မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Sunday 7 July 2013

ဗိဿနိုး မြို့ ဟောင်း ဆိုင်ရာ ယခင် တူးဖော်တွေ့ ရှိ ချက်များကို ချေပခြင်း ။

2003 June 10 တွင် ဗိဿနိုး မြို့ ဟောင်း နေရာ မှ တူးဖော် တွေ့ ရှိ ခဲ့သော ဗုဒ္ဓ ရုပ်ပွား တော် တစ်ဆူ ကြောင့် ယခင် အယူ အဆများ ပြေပျောက်ခဲ့ ရပါ သည် ။ ယခင်က ဗိဿ နိုး မြို့ ဟောင်းတူးဖော်ရာ တွင် မည်သို့ သော သာသ နာ အထောက် အထား တစ်စုံတ ရာမှတွေ့ ရှိခြင်း အလျင်း မရှိခဲ့ ပေ။ သို့ ဖြစ် ရာ အေဒီ ၁ရာစု ခန့် ကစည်ပင် ခဲ့ သော ဗိဿနိုး မြို့ ဟောင်းတွင် မည်သည့် သာသနာ ကိုးကွယ်မှု အထောက်အထား များမရှိ ဟူသော အယူအဆ များနှင့် ဗိဿနိုး သည် ကိုးကွယ်မှု တစုံတရာ မရှိဟန် ယူဆခဲ့ ကြ ပေသည် ။ မြန်မာ နိုင်ငံ ရှေးဟောင်း သုတေ သန ဌာနမှ တူးဖော် တွေ့ ရှိသော ဆင်းတု တော် သည် ဗိဿနိုး ခေတ် ၏ ဗုဒ္ဓ သာ သနာ အထောက် အ ထား ကိုလှစ်ဟ ပြ လိုက်သည် သို့ ပင် ။ သမိုင်း သက်သေတည် မှ အသိပေးထား သလိုပင် မြေ ထဲ သမိုင်း တဖြစ်လဲ ရှေးဟောင်း သုတေ သန အပိုင်း တွင် အချက် အလက် များစွာ ကို အသစ် အ သစ် သော တူးဖော် တွေ့ ရှိမှု များနှင့် ဆ က်စပ် ဖော် ထုတ် ရပေသည် ။ သမိုင်း ပညာ ရှင် တို့ ၏ တာဝ န်မှာ ကွင်းဆက် ပြတ် နေ လျှင် ဖြစ်တန် ဖြစ်ကောင်း ဘွယ်ရာ၊ ဖြစ်နိုင်ဘွယ် ရာ ရှိသည် ဟူ၍ အနု မာန နှင့် ယာယီ ဖြည့်ထား ပေးရ ပေမည် ။ သို့ မှသာ နောင်ဆက် ခံသော သမိုင်း ပညာ ရှင်မှ အသစ်တွေ့ ရှိချက် များရှိ လာလျှင် အလွယ်တကူ ပြန်လည် အ တည်ပြု ရေးသား နိုင် မည် ဖြစ်သည် ။ ဗိဿနိုး မြို့ ဟောင်း ဆိုင်ရာ အရေး ပါသော တွေ့ ရှိချက် ဖြစ်သည့် ဤ ဆင်းတု တော် တွေ့ ရှိမှု ကို ဥပမာ ယူ၍ သမိုင်းဘာသာ ရပ် တွင် မည်သို့ မျှ အတည်သဘော မရှိနိုင်ကြောင်း ၊ မည် သည့် ဖြစ်ရပ်ကိုမျှ ပုံသေတွက် ချက် မထားသင့် ကြောင်း သတိချပ် နိုင်ကြ စေရန် ပြန်လည် ဖော်ထုတ် တင်ပြလိုက် ပါ သည် ။


သမိုင်း သက်သေတည်မှ မှတ်ချက် ။
**********************

ဆင်းတုတော် ၏ အသေးစိတ် အချက် အလက် များကို ဌာန တွင်း ထိမ်းချုပ် ထား မှုကြောင့် သိရှိရန် ခက်ခဲ ပါသည် ။ သို့ သော် စကေးအ မြင်အရ ဆင်း တုတော် မှာ ခြေချ ထိုင် နေဟန် ရှိ၍ သက်တောင့် သက်သာ အ နေအထား ကိုဖော်ကျူး သည်။ ဆိုလိုသည်မှာ တရားပြနေခြင်း ဖြစ်ဟန် မတူ လှပေ ။ ရှေ့ တွင် ချထားသော စကေး သည် လက်မ အတိုင်း အတာ သာ ဖြစ် မည် ဆိုပါ က ဆင်းတု တော် မှာ ဥာဏ် တော် ၃ပေ ခန့် ရှိ၍ လုံးပတ်မှာ ၁ ပေ ခန့်  ရှိ မည် ဟု ခန့် မှန်းရသည် ။ ဆရာ (စပ် ထွန်း မှတ်ဝင်း ရေးသား ထား သော မြန်မာ့ ရိုးရာ ပဋိ မာ သိပ္ပံ ပညာ မုဒြာ များ စာအုပ် ) တွင် ပါဝင် သော ' ဗုဒ္ဓ သမဏ မုဒြာ " ဟန် နှင့် ဆင်တူ ပေသည် ။ ဘုရား ရဟန္တာ များ နှုတ် ဆက် သော ဟန် ဖြစ်သည် ။ လက်ယာ လက်တော် သည် လက် ကောက် ဝတ် ကို နောက်သို့ ကွေးထားပြီး လျှင် လက်ချောင်းများ ကို ဖြန့် ထားကာ လက်ဝါးကို အပေါ်သို့  လှန်ထားသည်ကို ဗုဒ္ဓသမဏ မုဒြာ ဟု သတ်မှတ်ထား ပေသည် ။ တစ်ဦး နှင့် တစ်ဦး တွေ့ ဆုံသောအခါ နှုတ်ဆက်စကား ပြောကြား လိုသော အမူအရာ မျိုး ကို ပြလိုခြင်း ဖြစ်သည် ။ သမဏာ နဉ္စ ဒဿန မင်္ဂလာ၊ ပဏ္ဍိ တာ နဉ္စ သေဝန မင်္ဂလာ ၊ သုဘာ သိတာ ယာဝါ စာ မင်္ဂလာ များ ကို သရုပ် ဆောင် ပြထား သည် ။ သင်္ဂါရ ရသ ၊ သန္တရသ တို့ကို ပေါ်လွင် စေ သည်။ မေတ္တာ ပါရမီ စခန်း သို့ ညွှန်ပြ ထား သည် ။ လက် ဟန် ခြေ ဟန် များ ကို ထောက်ဆ ၍ အလွန်တောင်း ခက်မာ နေပါက ရှေးကျသော ရုပ်တုများဖြစ် ကြောင်း လက် ချောင်း လက် ညှိုးလက် ထား ဟန် တို့မှာ ပျော့ပြောင်း ကျန လာပါက နှောင်း လက်ရာ များ ဖြစ်ကြောင်း ခွဲခြားနိုင် ၍ ရှေး ကျလှ သော လက်ရာ အဖြစ် ပုံကို ကြည့်ရုံ နှင့် သိရှိနိုင် ပေသည် ။ ခရစ်နှစ် ၅ ရာစုကျော် အချိန်လောက်မှ ဂန္ဓာရ အနုပညာ တွင် ဗုဒ္ဓ ရုပ်ပွား တော်များ တွင် မုဒြာများ ကို အသုံးပြု လာ ကြသည် ဆိုလျှင် ဤ အချက်ကို ထောက်၍ အေဒီ ၅ ရာစု နောက်ပိုင်း လက်ရာ ဖြစ်မည် ဟု အကြမ်းဖျဉ်း ခန့် မှန်း နိုင်သည် ။ တဖန် အေဒီအစောပိုင်း ရာစုများအတွင်း ရေးဆွဲခဲ့ သော အဇန္တာ ဂူတွင်း ဆေးရေး ပန်ချီကား များနှင့် အနုရုဒ္ဓါ မတိုင်မီ ရှေးခေတ် မြန်မာ နိုင်ငံတော် ဟုဆိုနိုင် သည်ဖြစ် သော ဗိဿနိုး ၊သရေခတ္တရာ ၊ ဟန်လင်း ၊ပုဂံဒေသရှိ အဆောက်အ ဦး များ ၊ စေတီပုထိုးများ ၊ဆင်းတုတော်များ ၊ရုပ်လုံး ရုပ်ကြွများ သည် တန္တရာယာန အငွေ့ အသက်များ မကင်း လှသောကြောင့် ထေရဝါဒ အယူဆိုင်ရာ ဗုဒ္ဓ ရုပ်ပွားတော် မဖြစ်နိုင်ပေ ။ ခေတ် လက်ရာ ကို ခန့် မှန်းရန် မှာ ပါရဂူ နှင့် သက်ဆိုင်ပေ သောကြောင့် သမိုင်း သက်သေတည် မှ အတည်မပြု နိုင်ပေ ။ သို့ ဖြစ်ပါ ၍ တတ်သိ နားလည်သူ များ ဤ ဆင်းတုတော် အကြာင်း သိသူ များ မှ ဝင်ရောက် ဖြည့်စွက်ပေးပါရန် မေတ္တာ ရပ်ခံ ပါသည် ။ ကျေးဇူးတင် စွာဖြင့်
...သမိုင်းသက်သေ တည်ပါစေ
၇ ၊ ၇ ၊ ၂၀၁၃ ။

AddThis