မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Saturday 23 February 2013

ရွှေနန်းဆီသို့(၁)

( ဂ ) ရာဇဝင်တိုက်ပွဲ G . H . Luse ၏ တိဘက်- မြန်မာ ( ချိယန် ၊ မန် ) တို့ ဆင်းလာသည့်လမ်းကြောင်း အပေါ် မြန်မာ့သမိုင်း သုတေသီတို့၏ သုံးသပ်မှုများ ။ တရုတ်ပြည်၏ အနောက်ဖက်မှ စီးဆင်းနေသော မြစ်ဝါမြစ် ဖျားပိုင်းတွင် တောင်ဖက်မှစီးဝင်သော ထောင် မြစ်လက်တက်၏ မြစ်ဝှမ်း တွင် ရှေးကျောက် ခေတ်သစ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော ရှေးလူသားတို့၏ ရုပ်ကြွင်း များနှင့် ယဉ် ကျေးမှု အထောက်အထား များစွာကို သုတေသန သမိုင်းပညာရှင်တို့ တူးဖော်တွေ့ရှိခဲ့ကြသည်။ ဘီစီ ၂၀၀၀(ဝါ) လွန်ခဲ့သော နှစ်ပေါင်း လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ကျော်ထိသက်တမ်း ရှိနေပြီ ဖြစ်သည်။ ပညာရှင်တို့၏ ကောက်ချက် အရ ဘီစီ ၃၀၀၀ ခန့်ကပင် ယင်း ထောင်မြစ်ဝှမ်း ၌ ရှေးဦး တရုတ်လူတို့နှင့်မတူပဲ သီးခြား ယဉ်ကျေး မှု အစဉ်အလာ ရှိသော လူမျိုးစု ဖြစ်ကြောင်း ကိုလည်းလေ့လာသိရှိ အတည်ပြုခဲ့ကြသည်။တရုတ်တို့ သည် မြစ်ဝါ မြစ်ကွေ့ကြီးသို့ အရှေ့ ဖက်အောက်ထောင့်တွင် စီး ဝင်သော ဝေမြစ်ဝှမ်း မှ အနောက်ဖက်သို့ တဖြည်းဖြည်း နယ်မြေ ချဲ့ လာကြ သောအခါ ထောင်မြစ်ဝှမ်း ရှိ ချိယန် လူမျိုးစု ကို ထိပါးလာကြချေ၏။

ရွှေနန်းဆီသို့(၁)

(ဂ) ရာဇဝင်တိုက်ပွဲ G . H . Luse ၏ Old Kyauk-se and Coming of Burma မြန်မာအစကျောက်ဆည်ကစာတမ်း၏လိုအပ်ချက်ရှိနေသေး သော အကိုးအကားများ ။ G . H . Luse သည် မြန်မာ့သမိုင်းဆိုင်ရာစာတမ်းအချို့ကိုရေးသားခဲ့ပါသည်။ (၁) Fu-Kan-Tu-Lu (၂)Geography of Burma (၃)Note on the people of Burma (၄)Burma down to fall of Pangan (၅)The Ancient Pyu (၆)The Economic Life of Burma စာတမ်းများက်ု ဒုတိယကမ္ဘာစစ်မတိုင်မီ ၁၉၂၀ မှ ၁၉၄၂ ခုနှစ်ကြားတွင် ရေးသားဖတ်ကြားခဲ့ပြီး Journal of Burma Research Society စာအုပ်များတွင်ပုံနှိပ်ဖော်ပြခဲ့ပါသည်

ဦးအောင်သန်း ( မန္တလေး ) အသိပေးခဲ့သော မြန်မာ့သမိုင်းကိုအထူးစိတ်ဝင်စားသူ အနောက်သား လူဖြူ ကျမ်းပြုအကျော်အမော်များ

ဒါက်တာထင်အောင်ရေးသားသော Burmese History before 1287 ; A defence of the Chronicles ကို ဦးအောင်သန်းမန္တလေး မှ ပုဂံမပျက်မီက မြန်မာ့သမိုင်း

ရွှေနန်းဆီသို့ (၁)

(ခ) မြန်မာအစ-တကောင်းက နှင့် မြန်မာအစ ကျောက်ဆည်က ၏ ဝိရောဓိ။ မှတ်ချက်။ ။ ဖတ်ရှုလေ့လာမိသော စာအုပ်များထဲမှ ဝါဒတူရာ စာပိုဒ်များကို မိတ်ဆွေများ အဆင်ပြေပြေ လေ့လာနိုင်စေရန် စုစည်းထားသည်။ မည်သည့် စာအုပ်ထဲမှ ဖြစ်သည်ကိုလည်း အသိပေးထားသည်။

ယခုသမိုင်းအထောက်အထားနှင့်ပတ်သတ်၍ မှတ်သားစရာများကို ဗဟုသုတအဖြစ် တင်ပြပေးပါမည်။

(၁) သမိုင်း တခုကို သုတေသနပြုစုရေးသားလျှင် ဆိုင်ရာပြည်တွင်း ခေတ်ပြိုင် ကျောက်စာ အစရှိသော မှတ်တမ်းများသာမက ပြည်ပ ခေတ်ပြိုင်မှတ်တမ်းများ ပြည်ပအထောက် အထားများကိုလည်း ရနိုင်သမျှရှာဖွေလေ့လာ စူးစမ်း ကြည့်ရှရပါမည်။
 (၂) တဆင့်ကြားစကား တဆင့်ကြားမှတ်စု မှတ်တမ်းများတို့မှာ စိတ်မချရ၍ ယင်းတို့ကို သုံးစွဲခြင်း မပြုရပေ။

ရွှေနန်းဆီသို့ ( ၁ )

( က )တရုတ်မှတ်တမ်း မှီငြမ်းထားလွန်းတဲ့ ရွှေ တို့၏မြန်မာအစ-ကျောက်ဆည်က ဟူသော အထောက်အထား ကို အသက်သွင်းပုံ။ မှတ်ချက်။ ။ ဖတ်ရှုလေ့လာမိသော စာအုပ်များထဲမှ ဝါဒတူရာ စာပိုဒ်များကို မိတ်ဆွေများ အဆင်ပြေပြေ လေ့လာနိုင်စေရန် စုစည်းထားသည်။ မည်သည့် စာအုပ်ထဲမှ ဖြစ်သည်ကိုလည်း အသိပေးထားသည်။မိမိ ဘာလဲ၊ မိမိလူမျိုးအစဉ်အလာ မည်သို့ရှိခဲ့လဲ ၊

{{ ကုလားဖြူနယ်ချဲ့ဝါဒီ တို့ ဖန်တီး ခဲ့သော မြန်မာ့ သမိုင်းကြောင်းအမွေဆိုး }}

ရှင်မွေ့နွန်း ( ရှင်မွေ့ လွန်း )နှင့် မင်းနန္ဒာ ဆိုတဲ့ ကြေကွဲဖွယ် အချစ်ဇာတ်လမ်းလေး ကို သိကြမှာပါ။မြန်မာ တို့၏ဒဏ္ဍာရီ သမိုင်း ပုံပြင်လည်းဖြစ် မြန်မာ့ ရိုမီယို နှင့် ဂျုးလီးယက် ပမာ နက်နဲသော ခက်ခဲသော အချစ် ဖြင့် ချစ်သူနှစ်ဦး ရဲ့အချစ် ဇာတ်လမ်း မှတ်ကျောက် ကား မည်သည့် ကာလ ကပေါ်ပေါက်ခဲ့သည်မသိနိုင် ။ ယခုတိုင် အချစ် သစ္စာ ပေးဆပ်ခြင်း လွမ်းဆွတ်ခြင်း ဝမ်းနည်းမှု တုန်လှုပ်ခြင်း ယူကျုံးမရစေခြင်း ဟူသော ရသ မျိုးစုံဖြင့်ကျမတို့ ၏ စိတ်ထဲတွင်စွဲမြဲနေသော အချစ်ပုံပြင် လေးတစ်ပုဒ်ဖြစ်ပါသည်။ ယခုတိုင် ဒီပုံပြင်လေးနားထောင်မိလျှင် ကျမ မျက်ဝန်းထဲ ချောင်းကမ်းပါး လေးမှ ရှင်မွေ့နန်း ရဲ့ ချစ်သူကို မျှော်နေဟန် လေး ရယ် ချစ်သူ နှစ်ဦးရဲ့ သင်္ဂြိုလ်ရာ မီးပုံများ ဆီ မှ မီးခိုးငွေ့ လေးများပေါင်းဆုံသွားပုံ ကို မြင်ယောင်မိပါတော့တယ်။
ဒီနေရာမှာ အတွေးနယ်ချဲ့ရရင်တော့ ဒီ ဇာတ်လမ်းလေးဟာ ဖြစ်ရပ်မှန်လား ပုံပြင်လား တခြားနိုင်ငံ၏ ယဉ်ကျေးမှုကိုများ မှီငြမ်းခဲ့သလား ပေါ့။

AddThis