မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Thursday 28 February 2013

ရာဇဝင်တိုက်ပွဲ။ ( ဃ )။ မန်ရှုကျမ်းလာ အခေါ်အဝေါ်၊ နာမည်ပေးပုံ ၊အနက်တူ၊ အသံတူ ၊ ယင်း မြစ်တူသော ပုဒ်များဖြင့် မန် နှင့် မြန်မာ နီးစပ်မှုရှိသလား။

ပထမ ။ "ဖန်ချောသည် ယုန်ချန်နယ်တစ်ဝိုက်တွင် နေထိုင်ကြသော မူလ ဗမာ ( Proto-Burman ) များနှင့်ပတ်သက်၍အတော်များများသိ ရှိလေသည်။" G.H.Luce,Old Kyaukse,pp.77 ဤစကားစုသည် မန်ရှုမှတ်တမ်း အားပြုစုခဲ့သူဖန်ချောပြောသော စကားလုံးဝမဟုတ်ပေ။မန်ရှု မှတ်တမ်းတွင်လုံးဝမပါဘဲ ယခုခေတ်မှယူနန်နယ် ယုံချန်တဝိုက်နေ မူလဗမာများဟု Mr.Luce ဘာသာပြောသော Mr.Luce အသုံးအနှုန်းသာဖြစ်သည်

Gordon Hannington Luce(G.H.Luce)

မွေးသက္ကရာဇ် - ၂၀၊၁၊၁၈၈၉
 မွေးရပ် - Gloucester England
 ကွယ်လွန်ချိန် - ၃၊၃၊၁၉၇၉( အသက် ၉၀)
 ကွယ်လွန်သည့် နေရာ - Jersey
နိုင်ငံသား - British
 အခြား အမည် - G . H . Luce
 အလုပ်အကိုင် - မြန်မာ့သမိုင်းပညာရှင်၊တက္ကသိုလ် ပါမောက္ခ၊ စာရေးဆရာ၊
 ဇနီး - Tee Tee Luce ဒေါ်သီသီ (၁၉၁၅-၁၉၇၉) မိခင်တက္ကသိုလ် - Emmanuel College , Cambridge Dean Closed School
 သား/ သမီးများ - John Luce , Sandra Luce

AddThis