မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Saturday 23 February 2013

ယခုသမိုင်းအထောက်အထားနှင့်ပတ်သတ်၍ မှတ်သားစရာများကို ဗဟုသုတအဖြစ် တင်ပြပေးပါမည်။

(၁) သမိုင်း တခုကို သုတေသနပြုစုရေးသားလျှင် ဆိုင်ရာပြည်တွင်း ခေတ်ပြိုင် ကျောက်စာ အစရှိသော မှတ်တမ်းများသာမက ပြည်ပ ခေတ်ပြိုင်မှတ်တမ်းများ ပြည်ပအထောက် အထားများကိုလည်း ရနိုင်သမျှရှာဖွေလေ့လာ စူးစမ်း ကြည့်ရှရပါမည်။
 (၂) တဆင့်ကြားစကား တဆင့်ကြားမှတ်စု မှတ်တမ်းများတို့မှာ စိတ်မချရ၍ ယင်းတို့ကို သုံးစွဲခြင်း မပြုရပေ။

 (၃) ခေတ်ပြိုင် ကျောက်စာ ပစ္စည်းစာရင်း မှတ်တမ်းမျိုးများ ခေတ်ပြိုင်ပြည်ပမှတ်တမ်း တွင်ပါရှိသော အထောက်အထားတို့ကို ခေတ်ပြိုင်ရာစုနှစ်အချိန်ကာလ ကိုက်ညီစွာ ဖော်ပြ ဆက်စပ်ပြောဆိုရပါမည်။( ခုနှစ် အချိန် မကိုက်ညီစွာ လွဲမှား ဆက်စပ် ဖော်ပြခြင်းမျိုး မဖြစ်ရပါ။
 (၄) ယင်းမှတ်တမ်းတို့ပါ သက်ဆိုင်ရာလူမျိုးနှင့် နိုင်ငံသမိုင်း အထောက်အထားများကို ပေါ့ဆ ကျန်ရစ်ခြင်းမျိုး တမင်မဖော်ပြလို၍ ချန်လှပ်ခြင်းမျိုး မရှိပဲ အပြည့်အစုံ မချွင်းမချန် ဖော်ပြရပါမည် ။
 (၅) ရေးသားဖော်ပြချက်များနှင့်ပတ်သက်ပြီး သုတေသန စာတမ်း တစ်စောင်နှင့်တစ်စောင် ရှေ့နောက်မညီခြင်း ၊ သုတေသန စာတမ်းတစ်စောင်တည်း အတွင်းပင် ရေးသားဖော်ပြချက်များ ရှေ့နောက်မညီခြင်းမျိုး မဖြစ်ရပါ။
 (၆) ရေးသားပြောဆိုသော အချက်တို့အတွက် ဆိုင်ရာခေတ်၏အထောက်အထားများ ပါရပါမည်။( အထောက်အထားမဲ့ မှန်းဆ ရော်ရမ်း ပြောဆိုခြင်းများသည် မှန်းချက်အဆင့် ( conjecture ) အဆင့်သာဖြစ်၍ သမိုင်းမိုင်းမှန်အချက် ( သမိုင်းသီအိုရီ ) အဆင့်သို့ ရောက်မလာပါ။ထိုသို့သောမှန်းဆချက် မှန်းခြေပြောဆိုချက်များကို ဆရာစွဲ၊ ပုဂ္ဂိုလ်စွဲ ၊အုပ်စုစွဲ ၊ဂိုဏ်းစွဲ ၊လူမျိုးစွဲ ရှိသူမျိုးတို့သာ လက်ခံမည်ဖြစ်ပြီး ပညာရှင် ( ပီသသူ) တို့ကလက်ခံ သဘောတူခြင်းမရှိပါ။
 (၇) နောက်ခေတ်တွင် ထပ်မံတွေ့ရှိရသော အထောက်အထား များအရ ရှေ့ခေတ်မှ သမိုင်းအယူအဆ သမိုင်းကောက်ချက်မှားယွင်းကြောင်းတွေ့ရလျှင် မှားယွင်းကြောင်း တွေ့ရသောကနဦး သမိုင်း အယူအဆ သမိုင်းကောက်ချက်တို့ကိုပယ်ပြီး သမိုင်းမှန်ဖြစ်အောင် အသင့်ပြန်ပြင်ရေး ရပါမည်။ (၈) အထောက်အထား မခိုင်လုံပါပဲ စိတ်ကူးယဉ် လိုရာဆွဲ ရေးသားပြောဆို ကောက်ချက်ချခြင်း များကို ရှောင်ကျဉ် ရမည်။ အထက်ပါ အချက် (၈) ချက်ကား သမိုင်းပညာ၏လုပ်ထုံး၊လုပ်နည်း၊စည်း ၊ ဘောင် ပင်ဖြစ်ပါသည်။ ဘုန်းတင့်ကျော် - လွန်ခဲ့သောနှစ်၂၂၀၀ ကျော်အထောက်အထားရှိခဲ့သည့် မြန်မာတို့၏သမိုင်းအမှန်(2010)

AddThis