မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Wednesday 27 February 2013

ဘုရင့်နောင် မင်းတရားကြီး၏ ကောင်းမှုတော် ခေါင်းလောင်းကြီး (ပုဂံ၊ရွှေစည်းခုံ )ရှိ မွန်ဘာသာဖြင့်ရေးထိုးထားသော ဘုရင့်နောင် မင်းတရားကြီး၏ မှတ်တမ်း - ဘာသာပြန်။

((ကိုရန်နောင်စိုး ဖေ့ဘွတ်မှ ကူးယူဖော်ပြပါသည်။)) ပုဂံ ရွှေစည်းခုံဘုရားမှ ဘုရင်နောင်မင်းတရားကြီး၏ ကောင်းမှုတော် ခေါင်းလောင်းဓာတ်ပုံ ကို ဆရာဦး Mya Thaung ထံမှ ကျေးဇူးတင်စွာဖြင့် ကူးယူရရှိ ပါသည် ။
ကျုပ်ဟာ ကိုယ့် ကိုယ် ကို "သီရိပ၀ရမ မဟာရာဇ" ( ဘုန်းကြက်သရေကြီးတဲ့ တရားစောင့် တဲ့တကာ့ မင်း ) ဆိုတဲ့ ဘွဲ ကို ခံယူတယ် ။ အခု ကျုပ် ဘယ် လို ဘယ်ပုံ မင်းတကာ့ မင်းဖြစ်လာတယ် ဆိုတာဆေက်ပြောပြမယ် ။ 1550 ခုနှစ်မှာ တောင်ငူ ကိုသွားတိုက်တယ် ။ 1551 ဇန်န၀ါရီလ 11 ရက်မှာ တောင်ငူ ကိုရတယ် ။မြို့  ကိုသိမ်းပြီးတော့ ဘုရားအို ကျောင်းအိုတွေ ကိုပြင်တယ် ။ အသစ်လဲ ထပ်ဆောက်တယ် ဗုဒ`္ဓရှင်တော် မြတ်ရဲ့  တရားတော် တွေ ကို ပြန့် ပွားအောင်လုပ်တယ် ။ ကျုပ်တိုက်ခိုက်သိမ်းပိုက်ခဲ့ တဲ့နေရာ အနီးနားက လူတွေ က ကျူပ်ဆီ ခိုဝင်လာပြီး အသက် စည်းစိမ် မပျက် ဆက်လက် မှုတမ်းလို ပါတယ် လို့ လာပြောရင် မြို့ ဝန်ကို မြို့  ၀န်ဆက်ခန့် တယ် ။စော်ဘွား ကို စော်ဘွားအဖြစ် ဆက်ခန့် တယ် ။ အဲဒီတော့ သူတို့ က ကျုပ်ကို ဘ၀ရှင်မင်းတရားကြီးလို့ ခေါ် ပြီပေါ့ ။ နောက်တပ် 1551 သြဂုတ်လ 30 မှာ ကျုပ် ပြည်မြို့  ကို တိုက်ခိုက်ယူတယ် ။ သူကြီးဘုရား ရွာသားကောင်းမှု ဆိုသလိုပေါ့ ပြည် မြို့ မှာ ရှိတဲ့ လူတွေ က ကျုပ်နာမည်နဲ့ ကောင်းမှုတွေ အထပ်ထပ် လုပ်ပေးတယ် ။........................... ကျုပ်ကတော့ လူအင်အား လက်နက် အင်အား ထပ်ဖြည့် ပြီး ဟံသာဝတီ ( ဗဂိုး ) ကို 1552 မတ်လ 12ရက်နေ့ မှာ ဆက်တိုက်တယ် ။ ဟံသာဝတီဘုရင် ဆိုသူ က သူနဲ့ ဆင်စီးချင်း တစ်ယောက်ချင်း စစ်ထိုးဝံ့လားတဲ့ ကျုပ်ကို စိန်ခေါ်တယ် ။ ကျူပ် သူ စိန်ခေါ် တာကို လက်ခံ ပြီး စီချင်းတိုးတော့ ကျုပ်ရဲ့ ဥပေါသထ ဆင်က သူဆင်ရဲ့ စွမ်ကို ချိုးပစ်နိုင်ခဲ့ တယ် ။ အဲဒီ အချိန်မှာ ပင်လယ်ကတက်လာ တဲ့ လှိုင်လုံးကြီး လိုဘဲ ကျုပ်ရဲ့ စစ်သားတွေ သူတို့ မြို့ တော်ကြီး တစ်ခုလုံး ကိုဖုံးပစ်နိုင်ခဲ့ တယ် ။ ဗဂိုး ကိုရတော့ ထုံးစံ အတိုင်း ကောင်းမှုတွေ အများကြီး ဆက်တိုက်လုပ်ဖြစ်တယ် ။ နောက်ပြည်သူတွေ အတွက် နန်းတော် အရှေ့ မှာ ခေါင်းလောင်းကြီး တလုံးဆွဲ ပေးတားတယ် ။ နစ်နာချက်တခုခု ရှိသူတိုင်း ဒီခေါင်းလောင်ကြီး ကို အတားဆီးမရှိ ထိုးခွင့် ပေးထားတယ် ။( ခေါင်းလောင်းအသံကြားရင် ဘာဒုက္ခ ရှိသလဲ လို့ တာဝန်၇ှိသူတွေ ကမေးပြီး ပြဿနာ ကိုပြေလည်အောင် ဖြေရှင်းပေးတယ် ) ။ 1554 ဇန်န၀ါရီလ 12 ရက်နေ့ မှာ တိုက်ရေးခိုက်ရေး ခဏ နားထားပြီး မိဖုရာကြီး နဲ့ အတူ ကျုပ် ဘိတ်သိပ် ခံ ယူခဲ့ တယ် ။ ဒါဆိုရင် သာသနာ့ ဒယာကာကြီးလဲ ဖြစ်ပြီပေါ့ ။........................................... နောက် ..ကျူပ် မှာ ရှိရှိသမျှ ရေအား ၊ ကြည်းအား အကုန်စုရုံး ပြီး မြောက်အရပ် နဲ့ အရှေ့ မြောက်ရပ် ကို ချီတက်ခဲ့ တယ် ။ 1555 ခုနှစ် ဇန်န၀ါရီလ 22 ရက် မှာ အ၀ ကို သိမ်းယူနိုင်ခဲ့ တယ် ။ အသေအပျောက် အနည်းဆုံးဖြစ်အောင်စီမံခဲ့တယ် ။ လူတွေ အားလုံးကတော့ ကျုပ်ကို ရက်စက်ကြမ်းကြုတ်ပြီး အသတ်အဖြတ်ကိုဘဲ လုံ့ လပြုနေတယ် လို့ ထင်ရင်ထင် နေကြမှာ ဘဲ ။ ကျုပ်တို့ ရဲ့ တိုက်ရည် ခိုက်ရည် နဲ့ အောင်မြင်မှု သတင်းတွေ ကို ကြားလာရတော့ မြို့ တစ်မြို့ ကို တိုက်ခိုက်သိမ်းယူမယ် လို့ ချည်းကပ်လိုက်တာနဲ့ ၊ နည်းနည်းလောက်ဟန်ရေးပြ တိုက်ခိုက်လိုက်တာနဲ့ ၊ တချို့ ဆို လုံးဝမတိုက်ရဘဲ နဲ့ လက်နက်ချ အညံ့ခံ ခဲ့ ကြတယ် ။ တကယ်တော့ ကျုပ်တို့ က သိပ်ပြီးတော့ အင်းအားကြီးတယ် ကြောက်စရာကောင်းတယ် လို့ မဆိုသာသလို သူတို့ ဘက်ကလဲ သိပ်ညံ့တယ် လို့ ပြောလို့ မရပါဘူး ။ တခုတော့ ရှိတာပေါ့ ကျုပ်က စစ်ဘုရင် တစ်ပါး အဖြစ်အောင်မြင်တယ် ၊ သတ္တိရော ဇွဲလုံ့ လရော မခေ ဘူးဆိုတာတော့ အမှန်ဘဲ ကိုး ။ မြို့ တစ်မြို့ ကို ၀န်းရံ တိုက်ခိုက် ရင် ဘယ် မြို့ ကမှ ကြာကြာမခံ နိုင်ပါဘူး..စစ်ကြာကြာ တိုက်နေရင် ငတ်ပြီးသေကြမှာ ဆိုတော့ စောစောကပြောသလို အညံ့ခံ လိုက်ပြီး ကျုပ်ကို အရှင်သခင်အဖြစ် လက်ခံ လိုက်ကြတာဘဲ ။ ကျုပ်ကလဲ ပေးတဲ့ ကတိသစ္စာကို တည်အောင်ထိန်းရတယ် ။ ကိုယ့် ဆီ ၀င်ရောက်ခိုလုံလာတဲ့ သူတွေ ကို အရင်ကရခဲ့ တဲ့ ဥစ္စာ စီးပွား ကို ရမြဲတိုင်းရစေခဲ့တယ် ။ စစ်အောင်သူတွေ ဟာလောဘ အတောမသတ်နိုင်ဘဲ ရသမျှတွေ ကိုယူ ၊ လူတွေ ကို နိုပ်စက်ကြတဲ့ အထဲ မှာ ကျုပ်မပါဘူး ။ တခါက သူပုန်တွေ ရာထောင်ချီ ကို စာရေစာ မပေးဘဲ သတ်ဖို့ လုပ်ထားတာ ကို ဆရာတော်သံဃာတော် တွေ ကြွလာပြီး သူတို့ ဒကာတွေ ကိုရွေးထုတ်ခေါ်ယူခွင့် ပြုတော့ တကယ့်ထိပ်တန်း အကြီးအကဲ ခေါင်းဆောင်တွေ ဘဲရွေးမဲ့သူမရှိဘဲ ကျန်နေခဲ့တယ် ။ ကြေးစား (ဥရောပ) ကုလားတပ်သားတွေ ကိုတော့ သာသန မြေကလွဲ ရင် စစ်အောင်လို့ ရထားတဲ့မြေမှာ ကြိုက်တာကို ကြိုက်သလောက်ယူ ဆိုပြီး ခွင့် ပြုထားရတယ် ။ ကျုပ်လဲ နေရာသစ်တွေ ကို သိမ်းပြီးတိုင်း ဘုရားကျောင်းကန်စေတီ တွေ ကို ပြုပြင်သင့် ရင်ပြုပြင် ၊ အသစ် တည်ဆောက်သင့် ရင်တည်ဆောက် ဆိုတော့ တစ်တစ်စ နဲ့ မွန်ဒေသ နဲ့ မြန်မာဒေသ တို့ မှာ စေတီ တွေ ရွှေရောင်တစ်ဝင်းဝင်းနဲ့ ရွှေနိုင်ငံ ကြီးဖြစ်လာပါတော့ တယ် ။ ရဟန်းတွေ ကလည်း ၀ိနည်းတော် ကိုလေးလေးစားစား လိုက်နာကြသလို လူတွေကလည်း ဗုဒ`္ဓဘာသာဝင်တွေ ဖြစ်တာနဲ့ အညီ အနေထိုင်သိမ်မွေ့ နူးညံ့ လာကြတာတွေ တွေ့ ရတော့ စိတ်ချမ်းသာရတယ် ။ သီရိလင်္ကာ မှာ ဗုဒ`္ဓဘာသာ မှိန်းမှိန်တယ် ကြားရတော့ လိုအပ်သမျှပစ္စည်းတွေနဲ့ မတူ ဆရာတော် တချို့ ကိုစေလွတ်ပြီး သာသနာတော် ပြန်လည်ထွန်းကားအောင် ဆောင်ရွက်စေခဲ့ တယ် ။ ကျုပ်ရဲ့  ဆံတော်နဲ့ မိဖုရား ဆံတော် တို့ ကိုလည်း တံမျက်စည်းလုပ်ပြီး စွမ်တော် တိုက်မှာ ဖုန်လှည်းဖို့ လှူလိုက်သေးတယ် ။ သူတို့ ကလည်း စွယ်တော်ပွားတစ်ဆူ ပြန်လှူလိုက်တယ် ။.........................................မိဖုရားကြီး ကို ခေါ် ပြီး အညာကို စစ်အင်္ဂါခင်းကျင်းပြီးနဲ့  ခန်းကြီးနားကြီး ချီတက်ခဲ့တယ် ။ စစ်တိုက်ဖို့ လည်းပါပါတယ် ။ အ၀ ကို 1556 ဒီဇင်ဘာ 24 ရက်နေ့ မှာရောက်ပါတယ် ။ 1557 ဇန်န၀ါရီ လ 8 ရက်နေ့ မှာ ခရီးဆက်ပြန်တယ် ။ ပထ္ထမြားမြေ ဖြစ်တဲ့ မိုးမိတ်နဲ့ သီပေါ က ဇန်န၀ါရီလ 10 ရက်နေ့ မှာ အညံ့ခံ တယ် ။ မိုးမိတ်ရဲ့  အနောက်မြောက် မှာ စေတီတစ်ဆူ ကို 1557 ဖေဖော်ဝါရီလ 8 ရက်နေ့ မှာ စတည်တယ် ။ဘုရားအတွက် တစ်နှစ် ကို လယ်ထွက်စပါး တင်း 600 လှူတယ် ။ ဘုန်းတော်ကြီးကျောင်း 4 ကျောင်းဆောက်လှူပါတယ် ။ သီပေါမှာစေတီ တစ်ဆူ တည်တယ် ။ စော်ဘွားကြီးရဲ့ မြေးတော် ကို အခန်းနားနဲ့ စော်ဘွား အသစ် ထပ်ခန့် ခဲ့ တယ် ။ 1557 မတ်လ 28 မှာ ကြည်းကြောင်းနဲ့  မြောက်ဘက် ကိုချီတက်တော့ မိုးညှင်းက အဲဒီ နှစ်ဖေဖေါ်ဝါရီလ 28 ၇က်နေ့ မှာ အညံ့ခံ ခဲ့ တယ် ။ မိုးကောင်းက မတ်လ 26 ရက် မှာအညံ့ခံတယ် ။ အဲဒီလို ပဒေသရာဇ်တွေ နဲ့ တွေ့ ရင် ကျုပ် လုပ်နေကျ အတိုင်း အရင်က အုပ်ချုပ်နေတဲ့ စော်ဘွားတွေ ကို သူ့ နေမြဲ အတိုင်းပြန်နေရာပေးခဲ့ တယ် ။ နောက် ပြီး သီပေါနယ်တွေ မှာ အကြီးအကဲ သေရင် ကျွန်တွေ ပါလိုက်သေ ရတဲ့ အစဉ်လာတစ်ခု ကို လုံးဝ တား မြစ် ပိတ်ပင် နိုင်ခဲ့ တယ် ။ အပြန်ခရီး ကို 1557 ဧပြီ လ 9 ရက်နေရ မှာ စထွက်ခဲ့ တယ် ။ ပုဂံ ကိုဝင်ပြီး ရွှေစည်းခုံ ဘုရား ကို ရွှေချတယ် ။ နောက်ပြီး ကြေးပိဿ ချိန် 21000 ပိဿ ရှိတဲ့ ခေါင်းလောင်း ကြီးတစ်လုံးသွန်းလုပ်စေပြီး ကျုပ်ဟာ ဧကရဇ် ဘုရင်တစ်ပါးဖြစ်အောင်ဘယ်လို့ စွမ်းဆောင်ခဲ့တယ်ဆိုတဲ့ အကြောင်း ကို မွန်ဘာသာနဲ့ အဲဒီ ခေါင်းလောင်း အပေါ် မှာ ရေးထိုး မှတ်တမ်းတင်စေတယ် ။ ပြီးတော့ ရွှေစည်းခုံဘုရားမှာ တင်လှူတယ် ။.............................................. မှတ်ချက် ။ ။ ဆရာကြီးဒေါက်တာသန်းထွန်း ၏ ဂံဂိုးဝ စာအုပ်မှ "လက်နက် နိုင်ငံတော် မရှိတဲ့ ဧကရာဇ်- ခရစ်နှစ် 1557 " ကို ကောက်နုတ် အတုယူ ပြီး ကျွန်တော်ရေးတတ် သလောက်သာ ရေးထားခြင်းဖြစ်သည် ။ (ရန်နောင်စိုး) ၂၇၊၂၊၂၀၁၃။ special thanks to ; Yannaung Soe Photo credit to ; U Mya Thaung

AddThis