မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Tuesday 6 August 2013

ပုဂံခေတ် ဆိုင်ရာ ကျောက်စာများမှ အဆွေ / အမျိုး တို့  အပေါ် အခေါ် အဝေါ် စကားလုံး များ ။( မြန်မာ / မွန် )

ပုဂံခေတ် လူမှုအဖွဲ့  အစည်း တွင် ထိုအခါ ၊ ထိုကာလ ကပင် အမိ ၊ အဖ နှင့် သားသမီး တစ်အုပ်တို့  သည် အရေး အပါဆုံး သောအဖွဲ့ အစည်း ပင်ဖြစ်သည် ။


ဆွေမျိုးစု = ဣမ်ထောင် (အိမ်ထောင်) ။
သွေးသားဆွေမျိုး = အဆုယ်အမ္လုင် / အဆုတ်အဝါ /ဆုတိမ္လိုင်/ပေါက်ပေါ (အဆွေ အမျိုး) ။
အဘေး၊အဘိုး = အာဗေပ်အဖိုင်
ဖခင် = ခမည် ။ ခမိဟ် (မွန်)
မိဘ = အာမိအာဖ ။
မိသားတစ်စု = လင်မိယာသစုမ် ။
ဇနီးမောင်နှံ = မောင်နှံ/ မျောက်သာ/ခင်ပွန် ။ ပွံင် (မွန်)
ထိမ်းမြားခြင်းကြောင့် ဆက်သွယ်သော အမျိုးများ = ယောက္ခမ/ ယောက်ဖ/မတ်/သမက်/ခြုယ်မ/ နှောင်အမိ ။
အမိ၏အစ်ကို = အရိ/ ဥရိ (ဦးကြီး) ။
အမိ၏အစ်မ = အတဝ်/မိကြီး(ကြီးတော်) ။
အမိ၏ညီမ = မိထုမ် (ဒေါ်လေး) ။
အဖ၏အစ်ကို = ဖကြီ (ဘကြီး) ။
အဖ၏ညီ = ဖထုယ် (ဘထွေး) ။
ချစ်လှစွာသော ဇနီး = ပယ်မယား/ မယာဖ္လိုင် ။
ဇနီးငယ် = မိယာငယ် ။
သား/သမီး = သာ / သ္မီ ။
မွေးကင်းစ = နိုဝ်စိုဝ် (နို့ စို့ ) ။
မွေးစားသား = နိုဝ်ခိုဝ်(နို့ တိုက်မွေးသော) ။
မိန်းကလေးအထက် အစ်မ = အစ်မ ။
မိန်းကလေးအထက် အစ်ကို = အစ်ကိုင် ။
မိန်းကလေးအောက် ညီမ = ငီမ ။
မိန်းကလေးအောက် မောင် = မောင် ။
ယောကျာင်္လေး အထက်အစ်ကို = နောင် ။
ယောကျာင်္းလေး အထက် အစ်မ = အစ်မ ။
ယောကျာင်္လေး အောက် ညီ = ငီ / နှောင်ငဲ ။
ယောကျာင်္းလေး အောက်ညီမ = နှမ ။
မုဆိုးမ = ကမယ်/ က္မယ် ။ က္မဲာ (မွန်) ။
မုဆိုးဖို (တခုလတ် ယောကျာင်္း) = ဖုတ် ။ ဖုတ် (မွန်) ။

၆ ၊၈ ၊၂၀၁၃ ။
Photo Copied

AddThis