မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Monday 12 August 2013

အမတ်ကြီးဦးပေါ်ဦးနှင့် သုတေသနအမြင် အပိုင်း (၂)။


 ဦးပေါ်ဦး ၏ အဆက်အနွယ် ဇယားး
အမတ်ကြီးဦးပေါ်ဦးအကြောင်း နှင့် ပတ်သတ်၍ ဦးအောင်၊ ပိဋိကတ် ဆရာ မြိုင် ၊ ဦးကျော်ထွန်း ၊ စာတော်ပြန် ဆရာသိန်းတို့က လျှောက်ထုံး စာအုပ်များ ထုတ်ဝေခဲ့ ဖူးကြသည် ။ မြန်မာ လူမျိုးတို့ သည် ဦးပေါ်ဦး အကြောင်းကို သက်ကြီးစကား သက်ငယ် ကြား အ နေဖြင့် ကြားဖူး နားဝရှိခဲ့ ကြပြီး ယခု အချိန်ထိ ကိုးကား၍ ပြောဆို နေကြဆဲ ဖြစ်သည် ။ ဦးပေါ်ဦး သည် အမှန် တကယ်တွင် တော့ လူ အများ သိထားသလို ပျော်တော်ဆက် တစ်ဦး မဟုတ် ပါ။ပျက်တီး၊ ပျက်ချော်နေတတ်သူလည်းမဟုတ်ပြန်ပေ။ထို့ပြင် ဝန်ကြီးတစ်ဦး လည်း မဟုတ်ခဲ့ပါ။မြန်မာဘုရင်လက်ထက် နန်းတွင်းအဖွဲ့ အ စည်းတွင် မြေ တိုင်း အတွင်းဝန် တစ်ဦးသာ ဖြစ်ပါသည် ။ စာရေးဆ ရာများ၏ ဖန်တီးချက် သာ ဖြစ်ပြီး ထို ဖန်တီးချက် များကို စာအုပ် တစ်ချို့ထဲတွင် အကိုး အကား အဖြစ် အသုံးပြုနေကြ၍ စာဖတ်သူ များမှ လျှောက်ထုံးများ ထဲရှိဦးပေါ်ဦးကို အစစ် အမှန်ဟု ယုံကြည် သွားမည် စိုးသောကြောင့် စာရေးဆရာ ဦးတင်နိုင် တိုးမှ ဦးပေါ်ဦး ၏ ဘဝ သရုပ်မှန်နှင့် သူ၏ လျောက်ထုံး များကို သမိုင်း သု တေ သန အမြင်ဖြင့် ချဉ်းကပ်ရန် ကြိုးစားခဲ့ပါသည်။

AddThis