မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Thursday 25 July 2013

ဆိုင်ဆရာကြီး ဦးဟန်ပ

မန္တလေးမြို့တွင်သာမက မြန်မာတစ်နိုင်ငံလုံး ကျော်ကြားထင်ရှားတဲ့ ရွာစား ကြီး စိန်ဗေဒါ ကွယ်လွန် တဲ့နောက်“ဦးဟန်ပ”ဟာ အကြီးကျယ်ဆုံး မြန်မာ့ ဂီတ ပညာရှင်ကြီးပါ ။ ဒီလောက် ပုဂ္ဂိုလ်ကြီးက နတ်ကနား တီးတဲ့ဆီ ပညာ သွားယူ ရတယ်ဆိုတော့ ကျနော့် စိတ်ထဲ တမျိုးကြီး ။နတ်ကနား တီးတာက မန္တလေး နတ်ကနား လောကမှာ (နတ်ကနားစိန်ဗေဒါ) ရယ်လို့ ထင်ရှားတဲ့
“ဦးဘဒင်”ပါ ။ “ဦးဘဒင်”ဟာနတ်ကနားကို အလွန်ခေတ်မှီအောင် တီးတဲ့သူ ပါ ။ “ဗလာဆိုင်း” သမား တွေက နတ်ကနား တီးတဲ့သူတွေ ကို သိပ်အထင် မကြီးကြ ဘူး ။ နတ်ကနား တီးတဲ့ သူတွေက လည်း “မင်းတို့ ငါတို့လို့ တီး တတ် ရဲ့လား”လို့ ပြန်မေးတာ တွေရှိတယ် ။ အမှန်ဝန်ခံ ရရင်တော့ သူတို့ တီးသလို မတီးတတ်တာ အမှန်ပါ ။


“ဦးဘဒင်” ကနတ်ကနား အခေါ်အရ တစ်မင်းပြီး တစ်မင်း ပြောင်းတီး ပေး နေတယ်။“ဦးဘဒင်” ဟာ“ပခန်းဒိုး”တီးရာမှာ နာမည်ကြီးသူ ဖြစ်တယ် ။ ပခန်း ဦးမင်းကျော် ချော့တဲ့ အလှည့်ရောက်လာ တယ် …… ဆိုင်းဝိုင်း ပတ်ရင်းကြီး ၂ လုံးကို ဒိုးပတ်ကြီး ဒိုးသံအဖြစ် တီးတာပဲ ။ ပခန်းဒိုးရဲ စည်းချိန်က ၀ါးလပ်ရဲ့ ၁ ဆမြန်တယ် ။ ပခန်းဒိုးကို ပတ်မ ချောင်က ဒူးလုံး က ဖြည့်စွတ် တီး ပေး တယ် ။ “ဦးဘဒင်”ရဲ့ ခေါင်းက ဒိုးသံနဲ့အတူ လက်ဝဲဘက် စောင်းစောင်း ပြီး တီးတဲ့ ဟန်က အလွန်လှ ပါတယ် ။ဒိုးခေါ်သံလေးများကို ညာလက်က ခပ်ခပ် တီးတယ် ။ ဒိုးချတဲ့ စုံ အသံထွက် နေရာမှာ “ဦးဘဒင်”ရဲ့“ခေါင်း”က ငြိမ့်ခနဲ ငြိမ့်ခနဲ စောင်းစောင်း သွားပြီး တကယ် သဘာဝ ဟန်ပါတယ် ။ အားယူတီးလို့ လှုပ်ရှား သွားရတဲ့ ခေါင်းသဏ္ဍန် က အလွန် လှနေပါ တယ် ။

“ဦးဟန်ပ”ဟာ နတ်ကနား တီးတဲ့ ဆိုင်းဆရာ ကြီး ဦးဘဒင်ရဲ့” ဒိုးချက် နဲ့ ခေါင်း လှုပ်သွားပုံ ကို နည်းယူတာ ပညာယူ တာပဲ ။

“ဟေ့ လူလေးရ ငါလည်း ဒိုးတီးတတ်တာပဲ ။ ဒါပေမဲ့ မတူဘူးကွ ။ ဒိုးခေါ်သံနဲ့ ဒိုးကျသံနဲ့ခေါင်းလှုပ်တာ တစ်ပြိုင်တည်းကွ ။ ဒိုးခေါ်တာ ၊ ကျတာ တီးတတ် တယ် ။ ခေါင်းလှုပ်တာမရသေးဘူးသားရ”လို့ ကျနော်ကို ပြောပါတယ် ။

မြန်မာတို့ဇာတ်ပွဲ(ကျွန်တော်ဦးဟန်ပ)- ရွာစားစိန်တင်ဟန်
အောင်ဗလ ၊ ဖိုးစိန် ၊ စိန်ကတုံး - လူထုဒေါ်အမာ

ကို Thura Swe Facebook မှကူးယူ ဖော်ပြပါသည် ။

AddThis