မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Thursday 7 March 2013

The Making of Burma ( Dorothy Woodman )

စာအုပ်အမည် - ခေတ်မြန်မာတည်ဟန် (The Making of Burma) 
စာရေးသူ - Dorothy Woodman
 ဘာသာပြန်သူ - ဦးတင်မောင်ရင် (မဟာဝိဇ္ဖာ)
 ထုတ်ဝေကာလ - (ပ) ၁၉၇၈၊ (ဒု) ၂၀၀၈ 
ပုံနိုပ် - (ပ) မြတ်နိုးသူစာပေ၊ (ဒု) ရာပြည့်စာအုပ်တိုက်
 ထုတ်ဝေသူ - ရာပြည့်စာအုပ်တိုက်
 စာမျက်နှာ - ၅၅၀ တန်ဖိုး - ၄၅၀၀ ကျပ်

 မူရင်းစာရေးသူအား သခင်တင်မြ ၏ အမြင်။ Dorothy Woodman ၏ခင်ပွန်းမှာ The News Statesman And Nation သတင်းစာကြီး၏ အယ်ဒီတာ ၊စာရေးဆရာ၊၊သတင်းဆရာကြီး Kingsley Martin ဖြစ်သည်။ သူမသည် ဒုတိယကမ္ဘာစစ်အပြီး တွင် ကိုလိုနီလက်အောက်ခံ နိုင်ငံများရှိ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲ ဝင်နေသူများကို စိတ်ဓါတ်ရေးရာ အား ပေးထောက်ခံခဲ့သည်။အထူးသဖြင့် မြန်မာနိုင်ငံလွပ်လပ်ရေး ရရှိမှုအတွက် ဗြိတိန်လေဘာ အမတ်များ၊ ဖဆပလ၏ ဗြိတိန်ဆိုင်ရာ ကိုယ်စားလှယ် ဦးအုန်း တို့ကိုကူညီခဲ့သူဖြစ်သည်။၁၉၄၈ ဇန်နဝါရီ ၄ ရက်နေ့ ပထမဆုံး လွပ်လပ်ရေး အခမ်းအနားသို့ ဧည့်သည်တော်တစ်ဦးအဖြစ် တက်ရောက်ခဲ့သူဖြစ်သည်။The Making of Burma , The Republic of Indonesia , Himalian Frontiers စာအုပ်တို့ဖြင့် ထင်ရှားသူဖြစ်သည်။ဦးတင်မောင်ရင်မှ ဘာသာပြန်ပေးသော The Making of Burma ( ခေတ်မြန်မာတည်ဟန် ) စာအုပ်တွင် အင်္ဂလိပ်တို့မှ ဖုံးထားချင်တဲ့ ဗမာ-အင်္ဂလိပ် ဆက်ဆံရေး အကြောင်းအရာ အချက်အလက် တွေဖော်ထုတ်ထားသည် ကိုတွေ့ရသည်။ ဦးတင်အုန်း ( သမိုင်းပါမောက္ခဟောင်း ) ၏ အမှာစာ။ အင်္ဂလိပ်သမိုင်းသုတေသီများ၏ သမိုင်းအမြင်၊ ချဉ်းကပ်ပုံ၊ ခံယူ ချက်နှင့် မြန်မာနိုင်ငံသမိုင်းအပေါ်သဘောထား၊ ဒုတိယကမ္ဘာစစ် မဖြစ်မီနှင့် ဖြစ်ပြီးကာလ ပြုစုထားသော သမိုင်းများနှိုင်းယှဉ် ကြည့်လျှင် အလွန်ကွာခြားပုံ၊စစ်မဖြစ်ခင်၌ လက်အောက်ခံနိုင်ငံ များ၏သမိုင်းကို အထက်စီးဖြင့်ရေးတတ်ကြောင်း၊ စစ်ပြီးကာ လ၌ လက်အောက်ခံနိုင်ငံများ ၏ အမျိုးသားရေးအမြင် ကိုဦးစား ပေးလာကြောင်း၊ အသိပေးထားသည်။ ဤစာအုပ်သည် သမိုင်းသုတေသန တွင် တိုးတက်သည့်အမြင်ဖြင့် ဖြစ်ရပ်မှန်ကို ဘက်စုံအောင် တင်ပြထား သည့်စာအုပ်ဖြစ်ကြောင်း သုံးသပ်ထား ပါသည်။ သခင်ကျော်စိန်၏ အမှာစကား။ အနိုင်ကျင့်မခံလိုပဲ မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏာပိုင် နယ်နိမိတ် အဝန်းအဝိုင်းတွင် မြန်မာ့လွပ်လပ်ရေးကို မြတ်နိုးကြ တဲ့ မြန်မာတိုင်းရဲ့ဆန္ဒ ပေါ်လွင်အောင် မြန်မာ- ရှေးခေတ်တရုတ် မြန်မာ- ပေါ်တူဂီ၊ မြန်မာ - ပြင်သစ်၊ မြန်မာ - အင်္ဂလိပ်နဲ့ နောက်ဆုံး မြန်မာ- ခေတ်သစ်တရုတ်တို့ရဲ့ ဆက်ဆံရေးများကို နက်နက်နဲနဲ သုတေသနပြု ဖော်ထုတ်ထားလို့ စာဖတ်ပရိတ်သတ်အတွက် အကျိုးများလှကြောင်းဖော်ပြ ထားပါ သည်။ ဒေါက်တာသန်းထွန်း၏ အမှာစာ - အင်္ဂလိပ်က တစ်ချို့အချက်ကို ဖုံးထားချင်တဲ့ ဗမာ-အင်္ဂလိပ် ဆက်ဆံရေး အကြောင်းအရာ တွေကို ဖော်ထုတ်ထားတယ် ။ ဝေဖန်ဆွေးနွေးထားတယ်။ အပြစ်ပြောရမယ့် ကိစ္စကိုလည်း တိတိလင်းလင်း အပြစ်ပြောဖော်ရတယ်။ သူကဇာတ်လမ်းကို ၁၉၆၀ အထိ သယ်လာလို့လည်း ရှေ့နောက်ယှဉ်ပြီး ချိန်ထိုးကြည့်လို့ရတယ်။ တက္ကသိုလ် ကောလိပ်တွေက သမိုင်းကျောင်းသားတွေ ဖတ်ခိုင်းချင်တယ်။ ဗမာ့နိုင်ငံရေး စိတ်ပါဝင်စားသူတွေလည်း ဖတ်သင့်တယ်။ ဒီစာအုပ်မျိုးဟာ ဗမာရာဇဝင်ရေးချင်တဲ့ လူတွေ အတွက် နမူနာကောင်းလည်း ဖြစ်ပါတယ်။ ဦးတင်မောင်ရင် (ဘာသာပြန်သူ)၏ အမှာ။ ၁၉၆၀၊ဇန်နဝါရီလ၊၂၈ တွင် ပြည်ထောင်စု မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် ချောင်အင်လေး တို့သည် တရုတ်နယ်နိမိတ်အရေး နှင့်ပတ်သက်၍ သဘောတူ စာချုပ်တရပ်ကို လက်မှတ်ရေးထိုးခဲ့ ကြသည်။ သမိုင်း တစ်လျောက်လုံးတွင် ဘယ်အခါကမှ ခြံစည်း ရိုး သတ်သတ်မှတ်မှတ် မရှိသော မြန်မာနိုင်ငံကို ကိုယ့်ခြံစည်း ရိုးနှင့် ကိုယ်ဖြစ်လာရန် ထိုစာချုပ်က ပန္နက် ရိုက်ပေးခဲ့သည်။ အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသော အိန္ဒိယ၊ ပါကစ္စတန် ၊ ( ယခု ဘင်္ဂလားဒေ့ရှ်)၊ မလေးရှား၊ လာအို၊ ထိုင်းနှင့် တရုတ်နိုင်ငံ များနှင့် နယ်နိမိတ်ကိစ္စ ပြီးဆုံးခြင်း သို့ရောက်ခဲ့သည်။ ဤ ခေတ်မြန်မာ တည်ဟန် စာအုပ်သည် ဘီစီ ၁၂၈ မှသည် ၁၉၆၀ အထိ နှစ်ပေါင်း နှစ်ထောင်ကျော် ကြာညောင်းသည့် ကာလနှင့် သက်ဆိုင်သော ဇာတ်လမ်း တစ်ပုဒ် ဖြစ်ပေသည်။ ထိုသို့ တင်ပြရာ တွင် အနောက်တိုင်းမှ သမိုင်းဆရာတို့ တင်ပြပြီး ဖြစ်သည့် အချက်အလက်များကို မူတည်ကာ တင်ပြခြင်း ဖြစ်သော်လည်း ချဉ်းကပ်ပုံ၊ အဓိပ္ပါယ် ကောက်ယူပုံ တို့မှာ ထူးခြားလှသည်။ ခေတ်တစ်ခေတ်ကို သုံးသပ်ပြရာတွင် ထိုခေတ်၏ နှောင်း ကာလ မှပေါ်ပေါ်က် လာသော အချက်အလက်ကို အားမကိုး ၊ထိုခေတ်၏ တစ်ခေတ်ထဲ ပေါ်ပေါက်လာသော ခေတ်ပြိုင် မှတ်တမ်းများကို သာ အလေးထား ကိုးကားခဲ့သည်။အင်္ဂလိပ်- မြန်မာစစ်ပွဲ များတွင်လည်း တိုက်ပွဲများအတွင်း လူအသေအပျောက် စာရင်းသာဖော်ပြထားသည့် အင်္ဂလိပ်အစိုးရထုတ်မှတ်တမ်းများကို မကိုးကား ပဲ စစ်ပွဲတွင် ပါဝင်ခဲ့သော ပုဂ္ဂိုလ်များ၏ ကိုယ်ရေးမှတ်တမ်းများ ၊ အပြန်အလှန် ပေးစာများ၊ ၎င်းတို့ ကိုယ်တိုင်ရေး အချက်အလက် များ ကိုသာ ကိုးကားခဲ့သည်။ထို့ကြောင့် ဗြိတိသျှ အစိုးရ၏ တည်းဖြတ်ပြီး အပြာရောင် မှတ်တမ်းများကို ကိုးကား ထားသော သမိုင်းဆရာတို့၏ လက်ရာများနှင့် မတူ ထူးခြားလှ သည်။ စင်စစ် အင်္ဂလိပ်- မြန်မာ တတိယ စစ်ပွဲသည် သီပေါမင်း ပါတော်မူသည်နှင့် အပြီးသတ်သွား သည်မဟုတ်ပဲ မြန်မာပြည် အလယ်ပိုင်းဒေသ၊ ချင်းတောင်ဒေသ၊ ကချင် တောင်တန်းဒေ သ၊ ရှမ်းတောင်တန်းဒေသ တို့မှပေါ်ပေါက်လာသော လက်နက် ကိုင်ပုန်ကန်မှုများကို အတော်ကြာ ဖြေရှင်းခဲ့ရသေးသည်။ ဤသည်ကို ၎င်း ကိုယ်တိုင်စုံစမ်းပြီးမှရရှိလာသော အချက်အလက်များဖြင့် ဗြိတိသျှတို့ တရားဝင် တင်ပြခဲ့သော ဇာတ်လမ်းများကို ထောက်ပြ နိုင်ခဲ့သည်။ ခေတ်မြန်မာ တည်ဟန်သည် မိုင်ပေါင်း ၂၀၀၀ ခန့် ရှည်လျားသည့် တရုတ်မြန်မာ နယ်နိမိတ်ကြောင်း ပြဿနာကို အဓိက ဦးတည်ေ ရးသားထားသည်။ တရုတ် တို့နှင့် ဗြိတိသျှတို့သည် မြန်မာနိုင်ငံ ကချင်ဒေသအတွက် အတော်ကြာ ညှိုနိုင်းခဲ့ရပြီး နှစ်ဦးနှစ်ဖက် သဘောတူညီမှု ယူရာတွင် အင်္ဂလိပ်တို့ အထက်မြန်မာပြည်ကို သိမ်းယူသည့် ကိစ္စတွင် တရုတ်တို့ မစွက်ဖက်ရန် ၊ တရုတ်တို့ တိဘက်ကို အနိုင်ကျင့်မည့် ကိစ္စအား အင်္ဂလိပ်တို့ မစွက်ဖက်ရန် ဟူ၏။ ကိုလိုနီခေတ် တွင် တရုတ်- မြန်မာ နယ်နိမိတ်ကိစ္စကို အပြီးပြတ်စာရင်း ရှင်းနိုင်ခြင်းမရှိပေ။မြန်မာနိုင်ငံ လွပ်လပ်ရေး ရပြန်တော့လည်း ထိုနယ်နိမိတ် ပြဿ နာကို စာရင်းမရှင်းပဲ ထားခဲ့ပြန်သည်။ အိမ်စောင့်အစိုးရ လက်ထက်တွင်မှ ဖြေရှင်းနိုင်ခဲ့လေသည်။ စာမြည်း - "အလောင်းမင်းတရား လက်ထက်တွင် ပြင်သစ်နှင့် အင်္ဂလိပ် နှစ်ဦးစလုံးက အလောင်းမင်းတရားကို မျက်နှာချို သွေးခဲ့ကြသည်။ထိုလူမျိုး နှစ်မျိုးစလုံးကပင် အလောင်းမင်တရား အားလည်းကောင်း၊ အလောင်းမင်းတရားနှင့် စစ်မက်ဖြစ်ပွားနေသော ပဲခူးသားတို့ အားလည်းကောင်း အခြေအနေကိုလိုက်၍ လက်နက်ခဲယမ်းများ ထောက်ပံ့ခဲ့ကြသည် ။ နိုင်ခြေရှိသည့် အင်အားစုကို ပံ့ပိုးခဲ့ကြသည်။ " “အရှေ့တိုင်းသားအားလုံးတို့အနက်မြန်မာလူမျိုးလောက်မောက်မာသည့်လူမျိုး၊ ဝင့်ဝါသည့် လူမျိုး၊ ဟန်ဆောင်ကောင်းသည့်လူမျိုး၊ အပြောသန်သည့်လူမျိုး၊ ခေါင်းမာသည့်လူမျိုး မရှိပေ။၎င်းတို့အဖို့ ပြင်ပ အသွင်သဏ္ဌာန်သည် လိုအပ်သည့်အရာဝတ္ထုဖြစ်သည်။ပြောနည်းပြောဟန်၊ဆိုနည်းဆိုဟန်များသည် စကားမဟုတ်၊ အလုပ်ဖြစ်သည်။” "အာရှမှာဘယ်လူမျိုးက မှဇာတိသွေးဇာတိမာန်တို့၊ လူမျိုးရဲ့ဂုဏ်သရေတို့၊ သိက္ခာတို့ကိုမြန်မာလူမျိုးတွေလိုရှေ့တန်းတင်မထားကြဘူး။ဘယ်လူမျိုးကမှလည်း မြန်မာလူမျိုးတွေလိုဇာတိသွေးဇာတိမာန်နဲ့လူမျိုးရဲ့ဂုဏ်သိက္ခာအတွက် လက်နက်စွဲကိုင်ကြမှာ မဟုတ်ဘူး။ အဲဒီတော့ ဒီလူမျိုးနဲ့ ဆက်ဆံရာမှာ ဗြိတိသျှ အစိုးရအနေနှင့် အားထုတ်မှုကို နည်းနည်းမှ လျှော့လို့မရဘူး။ ဒီလူမျိုးတွေ အရိပ်အငွေ့အနေနဲ့တောင် အခွင့်အရေး သာမသွားစေရဘူး။” "ကျွန်ုပ်တို့၏ ကုန်သည်ပွဲစားတေG ကတော့ အထက်မြန်မာနိုင်ငံပျက်ဖို့ ကိုပဲမျှော်လင့် နေကြတယ်။ အဲဒီနိုင်ငံ ပျက်ဖို့ဆိုရင် ဘာမဆိုလုပ်ကြမှာပဲ။” "ဂျင်းဖောကမြန်မာကို သိပ်မုန်းတယ်၊ ကျွန်ုပ်မျှော်လင့်သည့် အတိုင်းဂျင်းဖောတွေကြားမှ အောင်မြင်မှုရပြီး ကျွန်ုပ်ရဲ့သြဇာနှင့် ဂျင်းဖောတွေရဲ့ ယုံကြည်မှုကို ရယူနိုင်မယ်ဆိုရင် အနာဂတ်တွင် ကျွန်ုပ်တို့နှင့် မြန်မာပြည်အကြား ပြဿနာ ပေါ်လာတဲ့အခါမှာ အထက် မြန်မာပြည်ဟာ ကျွန်ုပ်တို့ရဲ့ လက်ခုပ်ထဲက ရေလို ဖြစ်နေမှာ အမှန် ...။” "ငါကိုယ်တော်မြတ်သညြ် ဗြိတိသျှနှင့် မည်သူ့ကိုမျှ ရန်တိုက်ပေးခြင်း မပြုခဲ့။စလေဒင်သည် ကချင်၊ ကရင်နီတို့ကို ငါနှင့် (မြန်မာနှင့်) ရန်တိုက်ပေးခဲ့တယ်။ အရှေ့ကရင်နီစော်ဘွား စောလပေါကြီး ငါ့ထံသို့လာ၍ သစ္စာခံယူပြီးတဲ့အခါ စလေဒင်သည် စောလပေါကြီး နှင့်တွေ့ရန်ငါ့ဝန်ကြီး များထံ ခွင့်တောင်းခဲ့တယ်။ စောလပေါကြီးနှင့် တွေ့ခွင့်ရတဲ့အခါ စလေဒင်က စောလပေါကြီးအား ရန်ကုန်သို့သွား၍ ဗြိတိသျှလက်အောက်ဝင်ရန် တိုက်တွန်းခဲ့တယ်။” “သီပေါမင်းရဲ့ ပြစ်မှုတွေကလည်း မနည်းဘူး။ခင်ဗျားရဲ့ကလောင်စွမ်းနဲ့ ကျွန်တော့်ဆီကငေါ့လုံး၊ချိတ်လုံး၊ ခနဲ့လုံးတွေနဲ့သာ သီပေါမင်းကို စွဲချက်တင် လိုက်ရလျှင် လန်ဒန် မြို့ကြီးသူတိုင်း မျက်ရည် တောက်တောက် ကျကြမှာ အမှန်ပဲ” “တရုတ်တို့ကမူ ဗန်းမော်ရရှိရေးကိုပင် ဦးတည် အရေးဆိုနေကြသည်။ ယင်းဒေသကို တရုတ်တို့ မည်သည့်အခါကမှ ပိုင်ဆိုင်ခြင်းမရှိဟူသည့် အချက်ကို ငြင်းဆိုရန်မရှိပါ။ သို့သော် တရုတ်တို့၏ တောင်းဆိုချက်ကို လိုက်လျော သင့်ပါသည်။ သို့မှသာ ကူးသန်းရောင်းဝယ်ရေးနှင့် နိုင်ငံရေးအရ အရေးပါသည့် တရုတ်-အင်္ဂလိပ် မဟာမိတ်ဖြစ်ရေး အောင်မြင်မည် ဖြစ်ပေသည်။” “လူဦးရေ နည်းပါးမှုဒဏ်သည် အထက် မြန်မာပြည်တွင် သာမကအောက် မြန်မာ ပြည်တွင်ပါ ခံစားနေရရာ တရုတ်ပြည်မှ ဝင်လာမည့် တရုတ်များဖြင့် မြန်မာ့လူဦးရေကို ဖြည့်စွမ်းရမည် ဖြစ်သည်။ ဗန်းမော်ကို ပေးလိုက်ခြင်းအားဖြင့် ထိုကိစ္စကို လွယ်ကူသွားမည် ဖြစ်သည်။ နယ်နိမိတ် ပြတ်သားမှု မရှိခြင်းကြောင့် တရုတ်များ ဝင်လာ၍ ပေါ်ပေါက်လာမည့် အရှုပ်အထွေး၊ အခက်အခဲများကို ကာကွယ်ရန် ဗြိတိသျှ ပိုင်နက်အတွင်း အမြဲတမ်း လာရောက် အခြေစိုက်သည့် တရုတ်လူမျိုးများအား ကျစ်ဆံမြီးကို ဖြတ်ခိုင်းရန် လိုအပ်ပေသည်။” “တောင်ဘက်လမ်း ဖြစ်ကြသည့် စုမော၊မိုင်းဝန်းကြီး၊ မော်လမြိုင်လမ်းနှင့် စာလျှင် ဗန်းမော်လမ်းသည် အလွန်အရေးပါပြီး အလွန်စခန်းသင့်ပေသည်။ ထို့ကြောင့်လည်း တရုတ်တို့က ကချင် တောင်တန်း၏ ဝဲယာ နှစ်ဖက်စလုံးကို ထိန်းသိမ်းထားရန် ဆန္ဒပြင်းပြနေခြင်း ဖြစ်သည်။” “မဲခေါင် အနောက်ဘက်ရှိ ကင်းဟုန်နယ်ကို ကျွန်ုပ်တို့ ထိန်းသိမ်းထား၍ မိုင်းလင်းနှင့် မဲခေါင် အရှေ့ဘက်ရှိ ကင်းဟုန်နယ်ကို တရုတ်သို့ လွှဲပြောင်း ပေးရေးအတွက် ဆွေးနွေးညှိနှုင်းရန် ကျွန်ုပ် အကြံပေးလိုသည်။ ထိုသို့ဆိုလျှင် ဝ နယ်တစ်နယ်လုံးသည် ကျွန်ုပ်တို့၏ နယ်နိမိတ် အတွင်းတွင် ချောမောစွာ ကျရောက် နေပေလိမ့်မည်။ တရုတ်တို့က ဝနယ်ကို ရယူလိုသည့်ဆန္ဒ ရှိမည်ဟု ကျွန်ုပ် မထင်။ ယင်းနယ်သည် မြန်မာပြည်နှင့် ဆိုင်ပါသည်ဟု ၄င်းတို့ကိုယ်တိုင်က ဝန်ခံခဲ့သည်။” “ကိုးကန့်တစ်နယ်လုံးတွင် တရုတ်တို့ အခြေစိုက် ခဲ့ကြသည်မှာ လူ့သက်တမ်း၅) ဆက်ခန့်ပင် ကြာညောင်းခဲ့ပြီ။ ကိုးကန့်-တရုတ်တို့၏မူလဇာတိ နယ်မြေများမှာ ယူနန်၊ ဟူချွမ်၊ ကွေကျောင်၊ ကျန်စီနှင့် ဟူနန်နယ်များပင် ဖြစ်ပေသည်။ ကိုးကန့်နယ်က သိန္နီတောင်ပိုင်း စော်ဘွားထံသို့ နှစ်ပေါင်း ရာနှင့်ချီကာ ပဏ္ဏာလက်ဆောင် ဆက်သနေရသည့် အချက်ကိုမူ ဝါရီက ၄င်း၏ အကြံပေးချက်တွင် ထည့်သွင်း ဖော်ပြခြင်း မပြုခဲ့ပေ။” “ဤနေရာတွင် ပြင်သစ်ပြည်၌ ဘုန်းကြီးများကို မည်သို့ကိုင်တွယ် ခဲ့သည်ကိုသတိချပ်ရမည်။ မြန်မာပြည်တွင် လည်းဘုန်းကြီး အများအပြား ရှိသည်။ ဘုန်းကြီးများကျွန်ုပ်တို့ကို ယုံကြည်မှု ရှိလာအောင် လုပ်ရန်မှာ အထူးအရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။ ၄င်းတို့၏ယုံကြည်မှု ကိုရလျှင် ၄င်းတို့၏ သြဇာနှင့် ၄င်းတို့၏ အကူအညီကိုကျွန်ုပ်တို့ အသုံးချနိုင်သည်။ ထိုလုပ်ငန်း အောင်မြင်ရေးအတွက် ကျွန်ုပ်တို့က ၄င်းတို့ကို ထောက်ပံ့ရမည်။ ၄င်းတို့ကို ရိုရိုသေသေ ကြင်ကြင်နာနာ ဆက်ဆံရမည်။” “မန္တလေး တစ်မြို့လုံးကို ဖျက်ဆီးပြီး ဧရာဝတီမြစ်ကြီး တစ်ခုလုံးခန်း သွားအောင် လုပ်လိုက်လို့ ပေါ်ပေါက်လာမယ့် ပြဿနာဟာ မိုးကုတ်က မြေလေးငါးဆယ်ကိုက် ပေါ်မှာ တဲတစ်လုံးထိုးပြီး ကျောက်တူးဖို့ လိုင်စင်ထုတ်ပေးလိုက်လို့ ပေါ်ပေါက်လာတဲ့ပြဿနာလောက် ကြီးကျယ်မယ် မထင်။” “ဗန်းမော်တွင် တရုတ်တို့သည် ပင်လယ်ရပ်ခြား အသင်းခွဲကို ဖွင့်လှစ်ကာ ကျောင်းများ ဖွင့်လှစ်ကြသည်။ အစိုးရခွင့်ပြုချက် မရဘဲ ဗုံးကျထားသည့် မြေကွက်များကို အပိုင်စီး လိုက်ကြသည်။ နယ်စပ်ကိုလည်း အကြိမ်ကြိမ် ချိုးဖောက်နေသည်ဖြစ်ရာ တရုတ်တို့သည် တောက်တဲ့ကပ်သလို ကပ်နေတော့မည့် လက္ခဏာပင်ဖြစ်သည်။” “ဖေဖော်ဝါရီ ၁၉၄၆ တွင် တရုတ်တပ်များသည် မြစ်ကြီးနားမြို့ ၏မျက်နှာချင်း ဆိုင်ဘက် ကမ်းတွင်ရှိသော ဝိုင်းမော်ကို သိမ်းယူလိုက်ကြသည်။ ထိုတပ်ဖွဲ့များသည် ယူနန်မှ ချီလာကြသည်ဖြစ်ရာ ဝိုင်းမော်နယ်ကို သိမ်းယူထားရန် ဆန္ဒဖြင့် ချီလာခြင်းဖြစ်သည်။ တရုတ်တို့အား တိုက်ထုတ်ရန် စင်္ကာပူမှ တပ်ဖွဲ့များ၊ ဗုံးကြဲလေယဉ်များခေါ်ယူရသည်အထိ ဖြစ်သည်။ တရုတ်တို့က ဆုတ်ခွာရန် ငြင်းဆန်ကြသည်။” “တရုတ်ပြည်တွင် တော်လှန်ရေး အောင်မြင်လာခဲ့၍လည်း ၄င်း၏ပထဝီ အနေအထားက မပြောင်းလဲ။ ထို့အတူ မြန်မာနိုင်ငံအပေါ်တွင် ထားရှိခဲ့သည့် တရုတ်သဘောထားလည်း မပြောင်းလဲခဲ့ပေ။ ၁၉၅၁ တွင် ရန်ကုန်ရှိ တရုတ်သံရုံး ကြော်ငြာသင်ပုန်း၌ ကပ်ထားသည့် တရုတ်မြေပုံတစ်ပုံ၏ နယ်နိမိတ်ကြောင်းသည် မြစ်ကြီးနားအထက် မိုင် (၅၀ခန့်သို့အထိ ရောက်ရှိ နေပေသည်။ ကချင်ပြည်နယ် တစ်ခြမ်းလုံး တရုတ်ပြည်ထဲ ပါနေပေသည်။ ထိုကိစ္စကို ပါလီမန်တွင် မေးခွန်းထုတ်ရာ မတ်လ ၉၊ ၁၉၅၁ ပါလီမန်အစည်းအဝေးတွင်ဝန်ကြီးချုပ်ဦးနုက တရုတ်အစိုးရတွင် နယ်ချဲ့လိုသည့်ဆန္ဒ မရှိကြောင်း မြန်မာသံအမတ်ကြီးအားကတိပေးထား ပါသည်ဟု ဖြေကြားခဲ့သည်။” “နှစ်နှစ်ကြာသောအခါ ပီကင်းအစိုးရက မြေပုံသစ် ရိုက်နိုပ် ရောင်းချခဲ့သည်။ ထိုမြေပုံတွင် ဧရာဝတီမြစ် စီးဆင်းရာဒေသသည် တရုတ်ပြည်၏ အနောက်တောင်ပိုင်းဖြစ်နေသည်။ သံလွင်အရှေ့ရှမ်းနယ်များသည် လည်းကောင်း၊ ကချင်ပြည်နယ်မြောက်ပိုင်းသည် လည်းကောင်း၊ တရုတ်ပြည်ထဲသို့ ရောက်ရှိနေစေသည်။” “ရေရှည်တွင် မြန်မာတို့ ပေးရသည့်ကြေး ကြီးမြင့်လှပေသည်။ ချစ်ကြည်ရေးနှင့် မကျူးကျော်ရေး စာချုပ်သည် မြန်မာနိုင်ငံအဖို့ ပို၍ပင် အန္တရာယ်များလာသည်။ တရုတ်တို့မြန်မာပြည်တွင်းသို့ ထိုးဖောက်ရန် အခွင့်အရေး ပို၍ရလာသည်။ ပြည်တွင်း မငြိမ်သက်မှုကို တရုတ်က အမြတ်ထုတ် လိမ့်မည်ဟု မြန်မာလူမျိုးတို့စိုးရိမ်ကြသည်။ " "ခြိမ်းခြောက်မှု များလေလေ အနောက်အုပ်စုက မြန်မာပြည်ကို စိတ်ဝင်စား လာလေလေ၊ စစ်အေးထဲ ဆွဲသွင်းရန် ကြိုးစားမည့် အန္တရာယ် ကြီးမားလာ လေဖြစ်သည်။ သို့သော် ကိုလိုနီခေတ် တစ်လျှောက်လုံး လွတ်လပ်ရေး စိတ်ဓာတ် အပြည့်ရှိ လာခဲ့သော မြန်မာတို့သည် ၄င်းတို့၏ ကြားနေရေးဝါဒကို လွယ်လွယ်နှင့် လက်လွှတ်ခံမည်မဟုတ်။ အစဉ်အလာအရ လည်းကောင်း၊ ပထဝီ အနေအထားအရ လည်းကောင်း ၊မြန်မာတို့သည် ကြားနေရေး သမားများသာ ဖြစ်ပေသည်။ ။

AddThis