မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Monday 12 August 2013

အမတ်ကြီးဦးပေါ်ဦးနှင့် သုတေသနအမြင် အပိုင်း (၂)။


 ဦးပေါ်ဦး ၏ အဆက်အနွယ် ဇယားး
အမတ်ကြီးဦးပေါ်ဦးအကြောင်း နှင့် ပတ်သတ်၍ ဦးအောင်၊ ပိဋိကတ် ဆရာ မြိုင် ၊ ဦးကျော်ထွန်း ၊ စာတော်ပြန် ဆရာသိန်းတို့က လျှောက်ထုံး စာအုပ်များ ထုတ်ဝေခဲ့ ဖူးကြသည် ။ မြန်မာ လူမျိုးတို့ သည် ဦးပေါ်ဦး အကြောင်းကို သက်ကြီးစကား သက်ငယ် ကြား အ နေဖြင့် ကြားဖူး နားဝရှိခဲ့ ကြပြီး ယခု အချိန်ထိ ကိုးကား၍ ပြောဆို နေကြဆဲ ဖြစ်သည် ။ ဦးပေါ်ဦး သည် အမှန် တကယ်တွင် တော့ လူ အများ သိထားသလို ပျော်တော်ဆက် တစ်ဦး မဟုတ် ပါ။ပျက်တီး၊ ပျက်ချော်နေတတ်သူလည်းမဟုတ်ပြန်ပေ။ထို့ပြင် ဝန်ကြီးတစ်ဦး လည်း မဟုတ်ခဲ့ပါ။မြန်မာဘုရင်လက်ထက် နန်းတွင်းအဖွဲ့ အ စည်းတွင် မြေ တိုင်း အတွင်းဝန် တစ်ဦးသာ ဖြစ်ပါသည် ။ စာရေးဆ ရာများ၏ ဖန်တီးချက် သာ ဖြစ်ပြီး ထို ဖန်တီးချက် များကို စာအုပ် တစ်ချို့ထဲတွင် အကိုး အကား အဖြစ် အသုံးပြုနေကြ၍ စာဖတ်သူ များမှ လျှောက်ထုံးများ ထဲရှိဦးပေါ်ဦးကို အစစ် အမှန်ဟု ယုံကြည် သွားမည် စိုးသောကြောင့် စာရေးဆရာ ဦးတင်နိုင် တိုးမှ ဦးပေါ်ဦး ၏ ဘဝ သရုပ်မှန်နှင့် သူ၏ လျောက်ထုံး များကို သမိုင်း သု တေ သန အမြင်ဖြင့် ချဉ်းကပ်ရန် ကြိုးစားခဲ့ပါသည်။



ဦးပေါ်ဦး၏အတ္ထုပ္ပတ္တိအကျဉ်း။

(၁)။မွေးသက္ကရာဇ် ။

အပိုင်း(၁) တွင် ဖော်ပြပြီး ဖြစ်သည့် အမတ်ကြီး ဦးပေါ်ဦး၏ မွေး သက္ကရာဇ် အမှန်မှာ ၁၁၂၁ ခု တပေါင်းလပြည့်ကျော် (၁) ရက် (၂၊၃၁၇၆၀) တနင်္ဂနွေနေ့ ဖြစ်ပါသည် ။

(၂) ။ ဇာတိဒေသ ။

အမတ်ကြီး ဦးပေါ်ဦး၏ ဇာတိဒေသ ကို မှော်ဘီဆရာသိန်း ကြီး က သူ၏ ပါး စပ်ရာဇဝင် စာအုပ်တွင် ရေဦး နယ်၊မြေဒူး အောက် တိုက် တန့်ဆည်ရွာ(တ ဇယ်)ဟုဖော်ပြ ထား သည်။ဆွေမျိုးသား ချင်း အစဉ်အဆက်များ ရှိကြသေး၍ ကု သိုလ်ကောင်းမှု ၊ သိမ်၊ ကျောင်း၊ ဇရပ်၊မြေစိုက်ဘုရားများ အထင်အရှား ရှိကြောင်းကိုပါ ရေးသားဖော်ပြ ထားပါသည်။ မောင်သုတ၏ စာဆိုတော်များ အတ္ထုပတ္တိစာအုပ် တွင်လည်း မြေဒူးနယ် အောက်တိုက် တန့်ဆည် ရွာဟူ၍ သာ ဖော်ပြခဲ့သည် ။

(၄) ။ မွေးချင်းများ ။

ဦးသန်းဝင်းရှိန် ၏ မြတ်ဗုဒ္ဓ အလင်း စာအုပ် တွင် အမတ်ကြီး ဦးပေါ်ဦး ၌ ဦး တုတ်ကြီး ဆိုသူအစ်ကို တစ်ဦးရှိ သော်လည်း ထိုသူနှင့် ပတ်သတ်၍ အမည်မှ လွဲ၍ အထောက် အထား တစ်စုံတရာ မတွေ့ရှိရပါ ။ နောက်မွေးချင်း တစ်ဦး ကိုမူ မင်းလှသီရိ သီဟသူ က ပုဂံမင်း လက်ထက် ခရစ်နှစ် ၁၈၅၁ ခုနှစ် တွင် ရေးသားခဲ့သော " စာဆိုတော် သံဃာတော် တို့စာရင်း " ပေမူ တွင် ဒေါ်နီဆို သူ အစ်မတစ်ဦး အကြောင်းပါသဖြင့် သိရ သည် ။ ဒေါ်နီသည် တစ်ခုလတ် အ မျိုးသမီး တစ်ဦး ဖြစ်ပြီး ၁၇၉၃ တွင် ငစင်ရိုင်း ရွာသူကြီး ဦးရွှေပေါ် ဒေါ်သာ အေး တို့၏ သား ရဟန်း လူထွက် ဦးလွန်းပေါ် နှင့် လက်ထပ်ခဲ့ ခြင်းဖြစ်သည် ။ တတိယ ကျော်အောင် စံထား ဆရာတော် ဖြစ် လာမည့် ဦးလွန်း ပေါ်သည် ဒေါ်နီ နှင့် လက်ထပ်စဉ်က ဘုန်းကြီး လူထွက် တစ်ဦး ပင် ဖြစ်၍ လွှတ်တော် စာရေး အဖြစ် အမှု ထမ်းခဲ့သည် ။ ဒေါ်နီ နှင့် ငါးနှစ် မျှ သာ ပေါင်းသင်း ပြီး ၁၇၈၉ ခုနှစ်၌ ရဟန်းဘောင်သို့ ပြန် လည် ဝင်ရောက် ခဲ့သည် ။ ဤအချက် အလက်များ မှာ တတိယ ကျော်အောင် စံထား ဆရာတော်၏ ထေရုပ္ပတ္တိမှ ကောက်နှုတ် ချက် ဖြစ်သည် ။ Who's who in Burma စာအုပ် စာမျက်နှာ (၁၁၂) တွင်ဖော်ပြထား ချက်အရမူ သာယာဝတီမင်း လက်ထက် ရွှေလှံဝန်ကြီး ဦးစို သည် အမတ်ကြီး ဦးပေါ်ဦး နှင့် ညီအစ်ကို တော်စပ်သူ ဟုခန့်မှန်းထား သည်ကို တွေ့နိုင်သည် ။ သို့သော် ညီ အစ်ကိုရင်းချာ တော့ဟုတ်ဟန်မတူပဲ ဝမ်းကွဲသာ တော်စပ်ဟန် ရှိ သည် ။

၅ ။ ဆွေစဉ်မျိုးဆက်များ ။

အမတ်ကြီး ဦးပေါ်ဦး ၏ ဆွေစဉ် မျိုး ဆက်များ ကို ယနေ့ အထင် အရှား မတွေ့ရ တော့ပေ။ အမရပူ ရမြို့  ရေတွင်းညီနောင် အနီးဆောင်းဒါး ယက် ကန်းကျောင်း နေရာသည် ဦးပေါ်ဦး၏ မိ သားစုများ နေထိုင် သွားရာ နေရာ ဖြစ်သည် ဟု အစဉ်အဆက် ပြောဆို ကြပါသည် ။ ဦးပေါ်ဦး၏ အဆက်အနွယ် များ အမရပူရ မှ မန္တလေး သို့ပြောင်းရွှေ့ အခြေစိုက်ကာ မိုက်ထုတ်လုပ်ငန်း ၊ ရွှေဆိုင်းလုပ်ငန်း ဖြင့်အသက်မွေး ကာ မထင်မရှား နေထိုင် သွား ကြောင်း သိ ရပါသည် ။ ဦးပေါ်ဦး၏ အဆက် အနွယ်မှ ပေါက်ဖွား လာသူ ဟူ၍ မှတ်တမ်း မှတ်ရာနှင့် တကွ တွေ့ရှိသူမှာ ဦးပေါ်ဦး ၏ မြေး ဦးဖိုးကာ ဖြစ်ပါသည် ။ ၁၄၊ ဧပြီ၊ ၁၈၇၄ တွင်ရေနံချောင်း မြို့၌ ဖွားမြင်ခဲ့ သော ဦးဖိုးကာ သည် တောင်ငူ မြူနီစပါယ် ဒုဥက္က ဌအဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည် ။ ကုန်းဘောင် ဆက် မဟာရာဇဝင်တော်ကြီး ( တတိယတွဲ ) နောက်ဆက်တွဲ စာရင်း သူဌေး သူကြွယ် များ ခေါင်းစည်း အောက်တွင် " သီရိသာခမ ဟာသာလ ( မောင်မှုံ ကြီး) သည် ဦးဖိုးကာ၏ ဖခင်ဖြစ်ပါသည် ။ မိခင်မှာ ဒေါ်သင်ဖြစ်သည် ။ The Burma Gazette 25 Aug ,1928, Electoral Roll of the Burma (European and Non- European ) Constituencies to the Legislative စာရင်း တွင် အမှတ်(၈၄)၊ ဦးဖိုးကာ(ဘ) မောင်မှုံ - ဈေးတန်း၊ တောင်ငူ ဟု တွေ့ရသည် ။ Who's who in Burma - pp 112 " grand son of Shwe -lan Woon Gyi , the Minister in the region of King Tharawaddy or Shwe Bo Min ,Ava and Atwinwun U Paw U , the Minister in the region of Bodaw Paya , and his successor Bagyidaw " ဟုဖော်ပြ ထားသည် ။ ထို့ကြောင့် ဦးဖိုးကာ သည် ရွှေလှံဝန်ကြီး ဦးစို နှင့် အတွင်းဝန် ဦးပေါ်ဦး တို့၏ မြေး ဖြစ်သည် ။ ဦး ပေါ်ဦး ၏ ဆွေမျိုးသားချင်း များတွင် မြေဒူး ဆရာတော် ရှင်နန္ဒမဉ္ဇူ ကိုလည်း ထည့်သွင်းနိုင်ပါသည် ။ ဆရာ တော်သည် ရွှေဘိုခရိုင် တန့်ဆည် မြို့နယ် အင် တိုင်းရွာ ဇာတိဖြစ် ပြီး စာပေ ကျမ်းတတ် အကျော် အမော် ဖြစ်သည် ။ ဘိုး တော်ဘု ရား နှင့် သာယာဝတီမင်း လက်ထက်တိုင် သက် တော် ထင်ရှား သိမီ ခဲ့ လျက် ဦးပေါ်ဦးနှင့် ညီ အစ်ကို ဝမ်းကွဲ တော်စပ်သည် ဟု သိရပါသည် ။

(ဦးပေါ်ဦး ၏ အတ္တုပ္ပတ္တိကို ဆက်လက် ဖော်ပြပါမည် )

၂။ ဝန်ရှင်တော် အမတ်ကြီး ဦးပေါ်ဦးလျှောက်ထုံး ရေးသားသူ ပိဋိကတ် ဆ ရာမြိုင်

ဦးအောင်ရေးသား ပြုစုခဲ့သော ကဝိသေတ္တု မဉ္ဇူသာကျမ်း စာ အုပ် အရောင်း ရ တွင်ကျယ်၍ စာအုပ် ထုတ်လုပ်သူ အီဗရာဟင် သည် ပိဋိကတ် ဆရာမြိုင် ကို ချဉ်းကပ် ကာ အလားတူ ဦးပေါ်ဦး လျှောက်ထုံး စာအုပ်ကို ရေးသား ပြု စု စေသည်။ ဆရာမြိုင် ၏ အတ္တုပ္ပတ္တိ အကြောင်း အရာနှင့် ပတ်သတ်၍ များစွာ မသိရှိပါ ။ လူပြန်တော် တစ်ဦး ဖြစ်မည်ဟု မှန်းဆကြ၍ အမည် ရှေ့တွင် ပိဋိ ကတ်ဟူသော ဂုဏ်ပုဒ်ကြောင့် ပါဠိသက္ကတ ကျွမ်းကျင်သူ ဖြစ်ပေ မည် ။ မှတ် တမ်းတစ်ခု တွင်မူ ပိဋိကတ် ဆရာမြိုင် သည် ကန္ဒီမြို့ ဇာတိ ဖြစ်ပြီး မင်းခင်း ဆရာတော် ဦးဝိမလ၏ တပည့်ရင်း ဖြစ် ကြောင်းတွေ့ရသည် ။ ပိဋိကတ် ဆ ရာမြိုင် အနေ နှင့် ယင်းစာ အုပ်ရေးရာ ၌ ကိုးကားသော အထောက် အထား များ ကို " တံဆိပ် တော်ရ ၊ မရ ဆရာတော်တို့ ထံမှ လည်းကောင်း ၊ မှူးမျိုး မတ် နွယ် ပညာရှိတို့ထံမှ ရရှိကြောင်း ဖော်ပြခဲ့သည် ။ သို့ရာတွင် ဤအကိုး အကား ခိုင်မာ လှသည် ဟုမဆို နိုင်ပါ ။ ပိဋကတ် ဆရာ မြိုင် သည် ပိဋကတ် ပါဠိ ကျွမ်းကျင်သူ ပီပီ ဦးပေါ်ဦး ခေတ်တွင် ထင်ရှားသော သမိုင်းဖြစ် ရပ်မှန် များနှင့် လျှောက်ထုံးအနည်းငယ် ကို ရောပြွမ်းလျက် တင်ပြထားသည် ။ ပိဋ ကတ် ဆရာမြိုင် သည် ဤ စာအုပ်ကို ရတနာပုံ မဏိ ရတနာရုံ ဆရာတော် ၏ တိုက် တွန်း ချက် ကြောင့် ရေးခဲ့ ကြောင်း ဖော်ပြ ထားသည် ။ ဦးပေါ်ဦး လျှောက်ထုံး စာအုပ်ဟု အမည် သာ ပေးထား လျက် ဦးပေါ်ဦး၏ လျှောက် ထားချက် သုံးလေးပုဒ်သာ ပါဝင်ပြီး အများစု မှာ သမိုင်း မှတ်တမ်း သာ ဖြစ် သည် ။ စစ်ကိုင်းမင်း ( ဘကြီးတော် ) ၏ သမိုင်း မှတ်တမ်း စာအုပ်သာ ဖြစ် သည် ။ ပိဋကတ် ဆရာမြိုင် အနေဖြင့် ဦးပေါ်ဦး လျှောက်ထုံး စာအုပ်ကို ရေး သားပြုစုရာ ဦးအောင်၏ က ဝိသေတ္တုမဉ္ဇူသာ ကျမ်းကို များစွာအတုယူ ရေးခဲ့ သည်မှာ ထင် ရှားလှသည် ။ စင်စစ်အားဖြင့် ကုန်းဘောင်ခေတ်လယ် ကာလ က မြန်မာစာပေ တိုးတက်ထွန်းကား ခဲ့ပေရာ ဗုဒ္ဓဘာသာဆိုင်ရာ မေး ခွန်းနှင့် အဖြေကျမ်းများ အတန်သင့်ရှိပြီးဖြစ်သည် ။ သို့သော် ယင်းကျမ်း အများစုမှာ ကိုလိုနီ ခေတ်ဦး ကာလ ဦးပေါ်ဦး လျှောက် ထုံးရေးသား စဉ် အချိန်၌ ပေမူ အဆင့်သာ ရှိပါသေးသည် ။ ပေမူ များကို ဖတ်ရှု လေ့လာ ရန် လက်လှမ်း မှီ သည့် ပိဋကတ် ဆရာမြိုင် သည် သမိုင်း ဖြစ်ရပ် မှန် များနှင့် ရောနှော ထား သည့် ဦးပေါ်ဦး လျှောက်ထုံးစာအုပ် ကိုရေးသားပြုစုရန် ခဲယဉ်းမည် မဟုတ်ပါ ။

ဦးပေါ်ဦး လျှောက်ထုံးများ အနီးကပ် လေ့လာချက်။

ဦးပေါ်ဦး လျှောက် ထုံး စာအုပ်ကို ပထမဆုံး ရေးသားခဲ့  သည့် ဦးအောင် ရေးသားပြုစုသည့် ဦးပေါ်ဦး လျှောက်ထုံးများကို အနီး ကပ်လေ့လာ ကြည့် သောအခါ လျှောက်ထုံး (၆) ခုကိုသာ ရက်စွဲ အတိအကျနှင့် လျှောက်ထားခဲ့ ကြောင်းတွေ့ ရသည် ။ ယင်း တို့မှာ -

(၁)။ အဝိဇ္ဇာ နှင့် သင်္ခါရ ပစ္စည်း ပြုဟန် မေးမြန်းချက် ။ (၂၄ မေ ၁၇၈၇။

(၂)။ နိဗ္ဗာနုပစ္စယ ပရမတ္တ ဖြစ်ရန် မေးမြန်းချက် ။(၁၀ ဇွန် ၁၇၈၇)။

(၃)။ စိတ္တဇသဒ္ဒါဥတုဇသဒ္ဒါ ဖြစ်ဟန် မေးမြန်းချက်။ (၂၉ ဇူလိုင် ၁၇၈၇)။

(၄)။ ဓမ္မသင်္ဂဏီပါဠိတော် အကြောင်း မေးမြန်းချက်။(၁၇ ဧပြီ ၁၇၉၁)။

(၅)။ ရူပဘုံ၌ ဖြစ်ကုန်သော သတ္တဝါတို့တွင် ဂန္ဓ ၊ ရသ ၊ သြဇာ ရုပ် တို့ရှိမရှိ မေးမြန်းချက် ။(၂၆ ဇွန် ၁၈၀၉)။

(၆)။ ရေသဘင်ပွဲ အကြောင်း မေးမြန်းချက် ။(၉ စက်တင်ဘာ ၁၈၁၀)။

တို့ဖြစ်ကြပါသည် ။ ဘိုးတော်ဘုရား ကဦးပေါ်ဦး အား မေးမြန်းချက် များမှာ တရား ဓမ္မ နှင့်စပ်လျဉ်း သော ဘာသာရေး ဆိုင်ရာမေးမြန်းချက်များ သာဖြစ် ပြီး ဦးပေါ်ဦး က ကျမ်းကိုး အထောက် အထား များနှင့် တကွ ပြန်လည် ဖြေ ကြား လျှောက် တင်ထားသည်ကို တွေ့ရပါသည် ။ အခြားမှတ်တမ်း များတွင် တွေ့ရသော ဦးပေါ်ဦး လျှောက်ထုံး တစ်ခုမှာ မင်းလှသီရိသီဟ သူ ရေးသား ပြုစု သော ဆရာတော် သံဃာတော် တို့၏စာရင်း ပေမူပါ မုံတော ဆရာတော် အကြောင်း လျှောက်ထားချက် ဖြစ် သည် ။ ဘကြီးတော် မင်းသည် ၁၈၁၂ ခုနှစ်တွင် အင်းဝမြို့ အ ရှေ့တောင်ဖက် မိုးထိကျောင်း သို့ထွက်တော်မူစဉ် မုံတောဆရာ တော်၏ ထေရုပတ္တိ ကိုမေးမြန်း လျှောက်ထားရန် တာဝန်ပေး အပ် ခြင်းခံခဲ့ ရပါသည် ။ ဆရာတော်က သူ့၏ ဘဝဖြစ်စဉ် များ ကို ဦးပေါ် ဦးအား မိန့်ကြားခဲ့ရာ ဦးပေါ်ဦးမှ ရေးမှတ်၍ ဘကြီး တော်မင်းကို ပြန်လည် လျှောက်ထား ခြင်းသာဖြစ်ပါသည် ။

ဆက်လက်ဖော်ပြပါမည် ။
အမတ်ကြီးဦးပေါ်ဦးနှင့်သုတေသနအမြင်
စာကိုး ။ ။ တင်နိုင်တိုး = အမတ်ကြီး ဦးပေါ်ဦး နှင့် သမိုင်းသုတေသန အမြင်။

သျှင်လေညင်း ။ ( ၁၂ ၊ ၈ ၊ ၂၀၁၃ )

Photoး ဦးပေါ်ဦး၏ မိဘများ ဇယား ။

AddThis