မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Thursday 15 August 2013

ပျူမင်းသား ဂီတခရီး စဉ် အေဒီ - ၈၀၂ ။




၂၀၁၂ ခုနှစ် ၊ မတ်လ အတွင်း ရန်ကုန် မြို့ ၊ ယဉ်ကျေး မှု နှင့် အနု ပညာ တ က္ကသိုလ် ပါမောက္ခ ချုပ်က မြန်မာ့သ မိုင်းအ ဖွဲ့ ဒုတိယ ဥက္ကဌ ကြီး ဒေါက်တာ တိုးလှ နှင့် မြန်မာ့ သမိုင်း အဖွဲ့ဝင် ဒေါက် တာ ချစ်စံဝင်း တို့ကို ခေါ်ယူ တွေ့ ဆုံ၍ တရုတ်နိုင်ငံ တွင် ရုပ်မြင် သံကြား ဇာတ် လမ်း တွဲ အဖြစ်ရိုက် ကူးမည် ဖြစ်သော ပျူအဖွဲ့၏ ဂီတ ဖျော်ဖြေမှု နှင့် အက တင် ဆက်မှုကို ကူညီပေးရန် ဖိတ်ကြား ခဲ့ ပါသည် ။ ခရစ်နှစ် ၈၀၂ ခုနှစ်က အိမ်ရှေ့ မင်းသာ; သုနန္ဒန ဦး ဆောင်၍ သရေခတ္တရာ မှ တရုတ်နန်း တော် ချန်အန်းသို့ သွား ရောက် ဖျော် ဖြေ ခဲ့ရာ ဤအ ကြောင်း ကို ဇာတ်လမ်းတွဲ ရိုက်ကူး မည် ဟုသိရသည် ။ မြန် မာ့ အနု ပညာရှင် များနှင့်တကွ သမိုင်း ပညာ ရှင် များကပါ ထို ခေတ်ကာလ က ပျူဂီတ ဖျော်ဖြေ မှု နှင့် အက တင်ဆက်မှု တို့ အ မှား အယွင်း မရှိစေရန် နှင့် မြန်မာ့ဘက် မှ စီစဉ် တင်ဆက် ထားမှုနှင့် ကိုက်ညီရန် နှစ်ဘက် တွေ့ဆုံ ဆွေး နွေး ခြင်းဖြစ်ပါ သည် ။ ထို ဇာတ်လမ်းတွဲ တွင် မြန်မာ့ အနုပညာ ရှင် များလည်း ပါဝင်သရုပ် ဆောင်မည်ဟု သိရသည် ။

ပျူ ဂီတ အနုပညာ ရှင်များ ။ ( Noel . F Singer 1997 )
ခရစ်နှစ် ၈၀၂ ခုနှစ် တရုတ်ပြည် ရောက် ပျူဂီတ အနု ပညာ အဖွဲ့ ၏ စွမ်းပ ကား သည် တရုတ်တို့ ကိုအံ့အားသင့် စေခဲ့ပါသည် ။ ပျူ ဂီတ အနုပညာ၏ အင်အားသည် သရေခတ္တရာ ၏ အင်အား ပင် ဖြစ်ပေသည် ။ မြန်မာနိုင်ငံတွင် ပျူဂီတ အနုပညာ အတွက် မြေ ပေါ် မြေအောက် အထောက် အထား ဆို၍ မှော်ဇာရှိ မြင်ဗာဟုစေ တီ ပျက် ကုန်းမှ ခြေထိုးကနေဟန် အုတ်ခွက် တစ်ခု ၊ မှော်ဇာ အခြားနေရာမှ ခြေထိုး လက်မြှောက် ကနေဟန် အုတ်ခွက် တစ်ခု နှင့် ၁၉၆၆-၆၇ ခုနှစ်အတွင်း သရေခတ္တရာ မြို့ဟောင်းမှ တူးဖော် ရရှိသော ကခုန် တီးမှုတ် နေသော ကြေးရုပ် ငါးရုပ် လောက်သာ တွေ့ရပါသည် ။ သို့ဖြစ်ပါ၍ တရုတ်တို့ ၏ ထန်မင်းဆက် သမိုင်းဟောင်း ၊ ထန်မင်းဆက် သမိုင်းသစ် နှင့် ထန် မင်းဆက် အုပ်ချုပ် ပုံစာတမ်း များတွင် ပျူဂီတ ခရီးသွား အဖွဲ့အ ကြောင်းကို ဆရာကြီး ဦးရည် စိန် ၏ ကျေးဇူးနှင့် လေ့လာရပါ ဦးမည် ။

AddThis