မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Saturday 6 April 2013

မန်ရှုကျမ်းနှင့် ကျမ်းပြုသူတို့၏ အစဆွဲထုတ်မိရာဝယ်။

သမိုင်း ရေးသားပြုစုရာတွင် ကျမ်းကိုး ပြုအပ်ခြင်း၊ မပြုအပ်ခြင်း နှင့်ပတ်သတ်၍ သမိုင်းပညာရှင်များ လိုက်နာကျင့်သုံးကြသော ပညာရပ်ဆိုင်ရာ စံသဘောရှိပါသည်။ ကျမ်းကိုးပြုစုရာ၌ မိမိပြုစု သော သမိုင်းခေတ်နှင့် ဆိုင်ရာခေတ်ပြိုင်လည်းဖြစ် ၊ ကိုယ်တွေ့ လည်းဖြစ်သော ( ဝါ ) တဆင့်ကြားလည်းမဟုတ်သော မူရင်းမှတ်တမ်းများ ၊ မူရင်း အထောက်အထားများ စသည်တို့ကို သာ အသုံးပြုကျမ်းကိုးလေ့ရှိပါသည်။ တဆင့်ကြားမှတ်တမ်းများ နောက်ရေးသမိုင်းများ ၊ဆင့်ထိုး နောက်ထိုး စာများသည် အလိုအပိုမကင်း တတ်၍ ကျမ်းကိုးပြုရန် စိတ်မချရ ယုံကြည် ကိုးစားမရ ဟုဆိုကြပါသည်။ ဥပမာ ဦးကုလား မဟာရာဇဝင် တော်ကြီး၊ မှန်နန်းရာဇဝင် အစရှိသော ရှေးဗမာ မှတ်တမ်းများနှင့် ရှေးဗမာ နောက်ထိုး၊ ဆင့်ထိုး ၊ စပ်ထိုး ကျောက်စာစသည်တို့ကို အချို့သော ပညာရှင်များမှ မြန်မာ့သမိုင်းကို ပြုစုရာတွင် ပစ်ပယ် ဖယ်ထုတ်လေ့ရှိပါသည်။

AddThis