မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Saturday 7 September 2013

ရာဇဝင်ထဲကမိန်းမသား(သို့) မြန်မာတို့၏နောက်ဆုံးမိဖုရားတစ်ပါးဟာ မိန်းမကြမ်းကြီးတဲ့လား ။


အင်္ဂလိပ်နယ်ချဲ့ သမိုင်းရေးသူတွေရဲ့ သမိုင်းတွေကို ဖတ်မိပြီး ယုံ ကြည်မိနေ ကြသူတွေအများကြီးရှိနေတာ သိလာရပါတယ် ။ အဲဒီလို မျိုးမြန်မာ့သမိုင်းကို ရေးတဲ့သူအချို့က ဘယ်လိုများ ဝါးကူထိုးလိုက် ကြလဲဆိုရင် သီပေါမင်းတရားနဲ့ စုဖုရားလတ်တို့ အသုံးမကျလို့ အ ထူးသဖြင့် စုဖုရားလတ် “စွာ” လို့ မြန်မာ့လွပ်လပ်ရေး ဆုံးရှုံးခဲ့ရတယ် လို့ ယူဆထားသူတွေ အများအပြားရှိနေပါတယ် ။ အဲဒီလိုထင်မြင်ယူဆမှုတွေကြောင့်လည်း မြန်မာနိုင်ငံကို ကျူးကျော် သိမ်းပိုက်လိုက်တဲ့ နယ်ချဲ့တွေဟာ အလိုလိုနေရင်း “ ကယ်တင်ရှင် ကြီး ကရုဏာရှင်ကြီး အဖြစ်သို့ ရောက်သွားခဲ့သည် မဟုတ်ပါလား ။ စာရေးသူအနေနှင့်တော့ မည်သည်မည်ဝါ ကိုအမှန်၊ အမှားခွဲခြားပြ ရန် ဆန္ဒမရှိပါ ။ သို့သော် မြန်မာ့သမိုင်းကို မြန်မာ့အမြင်စင်စစ်ဖြင့် ချဉ်းကပ်ခဲ့ကြသော မြန်မာ့ အမျိုးသား စာပေပညာရှင်တွေ ၏စာအု ပ်စာတမ်းမြောက်မြားစွာထဲမှ ရှာဖွေတွေ့ရှိလာသည့် “ မြန်မာ့မျိုး ချစ်စိတ် ” ကိုတော့ဖြင့် ရှာဖွေတင်ဆက်ပေးလိုက်ပါသည် ။



လူထု ဒေါ်အမာ ။
=========

“ အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်လိုက်ခြင်းသည် တရားသည် ၊ မှန်သည်ဟု ကမ္ဘာက အထင် ရှိလာအောင် ကမ္ဘာ့မျက် စိကို သဲပက်စေရန် ရည်ရွယ်ချက်ပါသည်ဟု ယူဆထားသင့်ပါသည် ။ ထိုခေတ်က ဗြိတိသျှနယ်ချဲ့ကဲ့သို့သော ယခုခေတ်နယ်ချဲ့ သမားများ ၏ ခြေလှမ်းများကို မြင်တတ်အောင် ၊ ရှောင်တတ် တိမ်းတတ်အောင် ဒဏ်ပြန်ဖို့လိုလျှင် ဒဏ်ပြန်တတ်အောင် ကိုယ့်တိုင်းပြည်ကို ချစ်ခင် တတ်သောစိတ် ၊ သတိ ရှေ့ပြေးလိုသောစိတ် ၊ ပညာပြီးလိုသောစိတ် ၊ ပညာနှံ့စပ်လိုသောစိတ် ၊ ကျွမ်းကျင်လိုသောစိတ် ၊ သူ့အကျိုး ၊ကိုယ့်အကျိုးကိုကြည့်၍ ကမ္ဘာ၌ဝင်ဆံ့လိုသောစိတ် မွေးနိုင်မည် ဆိုပါက.....”
“...စုဖုရားလတ်လို့ခေါ်ကြတဲ့ မြန်မာနောက်ဆုံးမိဖုရားဟာ မကောင်း ပြောအခံရဆုံးပါ ။ ဘယ်သူတွေက ပြောကြသလဲဆိုတော့ ပါတော်မူ ကာလ ပတ်ဝန်းကျင်ရဲ့ အကြောင်းကိုရေးသားကြတဲ့ နိုင်ငံခြားသား တွေ ၊ ဒီအရေးအသားတွေကိုဖတ်ရတဲ့ အင်္ဂလိပ်စာတတ် မြန်မာတွေ ကလည်း သူတို့ရေးသမျှ အားလုံးလောက်နီးနီး လက်ခံယုံ ကြည်ကြ ပါတယ် ။ ဗြိတိသျှကို ဖီဆန်ပုန်ကန်မှု တစ်ခုခုပြုမယ်ဆိုရင် မင်းနဲ့မိ ဖုရား နှစ်ပါးအနက် မိ ဖုရားကပဲ ဦးဆောင်ပြုတန်ရာတယ် ။ ဒါ့ ကြောင့်မိဖုရားရဲ့ သိက္ခာကျချင်တိုင်းကျပြီး ပြည်သူလူထုဟာ စက် ဆုပ်ရွံရှာနေအောင် ဝိုင်းပြီးဝါဒဖြန့်တာပဲ ဖြစ်လိမ့်မယ် ”မိဖုရား ခေါင်
(စုဖုရားလတ်)ဟာ ရတနာဂီရီမှာ သူ့(အင်္ဂလိပ်နယ်ချဲ့ လက်ခုပ်အ တွင်း အကျဉ်းသူတစ်ယောက် အဖြစ်နဲ့ ကျန်တဲ့ဘဝ ၊ သားသမီး နှစ်ယောက်လက်ဆွဲပြီး ဗြိတိသျှကိုအန်တုတဲ့သတ္တိ ၊ (ဤအချိန်တွင် သမီး တော်လေးပါးထွန်းကားခဲ့ပြီး ဖြစ်သည်) သီပေါမင်းတရား၏ အလောင်းတော်ကို ၂နှစ်ကျော်ပိုက်ရင်း (မန္တလေး နန်းတော်မှာ သရ ဏဂုဏ်တင်နိုင်ဖို့ တိုက်ပွဲဝင်တောင်းဆိုခဲ့တဲ့ လုပ်ရပ်ဟာ သေးတဲ့ လှုပ်ရှားမှု မဟုတ်ပါဘူး ။ ”

ဒေါက်တာသန်းထွန်း
===========

“..... မြန်မာ-အင်္ဂလိပ် ဆက်ဆံရေးကို ဖော်ပြရေးသားကြရာ၌ များ သောအားဖြင့် အင်္ဂလိပ်မှတ်တမ်းများ လောက်သာ အားကိုး၍ရေးသား ကြသောကြောင့် တဖက်ပြောစကားမျှသာ ကြားနာမှတ်သားရသဖြင့် ရုပ်လုံမပေါ်ရှိသည် .... ဤစာအုပ် (အင်္ဂလိပ်-မြန်မာစစ်သမိုင်း ၊ နတ်မောင်ဘုန်းကျော်၊ ၁၉၆၆)က ပြင်ဆင် ပေးသည် ။ နယ်ချဲ့ဝါဒ၏ သဘောသရုပ်ကိုလည်း ထင်ရှားစေသည် ။ ”

နတ်မောက်ဘုန်းကျော်
=============
“ ...နိုင်ငံခြားသား အင်္ဂလိပ်သမိုင်းဆရာတို့က မြန်မာအကြောင်း ခပ် နှိမ်နှိမ်ရေးသားထားခဲ့သည်ကိုဖတ်ရပြီး ချင့်ချိန်ခြင်းမရှိ ယုံစားကြ သည်လည်း ရှိ၏ ။ ထိုသူတို့သည် မိမိကိုယ်တိုင် မြန်မာအမျိုးသား ဖြစ်ပါလျက်နှင့် ရှေးခေတ် မြန်မာ့တပ်မတော်ကြီး၏ စစ်ဆင်ရေးများ ကိုပင် ကြက်ပွဲသာသာမျှဖြစ်သည်ဟူ၍ မထောက်မညှာ တဖက်သတ် ပြောဆိုလျက်ရှိကြ၏ ....”

ဗန်းမော်တင်အောင်
===========

“.......ကိုလိုနီသမိုင်းဆရာကြီးများသည် မြန်မာနိုင်ငံသမိုင်း၏ ဖြစ် ပေါ်တိုးတတ်မှုနှင့် အပြောင်းအလဲများကို မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားနှင့် ရှုထောင့်မှအဘယ်ကဲ့သို့မျှ ကြည့်နိုင်မြင်နိုင်စွမ်း အားရှိသူများ မဟုတ်ချေ ။ ယင်းကိုလိုနီသမိုင်းဆရာကြီးများက ရှေး မြန်မာသမိုင်းနှင့် သက်ဆိုင်သော အချင်းအရာ၊အဖြစ် အပျက်များကို သေးငယ်သိမ်ဖျင်းအောင်ရေးသားခဲ့ကြခြင်းများသည် စင်စစ်တော့ မဆန်းလှချေ ။ ၎င်းတို့ အနက် အချို့သောသမိုင်းဆရာများက မြန်မာတို့၌ သမိုင်းမတိုင်မီခေတ်ပင်လျှင် မရှိသယောင်ယောင်ရေး သားခြင်းပြုလေ့ရှိကြလေသည်....... ”

ဦးကိုလေး/ဇေယျာမောင်
==============

“ကားလ်မက်(Carl Max) ၊ အက်ဖ်အိန်ဂျယ် (F. Angel) တို့ရေးသော “ On Colonialism ” စာအုပ်တွင် နယ်ချဲ့ကိုယ်ကျိုးပြုသမိုင်းဆရာတို့ သမိုင်းကိုရွဲ့စောင်းရေးခဲ့သမျှ ကားလ်မက်(Carl Max) ၊အက်ဖ်အိန် ဂျယ် (F. Angel) တို့က ပြန်လည်တည့်မတ်ပေးပုံ........”

ဦးတင်မောင်ရင်-မဟာဝိဇ္ဇာ
===============

“ .....ဤစာအုပ်(သီပေါမင်းနှင့် အင်းဝမြို့စား ဒဖရင် (Duffaring) ဦးတင်မောင်ရင်-မဟာဝိဇ္ဇာ ၊ ၁၉၇၅) ကို ဘာသာပြန်ထားသည် မှန်သော်လည်း နိုင်ငံ၏ဂုဏ်သိက္ခာ ၊ လူမျိုး၏ဂုဏ်သိက္ခာကို ထိခိုက် စေမည် ဟုယူဆ ရသော အချို့စာကြောင်းများကို လုံးဝဖြတ်တောက် ထားပါသည် ။ သမိုင်းဆိုင်ရာအချက်အလက် သဘော ကွဲလွဲမှုရှိသည့် နေရာများတွင် အောက်ခြေမှတ်စုများဖြင့် ဖြည့်စွက်ထားပါသည် ။ သီပေါမင်းနှင့် မည်မျှပင် ဆက်ဆံရေးပြေပြစ်သည်ဖြစ်စေ ၊ စုဖုရား လတ်မည်မျှပင် သိမ်မွေ့နူးညံ့သည်ဖြစ်စေ ၊ ပြင်သစ်ကုန်သည်တို့ ၏ခြေသွက်မှု လုံးဝမရှိသည်ဖြစ်စေ ၊ နယ်ချဲ့ဗြိတိသျှသည် အထက် မြန်မာနိုင်ငံကို သိမ်းယူမည် မုချဧကန် ပင်ဖြစ်ပေသည် ။ အနှေးနှင့် အမြန်သာကွာခြားမည်.........”

ဦးမောင်မောင်လေး ၊ ဦးဟန်ဌေး
==================

“...ယဉ်ကျေးမှု အထက်တန်းကျလှသည်ဆိုသော(အင်္ဂလန်) နိုင်ငံက အားနည်းလှသောမြန်မာနိုင်ငံငယ်ကို တိုက်ခိုက်၍အနိုင်ယူမှုကား ဂုဏ်ယူစရာ အကြောင်းမတွေ့ရပေ ။ ဗြိတိသျှတို့က သီပေါမင်းကို နန်းချလိုက် ပြီးနောက် ငါးနှစ်တိုင်တိုင် မြန်မာတို့က သူ့ကျွန်မခံပဲ ပုန်ကန်ထကြွလေသည် ။ ဤတော်လှန်မှုအကြောင်း ကိုဟောလ် (D.G.ZE.Hall)၏ စာအုပ်၌တွေ့ရမည် မဟုတ်ပေ ။ မြန်မာတို့၏ နယ်ချဲ့ဆန့်ကျင်တော်လှန်မှု လုပ်ကိုင်နေကြသူများကို ဟောလ်က လှည့်လည်နေသော ဓားပြဂိုဏ်းများဟု အမည်ပေးခဲ့လေသည် ။ မြန်မာလူဆိုး(ဓားပြ)ဆိုသူတို့သည် သေနတ်ပြောင်းဝ၌ အပြုံးအပျက် ဆေးလိပ်သောက်ရင်း အသေခံသွား ကြလေသည် .........”

ဒေါက်တာခင်မြကြူ
===========

“.... အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ရီပွန်က ပြင်သစ်သီလရှင်နန်းတွင်းအပျိုတော် သေရေ့စ်(Therese) မှတဆင့် စုဖုရားလတ်ထံ ပြင်သစ်နှင့်ဆက်ဆံရေး ရပ်ဆိုင်းပေးပါရန် ဆက် သွယ်ကြိုးပမ်းပုံများ ၊ ဗြိတိသျှ တို့ မြင်ကွင်းမင်းသားကြီးနှင့် ညောင် ရမ်းမင်းသား အကြားခြေရှုပ်ခဲ့ပုံများ ၊ မန္တလေးတွင် ပြင်သစ်ဘဏ် တည်ထောင်ရေး နှင့်စပ်လျဉ်း၍ ဗြိတိသျှသမိုင်းပညာရှင်များ၏ ပုံကြီး ချဲ့ထွင် ဝေဖန်ရေးသားမှုများ ၊ ယနေ့တိုင် သမိုင်းပညာရှင်များ လော ကတွင် အငြင်းပွားနေကြဆဲဖြစ်သည့် ပြင်သစ်ဝန်ကြီးချုပ် ဖရေစီနေ ကိုယ်တိုင်ဖွင့်ဟဝန်ခံချက်များ ၊ မြန်မာ့နန်းရိပ်ကိုခိုပြီး မြန်မာနိုင်ငံ အား ဗြိတိသျှတို့လက်တွင်း မရောက် ရောက်အောင် ခြေပုန်းခုတ်၍ ဆောင်ရွက်ခဲ့သော မန္တလေးမြို့ရှိ နိုင်ငံခြားသံအရာရှိငယ်တစ်ဦး၏ ရှုပ်ပွေပုံ များ စသည်တို့ဖြစ်သည်.........”

ရွှေဘိုမိမိကြီး
=======

“.........သီပေါဘုရင်က “ အင်္ဂလိပ်တို့ ဤမျှ အနိုင်အထက် ရန်စ ကျူးကျော်ခြင်းကို ခေါင်းငုံ့ခံ၍မသင့် ၊ စစ် ဖက်ကြရပေမည် ၊ ခုခံ တိုက်ခိုက်ရန် အသင့်စီစဉ်ကြရမည် ” ဟူ၍ အဆုံးအဖြတ်ပေးသော အမိန့်တော်ကို ချမှတ် လိုက်လေ၏.......”

ဦးမောင်မောင်တင်-မဟာဝိဇ္ဖာ
================

“......၁၉၄၇ခု ၊ ဗိုလ်ချုပ်အောင်ဆန်းတို့၏ လုပ်ကြံမှုကို ဖန်တီးသူ တို့ကား မည်သူတို့နည်း ။(အင်္ဂလိပ်)နယ် ချဲ့ပရောဂ ဖြစ်ကြောင်း အထင်အရှား တွေ့ခဲ့ကြပြီ ၊ ၁၂၂၈ ခုနှစ်အတွင်း မန္တလေး နန်းတွင်း ရေး၌ နယ်ချဲ့ များ မည်မျှဝင်ရောက်နေကြ ပြီနည်း ။ နောက်ပိုင်း၌ မြင်ကွင်းနှင့်မြင်းခုံတိုင်စားတို့အား အင်္ဂလိပ်တို့ကူညီ နေပုံများကို တွေ့ရခြင်းပင်လျှင် နယ်ချဲ့၏ ပရောဂမကင်းခဲ့ပုံကို ရိပ်စားဖွယ် ရှိလေသည် .....”

သမိုင်းသက်သေတည်ပါစေ
================
အထက်ပါ အထင်ကရ နိုင်ငံကျော်စာရေး ဆရာများသည် စာဖတ် လေ့လာအား အလွန်ကောင်းသူများသာ ဖြစ်ကြသည် ။ အကြောင်းအ ရာတစ်ခုကို ရှုထောင့်အမျိုးမျိုးမှ တိုက်ဆိုင်စစ်ဆေး နိုင်စွမ်းရှိသူများ လည်း ဖြစ်သည် ။ ဆရာကြီး ၊ ဆရာမကြီးတို့သည် စာဖတ်ပရိတ် သတ်အပေါ် အမှန်တရားများ မမြင်နိုင်ဖြစ်မည်ကို စိုးရိမ်လျှက်ရှိ နေကြောင်း အထက်ပါ စာပိုဒ် လေးများမှတဆင့် ခံစားသိနိုင်သည် ။ စာရေးဆရာကောင်းတို့ မည်သည် မိမိကလောင်စွမ်းဖြင့် စာဖတ်သူ တို့ကို အဆိပ်မခပ်တတ်ကြပါပေ ။ သမိုင်းဆိုသည် ကြာမြင့်လှ ပြီဖြစ် သော အတိတ်ကာလများဆီက အထင်ကရပုဂ္ဂိုလ်တို့၏ အဖြစ်သ နစ်များ ကိုမှတ်တမ်းတင်ထားသော အကြောင်းအရာဖြစ်သည် ။ လူတိုင်းသည် ဖတ်ရှုလေ့လာအား ကောင်းမည်ဆိုပါ က စာအုပ်စာ တမ်းများ ၊ ရုပ်ပုံပန်းချီကားများ ၊ သမိုင်းဝင်အဆောက်အဦးများ ၊ ရှေးဓါတ်ပုံများ မှတဆင့် အရာအားလုံးကို ကိုယ်တိုင် ဆက်စပ်တွေး ခေါ် ကာအဖြစ်မှန်ကိုတိုက်ဆိုင်စစ်ဆေး နိုင်ပါလျက်နှင့်တစ်ခုသော အသိ ၊ အမြင်နှင့်သာ သမိုင်းကို ဆုပ်ကိုင်ထားကြတော့မည်လော ။ သို့ဖြစ်ပါ၍ အထက်ပါစာပိုဒ် လေး များမှတဆင့် အသိတစ်ခု ရလိုက် ကြပါရန် နှင့် ထိုမှတဆင့် ဆက်လက်လေ့လာနိုင်ကြပါစေ ဟုဆန္ဒ ပြုရင်း ။

သျှင်လေညင်း ။ (၆ ၊ ၉ ၊ ၂၀၁၃) ။

ကိုးကား ။ တော်ဘုရားလေး(အောင်ဇေ)။ လန်ဒန်ရောက် ပတ္တမြားငမောက် နှင့် တော်ဝင်ရတနာပစ္စည်းများ ။

AddThis