မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Sunday 18 August 2013


ထူးခြားလှသည့် အရည်အချင်း ရှိသော လက်ရာ ဖြစ်သည့် ပရန ကန် ရတနာ ပစ္စည်း တစ်ခုမှာ ပုံတွင် ဖော်ပြ ထားသည့် ရွှေဖြင့် ပြုလုပ်ထား သော စိန် ခါး စည်း ဖြစ်သည်။ ထို ခါးစည်းတွင် ဒေါင်းရုပ်ကို စိန်လုံး များနှင့် ပုံဖော် ထား သည် ။ ဤခါးစည်းကို ၂၀ ရာ စု နှစ် အစောပိုင်း လောက်က ထူးခြားလှသည့် ၇၅ ကာရက်ရှိသော စိန်လုံးရေများဖြင့် ပြုလုပ် ထားသည်။ ဘာကယ်လ် (Buckle) နှင့် ဘေး...မှစိန်များသည် အ၀ါ ရောင်စိန်၊ အညို ရောင်စိန်နှင့် ပန်း ရောင် သန်းသည့် လိမ္မော်ရောင် စိန်တို့ဖြင့် ပြုလုပ် ထားခြင်း ဖြစ်သည်။ ဒေါင်း ရုပ် ကိုယ်ထည်မှ အလယ် စိန်လုံးမှာ ဥရောပ ၌ သွေးထားသော စိန် ဖြစ်ပုံ ရ ၍ အလေးချိန် ၅ ကာရက် ရှိသည်။ ဤခါးစည်းမှ ဘာကယ်လ်(Buckle) ဒီဇိုင်း ပုံမှာ ဖြုတ်လိုက်လျှင် စိန်ရင်ထိုး သဖွယ် သုံး၍ ရသည်။



ဤ ခါးစည်းသည် အိန္ဒိယတောင် ပိုင်းမှ ပန်းထိမ်ဆရာများ လက်ရာ ဖြစ်သည် ဟု ယုံ ကြည်ရသည် ဟူ၍ ဖော်ပြထား ပေရာ အရှင် နှစ်ပါး မဒရပ် ရောက်မှ သို့မဟုတ် ရတ နာဂီရိ ရောက်စ နှစ်များမှ ဤစိန်ခါး စည်းတော်ကို လုပ်လေ သည်လား (သို့မဟုတ်) အိန္ဒိယ တောင်ပိုင်း လက်ရာ စိန်ခါး စည်းတော်ကို အရှင်နှစ်ပါး ရတနာပုံ နန်းတွင် စံ စဉ် ကပင် မန္တလေးမှ အသုံးတော်ခံ (ဘု ရင်အား တိုင်းတစ်ပါး မှ ပစ္စည်း ၀င်ရောက် ဆက်သွင်း ရသူ၊ များသော အားဖြင့် မြန်မာ-မွတ်စလင်များ ) တို့က ဆက်သလေ သည်လား ဆိုသည့် အချက်နှစ်ချက်တွင် တစ်ချက်ချက် ဖြစ်မှာ သေချာသလောက်ရှိ ၏။ (မောင် သန်းဆွေ ထားဝယ်) ။

ယခုလက်ရှိ မည်သည့်နေရာတွေ ရောက်နေသည်ကို မသိရပါ။

ကိုးကား - မြန်မာ့နန်းစဉ် ရတနာများ။

ဘ၀ဒဏ္ဍာရီ အင်တာနက်စာမျက်နှာမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

===============================================

သမိုင်းသက်သေတည် ။

ပါတော်မူ ဘုရင် သီပေါမင်း၏ ဆွေမျိုး ဖြစ်သော တော်ဘုရားလေး ဦးအောင် ဇေ ရေး သားခဲ့သော လန်ဒန်ရောက် ပတ္တမြား ငမောက် နှင့် တော်ဝင်ရတ နာ ပစ္စည်းများ စာ အုပ်တွင် အရှင်နှစ်ပါး နှင့်အတူ နန်းစဉ် ရတနာ များစွာ တို့ ပါ ရတနာ ဂီရိ သို့ ပါသွား ကြောင်းကို ဖော်ပြထားပါသည် ။

ဒေါက်တာ သန်းထွန်းမှလည်း ထိုစာအုပ်တွင် အမှာစာ ရေးပေး ထားပါ၍ အကျဉ်းမျှ ဖော်ပြပါမည် ။
၂၉ ၊ နိုဝင်ဘာ ၁၈၈၅ တွင် မန္တလေး နန်းတော်ရှိ တောင်ဥယျာဉ်တွင် စလေ ဒင် နှင့် အ ရှင် နှစ်ပါးတွေ့ဆုံပြီး စာချုပ်ဖို့ အိန္ဒိယ ကိုလိုက်ခဲ့ပါ ။ အသွား အပြန် ၃လ ကြာမယ် နှစ်သက်ရာ ဘာပစ္စည်းပဲ ဖြစ်ဖြစ် ယူလို့ရတယ် လို့ ပြော လို့ ဘုရင် နှင့် မိဖုရား ကိုယ် တိုင် နန်းတွင်း ပစ္စည်း ကျောက်မျက်ရ တနာ ၊ စိန်ကျောက် ၊ အဖိုးတန် တွေကို သေတ္တာ ကြီးငယ်နဲ့ထည့်ပြီး လုံ ခြုံစိတ်ချရအောင် ကာနယ် စလေဒင် ကိုအပ်ခဲ့ပါတယ် ။ တန်ဖိုး ဖြတ်ရမယ် ဆိုရင် အနည်းဆုံး ငွေ ကုဋေ ငါးထောင် ရှိတယ် ။ ဆင်ဖြူ မရှင် မိဖုရားက လည်း ရွှေငွေ ဒင်္ဂါး အပြင် စိန်ကျောက် တန်ဖိုး ရှစ်သိန်း ကျော် ကိုလည်း စ လေဒင် ထံ အပ်ထားခဲ့ပါတယ် ။ ဟိုရောက်တော့ ပြောထား သလို ဖြစ်မလာ ၊ ဒီမှာပဲ နေရတော့ မှာ မို့ စလေဒင်ကို အပ်ထားတဲ့ ပစ္စည်းတွေ ပြန်ပေး ပါလို့ တောင်းတော့ စလေဒင် ဘိ လပ်ပြန်သွားပြီ ၊ စလေဒင် သေပြီ လို့သာ အဖြေပေးတယ် ။ တောင် ဥယျာဉ်မှာ အရှင် နှစ်ပါးနဲ့ စလေဒင် ဆွေးနွေး စဉ်က တိုင်းမ် သတင်းစာ သတင်းထောက်(E.K. Moylan) မှ မှတ်သားထား ပြီး ၎င်းသည် စလေဒင် နှင့် အလိုတူ အလိုပါ တစ်ယောက် လည်း ဖြစ်သည် ဟု သိရပါတယ် ။ အဲဒီလို အင်္ဂလိပ် အရာ ရှိတွေ ပေါင်းလိမ်ပြီး ဘုရင်ပိုင် နန်း စဉ် ရတနာ တွေကို သိမ်းဆည်း ကာ တန်ဖိုးဖြတ် ရာမှာ လည်း စိတ်ပျက် ဖွယ် ကောင်း လောက် အောင် နည်းပါးတယ် လို့လဲသိရ ပါတယ်။ တိုင်းမ် သတင်း ထောက် ဟာလည်း စလေဒင် နဲ့ပေါင်းပြီး လျှို့ ဝှက်ထားတာကို လည်း တွေ့ရပါမယ် ။ ဆိုလိုတာ က ဝိုင်းခိုးတယ် ။ သက်သေခံ အထောက် အထား တွေကို တတ်နိုင် သလောက် ဝိုင်းပြီး ဖျောက်ဖျက် ပစ်မယ် ။ သက် သေ မရှိလို့  ဗိုလ်ချုပ် ပရင် ဒါဂတ်နဲ့ ကာနယ် စလေဒင်ကို အပြစ် မပေး ပေမယ့်  ဆုကြေး ခံစားခွင့် မရှိပဲ ပင်စင် ပေးလိုက်တယ် ။ စလေဒင်က ၁၈၈၇ မှာ အနားယူပြီး လန်ဒန်ပြန်တယ် ။ ၁၈၈၉ မှာ သေတယ် ။ ( ဒေါက် တာသန်းထွန်း )

နောက်ထပ် အမှာစာ ရေးသားပေးသူ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) မှ လည်း ဤသို့ ရေးသားထား ပါသည် ။ ၁၉၃၁ ၊ ဒီဇင်ဘာ ၊ ၅ ရက် နေ့တွင် မန္တလေး မြို့ တွင်နေထိုင် သော စတုတ္ထ သမီးတော် အရှင်ထိပ်စုမြတ် ဘုရား ကလေး က ဗြိတိသျှ အစိုးရထံ တင် သွင်းသော စာတမ်းတွင် လည်း ဗြိတိသျှ အစိုးရ တို့သိမ်းယူသွားသော နန်းစဉ်ရတနာ များအကြောင်း အကျယ်တဝင့် ရေးသားထားသည် ကိုတွေ့ရပါသည် ။ ကုန်းဘောင် ဆက်မဟာရာဇဝင် ကြီး တွင် “ အရှင် နှစ်ပါး စလေဒင်ထံ အပ်ထားသော နန်းစဉ်ရတ နာများကို အ တွင်းဝန် ရွှေတိုက်ဝန် ၊ ပေါက်မြိုင် မြို့စား မင်းကြီးမင်းလှ မဟာဇေယျ နန္ဒ သင်္ကြန် (ဦးလှဘူး) ကိုယ်တိုင် ရေတွက်၍ ကာနယ်စလေဒင် ရှေ့တွင် အပ်ရ လေ သည် ” ဟုရေးသား ဖော်ပြထားပါသည် ။

ဤသို့သော အကြောင်းအချက် များနှင့် စပ်လျဉ်းပြီး ၁၉၃၅ခု ၊ နိုဝင်ဘာလ ၊ ၂၉ရက် နေ့က မြန်မာနိုင်ငံ သုတေ သန အသင်းတွင် စလေဒင် ၏ လူ မစ္စ တာ နွိုက်က (Mr . Noyce ) က မြန်မာ့ ဘဏ္ဍာ ရတနာ များနှင့် ပတ်သတ်ပြီး အင်္ဂလိပ်တို့ မယူကြောင်း ချေပဟော ခဲ့သည် ။ ဆရာကြီး ဦးကိုလေး (ဇေ ယျာမောင်) ၏ “ သီပေါမင်း နှင့် နယူး ယောက်တိုင်းမ် သတင်းစာ ” တွင် လည်း လန်ဒန်တိုင်းမ် သတင်းထောက် ၏ သတင်း များအရ သီပေါ ဘုရင်က ဘုရင့် ဘဏ္ဍာ နန်းစဉ် ရတနာ အားလုံးကို ပေးအပ်ပြီး ဖြစ် ကြောင်း ဖော် ပြထား ၍ ဗြိတိသျှ တို့ထံပါး၌သာ ဤ နန်းစဉ်ပစ္စည်းများ ရှိနေကြောင်း ထင် ရှားပါသည် ။

မြန်မာသက္ကရာဇ် ၊ ၁၃၀၃၄ တော်သလင်းလဆန်း၊ ၃ရက် နေ့စွဲဖြင့် လက်ရေး မူ မှတ်စု တစ်ခု တွင် ငွေ ကုဋေငါး ထောင် တန်ဖိုး ရှိသော ဘုရင့် ကိုယ်ပိုင် ပစ္စည်း ဘဏ္ဍာများ နှင့် ဆင်ဖြူမရှင် မိဖုရား ကြီး ၏ ပစ္စည်းများ ကို ကနုကမာ သတ္တာတွင် ထည့်သွင်း၍ စ လေဒင်ကို အပ်ခဲ့ကြောင်း နှင့် ပစ္စည်းစာရင်း မှာအောက်ပါအတိုင်း ဖြစ်ပါသည် ။
၁။ ပထမ စိန်နားတောင်းတော် ရံစုံ (၁) ။
၂။ ဒုတိယ စိန်နားတောင်းတော် ရံစုံ (၁) ။
၃။ တတိယ စိန်နားတောင်းတော် ရံစုံ (၁) ။
၎။ စတုတ္ထ စိန်နားတောင်းတော် ရံစုံ (၁) ။
၅။ ပဉ္စမ စိန်နားတောင်းတော် ရံစုံ (၁) ။
၆။ ပါရစ်လုပ် နားတောင်းတော် ရံစုံ (၁) ။
၇။ ငါနွယ်လုပ် နားတောင်းတော် ရံစုံ (၁) ။
၈။ စိန်ပတ္တမြားထိပ်တင် နားတောင်းတော် ရံစုံ (၁) ။
၉။ ရွှေဟင်္သာညီနောင် နားတောင်းတော် ရံစုံ (၁) ။
၁၀။ ပတ္တမြား နားတောင်းတော် ရံစုံ (၁) ။
၁၁။ မြညီနောင် နားတောင်းတော် ရံစုံ (၁) ။
၁၂။ မြ နားတောင်းတော် ရံစုံ (၁) ။
၁၃။ ပတ္တမြား စလွယ်တော် (၁) ။
၁၄။ ဒက်တော်ကြီး (၁) ။
(ရတနာခြောက်မျိုး ခြယ် မင်း၏တန်ဆာတော် )
၁၅။ ဒက်တော်ငယ် (၁) ။
၁၆။ စိန်ခါးစည်းတော် (၁) ။
၁၇။ စိန်ပန်းခွေတော် (၁) ။
၁၈။ ထိပ်စိုက်ပန်းခိုင်တော် (၁) ။
၁၉။ ပါရစ်လုပ် စိန်ပန်းခိုင်တော် (၁) ။
၂၀။ စိန်လက်ကောက်တော် ရံစုံ (၁) ။
၂၁။ စိန်လည်ကပ်တော် ကုံးရေ (၁) ။
၂၂။ စိန်ခရာသီး လည်ကပ်တော် (၁) ။
၂၃။ စိန်ကြိုး ကုံးရေ (၁၀) ။
၂၄။ စိန်လက်စွပ်တော်ကြီး (၂၀) ။
၂၅။ နန်းစဉ် ငမောက်ပတ္တမြား (အဖိုးမဖြတ် (၁) ။
နိုင်သော ပတ္တမြားကျောက်ကြီး )။

ဤရတနာပစ္စည်းများစာရင်းမှာ စတုတ္ထသမီးတော် တင်ပြသော စာရင်းနှင့် ကိုက်ညီပြီး သူမစာရင်းတွင် ပစ္စည်းစာရင်း နှစ်မျိုးထပ်တိုးပါရှိသည် ။
၂၆ ။ ကြိုးကျောက်တော် (၁) ။
၂၇ လှော်ကားတင်ကျောက် (၁) ။ တို့ဖြစ်သည် ။

ဤ နန်းစဉ်ငမောက် နှင့် ဘဏ္ဍာပစ္စည်းများကို ဦးဇေယျာ နှင့် စတုတ္ထ သမီး တော် တို့မှ အင်္ဂလိပ်တို့ယူသွားကြောင်း အခိုင်အမာ ပြော သော်လည်း ၁၂၄၇ တိုင်းပြည် ပျက်ရာ လူအများ နန်းတော်ကြီးပေါ်သို့ ဝင်ရောက် ယူငင် သွားခြင်းသာ ဖြစ်နိုင်ကြောင်း မရေ မ ရာ ပြောခဲ့သည် ။( ဦးမောင်မောင်တင် - မဟာဝိဇ္ဖာ ) ။

အထက်ပါ စာရင်းတွင် ကာနယ်စလေဒင် လက်သို့ သီပေါမင်းကိုယ်တိုင် အပ် ထား သော ဘုရင့် ဘဏ္ဍာပစ္စည်းစာရင်းတွင် အမှတ်စဉ် (၁၆)၌ စိန်ခါးစည်း တော် ပါဝင် ကြောင်းတွေ့ရပါသည် ။ထိုပစ္စည်း ဟုတ်မဟုတ်တော့ မပြောနိုင်ပေ။ ပါတော်မူ သီပေါဘုရင် သည် ရတနာ ဂီရိ တွင် ချို့ချို့ငဲ့ငဲ့နေ ထိုင် သွား ရသည်ကို ကျမတို့ သိပြီးဖြစ်သည် ။ထို နန်းစဉ် ရတနာ များ သည် ယခုတိုင် သီပေါ ဘုရင်၏ ဆွေမျိုးများ နှင့်သာ သက် ဆိုင်၍ တောင်းခံလျက် ရှိကြောင်း သိရပါ သည် ။

ကိုးကား ။ တော်ဘုရားလေး အောင်ဇေ - လန်ဒန်ရောက် ပတ္တမြား ငမောက်နှင့် တော်ဝင်ရတနာ ပစ္စည်းများ ။


သျှင်လေညင်း ။ ၁၈ ၊၈ ၊ ၂၀၁၃ ။

AddThis