မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Monday 6 May 2013

ကျောက်စာတွင် ပါဝင်သော စာလုံးများကို ဖတ်၍ ရသလောက်ဆိုလျှင်-



၁ ။ သကရာစ် ၈၂၃ ခု တေ
၂ ။ တ် ၈ ရာက် နေ့ နှိုက် ဒ-
၃ ။ ကြီသည် မျာကြီ မိရွေဝါ
၎ ။ တယောက် စ မျာငယ် -
၅ ။ လေ တစ်ယောက် ဤသူ
၆။ နတ်ရွာ လာပါအံ ဟူရုယ်
၇။ ၀် ပ္လု တေ -
၈။လှူ သည့်ကျန်း
ဟူ၍ ရေးထိုးထားပါသည်။



ကျောက်စာ ကို ထားဝယ် မြို့  နဲ့  ၁၈ မိုင် လောက် ကွာတဲ့ "မိန်းမချောရွာ " ( မီးဇော ) ရွာက ရရှိသည်ဟု သိရပါသည်။

(၁)။ ကျောက်စာ၏ လက်ရေးလက်သား နဲ့ စာလုံးပေါင်းတွေ ကို လေ့လာ ကြည့် ရခြင်း အားဖြင့် အင်းဝ ခေတ် မူလထိုး ကျောက်စာဖြစ်သည်။

(၂)။ ကျမ်း အလှူပြုသော အကြောင်းဟု ခန့် မှန်းရပါသည်။

(၃)။ မိန်းမ ၂ယောက်နဲ့ လူ က လှူ ခြင်း (မျာ = မယာ)

* သမိုင်းသက်သေတည်ပါစေမှ ကောက်ချက်-

-ပထမ အင်းဝ ကို တည်ချိန်သည် မြန်မာ သက္ကရာဇ် ၇၂၆ ပျက်ချိန်သည် မြန်မာ သက္ကရာဇ် ၈၈၈ ဖြစ်ရာ ထိုကျောက်စာပါ သက္ကရာဇ် နှင့် အင်းဝခေတ်နှင့် ခေတ်ပြိုင် ရေးထိုးထားပုံနှင့် ပုဂံခေတ်ကတည်းက သလင်ကြေ အထိသက်ရောက်ခဲ့ သော မြန်မာတို့ ၏ နန်းတွင်း သြဇာသည် ထိုအကာလတိုင် ထိုဒေသတွင် တည်မြဲနေသည်ကို သိရှိရသည်။

-အင်းဝခေတ်ရဲ့ စာအရေးအသား ကိုလေ့လာနိုင်ပြီး ထိုကျောက်စာ ရေးထိုး ချိန်က မြန်မာစာ၏ တိုးတက်ပြောင်းလဲနေပုံ ကိုပါ လေ့လာနိုင်သည်။

-ထိုဒေသ၏ ဘာသာရေး ကိုးကွယ်ရာ နှင့် ဘာသာတရားကိုင်းရှိုင်းမှု ကို သိရပါသည်။

-ကျောက်စာများ၏ အလှူ အတန်း အတွက်ရေးထိုးထားတတ်ပုံကို သက်သေ အဖြစ် အလှူစာရင်း ကို တစိတ်တဒေသတွေ့ မိသည်။

-နတ်ရွာလားအံ့ ဟု အလှူ၏ ရည်ရွယ်ချက်ကိုပါ တွေ့ ရ၍ ဘာသာရေး၏ အဆုံးအမ တည်တံ့နေမှုကို လေ့လာမိသည်။

ကျောက်စာမှာ တစိတ်တပိုင်းမျှသာ ဖတ်ရ၍ အားမရမိပါ။ ကျန်အစိတ်အပိုင်းများ ကိုငံ့လင့် မိပါသည်။

ဓါတ်ပုံကို ကိုရန်နောင်စိုး ဖေ့ဘွတ်မှ ကူးယူဖော်ပြပါသည်။ဓါတ်ပုံ အတွက် ကိုရန်နောင်စိုး ကို ကျေးဇူးတင်ရှိပါသည်။

သျှင်လေညင်း။ (၆၊၅၊၂၀၁၃)

AddThis