မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Friday 9 August 2013

ပုဂံခေတ်ဆိုင်ရာ ကျောက်စာများထဲ မှ တွေ့ နိုင်သော အသက်မွေးဝမ်းကြောင်း ကိုလိုက် ၍ သတ်မှတ်သော စကားလုံး များ ။


(က) ။ မွေးမြူရေး နှင့် လယ်ယာလုပ်ငန်းဆိုင်ရာ။

လယ်သမား = လယ်သယ်/ လယ်သူ ။
လယ်ခင်းစောင့် = လယ်ဥယင်စောင့် ။
ကောက်စိုက်သူ/ သမ = စပါစိုက် ။
ဥယျာဉ်မှူး = ဥယင်သည် ။
ကျွဲနွားမွေးသူ = နွာထိန် ။
ကြက်မွေးသူ = က္လွထိန် ။
ဆိတ်မွေးသူ = ဆိတ်ထိန် ။
ဆင်ထိမ်းသူ = ဆင်ထိန်/ ဝမ်ပယ်ထိန် ။
နွားကျောင်းသူ = နွာက္လောင်စွံ ။



အစားအသောက် ဆိုင်ရာ ။

ထမင်းချက်သူ = ထမင်သည် ။
ဟင်းချက်သူ = ဟင်သည် ။
အိမ်ထောင်တွင် ချက်ပြုတ်သူ = ဣမ်ထမင်ချက် ။
အသားရောင်းသူ = အမယ်သည် / မည်သည် ။
သတ္တဝါများကိုမွေးမြူသူ = သာထိန် ။
သတ္တဝါ အရိုင်းများကို ဖမ်းယူသူ / မုဆိုး = မုဆိုဝ် ။
တံငါ = ပိုက်သည် / ကွန်သည် ။
နို့ ရောင်းသူ = နွားနိုဝ်သည် ။
ပျားဖွပ်သမား = ယနအ်ပျာသည် ။
ကွမ်းယာနှင့် ဆိုင်သော အလုပ်သမား = ကွံသည် / ကွံတ်သည် / ကွံသိတည်သည် / ကွံမွန်တောင်သည် ။
ကွမ်းယာ = ကွံယာ ။

လက်မှုလုပ်ငန်းဆိုင်ရာ ။

လက်သမား (ဆောက်လုပ်သူ) = လက်သ္မာ ။
လက်သမား (သစ်ချောသူ) = တစည်သည် ။
အုတ်၊အင်္ဂတေ ကိုင်သူ = ပုရန် ။
သစ်သားပန်းထွင်းသူ = ပန်ပွတ် ။
မျက်နှာကျက် အလှဆင်သူ = တင်ကျတ်သည် ။
အုတ်ဖုတ်သူ = အုတ်သည် ။
သံပစ္စည်း ပုံသွင်းသူ ။ ပန်ဖယ် ။
ပန်းပုထုသူ = အထုသည် / ပုရ္လာ(လ=ဟ)သည် ။
ဘုရားထီးလုပ်သူ = ထိသည် ။
ပန်းထိမ် သမား = ပန်ထိမ် ။
အိုးလုပ်သူ = အိုးထိန်သည် / ကရသည် / လင်ပါန်သည် ။
ဝါခတ်သူ /ချည်ငင်သူ = ခြည်သည် / ခြည်ဝယ်သည် ။
ရက်ကန်းယက်သူ = ပုခြည်သည် / ယန်သည် ။

သဘင် လုပ်ငန်းဆိုင်ရာ ။

ဗုံတီးသူ = စည်သည် ။
သီဆို / ကခုန်သူ = ပန်တျာ ။
သီဆိုသူ = သိခြင်သည် ။
ကခုန်သူ = ကခြိယ်သည် ။
လေမှုတ်တူရိယာ တီးမှုတ်သူ = ခရာသည် / ညှင်သည် / နရည်စြာသည် ။
ကြိုးခတ်တူရိယာ တီးခတ်သူ = စောင်သည် / သရောသည် ။
သားရေတူရိယာ တစ်မျိုး တီးခတ်သူ = ပသာသည် ။
ကြေးတီးဝိုင်းတီးခတ်သူ = ခွက်ခွင်သည် ။ နောင်သည် ။

အထွေထွေ ။

ဆံထုံးထုံးပေးသူ = ဥဖွယ်သည် ။
ကကြိုး/ တန်ဆာ ပြုလုပ်သူ = ကသည် ။
ခဝါသည် = ကုဟာသည် ။
ဆားချက်သမား = ဆာသည် ။
ဆီကြိတ်သမား = ဆည်ဆုမ်သည် ။
ထင်းခွေသမား = ထင်သည် ။
ုသံချပ်ကာ လုပ်သူ = နဂါကြည်သည် ။
ငပိလုပ်သူ = ပိသည် ။
ဘဏ္ဍာထိမ်း = ဖတ္တာသည် ။
ဆတ္တာသည် = မုဆိပ်ရိပ် ။
မြောင်းတူးသမား = မ္လောင် မ္လိတ်သည် ။
ရေထမ်သမား = ရိယ်သည် ။
ဝမ်းဆွဲသည် = လက်သည် ။
ခြေသည်းလက်သည်း လှီးဖြတ်သူ = လက်သည်ထိုင် ။
လှည်းမောင်းသမား = လှည်သည် ။
လှေသမား = လှဝ်ကာသည် ။
သော့လုပ်သမား = သံကောက်သည် ။
ဝေါထမ်း = သင်ရျင်သည် ။
ကျီတောင်စောင့် = စီစောင် / ကီစောင် / ကီသည် ။
စာတတ်သည့် သူဆင်းရဲတို့  အသက်မွေးသော အလုပ် (စာရေးခြင်း) = စာရိယ် / စာဓီ ။
ကဗျာဆရာ = ရကန်သည် ။
ပွဲစား = အလယ်သည် ။

၉ ၊ ၈ ၊ ၂၀၁၃ ။

Photo Copied

အာနန္ဒာ ဘုရား ရှိ နံရံဆေးရေး ပန်းချီကား ။

AddThis