မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Saturday 8 June 2013

ရွှေနန်းဆီသို့ (၂) သုဝဏ္ဏ ဘူမိ

(င) ။ နောက်ဆက်တွဲ သမိုင်း သက်သေတည်ပါစေ မှ သဘောတွေ့ မိသော ဖြေရှင်းချက်အချို့  ။သုဝဏ္ဏ ဘူမိ အဓိပ္ပါယ်။

သုဝဏ္ဏ ဘူမိဟူသော ပါဋ္ဌိ ဝေါဟာရ၏ အနက်သည် သုဝဏ္ဏ သည် ရွှေ ဟူ၍လည်းကောင်း၊ ဘူမိသည် မြေ ဟူ၍ လည်းကောင်း ပါဋ္ဌိ-မြန်မာ အဘိဓာန် တွင် တွေ့ နိုင်ပေသည်။ ထို့ ကြောင့် သုဝဏ္ဏဘူမိ ဟူသော နာမသည် `“ရွှေမြေ [ ဖြစ်သည်။ တနည်းအားဖြင့် ရွှေ ပေါများ ကြွယ်ဝစွာ ထွက်ရှိရာ ဒေသ အဖြစ် ရှေး အိန္ဒိယ သားတို့ က တင်စားခေါ်ဝေါ် ကြခြင်းဖြစ်ပေသည်။ သုဝဏ္ဏ ဘုမိဟူ၍ လွဲမှားစွာ ဖြင့် မှတ်သားထား တတ်မှုများကြောင့် ဘုမိ ဟူသည် ဘုံ ဟုအဓိပ္ပါယ် ထွက်လျက် ရွှေဘုံ ဟု မြန်မာလို အဓိပ္ပါယ်ရသဖြင့် ဝေါဟာရ ခြင်းကော ၊ အနက် အဓိပ္ပါယ် ပါ များ စွာကွာခြားလျက်ရှိသဖြင့် သုဝဏ္ဏ ဘူမိ နှင့် သုဝဏ္ဏ ဘုမိ မရောထွေးသင့်ပေ။

ကျမ်းဂန်လာ သုဝဏ္ဏ ဘူမိကို အဓိပ္ပါယ် ကောက်ယူရာဝယ်။


တောင်ပေါက် ဆရာတော် ဦးစက္ကပါလ သည်လည်း သုဝဏ္ဏ ဒွီပ ကို သုဝဏ္ဏ ဘူမိနှင့် ထပ်တူကြောင်း ကောက်ချက်ချခဲ့  ဖူးပြန်ရာ ဗဟုသုတ အဖြစ် ဖော်ပြရလျှင် နာလန္ဒ ကြေးကမ္ဗည်းစာပါ အထောက်အထားကို လေ့လာရပေမည်။ ၎င်းကြေး ကမ္ဗည်းစာတွင် ”သုဝဏ္ဏ ဒွီပ ခေါ် စူမတြား ကျွန်းဘုရင် သိရိပုတ္တဗလ ဒေဝါ ” ဟုရေးထိုးပါရှိရာ သုဝဏ္ဏ ဒွီပ အရေးအသား မှ ဒွီပ သည် “ကျွန်း“ ဟု အနက်ပြန်နိုင်ပေသည်။ ဤကို ဆရာတော်မှ ကုန်းမြေဟု အဓိပ္ပါယ်ရသော ဘူမိ နှင့် ကျွန်းဟု အဓိပ္ပါယ် ရသော ဒွီပါ တို့ သည် ဘူမိသဒ္ဒါ နှင့်ဖြစ်စေ၊ ဒီပဒွီပါ သဒ္ဒါ များနှင့်ဖြစ်စေ အနက် (အဓိပ္ပါယ်) တူသောကြောင့် အလျဉ်းသင့် သလိုဆိုနိုင်သည် ဟု ဆိုခဲ့ ပေသည်။သို့ ဖြစ်ရာ မြန်မာ့ မုတ္တမ ပင်လယ်ကွေ့ အတွင်းရှိ ရွှေမြေသည် ကျွန်းငယ် လေး တစ်ခုသာလော သို့ ဖြစ်ရာ ဆူမားတြားကျွန်းသို့ မှားယွင်းစွာ ယူဆမိဖို့  ဖြစ်သွားရပေသည်။ ထို့ ပြင် " ဒီပဿမန္တတော အရက္ခံပေ တွာ = ကုန်းမြေ၏ ထက် ပတ်ဝန်းကျင်ကို အစောင့်အရှောက်ထား၍ " ဟူသော စကားစုကို အနက်ယူရာတွင် " ဒီပ "၏အနက် ဖြစ်သော ကျွန်းကို အထူးအာရုံထား၍ အောက်မြန်မာ နိုင်ငံဒေသကြီးတစ်ခုလုံးမှာ ကုန်းမြေသာ ဖြစ်ရာ ကျွန်းအဖြစ်တည်ရှိရမည်ဖြစ်သော သုဝဏ္ဏ ဘူမိမဟုတ်နိုင်ဟု ယူဆစရာဖြစ်ရပြန်သည်။ ကျမ်းဂန်လာ " ဒီပဿ " ဟူသော စကားစု မှ " ဒီပ " ဝေါဟာရသည် ကုန်းမြေဖြစ်သော သုဝဏ္ဏဘူမိ အဝန်းအဝိုင်း နယ်မြေအတွင်း တည်ရှိသော "ကျွန်းတစ် ကျွန်း " ကိုသာ ရည်ညွှန်းထားခြင်း ဖြစ်ပေသည်။ ထိုအဆို နှစ်ခုသည် သုဝဏ္ဏ ဘူမိ၏ တည်နေရာသည် ကုန်းမြေထုထည်ကြီး သာဖြစ်၍ ကျွန်းငယ်လေး မဖြစ်နိုင် ကြောင်းကို ကျမ်းဂန်လာ သုဝဏ္ဏဘူမိကို အဓိပ္ပါယ် ပြန်ရာလွဲမှားနေမှုကို ရှင်းလင်းအောင် ဖော်ထုတ်နိုင်ပေပြီ။

မဟာ ဇနက္က ဇာတ်တော်လာ ယူဇနာ (၇၀၀) ကို ဆန်းစစ်ကြည့်သော် ။

တဖန် မဟာဇနက္က ဇာတ်တော်လာ " တာမလိတ္တိ သဘောင်္ဆိပ်နှင့် သုဝဏ္ဏ ဘူမိအကြား ယူဇနာ (၇၀၀) ကွာဝေးသည် " ဟူသော ကျမ်းဂန်၏ ဖော်ပြမှုသည် ယျေဘုယျ အကွာအဝေးကိုသာ ဆိုလိုပေသည်။ ဗုဒ္ဓကျမ်းဂန်များတွင် ယူဇနာကို တွက်ချက် ယူနည်း (၄) မျိုး ရှိသည်ဟု ဖော်ပြထား ရာတွင်
(၁)။ လေးဂါဝုဂ် တစ်ယူဇနာ
(၂)။ ခုနှစ်တောင် တစ်တာ - တာတစ်ထောင် တစ်ယူဇနာ
(၃)။ ရထားလမ်း ပိုးတပြန် တစ်ယူဇနာနှင့်
(၄)။ လေးကောသ တစ်ယူဇနာ
ဆိုသော တွက်နည်းများဖြင့် ဖလှယ်တွက်ချက်ကြပေသည်။
ထို့ ပြင် အင်္ဂလိပ်မိုင် ရှစ်မိုင် လျှင် တစ်ယူဇနာရှိရာ " ထိုနည်းများထဲမှ အနောက်တိုင်းသား ပညာရှင် တို့ သည် ကုန်းလမ်း အကွာ အဝေးကို ရှစ်မိုင် - တစ်ယူဇနာနည်းဖြင့် တွက်ချက်သော် လည်း ရေလမ်းခရီး အတွက်မူ ခုနှစ်တောင် တစ်တာ - တာတစ်ထောင် - တစ်ယူဇနာ နည်းဖြင့်သာ ဧကန်တွက်ချက်ရမည်ဖြစ်သည်ဟု ဆရာတော် ဦးစက္ကပါလ မှ အခိုင်အမာ ယူဆထားပါသည်။ ကျမ်းဂန်၏ သတ်မှတ်ပြဌာန်း ချက်မရှိပဲ မိမိသဘော နှင့်မိမိ ဆုံးဖြတ်သတ်မှတ်၍ ရနိုင်စရာ အကြောင်းမရှိ ပေ။ တာမလိတ္တိ သဘောင်္ဆိပ်နှင့် သုဝဏ္ဏ ဘူမိအကြား ယူဇနာ (၇၀၀) အကွာအဝေးကို တွက်ချက်ရာတွင် ရေ ကြောင်းခရီး အတွက်သီးသန့်  ၊ ကုန်းကြောင်း ခရီးအတွက်သီးသန့်  တွက်ချက်ရမည်ဟူသော ပြဌာန်းချက်မျိုး အလျဉ်း မပါရှိသည်ကို ထင်ရှားစွာ တွေ့ နိုင်ပါသည်။ အကယ်၍ ရှစ်မိုင် - တစ်ယူဇနာ နည်းဖြင့်တွက်ချက်ပါက
၇၀၀X ၈ = ၅၆၀၀ ရှိမည်ဖြစ်သည် ။ကမ္ဘာ၏ သုံးပုံတစ်ပုံ အကွာအဝေး ဖြစ်သည် ။ မည်သည့်ဒေသနှင့် မှကိုက်ညီမှု မရှိ များ လွန်းလှသော အကွာအဝေးပင်ဖြစ်သည်။ ထို့ ကြောင့် ဆရာတော် ဦးစက္ကပါလသည် ထိုနည်းကို မတွက်ချက်ပဲ ခုနှစ်တောင် - တစ်တာ ၊ တာတစ်ထောင် - တစ်ယူဇနာ နည်းဖြင့် တွက်ချက်ပြီး ရသောအဖြေမှာ ၁၃၉၂.၅ မိုင် ရသော် တာမလိတ္တိသဘောင်္ ဆိပ် နှင့် ယခုလက်ရှိ စူမတြား ကျွန်း အကွာအဝေး နှင့် ကိုက်ညီသဖြင့် ကောက်ချက်ဆွဲ ခဲ့ ခြင်းဖြစ်ပေသည်။ ထိုသို့ တွက်ချက်ရာတွင် ထိုခရီးအကွာ အဝေးကို မြေပုံပေါ်တွင် တိုင်းသာသော နည်းလမ်း အတိုင်း မျဉ်းဖြောင့်ဆွဲ တွက်ချက်ခဲ့ ခြင်းဖြစ်ရာ ရေကြောင်းကုန်သွယ် ရေး အဦးအစ ကာလတွင် အိန္ဒိယ သမုဒ္ဒရာအတွင်း ၌ ကုန်သဘောင်္များ သွားလာသော ရေကြောင်းပုံစံနှင့် လည်း ကိုက်ညီမှု မရှိချေ ။ ထိုကာလ ( ခရစ်နှစ် ၆- ရာစုအထိ ) တွင် ကုန်သဘောင်္များသည် အိန္ဒိယ သမုဒ္ဒရာကို တိုက်ရိုက် ကူးဖြတ်မှု မပြုပဲ ကမ်းရိုးတန်း အနီးတလျောက် ပင်လယ်ပြင်၌ သာရွက်လွှင့်သွား လာမှုကိုပြုခဲ့ သည် ။ ထို့ ကြောင့် တာမလတ္တိ ဆိပ်ကမ်း မှ ဆူမားတြား ကျွန်းအကွာအဝေးကို တွက်ချက်ရာတွင် မြေပုံပေါ်တွင် မျဉ်းဖြောင့်ဆွဲ တိုင်းတာသော ပုံစံမျိုးဖြင့် တွက်ချက်၍ မရပေ။ ထိုအစား ကုန်သဘောင်္များသွား လာသော ရေလမ်းကြောင်း အကွာ အဝေးပေါ် မူတည် တွက်ချက်မှသာလျှင် သင့်လျော်မည်ဖြစ်ပါသည်။ ထိုသို့ တွက်ချက်မည် ဆိုပါလျှင် တာနလ္လတ္တိ ဆိပ်ကမ်းမှ
ဆူမားတြား ကျွန်းပေါ်ရှိ ကုန်သွယ်ရေး အချက်အချာနေရာတစ်ခု ဖြစ်သော ဂျမ်ဘီ (Jambi) အထိဆိုလျှင် အနည်းဆုံး မိုင်ပေါင်း (၂၃၀၀)ကျော်ခန့် ရှိနေပေရာ ဆရာတော် ဦးစက္ကပါလ တွက်ချက်ထားသော အဖြေ မိုင်ပေါင်း (၁၃၉၂.၅) နှင့်မညီ ညွတ် မညွတ်ရှိ ရာ သုဝဏ္ဏ ဘူမိနှင့် ဆူမားတြား ကျွန်းကို ဆက်စပ်၍ မရနိုင်တော့ ပါ။

ရေလမ်းကြောင်းကုန်သွယ် ရာရာစု အပိုင်းအခြားမှ ။

ခရစ်နှစ် လေးရာစုဦး ပိုင်း အချိန်အထိ အိန္ဒိယ နှင့် တရုတ်နိုင်ငံ အကြား တိုက်ရိုက်ဆက်သွယ် ထားသော ရေကြောင်း ကုန်သွယ် ရေးလမ်းမရှိသေးပေ။အိန္ဒိယ မှလာသော ကုန်သဘောင်္များသည် မလေးကျွန်းဆွယ် အထက်ပိုင်း အနောက်ဘက် ကမ်းခြေ ထိုမှတဆင့် ကရ ကျွန်းဆက် ကိုဖြတ်ပြီး မဲခေါင်မြစ်ဝကျွန်းပေါ် ဒေသ၏ အနောက်ဘက် အစွန်းအဖျား တလျောက် ကုန်စည် များကို တင်ချပြုလုပ်ယင်း အိန္ဒိယ နှင့် တရုတ်ပြည်အကြား ရေလမ်းခရီးဖြင့် ကူးသန်းသွားကြသည်။ ဤလမ်း ကြောင်း အရ အိန္ဒိယ မှလာသော မည်သည့် ကုန်တင်သဘောင်္မှ မလေး ကျွန်းဆွယ် အနောက်ဘက်ကို ပတ်ပြီး မလက္ကာရေ လက်ကြားကို ဖြတ်၍ ဆူမာတြား ၊ဂျာဗားအစရှိသော အင်ဒိုနီးရှား ကျွန်းစုများသို့  သွားရောက်ခြင်း မရှိ ဟူသော အချက်ကို လည်း တွေ့ ရပေသည်။ အမှန်အားဖြင့် ဆူမားတြား ကျွန်းသည် ခရစ် ငါးရာစု နောက်ပိုင်းမှ သုဝဏ္ဏ ဒွီပ ဟူသော ဘွဲ့  အမည်ဖြင့် ထင်ရှားလာခြင်းဖြစ်ပေသည်။ တနည်းဆိုသော် ခရစ်နှစ်ငါး ရာစုနောက်ပိုင်း တွင်မှ အိန္ဒိယ - တရုတ် ကုန်သွယ်ရေး လမ်းကြောင်းသည် မလေးကျွန်းဆက် နေရာမှ မလက္ကာ ရေလက်ကြား ဒေသသို့ ရွှေ့  ပြောင်းရောက်ရှိ လာခြင်းပင် ဖြစ်ပေသည်။ ထို့ ပြင် ဆရာတော် ဦးစက္ကပါလ သည် သုဝဏ္ဏ ဒွီပါ နှစ်ဌာန ရှိနေကြောင်းကို ခွဲခြားဖော်ထုတ် နိုင်ခြင်းမရှိခဲ့ ချေ။ ခရစ် နှစ် ၃- ရာစု တွင် အသောက မင်းကြီးလက်ထက်တွင် ဗုဒ္ဓသာသနာ ပြုရန် လာရောက်ခဲ့ သော သုဝဏ္ဏ ဒွီပ နှင့် ခရစ်နှစ် ၅- ရာစုနောက်ပိုင်းမှ ထင်ရှားလာသော သုဝဏ္ဏ ဒွီပ ကို ရောထွေး သုံးသပ်ခဲ့  သဖြင့် မြန်မာနိုင်ငံ တောင်ဘက် မုတ္တမပင်လယ်ကွေ့ တွင် ခရစ်ရာစု မတိုင်မီက ကမ္ဘာ့ နိုင်ငံ အများအပြား မှသိရှိခဲ့ သော သုဝဏ္ဏ ဘူမိသည် ဒွိဟဖြစ်စရာ အရေးနှင့် ကြုံကြိုက်ရပါသည်။

သို့ သော် ခရစ် ၃- ရာစု ၌ တရုတ်မှတ်တမ်း များတွင် တွေ့ ရသော ကျင်းလင် နိုင်ငံ သည် လည်းကောင်း ၊ ဂရိ တို့ မှတ်တမ်း ထဲ မှ ခရီးဆီး သည် လည်းကောင်း ၊ တော်လမီ၏ ပထဝီဝင် ကျမ်းထဲမှ ရွှေကျွန်း သည် လည်းကောင်း မြန်မာနိုင်ငံ တောင်ပိုင်း ဒေသ တွင် သာရှိသည် ဖြစ်သော သုဝဏ္ဏ ဘူမိကို သာ ရည်ရွယ်ကြောင်း အတည်ပြု နိုင်ပါပြီ။

သျှင် လေညင်း ။ ( ၆၊ ၆ ။ ၂၀၁၃ )

စာအကိုး အကား ။ ။ သုဝဏ္ဏ ဘူမိဒေသ တည်နေရာအမှန်ကို သမိုင်း သုတေ သန အထောက်အထားများဖြင့် ညှိနှိုင်း ဖော်ထုတ်ခြင်း ။
ဦးနိုင်ဝင်း ၊ ဒေါက်တာ ရီရီရွှေ ၊ ဦးဇော်ဝင်း ။

ဓါတ်ပုံ ပိုင်ရှင်အား မမှတ်မိတော့ပါ၍ အထောက်အထားနှင့် တကွ လာရောက် အတည်ပြုပေးပါရန် ။

AddThis