မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Wednesday 4 September 2013

အရှင်နှစ်ပါး ပါတော်မူပြီ ဘယ်တော့မှ ပြန်မလာပြီ ။

၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၊၂၈ ရက် နေ့ နံနက် ဆယ်နာရီ အချိန် ဖြစ်သည် ။ မန္တ လေးမြို့ ဂေါဝိန်ဆိပ်ကမ်း ၊ ဧရာဝတီမြစ် ရေပြင် ထက် အင်္ဂလိပ် စစ်သေ နာပတိချုပ် ဗိုလ်ချုပ် -ပရင်ဒါဂတ် ဦးဆောင် လာသော အင်္ဂလိပ် စစ်သင်္ဘော အုပ်စုဆိုက်ရောက်လျက် ရှိသည် ။ ယင်းအုပ်စု တွင်



၁။ ဘေးစက်ရဟတ်တပ် မီးသင်္ဘော ၁၈ စင်း ။
၂။ ပန်ကာနှစ်လုံးတပ် မီးသင်္ဘော ၅ စင်း။
၃။ ပဲ့စက် ရဟတ်တပ် မီးသင်္ဘော ၁ စင်း ။
၎။ တော်ပီဒိုပစ် သင်္ဘောငယ် ၁ စင်း ။
၅။ တွဲသမ္ဗာန်ကြီး ၂၄ စင်း ။
၆။ ရွှေ့ပြောင်းတွဲ ၁ စင်း။
၇။ ကုန်တင်တွဲ ၄ စင်း ။
၈။ စက်သေနတ်တင် မော်တော်ဘုတ် ၂ စင်း ။
၉။ ရေကြောင်းပြ သင်္ဘောငယ် ၆ စင်း ။

တို့သည် မှုန်ဝါးဝါး နံနက်ခင်း ကတည်းက ဧရာဝတီမြစ် အတွင်း၌ စနစ်တကျ နေရာ ယူထားလျက် ရှိပါသည်။ ဒီမြင်ကွင်း သည် ၁၈၈၅ တွင် အင်္ဂလိပ် တို့က သီပေါ ဘုရင်၏ နန်းတော်ကို လက်ဝယ်ရယူ၍ မြန်မာနိုင်ငံ တစ်ခုလုံးကိုသိမ်း ပိုက်ဖို့ အသင့်အနေအထား ပဲဖြစ်ပါသည် ။ အဖြစ်အပျက်က နှစ်ပေါင်း ၁၀၀ ကျော် ကြာပြီ ဆိုပေမယ့် မြန်မာ လူမျိုး တို့သည် အနှစ် ၁၀၀၊ အနှစ် ၁၀၀၀ ကြာသည့်တိုင် မေ့ ပျောက်နိုင်မည် မဟုတ်ပါ ။

အင်္ဂလိပ် တပ်ပေါင်းစုအား မန္တလေး မြို့သူ၊ မြို့သားများ ကလာရောက် ကြည့် ရှုလျက်ရှိနေ ကြသည် ။ စစ်သေနာပတိချုပ်သည် ဓူဝံ သင်္ဘော ပေါ်တွင် ရှိနေ သည် ။ ထိုအချိန်တွင် သီပေါဘုရင် သည် နန်းတော် ထဲတွင် စံနေလျက်ရှိပြီး မန္တ လေး မြို့ကြီးမှာ တိတ်ဆိတ် ချောက်ကပ် လျက် အသက်မဲ့ နေပေသည် ။ နံနက် ၁၀ နာရီ ကတည်းက ဂေါဝိန်ဆိပ်ကမ်း သို့ အင်္ဂလိပ် တို့ ရောက် နှင့် နေသော် လည်း နံနက် ၁၁နာရီတိုင် မြန်မာတို့ဘက်မှ လာ ရောက်ဆက်သွယ် ခြင်းမပြု သောကြောင့် စစ်သေနာပတိ၏ ညွှန် ကြားချက်အရ ကာနယ် စလေ ဒင်သည် အောက်ဖော်ပြပါစာ အား မြန်မာ နန်းရင်း ဝန်ထံ စေလွှတ် ပေးပို့ လိုက်ပါသည် ။

သို့-- ကင်းဝန်မင်းကြီး ။

၁။ အင်္ဂလိပ် တပ်ပေါင်းစု သည် ယနေ့နံနက်ပင် မန္တလေးသို့ ရောက်ရှိသည် ။ အင်းဝတွင် ကျွန်ုပ်တို့နှင့် သဘောတူညီ ချက်အ ရ မန္တလေး မြို့တော်နှင့် နန်း တော်ကို ချက်ချင်းပေးအပ်၍ သီပေါဘုရင် သည်လည်း မိမိကိုယ်ကို ပေးအပ် အညံ့ခံမည်ကို သိရ သည် ။

၂။ သို့ဖြစ်၍ အင်္ဂလိပ် တပ်ဖွဲ့အနေနှင့် မြို့နှင့် နန်းတော်အား သိမ်းဆည်းရေး အစီ အစဉ်ကို ဆွေးနွေးလို သည် ။

၃။ ပြဿနာများကို အခက်အခဲ မရှိ အေးချမ်းစွာ ဖြေရှင်းနိုင်ရန် သင်နှင့်အတူ သီပေါမင်းပါ လိုက်ပါလာ၍ စစ်သေနာပတိနှင့် တွေ့ဆုံလျှင် ပိုသင့်မြတ်သည် ။

၎။ ယနေ့ မွန်းတည့်ချိန်အထိ စောင့်ဆိုင်း၍ မှ အကြောင်းမပြန် လျှင် မိမိတို့ ကမ်းပေါ်တက်၍ သဘောတူ ညီထားချက် အတိုင်းရသည် အထိ ဆောင်ရွက် မည် ။

လေးစားလျက် အီး ဘီ စလေဒင် ( ဗိုလ်မှူး ကြီး )။
စစ်ဌာနချုပ် ။ အက်စ်အက်စ် ဓူဝံ ။
နိုဝင်ဘာလ ၊၂၈ ရက်၊ ၁၈၈၅ခု ။

ထိုအမိန့်ကို ထုတ်ပြန်ပြီး နေ့ခင်း ၁ နာရီအထိ မြန်မာတို့ဘက် မှ အကြောင်း ပြန် ခြင်း မရှိသဖြင့် အင်္ဂလိပ် စစ်တပ်သည် ၁း၃၀ နာရီတွင် ကမ်းပေါ်တက်၍ နေ့ခင်း ၂ နာရီတွင် သီပေါမင်းရှိရာ နန်းတော်သို့ ဦးတည်ချီတက်ပါ တော့ သည် ။ အင်္ဂလိပ်တပ်ဖွဲ့သည် မြို့ရိုးတောင် တံခါးဝသို့ မည်သည့်အခုအခံ အ တားအဆီးမှ မရှိပဲ နေ့ခင်း၃ နာရီတွင် ရောက်ရှိသည် ။ ထိုမှ မြို့ရိုးအ တွင်း ရှိ နန်းတော်ဆောင် သစ်တပ်တံခါးဝသို့ ဆက်လက် ချီတက်သွားသည် ။ ထိုအ ချိန်တွင် ကင်းဝန်မင်းကြီးသည် ဆင်စီး၍ကြွလာရာ စလေဒင် စောင့်ဆိုင်းနေ ရာသို့အရောက်တွင် ဆင်ပေါ်မှဆင်း၍ စလေဒင်ကိုနှုတ်ဆက် ပြီး လွှတ်တော် ရုံးအတွင်းသို့ အတူဝင်ရောက် ကြသည် ။ လွှတ်တော်ရုံးတွင် မြန်မာ့မှူး မတ် တော်များ အစုံအညီ ရောက်ရှိနေသည် ။ ထို့နောက် ကာနယ် - စလေဒင် ၊ ကင်းဝန်မင်းကြီး ၊ မှူးမတ်တော်များသည် ရွှေနန်းတော်ထဲသို့ ဝင်ရောက်ရာ သီပေါမင်းက ကောင်းမွန်စွာ အတွေ့ခံသည် ။ ကာနယ်စလေဒင်က အိန္ဒိယ ဘုရင်ခံချုပ်သည် အရှင် နှစ်ပါးကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက် ဆောင် ယူလာရန် အ မိန့်ပါရှိကြောင်း လျှောက် ထားရာ သီပေါမင်း မှ အသာတကြည် ပင် ထိုအမိန့် ကိုလက်ခံ လိုက်ပါသည် ။ သို့ သော် နန်းတော်အတွင်း ခတ္တစံနေ လိုသေးကြောင်း မိန့်ကြားရာ ပြန်လည် သတင်းပို့ရမည်ဖြစ်ကြောင်း ပန်ကြား ခဲ့ သည်။ သို့သော် ဘုရင်မင်းမြတ်က မနက်ဖြန်တွင် အင်္ဂလိပ် စစ်သေနာပတိ ချုပ်ထံ မိမိကိုယ်တိုင် မိမိကိုယ်ကိုလာ အပ်ရန်တောင်းဆိုရာ မင်းနှင့်တကွမှူး မတ်များ သဘောတူညီ ကြရသည် ။

ညနေ ၅နာရီတွင် ကာနယ် စလေဒင်သည် နန်းတော်မှ ပြန်ထွက်လာရာ နန်း မြို့ရိုး အရှေ့တံခါးဝတွင် စောင့်ဆိုင်းနေသော ဂျင်နရယ် ပရင်ဒါဂတ် နှင့်တွေ့ ဆုံရာ သီပေါမင်းသည် ယင်းနှင့်တကွနိုင်ငံကိုပါ ပေးအပ်၍ ခြွင်းချက်မရှိ လက် နက်ချလိုက်ပြီဖြစ်ကြောင်း ၊ မနက်ဖြန်တွင် သီပေါမင်းက မိမိကိုယ်ကို စစ်သေ နာ ပတိချုပ်ထံ ပေးအပ်မည် ဖြစ်ကြောင်းသတင်းပို့သည် ။ ပရင်ဒါဂတ် သည် နန်းတော်တွင်း သို့ပြန်ဝင်၍ သီပေါဘုရင် ကိုတွေ့ဆုံကာ ဘုရင် နှင့်မိဖုရားကို ယခုပင်ခေါ်သွားရမည်ဖြစ်ကြောင်း သင်္ဘောပေါ် သို့လိုက်ပါရန် ချက်ချင်း ပြင် ဆင်မှုပြုရန် ပြောကြားပြီး စစ်တပ်ကိုလည်း ဆယ်မိနစ်အတွင်း ထွက်ခွာရန် အမိန့်ပေး လိုက်ပါသည် ။ စစ်သေနာပတိချုပ်၏ အစီအစဉ်အတိုင်း သီပေါမင်း နှင့် စုဖုရားလတ်တို့သည် မယ်တော်ဆင်ဖြူမရှင် မိဖုရားကြီး နှင့်အတူ နွေရာ သီစံအိမ်တော်မှ နန်းမြို့ရိုးအထိ ခြေကျင်ကြွ ကြရရှာသည် ။ ဘုရင်နှင့်မိဖုရား တို့သည် ထွက်တော်မူကြီးဖြင့် ထွက်ခွာရခြင်းမဟုတ်ပဲ နန်းပါးမှ ခွာခဲ့ရသည် ။ လမ်းတစ်လျှောက် တွင်စုဝေး၍ စောင့်ကြည့်နေသော ပြည်သူအပေါင်းသည် ကြေကွဲဝမ်းနည်းသော နှလုံးသား ဖြင့်ငိုကြွေးလျက် ဘုရင်နှင့် မိဖုရားကို ကန် တော့ကြပါသည် ။ ညနေ ၆း၁၅ နာရီ တွင် ဂေါဝိန်ဆိပ်ကမ်းသို့ ရောက်ရှိကြ ပြီး ဘုရင်နှင့် မိဖုရားအား သူရိယ သင်္ဘောပေါ်သို့တင် လျက်ရန်ကုန်သို့ ခေါ် ဆောင်သွားပါ တော့သည် ။ ထိုနေ့ကား တန်ဆောင်မုန်း လပြည့်ကျော် ၈၊ ရက် နေ့ဖြစ်သည် ။ အရှင်နှစ်ပါးကိုတင်ဆောင် သွားသော သူရိယ သင်္ဘော သည် တန်ဆောင်မုန်း လပြည့်ကျော် ၉၊ ရက်နေ့တွင်ရန်ကုန်မြို့သို့ ရောက်ရှိ သွား သည် ။

ရန်ကုန်သို့ရောက်ရှိသော အခါ ကလိုဗ် ( R.I.M.S Clive) ခေါ် ပင်လယ်ကူး သဘောင်္ပေါ်သို့ပြောင်းရွှေ့စံနေစေပြီး ၆ရက်အကြာတွင်ကန်းနင်း(Canning) အမည်ရှိပင်လယ်ကူးသဘောင်္ဖြင့် မဒရပ်သို့ပို့ဆောင်ကာ ထိုမှတဆင့် ရတနာ ဂီရိခံတပ် သို့ဆက်လက်ပို့ဆောင်ခဲ့ရာ ဤနေရာတွင် သီပေါဘုရင်အား ရာ သက်ပန်အကျယ် ချုပ်ထားလိုက်တော့သည် ။ ဆင်ဖြူမရှင် မိဖုရား ကြီးနှင့် ၊ စုဖုရားကြီးတို့အား ထားဝယ်သို့ပို့ဆောင်ထား ရှိသည် ။ ကင်းဝန်မင်းကြီး ၊ ဝန်ကြီးနှစ်ပါး နှင့် ဘုရင့်အတိုင်ပင်ခံ သုံးဦးတို့အား ဘုရင်နှင့် အတူ ရန်ကုန် သို့ ခေါ်ဆောင်လာပြီး မန္တလေးနေပြည်တော် မှနယ်နှင်ဒဏ်ပေးလိုက်သည် ။ ၁၈၈၅ခု ဒီဇင်ဘာလ ၊ ၂၈ ရက်နေ့တွင်မိဖုရားငယ် တို့ နှင့် သမီးတော် ၄၁ ပါးကို ပီ၊ အက်စ် အလောင်းဘုရား သဘောင်္ဖြင့် မန္တလေးမှ ရန်ကုန်သို့ ခေါ် ဆောင်လာခဲ့ ပါသည် ။

ထိုကဲ့သို့မင်းဆွေမင်းမျိုး ရာဇသွေးပါသော အဆက်အနွယ်များသည် ရန်ကုန် နှင့် အောက်ပြည်အောက်ရွာ တွင် တကွဲတပြား နေကြရပြီး ကုန်းဘောင်မင်း ဆက်သည် ပေါက်ခွဲလိုက်သောမြေအိုးလို အစိတ်စိတ် အမွှာမွှာ ကွဲလေသည် ။

သျှင်လေညင်း ။ ( ၄ ၊ ၉ ၊ ၂၀၁၃ ) ။

Photo Copied;

AddThis