မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Saturday 3 August 2013

မြန်မာ့ သမိုင်းအပေါ် အဆိုးအကောင်း သက်ရောက်စေခဲ့ သော အင်္ဂလိပ် တို့ ၏ ကိုလိုနီ ပညာရေး ။


မြန်မာတို့ သည် ရှည်လျားသော သမိုင်းကြောင်း ရှိခဲ့ ကြသည် ။ သို့  သော် သမိုင်း ကြောင်း မှတ်တမ်းတင် ရာတွင် လိုအပ်ချက် များရှိ နေ လျက် ပြီးပြည့် စုံသော ထောက် ကွက် မရှိသော သမိုင်းစစ်ကို ထား မသွား နိုင်ခဲ့  ကြ ။ ရှေးက ရာဇဝင် ဆရာ တို့  သည် လုပ်ပိုင်ခွင့် အပြည့် အဝ မရရှိခဲ့ကြ၍လော ။ ဒေသတွင်း ရင်းနှီး ချစ် ကြည် မှုကို ရှေ့ တန်းတင် ချင်ဇော အားကြီး လွန်း ၍လော ။ သမိုင်း အထောက် အထား ဆိုင်ရာ ဗဟု သုတ အားနည်း ချက်ကြောင့် လော ။ သို့ လောပေါင်း များစွာ နှင့် မြန်မာ့သမိုင်း ကြောင်း ပုံရိပ်သည် ရာဇဝင် အဆင့်သာ ရှိသည် ဟု နိုင်ငံ တကာ ဆိုင်ရာ ပညာရှင် တို့ က သတ်မှတ်ခြင်း ခံခဲ့ ရလေ သည် ။


မြန်မာတို့  သည် မိမိတို့  အမျိုးသား ရာဇဝင် ကို နိုင်ငံခြား သားများ မှရေး လျှင် မနှစ်သက် သော သဘောရှိကြသည် ။ထိုသို့ ဖြစ် စေရ အောင်လည်းအကြောင်း အကျိုး ခိုင်လုံ ကြောင်း တွေ့ ရပါသည် ။ မြန်မာ ရာဇဝင်ကို အင်္ဂလိပ် ၊ ပြင်သစ် ၊ အမေရိကန် ၊ ရှရှား ၊ ကုလား နှင့် တရုတ် တို့ ကရေးကြ သည် ကို အကြမ်း ဖျဉ်း တွေ့ နိုင်ပါ သည် ။ တစ်ချို့  သော နိုင်ငံခြား သားပညာ ရှင်များက မြန်မာ နိုင်ငံ သမိုင်းကို မြန်မာ လူမျိုး တို့ ၏ ရာဇဝင် နှင့် ယဉ်ကျေးမှု အတိမ် အနက် အား လေ့ လာနိုင် စေရန် ရည်ရွယ် ချက် ဖြင့်ဝေဖန်၊ ကဲ့ ရဲ့ ခြင်း မရှိပဲ ဇာတ် ကြောင်း ပြန် သက်သက်သာ ရေးသား တတ်ကြပါသည် ။ သို့ သော် မြန်မာ နိုင်ငံကို နှစ်ပေါင်း တစ်ရာ ကျော် ကိုလို နီပြု ခဲ့ သော အင်္ဂလိပ် တို့  ရေးသော မြန်မာ့ သမိုင်း ကိုမူ
ဝေဖန် စီစစ် ရန်လို အပ်လှပါသည် ။ အင်္ဂလိပ် ပညာရှင် များ ထဲတွင် မြန်မာ့သမိုင်းကို အ ဂတိ ကင်းကင်း နှင့် လေ့လာ နိုင်ရန် ရေးသော သူများ လည်းရှိပါ သည် ။ ထိုသူတို့  သည် ၎င်းတို့ ရေးသား သော မြန်မာ့ သမိုင်း စာအုပ်များကို အနောက် နိုင်ငံ များသို့  ဖြန့် ဝေ ရာတွင် မြန်မာ နိုင်ငံ အတွက် အကျိုး ရှိလှပေသည် ။ တစ်ချို့ သော အင်္ဂလိပ် ပညာရှင် တို့ မှာ ကား ကိုလိုနီအစိုးရ၏ နိုင်ငံတော် ဝါဒကို ပီပြင်စေရန် ဖိနှိပ် အုပ်ချုပ် ခံ လူတန်းစား များ ၏ လောကအမြင် တိမ်းစောင်းနေ ရေး ကိုယ့် လူမျိုး နှင့် ကိုယ့် နိုင်ငံ ကိုအထင်သေး ၊ အမြင်သေး ဖြစ်ကာ ကျွန် စိတ်ဝင် နေစေ ရေး ကို အဓိ က ထား ၍ ပညာလက် နက်ကို အသုံးပြု လိုသော ရည်ရွယ် ချက်ကို အကောင်အထည်ဖော် ရန် သက်သက်သာ မြန်မာ့ သမိုင်းကို လိုသလို ရေးသား တတ် ကြပါသည် ။ ထို့ ပြင် မြန်မာ တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်းကွဲအောင် ၊ ရှေးရိုးစဉ် လာ ယဉ်ကျေးမှု တစ တစ ပျောက်ကွယ် အောင် ၊ ဇာတိသွေး ဇာတိမာန် တစ တစ ကုန်ခမ်းအောင် အင်္ဂလိပ်အစိုးရ သည်စီမံကိန်း အနေ နှင့် စနစ်တကျ ပြုခဲ့ ရာတွင် ၎င်းတို့  လက်သပ် မွေးထားသော အင်္ဂလိပ် သမိုင်း ပညာ ရှင် တို့ မှ ပညာ သား ပါပါ နှင့် ဖန်တီး ယူကြပါသည် ။ ထို အကျိုးဆက် ကား ယနေ ထိတိုင် အောင် တိုင်း ရင်းသားသမိုင်းပညာ ရှင် အချင်းချင်း တို့ သည် မျက် နှာချင်း ဆိုင်၍ မရ ကြသေး
ပေ။

မြန်မာ ရာဇဝင် ကို ရေးသော အင်္ဂလိပ် သမိုင်းပညာ ရှင်တို့ သည် မြန်မာဘုရင် ရက်စက်ပုံ ကို အကျယ်ချဲ့  ၍ တဖက်က ရေးသလို ၊ တိုင်းရင်းသားများအပေါ် မြန်မာ ဘုရင်တို့  ၏ မညီမျှ သော အုပ်ချုပ် ရေး အကြောင်းကို ပိုပိုသာသာ ရေး ပြန်၏ ။ အင်္ဂလိပ် အစိုးရ၏ မျှတ သော အုပ်ချုပ်ရေး ကို အံသြ ဘနန်း ဝေဝေ ဆာဆာ ဖော်ပြ ကြသည် ။ တဖက်က ဖြင့်ယေထာ ဘူတ ကျ အောင် အမှန်ကို ရသ လောက် ရှာဖွေ တင်ပြ နေပါ သည် ဟု ဆိုနေ သော်ငြား၊ ရာဇဝင် ဆရာတို့  ကျင့်ဝတ် နှင့် ညီညွတ် စေပါသည် ဟု ကြွေးကြော် နေပါ သော်ငြား ၊မ ကောင်းသမျှကို ရှာ၍ ပုံကြီးချဲ့  လာသောအခါ ၎င်းတို့ ၏ စိတ် စေတနာ အပေါ် သံသယ ဖြစ်စ ဖွယ်ပင် မဟုတ် ပါလား ။ ကမ္ဘာ့ အလယ် တွင် ဤ သို့ သော မယဉ်ကျေး လှသူ တို့  ဖြစ်ကြောင်း ၊ ဒေသတွင်း ဗိုလ်ကျ စိုးမိုးနေသူများ ဖြစ်ကြောင်း ၊ တိုးတက်ပြီး သော အင်္ဂလိပ် လူမျိုးတို့  ၏ အုပ်ချုပ် ပြုပြင်မှု ကို မသွေ မလွဲ ခံယူ သင့် သူများ ဖြစ်ကြောင်း ဟူသော အကြောင်း ပြချက် ကောင်းကောင်း ဖြင့် မြန်မာ နိုင်ငံ အပေါ် ကိုလိုနီ ပြုရ ခြင်း အ တွက် သူတော် ကောင်း မျက်နှာ ဖုံး ဆောင်းထား လိုကြသည် ။ တစ်ချိန် တည်း မှာပင် ၎င်းတို့  ၏ ဝါဒ များ ကို လက်ခံလျက် ၎င်းတို့ ၏ အယူအဆ များ နောက်သို့ ကောက်ကောက် ပါလိုက်မည့် ၊ ထပ်ဆင့် ဖြန်ချီ ပေးမည့်  ရာသက်ပန် တပည့်ပေါင်း များစွာကို လည်း မွေးထုတ်ပေး သွားခဲ့ သည် ။ ထို တပည့်ကျော် ကြီးများ မှ လည်း ၎င်းတို့  ဆရာများ ၏ အယူ အဆများ ကို မြန်မာ့ အမြင် ၊ မြန်မာ့ အတွေးနှင့် မသုံးသပ် ပဲ ၊ မှန်သည် မှားသည် မစစ်ဆေးပဲ အခါ အခွင့် သင့်တိုင်း ရှေ့ တန်းတင် ဖော်ထုတ်ပေး လျက် ရှိနေကြ သည် ။ သတိ ချပ် သင့်ပါ သည်။ ပုဂ္ဂိုလ် ခင်၍ တရားမင် နေသူများ ကိုဖြင့် မည်သည့် ဖြေဆေးတိုက်ကျွေး ရပါမည် နည်း ။ အစွဲ မထားပဲ " ကပ်၍ မကြည့် ပဲ ခွာကြည့် "ရန် ၊ "ပုဂ္ဂိုလ် တခြား တရားတသန့်  " ရှုတတ် သုံးသပ် တတ်ပါ ရန် သာ မျှော်လင့် ရန် ရှိပါတော့ သည် ။

ဤ သို့ သော် မြန်မာ တို့ ၏ သမိုင်းကို အင်္ဂလိပ်အစိုး ရ အလိုကျ လက်သပ်မွေး သမိုင်းဆရာ တို့ မှလိုသလို ဖန် တီး ရေးသားခြင်း များသည် အနောက်တိုင်း အပျော်ဖတ် စာပေအဆင့် နှင့်သာ ရပ်တံ့နေ ခြင်း မဟုတ်ပဲ မြန်မာ စာသင်ကျောင်း များတွင် တနည်းမဟုတ် တနည်းဖြင့် ထည့်သွင်း သင်ကြားလာသော အခါ မြန်မာ တို့ ၏ စိတ်ပိုင်း ဆိုင်ရာ တွင် ဤဝါဒ များ လွှမ်းမိုးလာပါသည် ။ အင်္ဂလိပ် ဖတ်စာတွင် အင်္ဂလိပ် ဘုရင် ၏ ဘုန်း ကျက် သရေကြီးပုံ မြန်မာ ဖတ်စာ တွင် ဂျော့ဘုရင် ဘွဲ့ ရတု ၊ ပထဝီဝင် ဖတ်စာ တွင်ဗြိတိသျှ အင်ပါယာ ၏ ကြီးကျယ် ပုံ တို့ ကို သင် ကြားခဲ့  ကြရ သည် ။မြန်မာ ရာဇဝင် ကို ကျောင်းသုံး ရေး ရာ ၌ မြန်မာ မင်းများ ရက် စက်ပုံ ၊အင်္ဂလိပ် တို့ က တ ရားသဖြင့် အုပ်ချုပ် ၍ မြန်မာတို့  ကြီးပွား တိုးတက် အေးချမ်းသာယာ ရှိပုံ ကို သင်ကြားပေး ခဲ့ သည် ။ မြန်မာ က လေးများ
မိမိ အမျိုးသား အုပ်ချုပ်ရေး ကို မုန်းကာ အင်္ဂလိပ် အားကိုး အောင် သွန်သင်
ခြင်း ဖြစ်ပါသည် ။ ဤ အဆိပ် အတောက် မပြယ် သေး ကြောင်းကို ယခု
သက်ကြီးပိုင်း လူကြီးများ ၏ နှုတ်ထွက် စကား များကို ကြည့်လျှင် သိသာပေသည် ။ ဇာတ်လောက ၌ ဇာတ်ခင်း လျှင် ပင် ရှင်ဘုရင် က လူစွမ်းကောင်းကို သုတ်သင် ပုံ ၊ သူတပါး မယား ကို အတင်း သိမ်းယူ ပုံ ကို ခင်းကျင်းစေခဲ့ သည် ။ ယနေ့ တိုင် ထို ဇာတ်ကွက် များ အလုပ် ဖြစ် ဆဲပင် ။ မြန်မာမင်း တို့ သည် သက်ဦး ဆံပိုင် ဖြစ်သော ကြောင့် မင်းကို လွန်ဆန် ၍ မည်သည့် အမှုကို မျှ မပြုရဲ ကြ၍ မင်း ၏ အပါး တွင် မင်း အလိုလိုက် မင်းအကြိုက် မြှောက်ပင့် ညာစား နေသော ပညာမဲ့  များသာ ခစား နေသည့် ဟန်ကိုလည်း မသိ မသာ ထည့်သွင်း ဖော်ပြတတ် သေး သည် ။ ၎င်းတို့ သင်ကြားသော စာများ ကို ဆည်းပူးပြီး ၎င်း တို့ အပြော ကို ယုံကြည် လက်ခံ သူများ လည်း အများ အပြား ပင် ရှိနေ ပေသည် ။ အင်္ဂလိပ် နယ်ချဲ့ အစိုး ရ ၏ အာဏာစက် အပြင် ပညာ လက်နက် ဖြင့် သွေးခွဲ ခဲ့ သည့် နည်းတူ တန်ဖိုးကြီး လှသော မြန်မာတို့  ၏ မူလ ဗီဇ ဇာတိ သွေး ဇာတိ မာန် ပါ လျော့ပါးပျောက် ဆုံးအောင် ကြံစည် ခဲ့ေ
လသည် ။

၁၉၂၆ ခုနှစ်တွင် မစ္စတာ ဂျီအီး ဟာဗေး မှ မြန်မာ ရာဇဝင် စာအုပ်တစ် အုပ်ကို ရေးသား ခဲ့ ရာတွင် မြန်မာ လူမျိုး တို့ ၏ ညံ့ဖျင်း သမျှ ကို ထင်ရှားစေ လျက် သတိပေး သလို ၊ ရိထေ့ လှောင် ပြောင် သလိုနှင့် မြန်မာ့ ဂုဏ် သိက္ခာ ကို သွေးတိုး စမ်းပါ သည် ။ မှန်သလိုလို နှင့် အထက်စီး မှ သုံးသပ်လျက် ၎င်း စိတ်တိုင်း ကျ မြန်မာ့သမိုင်း ကိုရေးသားခဲ့ ပေ သည် ။ ထိုစာအုပ်ကို ကျောင်းသုံး အဖြစ် သို့  ပြဌာန်း လိုက်သော အခါ အမျိုး သား စိတ် အ တော် အ သင့် နိုးကြား နေပြီ ဖြစ်သော မြန်မာ တို့ သည့်  လုံးဝ မခံ မရပ်နိုင်သော အဆင့်သို့ ရောက် ရှိသွားခဲ့ သည် ။ ၁၉၂၀ အမျိုးသားနေ့  မှစတင်ကာ မျက်စိ ပွင့် နိုးကြားလာ ပြီးဖြစ်သော မြန်မာတို့  ၏ အမျိုးသား ရေး စိတ်ဓါတ်ကိုလှုပ်နှိုး လိုက် သလို ဖြစ်ကာ မြန်မာတို့ ဘက်မှလည်း တန်ပြန်
၍ မိမိ သမိုင်း ၊ မိမိ ရာဇဝင် ကို မြန်မာ့ အမြင်ဖြင့် ပြန်လည် တုန့် ပြန် ရေး
သား လာကြပါသည် ။ တန်ပြန် လက်နက်ဖြင့် မျိုးချစ်စိတ် ထက်သန်စေသော မြန်မာ့ ရာဇဝင် များ ကို ဖော်ထုတ်လာကြ ပါသည် ။ မြန်မာ ကျောင်း သား တို့ သည် ဇာတိ မာန် ပျောက်ဆုံး အောင် စနစ် တကျ အကွက် ချ ၍ ဖိနှိပ် ခါမှ ပို၍ မျိုးချစ် စိတ် တက်ကြွလာပါ သည် ။ထို ပေါက်ကွဲ မှု ကြီးသည်၁၉၃၀ ကျောင်းသားသပိတ် ကြီး ၏ ရှေ့ ပြေး ဖြစ်လာသည် ။ အင်္ဂလိပ် တို့ သည် ၎င်းတို့  ကြံဆ သော နည်းလမ်း ကြောင့်ပင် မြန်မာ တို့ ကို ချုပ်ထိမ်း ရန်ခက်ခဲ သော အဖြစ်မျိုး ကြုံတွေ့ ခဲ့ ရသည် ။ မြန်မာ့ လူငယ် ကျောင်းသား လေးများ သည် လည်း ပညာ လက် နက်ဖြင့် ပင် အချိန် ယူ ကာ အင်္ဂလိပ် တို့ အား ပြန်လည် တိုက်ခိုက် လျက် မြန်မာ့လွပ် လပ်ရေးကို အရယူ ပေးနိုင် ခဲ့ ပေသည် မဟုတ်ပါ လား ။

ဤ ကား မြန်မာ လူမျိုး မည်၏ ။ အတိတ် တွင် ဖိနှိပ်လေ ပေါက်ကွဲလေ
သမိုင်းကြောင်း တည် ရှိ၏ ။

သျှင် လေညင်း ။
၃ ၊ ၈ ၊ ၂၀၁၃ ။

စာကိုး ။ ။ ဦးအောင်သန်း (မန္တလေး ) အမှာ။ ဒေါက်တာ သန်းထွန်း ခေတ်
ဟောင်း မြန်မာ ရာဇဝင် အမှာ ။

photo copied

AddThis