မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Saturday 11 May 2013

သူပြောတဲ့ သူ့အကြောင်း

၂၀၀၀ ပြည့်နှစ်ဆိုရင် ငါ့အသက်၇၇ ပြည့်လို့  ရ၈ဖြစ်တော့မယ်။ ဆိုလိုတာက သေခါနီးပြီပေါ့။
ငါ့လမ်းငါထွင်ပြီး ငါလုပ်ချင်တာလုပ်ခဲ့ တယ်။ အောင်မြင်သင့် သလောက် အောင်မြင်တယ် ။ရှုံးတာတွေလည်း အများကြီးပေါ့။ ဒါကိုနောင် လာနောင်သား တွေသိရင် ကောင်းတာပေါ့။ ပြီးပြီးသားကို တိုတိုရှင်းရှင်း ပြောတယ်။ ရည်ရွယ်ချက်က လူငယ်တွေ ဟိုလိုဒီလို တွေးမနေရအောင် ကွက်လပ်ဖြည့်ပေးတာပဲ။ ထပ်ပြီးကွက်လပ် မဖြစ်ရအောင် ဒီအတိုင်း မှတ်တမ်းအဖြစ် ကျန်စေချင်တယ်။

ငါရေးတာမှာ ကြွားတာ၊ မှားတာ။ မမှန်တာ မပါဘူး။
၂၃၊ဒီဇင်ဘာ၊ ၁၉၉၉။
 ဒေါက်တာသန်းထွန်း။ (B.A.Hons:), MA, Ph.D, D.Lit,(London) အငြိမ်းစားပါမောက္ခ၊သမိုင်းဌာန၊ မန္တလေး တက္ကသိုလ်။ အဖွဲ့ ဝင်၊မြန်မာနိုင်ငံ သမိုင်းကော်မရှင်။ ဂုဏ်ထူးဆောင် ပါမောက္ခ၊မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာဌာန။ ဂုဏ်ထူးဆောင် ပါမောက္ခ၊သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ်။
 ဒေါက်တာသန်းထွန်း။ " ငါပြောသမျှ ငါ့အကြောင်း " စာအုပ်အမှာမှ

AddThis