မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Tuesday 12 March 2013

တိဘက် - မြန်မာတို့ ၏ ရနိုင်သမျှ ခြေရာ။


( ၁ )။ ယျေဘုယ လူမျိုးစုများ ခွဲခြားပုံ ကမ္ဘာပေါ်တွင် လူမျိုးစု များ ( ဝါ ) မျိုးနွယ်စု သုံးမျိုး ခွဲခြားထား ပါသည်။ အသားမည်း လူမျိုး ၊ အသားဖြူလူမျိုး နှင့် အသားဝါ လူမျိုးတို့ ဖြစ်ကြသည်။ အသားမည်း မျိုးနွယ်စု ကြီးကို Neroid ဟူ၍လည်းကောင်း ၊ အသားဖြူ လူမျိုးကို Europoid ဟူ၍လည်းကောင်း ၊ အသားဝါ လူမျိုးကို Mongoloid ဟူ၍ လည်း ကောင်း ခေါ်ကြသည်။ အာဖရိက တိုက်ရှိလူမျိုး အားလုံး လိုလို အသားမည်း မျိုးနွယ်စုကြီးတွင် ပါဝင်သည်။ အသားဖြူ မျိုးနွယ်စုကြီးသည် အများအား ဖြင့် ဥရောပတိုက်တွင် နေထိုင် သည်။ အသားဝါ လူမျိုးစု ကြီးမူကား အာရှတိုက် အရှေ့ပိုင်း တွင် နေထိုင်ကြသည်။ အမေရိက တိုက်တွင်လည်း နေထိုင်သည်။မွန်ဂိုလွိုက် သည်အသားဝါ မျိုးနွယ်စုများ အားလုံးကို ခြုံ၍ခေါ် သော အမည် ဖြစ်သည်။ ယင်းထဲတွင် မွန်ဂိုလ် လည်းအပါအဝင် ဖြစ်သည် ။ မွန်ဂိုလ် နှင့် မွန်ဂိုလွိုက် ဟူသော ဝေါဟာရ မတူပေ။ မွန်ဂိုလ် သည် လူမျိုးဖြစ်၍ မွန်ဂိုလွိုက်သည် မျိုးနွယ်စုဖြစ်သည် ။အမေရိကတိုက် ရှိ Red Indian များလည်း အပါ အဝင် ဖြစ်သည် ။ အသားဝါ မျိုးနွယ်စုကြီးတွင် တိဘက် - မြန်မာ လူမျိုးတို့ ပါဝင်လျှက် ရှိသည် ။ အကြမ်းအားဖြင့် တိဘက် - မြန်မာ ကို အုပ်စုနှစ်မျိုး ခွဲခြားနိုင်သည် ။ ခရစ်တော် မပေါ်မီ နှစ်ပေါင်း များစွာခန့်က ရှေးတရုတ် တို့၏ ရာဇဝင်ကျမ်းများတွင် ရှေးတရုတ် နိုင်ငံ၏ အနောက်ဖက် တွင် ချိယန် ( Chi'ang ) ဟူသော မျိုးနွယ်စု ကြီးတစ်စု ရှိခဲ့ ကြောင်း ထင်ရှားစွာ ဖော်ပြထား သည်။ ယခု တရုတ်နိုင်ငံ၏ အနောက်ပိုင်းတွင် တိဘက် အနွယ်စု ၊ ယှီဖန် အနွယ်စု စသည့် တိဘက် - မြန်မာ အနွယ်စု များပျံ့နှံ့ နေထိုင်သည်က တစ်ကြောင်း ၊ စီချွမ်နယ် အနောက်မြောက်အပိုင်းတွင် ချိယန် အမည်ရှိအနွယ်စု တစ်စု၏ ဘာသာစကားသည် တိဘက် - မြန်မာ ဘာသာစကားနှင့် နီးစပ် သည်ကတစ်ကြောင်းကြောင့် ထိုသို့ ကောက်ချက်ချခြင်း ပင်ဖြစ် သည်။

AddThis