မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Tuesday 20 August 2013

ဧရာဝတီ (သို့) ရာဇဝင်များရဲ့ သတို့သမီး

မြန်မာလူမျိုး ၊ မြန်မာ့ယဉ်ကျေးမှု နှင့် မြန်မာ့ သမိုင်းစဉ်သည် ဧရာဝတီမြစ်၏ ဝဲယာမြစ် ကမ်းပါး ပေါ် တွင် ဖြစ်တည် လာ၍ မြန်မာ နိုင်ငံကြီး သည်လည်း ဧရာဝတီမြစ် ဝဲယာ ကမ်းပါးပေါ်တွင် လူလား မြောက်၍ ဤမြစ် ဝဲယာ ၌ပင် ရှင်သန် တည်ရှိနေ ပေသည် ။ ဧရာဝတီသည် မြန်မာ နိုင်ငံ အတွင်း ၌ပင် စ၍ မြန်မာနိုင်ငံ တွင်ပင် ဆုံးသော မြန်မာ့ သဘာဝ အဝေးပြေး လမ်း မ ကြီး ဖြစ် သည် ။ တ ကောင်း ၊ ဟန်လင်း ၊ ဗိဿနိုး ၊ သရေ ခေတ္တရာ ၊ ပုဂံ ၊ ပင်းယ ၊ စစ်ကိုင်း ၊ အင်းဝ ၊ အမရပူရ ၊ ရတနာပုံ အစ ရှိသော မင်း နေပြည်တော် ကြီး များ သည် ဧရာဝတီမြစ် ဝဲယာ ကမ်းပါး ပေါ်တွင် ထွန်းကားခဲ့ ပြီး မြန်မာ တိုင်း ရင်းသား ပြည်သူတို့ ၏ ကိစ္စ အဝဝ သည် ဧရာဝတီ နှင့် ဆက်စပ် လျက် ရှိ သည် ။ ဧရာဝတီမြစ် ပို့ချခဲ့သော မြေပေါ်တွင် မြန်မာ့ ပထဝီဝင် ၊ မြန်မာ့ ရာဇ ဝင် ၊ မြန်မာ့ သမိုင်း ၊ မြန်မာ့ ဇာတိ ၊ မြန်မာ့ ယဉ်ကျေးမှု နှင့် မြန်မာနိုင်ငံ သား တို့  ဖြစ်ပေါ် လာပါသည် ။ လွန်စွာ လှပသော မြစ်ကျဉ်း ငါးခု နှင့် ပင် လယ် ထွက်ပေါက် ပါရှိသော အဖိုးတန် သဘာဝ ရတနာ ပင် ။ကမ္ဘာပေါ်တွင် မည် သည့်နိုင်ငံ မဆို လူဦးရေသာ လျှင်တိုးတက်မှု ရှိပြီး မြေကြီး တိုးတက်မှု ကား မရှိပေ ။ သို့သော် ဧရာဝတီ မြစ်၏ နုန်းတင် မြေနုများ ပို့ချမှု ကြောင့် အနှစ် (၁၀၀) ကြာတိုင်း မြစ်ဝ ကျွန်းပေါ်တွင် သုံးမိုင်မျှ ကျယ်ဝန်းသော မြေ ပမာဏကို မြန်မာပြည်သူ တို့အတွက် လက် ဆောင်ပေးလျက်ရှိ ပါသည် ။

AddThis