မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Saturday 27 April 2013

သမိုင်းသက်သေ ကျောက်စာများ (၂) ။

ကျောက်စာဖတ်သူ ။ ဦးငြိမ်းမောင် ။
 နောက်ဆက်တွဲ ကျောက်စာများ။

 ခရစ် သက္ကရာဇ်( ၁၂၂၃) ခုနှစ်တွင်ရေးထိုးခဲ့သော ပုဂံခေတ် ကျောက်စာတစ်ချပ်ကို တင်ပြအပ်ပါသည် ။ ပုဂံကုန်းအမှတ် -၁၅၈၃ တွင် တူးဖော်တွေ့ရှိ၍ ကျောက်စာကျွမ်းကျင်သူ ဆရာကြီး ဦးငြိမ်းမောင်မှ အသံဖလှယ်ပြီး မှတ်တမ်းတင်ခဲ့သော လက်ရေးမူကြမ်းဖြစ်သည် ။ ဤကျောက်စာသည် အလှူရှင် သီင်္ဃ ဝီရ်ဇ္ဇိ ဗိုလ်၏ ကောင်းမှု ဖြစ်၍ ထူးခြားချက်မှာ အခြားကျောက်စာများနှင့်မတူသော အချက်များ ပါရှိသော ရှားပါးကျောက်စာတစ်ချပ်ဖြစ်သည်။ အလှူပြုထား သည့် ပစ္စည်းစာရင်းတွင် ထေရဝါဒ ဗုဒ္ဓဘာသာ အတွက် အရေးကြီးသော ရှားပါးကျမ်းအမည်တွေကို စုံလင်စွာ တွေ့ရှိနိုင်သော တစ်ခုတည်းသောကျောက်စာ ဖြစ်သည်။ ဤကျမ်းအဖုံဖုံသည် ဗုဒ္ဓဘာသာ သသနာ အတွက် အထူးပင် အရေးပါပေသည်။ တဖန် ပုဂံခေတ်က ထေရဝါဒ ဗုဒ္ဓသာသနာ မည်မျှ စည်ပင်ထွန်းကားခဲ့သည်ကိုလည်း သိရှိနိုင်ပေသည်။ ပုဂံခေတ်ကျောက်စာများတွင် ဤသ်ို့ ကျမ်းအမျိုးအမည် နာမစုံ လင်စွာပါရှိသော ကျောက်စာဟူ၍ ယခု ကျောက်စာ တစ်ချပ်တည်း သာတွေ့ရသေးသည်။ သို့ဖြစ်ပါ၍ တန်ဖိုးကြီး ရှားပါးလှသော ရှေးမှတ်တမ်း တစ်စောင်ဟုလည်း ဆိုနိုင်ပေသည်။ အဘိဓမ္မာ၊ ဝိနိယ၊ သုတ္တံ ဟူ၍ ပိဋကတ်သုံးပုံ ဆိုင်ရာ ကျမ်းများ၏ အခေါ်အဝေါ်ကို ကျောက်ထက် အက္ခရာ တင်၍ နှောင်းလူတို့တွက် သက်သေချန်ပေးခဲ့ပေသည်။ သမား ရိုးကျ ကျောက်စာအများစုသည် အလှူပြုပုံကိုသာ အဓိကဖော်ပြ တတ်သည်မှန်ပါသည်။ ယခုကျောက်စာသည်လည်း အလှူပြု ကုသိုလ်လုပ် အလှူစာရင်းထိုး ကျောက်စာတစ်ချပ်ပင်ဖြစ်ပါ သည်။ သို့သော် ထူးခြားသည်မှာ ဗုဒ္ဓဘာသာ၏ အနှစ်သာရ ဖြစ်သော အဘိဓမ္မာ၊ ဝိနိယ၊ သုတ္တံ ကျမ်းများကို လှူရာ တွင် ကျမ်းအမည်များကို အစီစဉ်တကျ ရေးထိုးခဲ့ခြင်း ပင်ဖြစ်သည်။ ရှေးဟောင်းသုတေသန ဆိုင်ရာအတွက်လည်း ပုဂံခေတ်၏ သာသနာ ကိုလေ့လာနိုင်သော အချက်အခြာကျလှသော အဖိုးတန်ကျောက်စာပင်ဖြစ်သည်။ ရှေ့ ဘက်မျက်နှာစာ (က)။
 နောက်ဘက်စာမျက်နှာ၏ လင့် http://hirstoryistruth.blogspot.com/2013/04/blog-post_17.html

AddThis