မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Thursday 25 July 2013

လွန်ခဲ့ သော နှစ်ပေါင်း (၂၀၀၀) ကျော် ပျူခေတ်က ဟုယူဆရသော ရှေးဟောင်း ပစ္စည်းများ စစ်ကိုင်းတိုင်း တွင် တွေ့ ရှိ ။

ဇူလိုင်၊ (၂၅) ။

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ သမန္တောကျေးရွာနေ ဦးထွန်းမြင့်(၄၂)နှစ်နှင့် ဦးသန်းဇော်(၄၂)နှစ်ဆိုသူတို့ သည် လွန် ခဲ့သော(၁၅)ရက်ခန့်က သန်းဇော်ဆိုသူက ၎င်းပိုင်ယာမြေအတွင်း နွားဖြင့် ထွန်ယက်စဉ် ငွေဖလား ဟုထင်ရသော ဘောလုံး အသေးအရွယ် ခန့်အား ထယ်ဖြင့်ထိုးမိသဖြင့် ကြည့် ရှုရာ ဖလား(၃)လုံး ထပ်လျက်တွေ့ရှိရကြောင်း၊ ၎င်း ဖလား(၃)လုံးအနီး ၀န်း ကျင် တွင် ရွှေလုံး ဘယက်ကုံးများ၊ ရွှေဝါရှာကွင်း များ၊ ရွှေဆွဲပြားနှင့် ရောင်စုံ ကျောက်ပုတီးများကို ထပ်မံတွေ့ရှိသဖြင့် သိမ်း ဆည်းခဲ့ သည်။ (၃/၄)ရက်ခန့် အကြာတွင် ဦးသန်းဇော်က အိမ်နီးချင်းနေ ဦးထွန်းမြင့်နှင့်အတူ မြင်းမူမြို့ရှိ ရွှေဆိုင် (၁)ဆိုင်သို့ သွားရောက်ပြသခဲ့ သော်လည်း ၀ယ်ယူခြင်းမရှိသဖြင့် ၂၂-၆-၂၀၁၃ ရက်နေ့တွင် ဦးထွန်းမြင့် နှင့်အတူ မန္တလေးမြို့၊ မန်းမြို့ဈေး အတွင်းရှိ ““ရွှေထိပ်ဦး”” ရွှေဆိုင်သို့ လာ ရောက်ရောင်းချခြင်းဖြစ်ကြောင်း သိရှိရသည်။


ဦးသန်းဇော်နှင့် ဦးထွန်းမြင့်တို့၏ လက်ဝယ်တွင်တွေ့ရှိသော ရွှေထည်ပစ္စည်း များ၏ ပုံသဏ္ဍာန် မှာ ရှေးဟောင်းပစ္စည်းများဟု ထင်မြင်ယူဆရသဖြင့် ရဲတပ် ဖွဲ့ဝင်များက ဦးသန်းဇော်နှင့် ဦးထွန်းမြင့်တို့ (၂)ဦးအား ခေါ်ဆောင်၍ ရှေး ဟောင်းသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းနှင့် တွေ့ဆုံစစ်ဆေးပြီးပြသရာ ၎င်းရွှေထည်ပစ်္စည်းများမှာ လွန်ခဲ့သောနှစ်ပေါင်း(၂၀၀၀)ခန့်(ပျူခေတ်၊ ဒွတ်တဘောင်မင်းကြီးလက်ထက်)မှ ရှေးဟောင်း ပစ္စည်းများဖြစ်ကြောင်း သိရှိရသည်။

ရွှေထည် ပစ္စည်းများ ၏ အလေးချိန်မှာ(၂၀)ကျပ်သား ကျော်ခန့်ရှိကာ ရှေး ဟောင်းလက်ရာများ ဖြစ်သဖြင့် ကျပ်သိန်း(၃၀၀)ကျော် ခန့်တန်ဘိုးရှိကြောင်း သိရှိရသည်။ ဦးသန်းဇော်က ငွေဖလား(၃)လုံးနှင့် မြေအိုးကွဲ(၁)လုံးတို့ အိမ် တွင် ကျန်ရှိသေးကြောင်း ပြောပြသိရှိရသဖြင့် သွားရောက်ယူစေပြီး ၂၄-၆-၂၀၁၃ ရက်နေ့တွင် ရှေးဟောင်းသုတေသနဦးစီးဌာနသို့ ထပ်မံပြသခဲ့ရာ ရှေး ဟောင်းပစ္စည်းများဖြစ်ကြောင်း စစ်ဆေးသိရှိရ ပါသည်။

ရှေးဟောင်း သုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ရှေးဟောင်း ရွှေထည်ပစ္စည်းများအား ရွှေကျွမ်းကျင်သူ၊ ရှေးဟောင်း အနု ပညာ လက်ရာရှင်များနှင့်အတူ စစ်ဆေးခဲ့ပြီး ရှေးဟောင်းပစ္စည်းများဖြစ်သော ရွှေဝါရှာကွင်း(ကြီး/လတ်/သေး)စုစုပေါင်း(၂၁၇၇)ကွင်း၊ ဆွဲပြား(၁)ခု၊ ရွှေလုံး ဘယက်ကုံး(၂၆)လုံး၊ စုစုပေါင်းအလေးချိန်(၂၀)ကျပ်သား(၈)ပဲ(၃)ရွေး၊ အနု ပညာလက်ရာ ကနုတ်ပန်းများပါ ငွေဖလား(၃)လုံး၊ အလေးချိန်(၈၅)ကျပ်သား ခန့်၊ ဆင်(၅)ရုပ်ပါ ကျောက်ပုတီး(၂၁)လုံး၊ အစိမ်းနုရောင်စလင်ဒါပုံ ပုတီးစေ့(၁)လုံးတို့အား (၁)မျိုးချင်းစီအလိုက် လော့နံပါတ်များသတ်မှတ်၍ ချိတ်ပိတ် သိမ်းဆည်းခဲ့ပါသည်။ ပစ္စည်းများကို စာရင်းဇယားများပြုလုပ်၍ ပစ္စည်းပိုင်ရှင် ဦးသန်းဇော်က ဒုတိယ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းထံ အပ်နှံခဲ့ပြီး ၎င်းမှ တစ်ဆင့် နေပြည်တော် ရှေးဟောင်း သုတေသန ရုံးချုပ်သို့ ဆက်လက် ပို့ ဆောင် မည်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုသို့ လွန်ခဲ့သော နှစ်ပေါင်း(၂၀၀၀)ကျော်ခန့်က ရှေးဟောင်း ရွှေထည်နှင့် ငွေထည် ပစ္စည်းများ အား ပြင်ပစီးပွားရေးသမား များထံသို့မရောက်မီ အချိန် မီတားဆီးနိုင်ခဲ့သဖြင့် အဆိုပါ ရှေးဟောင်းပစ္စည်းများ အား ရှေးဟောင်း သုတေ သနဌာနတွင် လေ့လာနိုင် ကြမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရဲဇာနည်

AddThis