မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Thursday 15 August 2013

ပျူမင်းသား ဂီတခရီး စဉ် အေဒီ - ၈၀၂ ။




၂၀၁၂ ခုနှစ် ၊ မတ်လ အတွင်း ရန်ကုန် မြို့ ၊ ယဉ်ကျေး မှု နှင့် အနု ပညာ တ က္ကသိုလ် ပါမောက္ခ ချုပ်က မြန်မာ့သ မိုင်းအ ဖွဲ့ ဒုတိယ ဥက္ကဌ ကြီး ဒေါက်တာ တိုးလှ နှင့် မြန်မာ့ သမိုင်း အဖွဲ့ဝင် ဒေါက် တာ ချစ်စံဝင်း တို့ကို ခေါ်ယူ တွေ့ ဆုံ၍ တရုတ်နိုင်ငံ တွင် ရုပ်မြင် သံကြား ဇာတ် လမ်း တွဲ အဖြစ်ရိုက် ကူးမည် ဖြစ်သော ပျူအဖွဲ့၏ ဂီတ ဖျော်ဖြေမှု နှင့် အက တင် ဆက်မှုကို ကူညီပေးရန် ဖိတ်ကြား ခဲ့ ပါသည် ။ ခရစ်နှစ် ၈၀၂ ခုနှစ်က အိမ်ရှေ့ မင်းသာ; သုနန္ဒန ဦး ဆောင်၍ သရေခတ္တရာ မှ တရုတ်နန်း တော် ချန်အန်းသို့ သွား ရောက် ဖျော် ဖြေ ခဲ့ရာ ဤအ ကြောင်း ကို ဇာတ်လမ်းတွဲ ရိုက်ကူး မည် ဟုသိရသည် ။ မြန် မာ့ အနု ပညာရှင် များနှင့်တကွ သမိုင်း ပညာ ရှင် များကပါ ထို ခေတ်ကာလ က ပျူဂီတ ဖျော်ဖြေ မှု နှင့် အက တင်ဆက်မှု တို့ အ မှား အယွင်း မရှိစေရန် နှင့် မြန်မာ့ဘက် မှ စီစဉ် တင်ဆက် ထားမှုနှင့် ကိုက်ညီရန် နှစ်ဘက် တွေ့ဆုံ ဆွေး နွေး ခြင်းဖြစ်ပါ သည် ။ ထို ဇာတ်လမ်းတွဲ တွင် မြန်မာ့ အနုပညာ ရှင် များလည်း ပါဝင်သရုပ် ဆောင်မည်ဟု သိရသည် ။

ပျူ ဂီတ အနုပညာ ရှင်များ ။ ( Noel . F Singer 1997 )
ခရစ်နှစ် ၈၀၂ ခုနှစ် တရုတ်ပြည် ရောက် ပျူဂီတ အနု ပညာ အဖွဲ့ ၏ စွမ်းပ ကား သည် တရုတ်တို့ ကိုအံ့အားသင့် စေခဲ့ပါသည် ။ ပျူ ဂီတ အနုပညာ၏ အင်အားသည် သရေခတ္တရာ ၏ အင်အား ပင် ဖြစ်ပေသည် ။ မြန်မာနိုင်ငံတွင် ပျူဂီတ အနုပညာ အတွက် မြေ ပေါ် မြေအောက် အထောက် အထား ဆို၍ မှော်ဇာရှိ မြင်ဗာဟုစေ တီ ပျက် ကုန်းမှ ခြေထိုးကနေဟန် အုတ်ခွက် တစ်ခု ၊ မှော်ဇာ အခြားနေရာမှ ခြေထိုး လက်မြှောက် ကနေဟန် အုတ်ခွက် တစ်ခု နှင့် ၁၉၆၆-၆၇ ခုနှစ်အတွင်း သရေခတ္တရာ မြို့ဟောင်းမှ တူးဖော် ရရှိသော ကခုန် တီးမှုတ် နေသော ကြေးရုပ် ငါးရုပ် လောက်သာ တွေ့ရပါသည် ။ သို့ဖြစ်ပါ၍ တရုတ်တို့ ၏ ထန်မင်းဆက် သမိုင်းဟောင်း ၊ ထန်မင်းဆက် သမိုင်းသစ် နှင့် ထန် မင်းဆက် အုပ်ချုပ် ပုံစာတမ်း များတွင် ပျူဂီတ ခရီးသွား အဖွဲ့အ ကြောင်းကို ဆရာကြီး ဦးရည် စိန် ၏ ကျေးဇူးနှင့် လေ့လာရပါ ဦးမည် ။


သရေခတ္တရာ ဂီတအနုပညာ အဖွဲ့၏ ချန်အန်း ခရီးစဉ် ။

ခရစ်နှစ် ၈၀၂ ခု ၊ ဖေဖော်ဝါရီလ ၊ ၁၃ရက်နေ့တွင် သရေခတ္တရာ မှ အိမ်ရှေ့ မင်းသား သုနန္ဒန ခေါင်းဆောင်သော အဖွဲ့ဝင် ၃၅ ဦးပါ ဝင်သည့် ပျူဂီတ အ နုပညာ အဖွဲ့သည် တရုတ်တို့၏ နေပြည် တော် ချန်အန်းမြို့သို့ ရောက်ရှိခဲ့ သည် ။ ပျူမင်းသား ဦးဆောင် သွားသော ခရီးစဉ်မှာ-

-သရေခတ္တရာမှ တောင်တွင်းကြီး ၊
-တောင်တွင်းကြီး မှ ပင်လယ် (မိုင်းမော့မြို့ဟောင်း ကူမဲအနီး) ၊
-ပင်လယ် မှ သီပေါ ၊
-သီပေါမှ ကျူကုန် ၊
-ကျူကုန်မှ ဝမ်တိန်း ၊
-ဝမ်တိန်မှ ကျဲဖန်( င်) ၊
-ကျဲဖန်( င်)မှ လုန်လိန် ၊
-လုလိန်မှ ပေါင်းရှန် ၊
-ပေါင်းရှန်မှ တာ့လီ ၊
-တာလီတွင် နန်စောဘုရင် ယီမိုယွန် ၏ စီစဉ်ပေးမှုအရ စကား ပြန်နှင့် အတူ ဘီစီ -၃ ရာစု ကဖောက်လုပ် ခဲ့သော အန်းနင် မြစ်ဝှမ်း လမ်းကြောင်း အ တိုင်း သွား၍ ချဲ(င်)တူ သို့ ၊
-ချဲ(င်)တူတွင် စီချွမ်း ဘုရင်ခံ ဝေကောင်းနှင့် တွေ့ဆုံ၍ တရုတ် မင်း နေပြည် တော် ချန်အန်း သို့ အဆင့်ဆင့် သွားရောက် ခဲ့ ပါ သည် ။ ထန် ဧက ရာဇ် တယ်ကျုန်းက လှိုက်လဲစွာ ကြိုဆိုခဲ့ ပါ သည် ။


သရေခတ္တရာ ဂီတအနုပညာ အဖွဲ့၏ တူရိယာများ ။
တရုတ်ပြည် ရောက် ပျူ တူရိယာ များ ။ ( Noel . F Singer 1997 )

ဂီတဝါသနာ ထုံလှသော ထန်ဧကရာဇ် တယ်ကျုန်းသည် ပျူတို့ ၏ တူရိယာ များကို မှတ်တမ်းတင်ထားရာ ထန်မင်းဆက် သမိုင်း သစ်တွင် ပြည့်ပြည့်စုံစုံ ပါရှိ၍ ဆရာကြီး ဦးရည်စိန်၏လက်ရွေး စင်မှတ်တမ်းတွင် ဖော်ပြထား ပါသည် ။ချန်အန်းရောက် ပျူဂီတ အနုပညာ အဖွဲ့တွင် တူရိယာ ၂၂ ခုပါရှိသည် ။ အမျိုးအစား အား ဖြင့် ရှစ်မျိုး ရှိသည် ။ ယင်းတို့မှာ သတ္တု-၂ ၊ ခရုသင်း-၁ ၊ ကြိုး-၇ ၊ ဝါး-၂ ၊ ဗူး-၂ ၊ သားရေ-၂ ၊ ဆင်စွယ်-၁နှင့် ချို-၂ တို့ဖြစ်သည် ။

၁။ စည် လေးလုံး (သားရေနှင့် ကျတ်ထား၍ တေးဂီတနှင့် စည်း ကျအောင် တီးနိုင်သည်) ။
၂။ သံပြား နှစ်ချပ်(မျက်နှာပြင်ညီညာ၍ ကျောဘက်တွင် လက် ကိုင်ရှိ၍ သား ရေ ပတ်ကြိုး နှင့် ပတ်ချည်ထားသည်)။
၃။ ခရုသင်း လေးလုံး ( မြွေရေဖုံး ရစ်ခေါင်းသဏ္ဍန် စောင်းဖြစ်၍ ဖောင်းကြိုး များတပ်လျက် သံစဉ်ညှိ ခလုတ်များပါ ပါဝင်သော ကြိုးတပ်တူရိယာ ဖြစ်သည်)။
၎။ မိချောင်း ခေါင်းစောင်း နှစ်လုံး ( မြွေရေဖုံး မိချောင်းပုံ တုံးလုံး ဗျပ်စောင်း ဖြစ်၍ ကြိုးကိုးချောင်းနှင့် ရွှေ့ပြောင်းနိုင်သော ခလုတ် တစ်ဆယ့် နှစ် ခုပါ ဝင်သော ကြိုးတပ်တူရိယာ ဖြစ်သည် )။
၅။ နဂါးခေါင်း ဗျတ်စောင်း တစ်လုံး (လက်ကိုင်ရိုး ထိပ်တွင် နဂါး နှစ် ကောင် မျက်နှာ ချင်း ပုံစံပါရှိ၍ သံစဉ်ညှိ စာပုပ်နှင့် ကြိုးသုံး ကြိုး လက်နှိပ် ခလုတ် သုံးခုစီ ရှိသော ကြိုးတပ်တူရိယာ ဖြစ် သည်)။
၆။ မိုးသားခေါင်း ဗျတ်စောင်း တစ်လုံး (မျက်နှာပြင် တွင် မြွေရေ နှင့် အလှ ဆင် ထားကာ လက်ကိုင်ရိုး ထိပ်တွင် မိုး သားပုံ ပါရှိ သည်မှ လွဲ၍ နံပတ်စဉ်-၅ အတိုင်းဖြစ်သည်)။
၇။ ဗူးကြီး ဗျတ်စောင်း နှစ်လုံး ( ဝမ်းဗိုက်သည် ဗူးကြီးထက်ခြမ်းခွဲ ပုံပြုလုပ် ထားပြီး အပေါ်တွင် ကြေးခွက် ထည့်ထားသည့် ကြိုးတပ် တူရိယာ ဖြစ်သည် )။
၈။ ကြိုးတစ်ချောင်းတပ် ဗူးဗျတ်စောင်း တစ်လုံး (ဝါးနှင့်ပြုလုပ် ထား၍ သစ် သားကို မြွေခေါင်းပုံ လုပ်ကာ စောင်းကြိုးကိုထိန်း သည် ။ လက်နှိပ် ခလုတ် လေးခု ရှိ၍ သံစဉ်ညှိ ခလုတ်မပါဝင် သော ကြိုးတပ်တူရိယာ ဖြစ်သည်)။
၉။ ဗူးကလေး ဗျတ်စောင်း နှစ်လုံး ( ဗူးကြီး ဗျတ်စောင်းပုံ ဖြစ်၍ အရွယ်သေး ငယ်သည် )။
၁၀။ ကန့်လန့်မှုတ် ပုလွေနှစ်ချောင်း ( ဝါး ပုလွေ ခေါင်းကို ဖ ယောင်း နှင့်ပြု လုပ်ထားပြီး လက်ပေါက်ခြောက်ပေါက် ရှိသည် )။
၁၁။ ပလွေတစ်ချောင်း ( ဝါးပုလွေ ဆင်စွယ်ခေါင်း တပ်ထားသည် )။
၁၂။ နှစ်ဖက်မှုတ် ပုလွေနှစ်ချောင်း ( အလယ်တွင် ဝါးဆစ်ဖြင့် ပိုင်း၍ တစ်ဖက် စီ တွင် လက်ပေါက် သုံးပေါက်စီ ပါပြီး အစွန်းနှစ် ဖက်တွင် ဟောင်းလောင်း ထား သည်)။
၁၃။ ဗူးကြီးငြင်း နှစ်လုံး ( ရစ်တောင်နှင့် သဏ္ဍန်တူ အတိုအရှည် အစဉ်လိုက် ရှိသော ဝါးချောင်းဆယ့်ခြောက်ချောင်းပါ၍ရှစ်ချောင်း စီ ခွဲထားသည် လေ မှုတ်တူရိယာ ဖြစ်သည် )။
၁၄။ ဗူးကလေးငြင်း နှစ်လုံး ( ဗူးကြီး ငြင်းအတိုင်း ပြုလုပ်ထား၍ အရွယ်သေး သည် )။
၁၅။ သုံးမျက်နှာ ဗုံ နှစ်စုံ ( မြွေရေဖုံး အရက်အိုးသဏ္ဍန် အဝကျယ် ၍ အဖျား ရှူးကာ သုံလုံးကို တွဲထားသည် )။
၁၆။ဗုံကလေး လေးလုံး (မြွေရေဖုံး ခါးလွယ်ဗုံ ဖြစ်၍ ဂီတသံနှင့် စည်းချက်ကျ အောင် ကိုင်လှုပ်ရသည်။ အစီအစဉ် ကြေညာသူ ကိုင်လေ့ရှိသည်)။
၁၇။ ချိုသုံးချောင်းပါ ငြင်းတစ်လုံး (အပေါ်မှ နွားချို သုံးချောင်း စိုက်ကာ ဗူး လည်း ပါသည် ။လက်ကိုင်နှင့် မှုတ်ခွက် တည့်လျက် ရှိသော လေမှုတ် တူရိ ယာ )။
၁၈။ ချိုနှစ်ချောင်းပါ ငြင်းတစ်လုံး ( ချိုနှစ်ချောင်းစိုက်ထား သော ဗူး နှင့် လေ မှုတ်တူရိယာ )။


သရေခတ္တရာ ဂီတအနုပညာ အဖွဲ့၏ တေးသီချင်း ၁၂ ပုဒ် ။
ပျူ ကခြေသည် အရုပ် ငါးရုပ် ။

ထန်မင်းဆက် သမိုင်းသစ် ပါ ပျူတို့သီဆိုခဲ့သော သီချင်း များမှာ အောက်ပါအတိုင်း ဖြစ်သည် ။
၁။ ပျူအမည် မော့ထော်မီ ဖြစ်သော ဗုဒ္ဓ၏ တံဆိပ်တော် ။
၂။ ပျူအမည် လုန်မန်(င်)တိ ဖြစ်သော လက်ပံပန်း ချီးမွမ်းခန်း ။
၃။ ပျူအမည် တာတူး ဖြစ်သော ခိုဖြူ ။
၎။ ပျူအမည် စူးမန်တီလီ ဖြစ်သော ကြိုးကြာဖြူ၏ ခရီး ။
၅။ ပျူအမည် လိုင်နိုင် ဖြစ်သော ဝှေ့တိုက်နေသော ဆိတ်၏ အောင်မြင်မှု ။
၆။ ပျူအမည် မီစီးမီ ဖြစ်သော စောင်းကြိုးတစ်ချောင်း တပ် နဂါး ဗျတ်စောင်း ။
၇။ ပျူအမည် ချေလန်ရှီ ဖြစ်သော ဈန်ဝင်စားခြင်း ။
၈။ ပျူအမည် အာ့စီးလွိ-ယယ့် ဖြစ်သော ကြံမင်း ။
၉။ ပျူအမည် ထောင်ထိုင် ဖြစ်သော ဒေါင်းမင်း ။
၁၀။ တရုတ်စာလုံ ယယ်အယ် ဖြင့်ဖော်ပြ သော တောငန်း ။
၁၁။ ပျူအမည် လုန်ချုန်း(င်)ဝမ်(င်)မော် ဖြစ်သော စားသောက်ပွဲ တေးဂီတ ။
၁၂။ ပျူအမည် ဟူနာ ဖြစ်သော စိုးရိမ်ကြောင့်ကျ မှုကိုဖယ် ရှား ခြင်း ။

ဗဟုသုတ အားဖြင့် ပျူဂီတ အနုပညာ အဖွဲ့သည် ချန်အန်းသို့ သွားရာ ခရီး တစ်နေရာ ရှိ တည်းခိုခန်း တွင် လေ့ကျင့်နေစဉ် တ ရုတ်တော်ဝင် ဂီတသိပ္ပံ ဌာန မှ ပုဂ္ဂိုလ်တစ်ဦးက တွေ့ရာ သင်္ကေ တဖြင့် မှတ်ယူထား၍ ချန်အန်းသို့ အမြန်ပြန်ကာ ပျူအဖွဲ့ မ ရောက်မီ တရုတ် နန်းတွင်း ဂီတပညာ ရှင်တို့ကို ပျူဂီတ ကိုလေ့ ကျင့်ခဲ့ သည်ဆို၏ ။

သရေခတ္တရာ ဂီတအနုပညာ အဖွဲ့၏ ဝတ်စားဆင်ယင်ပုံ ။
ဆေးမင်ကြောင် နှင့် ပျူ ကခြေသည်များ ။ ( Noel . F Singer 1997 )

ပျူဂီတအဖွဲ့ နှင့် အက ပညာ သည်များ ၏ ဝတ်စား ဆင်ယင် ပုံ ကို ထန်မင်း ဆက် သမိုင်းသစ် ကအောက်ပါ အတိုင်း မှတ်တမ်း တင် ထားသည် ။ အနီရင့် ရောင်ရှိ၍ ဒူးကိုဖုံး လွှမ်းထားသည့် ဝါဂွမ်း နှင့် ရက်လုပ်ထားသော ချည် ပိတ် ပါး ဝတ်စုံများ ကို ဝတ်ဆင် ကြ သည်။ ပုခုံး နှစ်ဖက် အပေါ်မှ ချိုင်းကြား အောက် သို့လျှိုပြီး လွှမ်း ရုံထားသည် ။ ကျောက်မျက်ဖြင့် စီတပ် ထားသော လက်ကောက် လက်ကြပ်နှင့် ခြေကျင်းများ ကို ဝတ်ဆင် ထားသည် ။ ရွှေဦး ပေါင်း ကိုလည်း ဆောင်းထားသည် ။ လက်ဝဲ ၊ လက်ယာ နား နှစ်ဖက် တွင် နားဆွဲများကို ဆင်ယင်ထား သည် ။ ပန်းများကို သီကုံး၍ ဆင်ယင်ကြသည် ။ ဆံထိုးဆံညှပ် နှစ်ခုပါရှိ၍ အမေွးှနု (ငှက်မွှေး) ဖြင့်တန်ဆာ ဆင်ထားသည် ။ အစီအစဉ်တစ်ခု ကိုမစမီ အစီအ စဉ်ကြေညာသူမှ တေးသီချင်း၏ အဓိပ္ပါယ်ကို ရှင်းပြသည် ။ကကွက် ကဟန် မူကား တေးဂီတ အလျောက် အကပညာသည် နှစ်ဦး သို့မဟုတ် ခြောက်ဦး သို့မဟုတ် လေးဦး ၊ ရှစ်ဦး မှ ဆယ် ဦး အထိ ဖြစ်သည် ။အက ပညာသည် များသည် ပါးမည်းထိုး ( ပါး ရဲထိုး ) ထားကြ သည် ။ အက ပညာသည် တို့သည် တေးသီချင်း သီ ဆိုရင်း ကခုန် ကြသည် ။ တေးသီချင်း သီဆိုကြ သောအခါသံ ပြိုင်သီ ဆိုကြသည် ။ လက်နှစ်ဖက် လက်ဆယ်ချောင်းကို ညီညာ စွာ ပြန့်လိုက် ၊ ညီညာစွာ ပြန့်လိုက် ၊ ညီညာ စွာ စုလိုက် နှင့်တေး သွား ကို စည်းချက် ပေးလိုက်သ လို ကခုန်ကြ သည် ။ အသံအ နိမ့် အမြင့် သီဆိုသော အခါ မညီညာမှု မရှိပေ ။အကပညာသည် များ သည် ကျောက်မျက် ပုလဲ စသော ရတနာများ ဖြင့်စီ တပ် စီ ခြယ်ထား သည့် ဦးပေါင်း ကို ဆောင်းကြသည် ။ အစီအ စဉ် တစ် ခုပြီးဆုံးလျှင် အက ပညာ သည်များသည် ဦးညွတ်၍ ကန်တော့ ကြသည် ။ ဤတွင် မှတ်သားစ ရာတစ်ခုမှာ “ ဂီတ ပညာသည် များသည် ခွန်းလွန် ချည်းပင်တည်း ” ဟု အမျိုးနွယ် ကို ကိုယ်စားပြုသော အသုံးအနှုန်း ကိုတွေ့ရ သည် ။ ခွန်းလွန် ဆိုသည် မှာ “ အသားအရောင် မည်းသော တောင်ပိုင်းဒေသ အမျိုးသား ” ဟူ၍ အဓိပ္ပါယ် ရပါသည် ။

ပျူသံအဖွဲ့ သို့မဟုတ် သရေခတ္တရာ ဂီတအနုပညာ အဖွဲ့ သည် ဂီတ ဆိုင်ရာ သံကိစ္စ အဝဝ ကိုဆောင်ရွက် ပြီးနောက် မည်သည့် နေ့ရက်တွင် ချန်အန်းမှ ထွက်ခွာခဲ့ ကြောင်းမသိ ရပါ ။ ခရစ်နှစ် ၈၀၂ ခု အတွင်း မှာပင် ပျူနိုင်ငံ သို့ ပြန်ရောက်ပြီ ဟုခန့်မှန်းရ သည် ။ နောက်ဆက်တွဲ အနေနှင့် ခရစ်နှစ် ၈၀၂ ခုနှစ် ဆောင်းဥ တုကာလ တွင် ဧကရာဇ် တယ်ကျုန်း သည် သရေခတ္တရာ သို့ သံ အဖွဲ့စေလွှတ် ၍ ပျူမင်းထံ သို့စာတစ်စောင် ပါးလိုက်သည် ။ တဖန် စာ ပေ အမြုတေ ကျမ်းတွင် ခရစ်နှစ် ၈၀၇ ခုနှစ်၊ ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီ လ အတွင်း ပျူနိုင်ငံ မှ သံအဖွဲ့သည် ချန်အန်းသို့ ရောက်သွားသေး သည် ဆို ၏ ။ သို့သော် ထန်မင်းဆက် သမိုင်း ဟောင်း ၊ ထန်မင်းဆက် သမိုင်းသစ် နှင့် ထန်မင်းဆက် အုပ်ချုပ် ပုံစာတမ်း များတွင် မတွေ့  ရပေ ။

သမိုင်းကြောင်း အထောက်အထား ကောင်းများ ပိုင်ဆိုင်၍ ယဉ် ကျေးမှုအ ဆင့် မြင့်မားလှသော တရုတ်တို့ ကပင် အလေးထား ၍ ဖော်ထုတ်မည် ဖြစ် သော မြန်မာ့ မြေပေါ်မှ ပျူ ယဉ်ကျေးမှု ဂီတ အကအလှ များအ ကြောင်း လေ့ လာမိသ၍ ဖော်ထုတ်ထားပါ သည် ။

စာကိုး ။ ဒေါက်တာ ချစ်စံဝင်း -ပျူမင်းသား ဂီတခရီးစဉ် နှင့် သရေခတ္တရာ လေ့လာစာတမ်း ။

သျှင်လေညင်း ၊ ၁၅ ၊၈ ၊ ၂၀၁၃ ။

Photo from : Asian Masterpiece

AddThis