မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Saturday 7 September 2013

ကမ္ဘာကျော်ပေမယ့် မြန်မာမကျော်တဲ့သူ ။

Zin Yaw Page မှကူးယူဖော်ပြပါသည် ။

မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ ဦးဘ မော်ဟာ ပုံတောင်ဂျီးဟား ခေါ်တဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း သန်း ၄၀ ကလူသား ရဲ့ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးကို စတင်ရှာဖွေတွေ့ရှိခဲ့ တယ်။ လူသားများ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့နေထိုင်ခြင်း ဆိုင်ရာ သီအိုရီအဟောင်း တွေကို လည်း ပြောင်းပြန်လှန်ပစ်ခဲ့တယ်။

ရာဇဝင်ထဲကမိန်းမသား(သို့) မြန်မာတို့၏နောက်ဆုံးမိဖုရားတစ်ပါးဟာ မိန်းမကြမ်းကြီးတဲ့လား ။


အင်္ဂလိပ်နယ်ချဲ့ သမိုင်းရေးသူတွေရဲ့ သမိုင်းတွေကို ဖတ်မိပြီး ယုံ ကြည်မိနေ ကြသူတွေအများကြီးရှိနေတာ သိလာရပါတယ် ။ အဲဒီလို မျိုးမြန်မာ့သမိုင်းကို ရေးတဲ့သူအချို့က ဘယ်လိုများ ဝါးကူထိုးလိုက် ကြလဲဆိုရင် သီပေါမင်းတရားနဲ့ စုဖုရားလတ်တို့ အသုံးမကျလို့ အ ထူးသဖြင့် စုဖုရားလတ် “စွာ” လို့ မြန်မာ့လွပ်လပ်ရေး ဆုံးရှုံးခဲ့ရတယ် လို့ ယူဆထားသူတွေ အများအပြားရှိနေပါတယ် ။ အဲဒီလိုထင်မြင်ယူဆမှုတွေကြောင့်လည်း မြန်မာနိုင်ငံကို ကျူးကျော် သိမ်းပိုက်လိုက်တဲ့ နယ်ချဲ့တွေဟာ အလိုလိုနေရင်း “ ကယ်တင်ရှင် ကြီး ကရုဏာရှင်ကြီး အဖြစ်သို့ ရောက်သွားခဲ့သည် မဟုတ်ပါလား ။ စာရေးသူအနေနှင့်တော့ မည်သည်မည်ဝါ ကိုအမှန်၊ အမှားခွဲခြားပြ ရန် ဆန္ဒမရှိပါ ။ သို့သော် မြန်မာ့သမိုင်းကို မြန်မာ့အမြင်စင်စစ်ဖြင့် ချဉ်းကပ်ခဲ့ကြသော မြန်မာ့ အမျိုးသား စာပေပညာရှင်တွေ ၏စာအု ပ်စာတမ်းမြောက်မြားစွာထဲမှ ရှာဖွေတွေ့ရှိလာသည့် “ မြန်မာ့မျိုး ချစ်စိတ် ” ကိုတော့ဖြင့် ရှာဖွေတင်ဆက်ပေးလိုက်ပါသည် ။

Thursday 5 September 2013

သမိုင်းကြောင်းဆိုင်ရာ အရေးပါသော ရှင်ဒီသာပါမောက် ကျောက်စာ အေဒီ ၁၂၈၅။ ဒေါက်တာသန်းထွန်း

ရှေးမြန်မာ ဆိုဒ်မှ ဆရာကြီး ဒေါက်တာသန်းထွန်း၏ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော ဤ
စာတမ်းကို  တတ်အားသရွေ့ အဓိပ္ပါယ် ပြန်ထားပါသည် ။

The Historical Important of the Disapramuk Inscreption, A.D. 1285
By Dr Than Htun,

သမိုင်းကြောင်းဆိုင်ရာ အရေးပါသော ရှင်ဒီသာပါမောက် ကျောက်စာ အေဒီ ၁၂၈၅။
ဒေါက်တာသန်းထွန်း
The Disapramuk stone inscription now stands as one of the collection of stone inscriptions at the Pagan Museum but originally if belongs to the Mingala Zedi of Pagan and a photogravure of its rubbing has been published as Plate 271 in portfolio two of Inscriptions of Burma ( Tin & Luce, London, 1936 ). The historical information that we get from this inscription is new to our knowledge of the Mongol invasion of Burma at the end of the 13th century. It enables us to correct the story given in the Chinese sources on that particular aspect. Therefore we would like to give the story as found in the chronicles on Burma-China relations on the eve of the Mongol invasion that terminated the reign of King Narathihapati (1254-1287) who is now called as Tayoke Pyay Min- the king who fled from the Chinese.


ယခုလက်ရှိ ပုဂံပြတိုက် အတွင်းတွင် Plate - 271 အဖြစ်မင်ကူး၍ စာအိတ်- အတွင်း အခြားကျောက်
စာနှစ်ခုနှင့် အတူ  ထိန်းသိမ်းထားသော သျှင်ဒိသာ ပါမောက္ခ ကျောက်စာ  (မူလ- မင်္ဂလာစေတီ၊ပုဂံ)
တွေ့ရသည် ။ (တင်၊လု့စ်၊ လန်ဒန်၊၁၉၃၆) ။ -ဤကျောက်စာမှ ၁၃  ရာစုအတွင်း မြန်မာနိုင်ငံ ကိုမွန်
ဂိုတို့  ကျူးကျော်ခဲ့သော အဖြစ်ကို သိရပါသည် ။ တရုတ်မှတ်တမ်း - များနှင့် တိုက်ဆိုင် -စစ်ဆေး၍
သမိုင်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်မှန်ကို ကျွန်ုပ်တို့ ပြင်ဆင် -ပေးနိုင်ပါသည် ။ ထို့ကြောင့် - ပထမ
ဦးစွာ မြန်မာ့ -ရာဇဝင် ကျမ်းများထဲတွင် တွေ့ရသော နရသီဟပတေ့မင်း -( တရုတ်ပြေးမင်း ) အေဒီ
၁၂၅၄-၁၂၈၇ လက်ထက် မွန်ဂိုကျူးကျော်စစ် ၏ အဖြစ်အပျက် များကို မှတ်တမ်းတင်ထားမှုကိုဦးစွာဖော်ပြပေးပါမည် ။ 

Wednesday 4 September 2013

အရှင်နှစ်ပါး ပါတော်မူပြီ ဘယ်တော့မှ ပြန်မလာပြီ ။

၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၊၂၈ ရက် နေ့ နံနက် ဆယ်နာရီ အချိန် ဖြစ်သည် ။ မန္တ လေးမြို့ ဂေါဝိန်ဆိပ်ကမ်း ၊ ဧရာဝတီမြစ် ရေပြင် ထက် အင်္ဂလိပ် စစ်သေ နာပတိချုပ် ဗိုလ်ချုပ် -ပရင်ဒါဂတ် ဦးဆောင် လာသော အင်္ဂလိပ် စစ်သင်္ဘော အုပ်စုဆိုက်ရောက်လျက် ရှိသည် ။ ယင်းအုပ်စု တွင်

AddThis