မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Thursday 28 February 2013

Gordon Hannington Luce(G.H.Luce)

မွေးသက္ကရာဇ် - ၂၀၊၁၊၁၈၈၉
 မွေးရပ် - Gloucester England
 ကွယ်လွန်ချိန် - ၃၊၃၊၁၉၇၉( အသက် ၉၀)
 ကွယ်လွန်သည့် နေရာ - Jersey
နိုင်ငံသား - British
 အခြား အမည် - G . H . Luce
 အလုပ်အကိုင် - မြန်မာ့သမိုင်းပညာရှင်၊တက္ကသိုလ် ပါမောက္ခ၊ စာရေးဆရာ၊
 ဇနီး - Tee Tee Luce ဒေါ်သီသီ (၁၉၁၅-၁၉၇၉) မိခင်တက္ကသိုလ် - Emmanuel College , Cambridge Dean Closed School
 သား/ သမီးများ - John Luce , Sandra Luce

 အတ္ထုပတ္တိအကျဉ်း - Anglican minister John James Luce ၏ သားသမီး ၁၃ ယောက်ထဲမှ ၁၂ ယောက်မြောက် ကလေးဖြစ်သည်။ကိန်းဘရိတ် ကောလိပ်တွင်ဂန္တဝင်အင်္ဂလိပ်စာ အထူးပြုနှင့် ပညာသင်ကြားခဲ့သည်။ ၁၉၁၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ပါမောက္ခ အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ သည်။ အလုပ်လက်တွဲဖော်မှာပါဋိ ပညာရှင်ကြီး ဦးဖေမောင်တင်ဖြစ်သည်။သူသည် မြန်မာ့ယဉ်ကျေးမှုနှင့် လူနေမှုစရိုက်ကို အထူးစိတ်ဝင်စားသူဖြစ်ပြီး အထူးသဖြင့် မြန်မာ့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံအပေါ် အင်မတန်မြတ်နိုးသူ ဖြစ်သည်။ သူ့၏ဘဝတစ်လျောက်လုံးကို မြန်မာ့ယဉ်ကျေးမှုနှင့် သမိုင်းဖြစ်ရပ်များအပေါ်မြှုပ်နှံထားခဲ့သည်။လက်တွဲဖော်မှာ ဦးဖေမောင်တင်၏ နှမဒေါ်သီသီ ဖြစ်သည်။၎င်း တို့နှစ်ဦးသည် ၁၉၁၅ ခုနှစ်တွင် လက်ထပ်ခဲ့ပါသည်။၎င်းတို့တွင် ဂျွန် နှင့် စန္ဒရာ ဟူသော သားနှင့် သမီး နှစ်ယောက်ရှိသည်။ မြန်မာ ဘာသာ၊ မြန်မာစကား ၊ကိုကျွမ်းကျင်၍ ကရင်ဘာသာ ၊ကရင်စကားကိုလည်း လေ့လာသည်ဟုသိရပါသည်။ပထမကမ္ဘာ စစ်အပြီးတွင် သူ၏ မြန်မာနိုင်ငံအပေါ်စာနာထောက်ထားမှုကို အင်္ဂလိပ်အစိုး ရမှ မသင်္ကာ၍ ရာထူးတိုးခြင်းကို ရပ်ဆိုင်းထားခြင်းခံရပါသည်။သူသည် သူ၏လက်ကျန်ဘဝ တစ်လျောက်လုံးကို မြန်မာနိုင်ငံတွင် ကုန်ဆုံးလိုသော်လည်း မြန်မာနိုင်ငံမှ ထွက်သွားရန် နှစ်ကြိမ်တိုင်ဖိအားပေးခံခဲ့ရသည်။ ၁၉၄၂ ဂျပန်ဝင်သောအချိန်နှင့် ၁၉၆၄ တော်လှန်ရေးကောင်စီအစိုးရ တက်လာသောအခါ နိုင်ငံခြားသား နေထိုင်သူများကို ထွက်ခွာသွားစေသောအချိန်တို့ ဖြစ်သည်။ သူ၏နောက်ဆုံးနေ့များကို ဂျာစီရှိ ကျွန်းငယ်လေးတွင် သုတေသနလုပ်ငန်းများကိုဆက်လက်လုပ်ကိုင်ယင်း စာပေများသင်ကြားပို့ချခြင်း တို့ကိုလုပ်ကိုင်ယင်း ၁၉၇၉ ခုနှစ် မတ်လ (၃) ရက်နေ့ အသက် ၉၀ သုံးလ နှင့် ဆယ့်သုံးရက်အရွယ်တွင် ကွယ်လွန် ခဲ့သည်။ သူသည် ဘာသာစုံတတ်ကျွမ်းသောပညာရှင် ၊ကျောက်စာ ကျွမ်းကျင်သူ၊ ရသစာပေ ကျွမ်းကျင်သူ ၊လူမျိုးနှင့်သရုပ်ခွဲခြင်းပညာရပ် ကျွမ်းကျင်သူ၊သမိုင်း ရာဇဝင် ကျွမ်းကျင်သူ အဖြစ် ကျယ်ဝန်းလှသော ပညာရပ်နယ်ပယ်စုံတွင် ကျင်လည်ခဲ့သည်။ထင်ရှားသောစာအုပ်များမှာ - Old Burma-early Pagan -Art and architecture of Burma and Capital city Pagan in 11th and 12th centuries - Phase of per- Pagan Burma, on the earlier history of Burma , appeared posthumously တို့ဖြစ်ပါသည်။သူရေးသားခဲ့သောစာအုပ်များသည် ခိုင်လုံပြီး ကျယ်ပြန့်သောကြောင့် အနောက်တိုင်းမှ လူအများ က အကိုးအကားအဖြစ်အားထား နေကြပါသည်။ သျှင် လေညင်း ။ (၂၈၊၂၊၂၀၁၃) photo from nla.gov.au ဝဲမှယာ ။ဒေါ်သီသီ(ဇနီး)၊မစ္စတာ လုစ်၊ဒေါ်ရာ(ညီမ) ၊ဂျွန်(သား)၊စန္ဒရာ(သမီး) Ref: ;Wikipedia

AddThis