မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Saturday 13 July 2013

C - 14 ခေါ်အက်တန်အနုမြူ နှင့် အတိတ်ကို ရက်စွဲတပ်ခြင်း ။

ကမ္ဘာ့ အပြင်ဘက် ကျယ်ဝန်းလှသည့် ဟင်းလင်းပြင်ထဲမှ ဖြတ် သန်းလာသော ကော့ စ်မစ်ရောင်ခြည်တို့သည် ကမ္ဘာ့ လေထုအ တွင်း ရှိ နိုက်ထရိုဂျင် အနုမြူများနှင့် ကမ္ဘာမြေကြီး၏ အထက် ငါး မိုင်အကွာ တွင်လာရောက် တိုက်မိရာမှ ကာဗွန်-၁၄ ဖြစ်လာ မည့် ရေဒီယို သတ္တိကြွ အနုမြူများ ဖြစ် လာသည် ။ ၎င်းတို့သည် အောက်ဆီဂျင် နှင့်ပူးပေါင်း၍ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် များအ ဖြစ် မြေပြင်ပေါ်သို့ ဆင်းသက် လာလေ သည် ။ ကာဗွန်ဒိုင် အောက်ဆိုက်ဒ် ကိုသစ်ပင် ပန်းမာန်တို့မှ အစာချက်လုပ် ရန် လို အပ်သဖြင့် စုပ်ယူ ကြရာ ထိုဒြပ်ပေါင်းသည် သစ်ပင်တို့ကို စား သုံးသော သတ္တဝါ များ၏ ကိုယ်တွင်းသို့ ရောက်ရှိသွား တော့ သည်။ မှတ်သားရန်မှာ သက်ရှိအရာ ဝတ္ထုတိုင်းသည် ကာဗွန် - ၁၄ ကိုစုတ်ယူ ကြခြင်း ဖြစ်သည် ။ သွင်းယူပြီးသည့် ပမာဏ တစ်ခုတွင် ထိုထက်ပိုသွင်းယူခြင်း မရှိတော့ပဲ ရပ်တံ့သွားသည် ။သက်ရှိတို့ သေဆုံးသွား သော အခါ ကာဗွန်-၁၄ ကိုစုပ်ယူ ခြင်း ရပ်ဆိုင်း သွားသည် ။ ထိုအခါ ဝတ္ထု အတွင်းတွင် ရှိသော ကာဗွန်- ၁၄ သည်စတင် ပြိုကွဲတော့ သည်။ သိပ္ပံပညာ ရှင်တို့သည် အရာ ဝတ္ထု တစ်ခု အတွင်းရှိ ကာ ဗွန် -၁၄ မည်မျှ ပြိုကွဲ၍ မည်မျှ ကြွင်း ကျန်သည်ကို တိုင်းတာနိုင် သည် ။ ရေဒီယို သတ္တိကြွ အနုမြူ ဖြစ် သည့် ကာဗွန်-၁၄ ကို ၁၉၄၃ ခုနှစ်တွင် သပ်သပ်ခွဲထုတ် တွေ့ ရှိ ခဲ့လေသည် ။ အတိတ် ကို လေ့လာရန် ၊ ပစ္စုပန်ကို နားလည်ရန် နှင့် အနာဂါတ်ကို စူးစမ်း ကြည့်နိုင်ရန် အတွက် အရေးပါသော ဒြပ်ပေါင်း တစ်ခု ဖြစ်လာ ခဲ့ သည် ။ သဘာဝ ဒြပ်စင် ကာဗွန်၏ ရေဒီယို သတ္တိကြွ အိုင်ဆို တုပ် တခုဖြစ်သည့် ကာဗွန်-၁၄ သည် ရှေးဟောင်းပစ္စည်း များကို ရက်စွဲတပ်ရန် အတွက် သပ္ပံပညာရှင် များ ၏ အရေးကြီးသော နည်းလမ်းဖြစ် ပေတော့သည် ။ မည်သို့ အသုံးဝင်သည်ကို ရှင်းပါ ဦးမည် ။

AddThis