မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Saturday 6 July 2013

သမိုင်းကြောင်းတို့  တိုက်ဆိုင်ရာ ။


ပြောရရင် တော့ သမိုင်းဆို တာ ဆုံချက်လေး ရှိရမယ် ။ သဘောက ခေတ်ပြိုင် မှတ်တမ်းတွေ တိုက်ဆိုင်ရမယ် ။ရေမြေဒေသ နီးစပ် တဲ့  နေရာတွေမှာ သမိုင်းကြောင်း အချက်အလက် တွေဆက်နွယ်နေရမယ် ။
သေချာလေ့လာ လိုက်မိတော့ မြန်မာ့နိုင်ငံ တိုင်းရင်းသားတွေ ရဲ့  သမိုင်းဟာ ရာဇဝင် ပိုင်းမှာ တိုက်ဆိုင်မှုတွေ ရှိနေတာကို တော့တွေ့ ရပါတယ်။ အကြောင်းက ခေတ်ပြိုင် သဘောမျိုး မှတ်တမ်းတင် ထားတာမဟုတ်ပဲ အလွန်တရာ မှနောက်ကျနေပြီ ဖစ်သော အချိန်ကာလမှာ ရေး ခဲ့ ကြလို့ ပဲ ။ ရေးခဲ့ တဲ့  အချိန်ကာလ အလိုက် ဘုန်းမီးနေလ တောက်ပြောင် နေသူတွေ က အသာစီး မှနေပြီး ရေးခဲ့ တဲ့  အဂတိသဘော မလွတ်တာလေး တွေ အနဲ အများဆို ပါနေတာမို့ လို့  တိုက်ဆိုင်သော အကြောင်း အချက်အလက်တွေ ကို သာလိုရာဆွဲ ကိုးကားတတ်ကြပါတယ် ။ ကမ္ဘာ့  သမိုင်းနယ်ပယ် တွင် ပေါက်ပေါက်မြောက်မြောက် ရှိကြသော ပုဂ္ဂိုလ်တို့  စွတ်စွဲကြသလို ရာဇဝင်ကြီး များဟာ မင်းလိုလိုက် မင်းကြိုက် ဖန်တီးခဲ့  ကြတယ် ဆိုတာ ကိုလဲ ငြင်းမရတာတော့ သေချာပါတယ် ။ သို့ သော် ခေတ်ကာလ အလိုက် ထိုရာဇဝင် ကျမ်းကြီးများ ၏အကိုးအကား ကိုမည်သည့်နေရာမှ ရသည်ကို မဖော်ထုတ်နိုင် သေးသရွေ့ ကတော့ တိုင်းရင်းသား တို့ ၏ ရာဇဝင် များကို လျစ်လျူရှု ပစ်ရန် လုံးဝမဖြစ်နိုင်သေးပေ ။ လွန်လေပြီး သော သမိုင်းပညာ ရှင် တို့ ကို ကျမတို့  လေးစားကြရမည် မဟုတ်ပါလား ။


ဒီနေရာမှာ ဦးအောင်သန်း မန္တလေး ၏ အာဘော်လေး ကို တင်ပြပေးချင်ပါ တယ်။
( ယနေ့ ကမ္ဘာပေါ်တွင် ပညာရှင် အသီးသီးတို့  သုတေသန ပြုလျက်ရှိသည့် ဘာသာရပ် များအနက် မတတ်သူကော တတ်သူပါ လူတိုင်းလို ပင် ဝင်၍ ငြင်းခုန်တတ် ၊ ဝေဖန်တတ်သော ဘာသာရပ်ကို ပြပါ ဆိုလျှင် - သမိုင်း ဘာသာရပ်ကို - သာ ပြရပေလိမ့် မည် ။ မှန်ပါသည်။ သမိုင်း သည် ငြင်း ၍ ဝေဖန် ၍ အကောင်းဆုံး သောဘာသာရပ်ပင် ဖြစ်ပါသည် ။ မည်မျှ လောက်တော်သည့် နှံ့ စပ်တတ်ပွန် သည့် ၊ တိကျသည့် သမိုင်း ပညာရှင် ဖြစ်ပစေ ၊ ဝေဖန်ခံ ရစမြဲ ပင်ဖြစ်ပါသည်။ ထို့ ကြောင့် သမိုင်း ပညာ ရှင်တို့ အနေနှင့် အကိုးအကား အထောက်အထား ခိုင်လုံစွာ ပြနိုင်ဖို့  အား ထုတ် ကြရသည် ။ ထိုအထဲက ပင် ဝေဖန်ခံ ရခြင်းမှ လွတ်ကင်းသည် မရှိပဲ ၊ နည်းနည်းတိမ်းလျှင် နည်းနည်း ၊ များများတိမ်းလျှင် များများ ဝေဖန်ခံရ စမြဲ ပင် ၊) ။
( ပုဂ္ဂိုလ် တစ်ခြား ၊ တရားတသန့်  ) ရှုတတ် သုံးသပ်တတ် သော အဂတိ ကင်းသော ၊ သမိုင်းကြောင်း ကို သမိုင်းအမြင်ဖြင့်သာ ကြည့်တတ် သော မြန်မာ့ တိုင်းရင်းသား သမိုင်းပညာ ရှင် များစွာပေါ် ထွန်းပါ စေ ရည်သန်လျက် ။

- သမိုင်းသက်သေတည်ပါစေ
_________________________________________________________________

ဤပို့ စ်သည် Group တစ်ခုထဲ မှ တွေ့ မိခြင်းဖြစ်သည် ။ သမိုင်းသက်သေတည် မှ ပညာရှင် ကိုလေးစားသော အားဖြင့် မှတ်ချက် တစုံတရာ မပေးလို ပါ ။ထို့ ပြင် အနုရုဒ္ဓါ လက်ထက် တွင် ကျောက်စာနှင့် ကိုးကားတိုက်ဆိုင် ရသော သမိုင်းမှတ်တမ်း မှာ လွန်စွာ နည်းပါးလျက် ရှိကြောင်း သမိုင်းသက်သေတည် မှအသိပေး ပြီးဖြစ်ပါသည် ။ မြန်မာနိုင်ငံတွင် ရှေးသုသေနေ ဌာန မှ မြန်မာ့ သမိုင်း ကို တိုက်ဆိုင်ဖော်ထုတ်လျက် ရှိနေပါ၍ ဆက်လက် လေ့လာပါရန် တိုက်တွန်းပါသည်။

မြန်မာ့ သမိုင်းမှာ လွဲချက်ကတော့ တက်တက်စင်ပဲ

(၁)အနော်ရထာ တရုတ်ပြည် သွားစွယ်တော်ပင့်တယ် ။

(၂)မင်းကြီး မင်းလေး(တောင်ပြုံးကိုယ်တော်နှစ်ပါး) က တရုတ်ဘုရင် ဦးတည်ဘွား အိပ်ဆောင်ထဲအထိဝင်ပြီး လည်ပင်းထုံးသုံးချက်တားခဲ့တယ်။

(၃)မောသျှမ်းဘုရင်ကြီးက သမီးတော် စောမွန်လှကို ဆက်သတယ် ဆိုပြီးတက်တက်စင်အလွဲတွေကိုတွေ့ရတယ်။

အမှန်က

(၁)အနော်ရထာတို့သွားခဲ့တာ တရုတ်ပြည် မဟုတ်ဘူး (အဲဒီအချိန်က) နန်းစောမဟာဧကရာဇ် နိုင်ငံတော်ကိုသွားခဲ့တာပဲ နန်းစော ဆိုတာ သျှမ်း ဧကရာဇ်နိုင်ငံတော်ပဲ သူ့အာဏာစက်က အရှေ့တောင်အာရှတခွင်နဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်းအထိအင်ပါယာကျယ်ပြန့်တယ်။

(၂)စွယ်တော် ဆိုတာ အခုလက်ရှိတရုတ်ပြည်ကစွယ်တော်မဟုတ်ဘူး တရုတ်ပြည်စွယ်တော်က ရှေးဟောင်းစေတီဌာပနာတိုက်ပြိုကျလို့ ထွက်ပေါ်လာတာမကြာသေးဘူး အမှန်က စွယ်တော်သွားပင့်တာမဟုတ်ပဲ နန်းစောဘုရင်ထံမှာ ပဏ္ဍာသွားဆက်သတာပဲ။

(၃)ဦးတီဘွား ဘုရင်ဆိုတာ တရုတ်မင်းဆက်မှာမရှိဘူး အမှန်က နန်းစော ဘုရင် ဦးတိန်ဖှ (ဝါ)စဝ်ဦးတိန် (သျှမ်းမင်းစစ်စစ်) ။

(၄)မွန်ဂိုလ် တာတာ တွေရန်ကိုကြောက်လို့ နန်းစောဘုရင်ထံ ပဏ္ဍာဆက်ပြီး လက်အောက် ခံဒေသအဖြစ်ခိုလှုံတာအထင်အရှားပဲ။

(၄)အပြန်မှာနန်းစော ရဲ့ စစ်ဌာနချုပ်တခုဖြစ်တဲ့ စယ်လန့် စဝ်ဖှ ထံမှာ သမီးကို တောင်းယူခဲ့တာပဲ စယ် လန် မိုင်းမဝ်းလုံ အင်ပါယာနဲ့ ပုဂံအင်ပါယာ နှစ်ခုကိုယှဉ်ကြည့်ရင် ဘယ်သူကဘယ်သူ့ကို ကြောက်တာလဲ အထင်အရှားမြင်နိုင်တယ် သျှမ်းတွေ ရဲ့အကူအညီကိုရအောင် စယ်လန့် မိုင်းမဝ်းလုံ ဘုရင့် သမီး စဝ့်နန်းမွမ်းလ (စောမွန်လ)ကိုအနော်ရထာတောင်းရမ်းယူခဲ့တာသိသာထင်ရှားတယ်။

(၅)စဝ့်နန်း စောမွန်လှပုဂံကိုလိုက်လာတော့ နောက်ပါအခြွေအရံဘယ် လောက်ပါလာလဲဆိုတာ သိရင်မိုင်းမဝ်းလုံ အင်ပါယာရဲ့ ဘုန်းတန်ခိုး ကိုထင် ထင်ရှားရှားသိသာစေတယ် အခြွေအရံဘယ်နှစ်ယောက်လဲသိချင်ရင် သျှမ်း သမိုင်းလေ့လာပါ ရာ ဂဏန်း ထောင်ဂဏန်း သောင်းဂဏန်း မဟုတ်ဘူး အဲ့ဒီထက်အများကြီးပိုတယ်။

(အိုက်ဆေငံ-မောက်ခမ်း)

photo ; old-antique-knife-dagger-burma-burmese-thai-sword

AddThis