲ့ သည် ။ သဘာဝ ဒြပ်စင် ကာဗွန်၏ ရေဒီယို သတ္တိကြွ အိုင်ဆို တုပ် တခုဖြစ်သည့် ကာဗွန်-၁၄ သည် ရှေးဟောင်းပစ္စည်း များကို ရက်စွဲတပ်ရန် အတွက် သပ္ပံပညာရှင် များ ၏ အရေးကြီးသော နည်းလမ်းဖြစ် ပေတော့သည် ။ မည်သို့ အသုံးဝင်သည်ကို ရှင်းပါ ဦးမည် ။


ကမ္ဘာပေါ်တွင် အရာဝတ္ထု မှန်သမျှ အရည်၊ အခဲ၊ အငွေ့ မည် သည့် အသွင်နှင့်ဖြစ်စေ ဒြပ်စင်တစ်ခု သို့မဟုတ် ဒြပ်စင်များစွာ ဖြင့် ပေါင်းစပ်ထား ကြပေသည် ။ ဒြပ်စင်တစ်ခု တွင်ပါဝင်သော မြူမှုန်များ အနက် အသေး ဆုံးသည် အက်တမ် အနုမြူပင်ဖြစ် သည်။အနုမြူတိုင်း၌ အလယ်ဗ ဟိုရ်တွင်နူကလိယ အမြုတေ တစ်ခု ရှိကြပြီး ၎င်းကို အလက်ထရွန် တစ်ခု သို့မဟုတ် အလက် ထရွန်များက ပတ်ချာလှည့်လျက် ရှိသည်။ ၎င်း အလက်ထရွန် များ၏အရည်အတွက်သည် ၎င်းအနုမြူ၏ အမျိုးအစား ပင်ဖြစ် သည်။ ဒြပ်စင်တစ်ခု၏ အနုမြူများအားလုံးတွင် ပရိုတွန် အရေအ တွက်နှင့် အလက်ထရွန် အရေအတွက် ထပ်တူညီမြဲဖြစ် ၍ ဓါတ် တုံ့ပြန်မှုလည်း တူညီ ကြသည် ။ ထို့ပြင် အနုမြူ တစ်ခုတွင် နောက် ထပ်တွေ့ရသည့် မြူမှုန်ကလေး သည် နူထရွန်ဖြစ်သည် ။ ဟိုက်ဒရိုဂျင် အနုမြူ အချို့မှ လွဲ၍ အနုမြူအား လုံး၌ နူထရွန် များရှိစမြဲပင် ။ အနုမြူတစ်ခု၏အလေးချိန်သည် ၎င်း၏ နူကလိ ယ အမြုတေ အတွင်းရှိ နူထရွန်များ အရေ အတွက်နှင့် ပရိုတွန် များအရေ အတွက် နှစ်ခုပေါင်း နှင့်ညီမျှလေသည် ။ နူထရွန်များ ၏အရေ အတွက်သည် အမျိုးတူ ဒြပ်စင်များ၏ အနုမြူများ တွင် အခါခပ်သိမ်း တူညီမှု ရှိသည်မဟုတ်ပေ ၍ တခါတရံ အနုမြူ အ မျိုးမျိုး တွေ့ရခြင်းမျိုး လည်းရှိပြန်သည် ။ ပရိုတွန်နှင် အလက် ထ ရွန်တို့ အရေ အတွက် တူညီကြ သော်လည်း နူထရွန် အရေ အ တွက် ကွဲပြားမှုကြောင့် အနုမြူ အလေးချိန် ကွဲပြားခြင်းကို အိုင် ဆို တုပ်ဟုခေါ်သည် ။ အိုင်ဆိုတုပ် နှစ်မျိုးရှိပြန်သည် ။ မည် သည့်အခါမျှ ပြောင်းလဲခြင်းမရှိသော တည်တန့်မြဲမြန် အိုင်ဆို တုပ် နှင့် ရေဒီယို သတ္တိကြွသော ရောက်ခြည်များ လွှတ်ပြီး ပြောင်းလဲတတ်သော ကြောင့် မတည်မြဲ အိုင်ဆိုတုပ် ဟူ၍ ဖြစ် သည် ။ သဘာဝ ဒြပ်စင်များ အားလုံးတွင် မတည်မြဲ အိုင်ဆိုတုပ် များရှိလေရာ ၎င်းတို့၏ ရေဒီယို သတ္တိကြွမှုသည် သုတေသန သပ္ပံ ပညာအတွက် အသုံးဝင် လှပေသည် ။ မတည်မြဲ အိုင်ဆို တုပ် သည် ရှားပါးသည် ။ ကာဗွန်တွင် အိုင်ဆိုတုပ် သုံးခုရှိရာ ကာဗွန်- ၁၄ သည်ကာဗွန်၏ ရှားပါးသော မတည်မြဲ အိုင်ဆိုတုပ် ပင်ဖြစ် သည် ။

ကာဗွန်-၁၄ အပါအဝင် မတည်မြဲ အိုင်ဆိုတုပ် များနှင့် စပ်လျဉ်းပြီး အရေးကြီးသော အချက်မှာ ရေဒီယို သတ္တိကြွ အိုင်ဆိုတုပ် များ တွင် ထက်ဝက်ကုန် သက်တမ်း ရှိ၏။ ဤရေဒီယို သတ္တိကြွ အိုင် ဆိုတုပ် တခုသည် ရေဒီယို သတ္တိကြွ ရောင်ခြည် တို့ကို ထုတ် လွှတ် ရာ အချိန်ကာလ တစ်ခုတွင် ယင်းအိုင်ဆိုတုပ် သည် မူလ အရွယ်၏ ထက်ဝက်ခန့်သာရှိတော့ ခြင်းကြောင့်ဖြစ်သည် ။ ကာ ဗွန်-၁၄ ၏ ထက်ဝက်ကုန် သက်တမ်းသည် ၅၅၆၈ နှစ်ဖြစ်သည်။တချို့ကား ၅၇၆၀ ဟုဆို၏။ ဤနှစ်ကြာသော်မူလကာဗွန် -၁၄ ၏ ထက်ဝက် နောက် ၅၅၆၈-၇၆၀ ကြာသော် ထိုထက်ဝက်၏ ထက်ဝက် နှုန်းဖြင့် ကုန်ကုန်သွား ခြင်းကြောင့် နောက်ဆုံးတွင် ကာဗွန်-၁၄ မှာ လုံးဝပြိုကွဲ သွားပြီး အခြားဒြပ်စင် နိုက်ထရို ဂျင် ၁၄ သို့ ပြောင်းလဲ သွားသည် ။ ကာဗွန်-၁၄ မည်မျှ ကြွင်းကျန် သည် ကိုတိုင်းတာ ခြင်းအားဖြင့် သိပ္ပံပညာ ရှင်တို့သည်လွန်ခဲ့ သော နှစ်ပေါင်း ၄၀၀၀၀ အတွင်း ဖန်တီးထားသော ပစ္စည်းများ၏ သက်တမ်းကို သိရှိနိုင်လေသည် ။ လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀၀ အတွင်းသည် ကမ္ဘာ့သမိုင်း၏ အချိန်ကာလ ပင်ဖြစ်သည် ။ ၎င်း ကာလအတွင်း ကမ္ဘာမြေကြီး၏ ပထဝီဝင်သည် ပြောင်းလဲ ခဲ့၏။လူသားတို့၏ အဓိကယဉ်ကျေးမှု ကြီးများ ထွန်းပြောင်ခဲ့၏။ ပျောက်ကွယ်ခဲ့၏။ ကာဗွန်-၁၄ သည် အမှန်ပင်လျှင် အချိန်ကို တိုင်းတာရန် အဖိုးတန်လှသော စံတစ်ခုပင် ဖြစ်သည်။ ၎င်း သည် အလွန်ရှေးကျသော လူများ၏ အတ္ထုပတ္တိကို သိနိုင်သည်။ ၎င်း သည် ရှေးပဝေဏသီ အတိတ်ကာလက ရေခဲမြစ်များဖုံးလွှမ်းခဲ့ သော ကုန်းမြေတို့၏ အကြောင်းအရာ များ အပြင် ထိုရေခဲမြစ် များ ရွှေ့လျား မှုနှင့် ပတ်သတ်၍ လည်း သိလာစေ သည်။ ကာ ဗွန်-၁၄ သည် သမိုင်း၏ အချိန်ဇယား ကို ပြန်လည် ဆန်းစစ်ရာ ၌ သပ္ပံပညာ ရှင်များကို အထောက်အကူ များစွာ ပေးခဲ့လေသည် ။

ကာဗွန်-၁၄ ဖြင့် ရှေးဟောင်း ပစ္စည်းများကို အတိအကျ သက် တမ်း သတ်မှတ်နိုင်သည်တော့ မဟုတ်ပေ။ဖြစ်ရပ်တခု ဖြစ်ပွား ခဲ့သော နှစ်ကိုဖြစ်စေ၊ အရာဝတ္ထု တစ်ခုပြုလုပ်ခဲ့သော နှစ်ကိုဖြစ် စေ၊ အတိအကျ သတ်မှတ်နိုင်ခြင်း မဟုတ်ပါ။ နှစ် အနည်းငယ် သို့မဟုတ် အတော်အတန် ကွာခြား နေပေသည်။ သို့သော် သိပ္ပံ ပညာရှင်တို့ အတွက်မူကား ဤမျှလွဲမှားမှုသည် မှုလောက်စ ရာ တော့မဟုတ်ခဲ့ပေ ။ နှစ်ထောင်ပေါင်း များစွာ အိုမင်းနေပြီ ဖြစ် သော ကမ္ဘာ့ သမိုင်းစဉ်တွင် နှစ်အနည်း ငယ်လွဲမှားမှု သည် ကိစ္စ မရှိပေ။ သက်တမ်းသိထား ပြီးဖြစ်သော ရှေးဟောင်းပစ္စည်း များ ကို ကာဗွန်-၁၄ နှင့်တွက်ချက်ကြည့် ခြင်းသည် ယုံကြည်စိတ်ချ ရ၍ တိကျသော ရက်စွဲသတ်မှတ်နိုင် ပြီဖြစ်သည် ။ ဤစမ်းသပ် နည်းကို ရှာတွေ့ခဲ့သော ဒေါက်တာ လစ်ဘီသည် ၁၉၆၀ ခုနှစ် တွင် နိုဘယ်ဆု ရှင်ဖြစ်ခဲ့ပါသည် ။ ကာဗွန်-၁၄ ဖြင့် နေ့စွဲတပ်ခြင်း ( Dating with C-14) သည် သိပ္ပံပညာရပ်တွင် နယ်ပယ် အသီး သီး အတွက်ပါ ထပ်ဆင့် တွေ့ရှိမှုကို ရရှိနိုင်သည်။

ကာဗွန်-၁၄ ဖြင့် နေ့စွဲတပ်ခြင်း ပြုတော့မည် ဆိုလျှင် ပထမဦးစွာ စမ်းသပ်မည့် ပစ္စည်းအား၎င်း၏ ကိုယ်ပိုင်ကာဗွန်-၁၄ သာကျန် သည် အထိ အနုစိတ် သန့်ရှင်းရမည် ဖြစ်သည် ။ စင်ကြယ်သွား စေရန် ဓါတုပျော်ရည် တစ်ခုထဲတွင် စိမ်ထားရမည် ။ ထို့နောက် ကာဗွန်-၁၄ အနုမြူ များကို နမူနာ ပစ္စည်းထဲရှိ အခြားအနုမြူ အား လုံးမှ ခွဲထုတ် ပစ်ရမည် ။ လုံးဝစင်ကြယ် သွားသောအခါ နမူနာစ ကိုဖန်ပြွန်ကြီး တစ်ခုထဲ ထည့်ပြီး မီးရှို့၏။ ဖန်ပြွန်ထဲတွင် ပြာအ နည်း အကျဉ်းသာ ကျန်ရစ်ပြီး ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့ ထွက်လာ မည် ဖြစ်သည် ။ ထိုဓါတ်ငွေ့သည် လေမရှိ ၊အပူပေး ထား သော ဗလာပြွန်ချောင်း ပြွန်တံတို့ ကိုဖြတ်သန်း သွားသည်။ ထိုလမ်းကြောင်း တလျောက်၌ ဓါတ်ငွေ့သည် အပူ ပေးထား သော သတ္တုများ၊ အအေးဓါတ်ပေး ထားသော အုပ် ဆောင်းများ နှင့် အညစ်အကြေး ချွတ်ပြွန်တံများကို ဖြတ်စေလျက် ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့ကို ပို၍သန့်ရှင်းစင်ကြယ် စေပါသည် ။ နောက်ဆုံးတွင် ကာဗွန်-၁၄ အနုမြူ များသား ပါဝင်သည့် ကာဗွန် ဒိုင်အောက်ဆိုဒ် သန့်သန့်များ သာ ဖန်အိုးထဲသို့ ရောက်ရှိသွား မည်ဖြစ် သည်။ ထိုဖန်အိုးမှ ကာဗွန်-၁၄ တွက်ချက် ကိရိယာ ထဲ သို့ ရောက်သွား၏။ ရှေးဟောင်းပစ္စည်း ထဲ၌ ကာဗွန်-၁၄ အနု မြူ မည်မျှရှိသည်ကို တွက်ချက်သော ကိရိယာ ကြီးတွင် အဓိက အ ပိုင်း ကြီး နှစ်ခု ပါဝင်သည်။အပိုင်းတစ်ခုသည် ကမ္ဘာ့လေထု အ တွင်းရှိ အခြားသော ရေဒီယို သတ္တိကြွ ဒြပ်များ ကိရိယာ အ တွင်း သို့ မဝင်ရောက်နိုင် အောင် တားဆီးထား သောအုပ်ဆောင်း ဖြစ်သည် ။ သို့မှသာ သန့်စင်သော ကာဗွန်-၁၄ ကို စစ်ဆေးနိုင် မည်ဖြစ်ပေ သည်။ သိုလှောင်ပြွန် မှ ကာဗွန်-၁၄ ကို အလက်ထ ရောနစ် မှန်ကူကွက် သို့ရောက်ရှိ၍ ပြိုကွဲမှုကို စစ်ဆေးသည်။ ဤ ပြိုကွဲမှုများ ကိုသိပ္ပံပညာ ရှင်မှ တွက်ချက်အတည်ပြု ၍ နမူနာ ရှေးဟောင်းပစ္စည်း ၏သက်တမ်း ကို ဖော်ထုတ်နိုင် ပေသည် ။ ကာဗွန်-၁၄ နှင့်ရက်စွဲ တပ်ခြင်းဖြင့် လူ့သမိုင်း၏ ဇာတ်ခုံပေါ်တွင် ခင်းကျင်း ကပြသွား ခဲ့သည့် ဇာတ်လမ်းဇာတ်ကွက်များ အနက် အရေးကြီးသော အခန်းကဏ္ဍများ နှင့် ဇာတ်ဆောင်များ ကို နှောင်း လူတို့ သိရှိနိုင် ပေသည်။ ကာဗွန်-၁၄ သည် ရုက္ခဗေဒ ပ ညာရပ်၊ မနုဿဗေဒ ပညာရပ်၊ ဘူမိဗေဒ ပညာရပ်၊ ရုပ်ကြွင်း နှင့် ကျောက်ခေတ် ဗေဒ ပညာရပ် ၊ ရှေးဟောင်း သုတေသန ပညာ ရပ် နှင့် သိပ္ပံ ပညာရပ် တို့အတွက် ကြီးမားသော အထောက်အကူ ဖြစ်စေရုံ မျှမကပဲ ၎င်း ပညာရပ်များနှင့် ဆက်စပ်လျက်ရှိသော ဓါတုဗေဒ ပညာရပ်၊ ဇီဝဗေဒပညာရပ် ၊ ရူပဗေဒ ပညာရပ်၊ သ မိုင်းပညာရပ်၊ ပထဝီဝင်ပညာရပ် ၊ ယဉ်ကျေးမှု ပညာရပ်၊ လူနေ မှု လေ့လာရေး ပညာရပ်နှင့် ရိုးရာ စာပေပညာရပ် များ အထိပါ အ လွန်ကောင်းမွန်စွာ ထောက်ကူပေး လျက်ရှိပါကြောင်း ဗဟုသုတ အလို့ ငှာ တင်ဆက်ပေး လိုက်ပါသည် ။

သျှင် လေညင်း ။ ၁၃၊၇၊၂၀၁၃

AddThis