မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Saturday 18 May 2013

ဒေါက်တာသန်းထွန်း၏အတ္ထုပတ္တိ

                                                   ဒေါက်တာသန်းထွန်း။

(B.A.Hons:), MA, Ph.D, D.Lit,(London)
အငြိမ်းစားပါမောက္ခ၊သမိုင်းဌာန၊ မန္တလေး တက္ကသိုလ်။
အဖွဲ့ ဝင်၊မြန်မာနိုင်ငံ သမိုင်းကော်မရှင်။
ဂုဏ်ထူးဆောင် ပါမောက္ခ၊မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာဌာန။
ဂုဏ်ထူးဆောင် ပါမောက္ခ၊သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ်။

မွေးသက္ကရာဇ် ။

၆၊ ၄၊ ၁၉၂၃ ။

မွေးဖွားရာဒေသ ။

ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်း မြို့ နယ်၊ ငဝန်မြစ် အနောက်ဖက်ကမ်းက ဒေါင့်ကြီးရွာ ။

မိဘများ ။

ဦးဘိုးတွေ + ဒေါ်သင် ။

မွေးချင်း ။

လေးယောက် - ဒုတိယသား



ပညာရေး ။

ငါးသိုင်းချောင်း အမျိုးသားကျောင်း မှ ၁၉၃၈တွင် ဆယ်တန်းအောင်မြင်၊
ရန်ကုန် ယူနီဗာစီတီကောလိပ် တွင် ၁၉၃၉ ခုနှစ်မှ စတင် တက်ရောက်၍
ပညာသင်ကြား၊
၁၉၄၁ တွင် ဥပစာ (ခ) Intermediate of Arts ကိုအောင်မြင် ၊
ဒုတိယ ကမ္ဘာစစ်ဖြစ်၍ ဌာနေပြန်ရာတွင် ဗေဒင် ပညာကို ဆည်းပူးခဲ့  ၊
စစ်ပြီး၍ ၁၉၄၆ ခုတွင် ဝိဇ္ဖာဘွဲ့  (B.A) ရရှိ ၊
၁၉၄၇ ခုတွင် ဝိဇ္ဖာ ဂုဏ်ထူးတန်း အောင်မြင် ၊
၁၉၅၀ ခုတွင် သမိုင်းမဟာ ဝိဇ္ဇာဘွဲ့ ရရှိ ၊
၁၉၅၂ တွင် ဥပဒေ ဝိဇ္ဇာ ဘွဲ့ ရရှိ ၊
၁၉၅၄- ၅၆ တွင် လန်ဒန် တက္ကသိုလ် အရှေ့ တိုင်း နဲ့  အာဖရိက ပညာ
သင်၍ (Ph.D) ဘွဲ့ ယူ ၊
၁၉၈၈ တွင် အင်င်္ဂလန် နိုင်ငံ ၊ လန်ဒန် တက္ကသိုလ် မှ (D.Lit.) ဘွဲ့  ရရှိ။

အလုပ်အကိုင် ။

၁၉၄၆ ရန်ကုန် တက္ကသိုလ် သမိုင်းဌာန၏ အချိန်ပိုင်းနည်းပြ၊
၁၉၅၂ တွင် သမိုင်း လက်ထောက်ကထိက ၊
၁၉၅၈ တွင်ကထိက ဖြစ်၊
မြန်မာနဲ့  အရှေ့ တိုင်း သမိုင်းဌာန ကထိက၊
၁၉၆၀ တွင် တက္ကသိုလ်ကောင်စီ၏ ကထိက၊
၁၉၆၅ တွင် မန္တလေး ဝိဇ္ဖာ နှင့် သိပ္ပံ တက္ကသိုလ် သမိုင်းဌာန၏ ပါမောက္ခ၊
၁၉၈၂ တွင် ဂျပန်နိုင်ငံ တိုကျို တက္ကသိုလ် အရှေ့ တောင်အာရှလေ့လာမှု
များ ဗဟိုဌာန တွင် အငှားသုတေသနပညာရှင်၊
၁၉၈၃ တွင် မန္တလေး တက္ကသိုလ် သမိုင်းပါမောက္ခ အဖြစ်နှင့် အသက် (၆၀)
ပြည့် တွင် အနားယူ၊
၁၉၈၃ တွင် တိုကျို နိုင်ငံခြား ဘာသာသင် တက္ကသိုလ် ၊အာရှ အာဖရိကဘာသာဓလေ့ဌာန ၏ ( Research Fellow )?
၁၉၈၄ တွင် တိုကျို နိုင်ငံခြား ဘာသာသင် တက္ကသိုလ် တွင် အင်ဒိုချိုင်းနား ဌာန၊ မြန်မာနိုင်ငံ ဆိုင်ရာလေ့လာရေး ၊ဌာနခွဲမှူး၊
တိုကျို နိုင်ငံတာကာခရစ်ယာန် တက္ကသိုလ် ဘွဲ့ လွန်ကျောင်း ၏ ဧည့် ပါမောက္ခ၊
၁၉၈၇ တွင် အမေရိကန် နိုင်ငံ ၊ ဒီကပ်၊ မြောက်အီလီနွိုင် တက္ကသိုလ် ၊သမိုင်းဌာန ၊ ဧည့်ပါမောက္ခ၊
အမေရိကန်၊ အင်အာဗာ၊ မစ်ရှီကန် တက္ကသိုလ်၊ သမိုင်းဌာန ၊ ပါမောက္ခ၊
၁၉၉၁ တွင် မြန်မာစာ ၊အဖွဲ့ ဝင်၊( မြန်မာ- အင်္ဂလိပ် အဘိဓန် ပြုစုရေးကော်မတီ )၊
၁၉၉၂ တွင် ရန်ကုန် တက္ကသိုလ် ရှေးဟောင်းသုတေသန ပညာဌာန နှင့် သမိုင်း ဌာန ၏ အချိန်ပိုင်း ပါမောက္ခ၊
၁၉၉၃ တွင် ရှေးဟောင်းသုတေသန ပညာဌာန ၏ ဂုဏ်ထူးဆောင်ပါမောက္ခ၊
၁၉၉၆ တွင် သမိုင်း ဌာန၏ ဂုဏ်ထူးဆောင်ပါမောက္ခ၊
၂၀၀၁ တွင် ရန်ကုန် အရှေ့ တိုင်း ပညာဌာန ၏ အချိန်ပိုင်း ပါမောက္ခ။
ရှေးဟောင်းသုတေသန၊ မြန်မာနိုင်ငံ သမိုင်းဆိုင်ရာ စာပေထူးများ ရေးသားသူ ။

နိုင်ငံရေးတွင် ပါဝင်မှု ။

ဂျပန် ခေတ်တွင် အရှေ့ အာရှ လူငယ်များ အသင်း၏ အတွင်းရေးမှူး၊
၁၉၄၅ ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွပ်မြောက်ရေး အဖွဲ့ ချုပ် (ဖတပလ) ၏ ပထမဆုံး ဥက္ကဌ၊
၁၉၄၇ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) ဥက္ကဌ။

ရေးသားခဲ့ သော စာ ။

မြန်မာ့ နိုင်ငံ နှင့် မြန်မာ့ သမိုင်း အတွက် အကျိုးရှိ စာပေ မြောက်များစွာကို ထင်ရှားသော စာအုပ် အုပ်များ များကို သာဖော်ပြပါမည်။
Royal Order of Burma ( မြန်မာနိုင်ငံ အမိန့် တော်များ အေဒီ ၁၅၉၈-၁၆၄၈ ) ၁၉၈၇၊ထိုကျမ်း သည် မြန်မာနိုင်ငံ အင်းဝခေတ် မှ သီပေါမင်း ပါတော်မူချိန်အထိ မြန်မာမင်း တို့ ၏ အမိန့် တော့ ပြန်တမ်း များကို စာမျက်နှာပေါင်း (၇၆၀၀) ကျော် ပြုစုထားသည်။ ကျမ်းတွဲ ဆယ်တွဲ ရှိပြီး သုတေသန စာတမ်းတွေ အနက် အကောင်းဆုံး အဖြစ် ပညာရှင် တွေက အသိအမှတ်ပြု ခြင်း ခံရသည်။ ဒေါက်တာ သန်းထွန်း၏ ( Masterpiece ) လက်ရာမွန် အဖြစ် မှတ်တမ်းတင် ကြသည်။

ပါရမီ ဖြည့်ဖက် ။

ဒေါ်ခင်ရီ ။

သား/သမီးများ ။

ဖေ သန်းထွန်း ၊ မေ သန်းထွန်း ၊ မဉ္ဖူ သန်းထွန်း ၊ နှင်းဆီ သန်းထွန်း ၊ နွယ်နီ သန်းထွန်း ။

ကွယ်လွန်ချိန် ။

၃၀၊၁၁၊၂၀၀၅ ( တောင်လေးလုံး ဘုန်းကြီးကျောင်းတွင် ကျင်းပ ပြုလုပ်တဲ့  လူထု ဒေါ် အမာ ရဲ့  နှစ် (၉၀)ပြည့် မွေးနေ့  အခမ်းအနားကိုတက်ရောက် ရန် မန္တလေးတွင် ရှိနေစဉ်၊ မန္တ လေး တက္ကသိုလ် ၊ သမိုင်းဌာန တွင် နံနက် ၂နာရီ၊ မိနစ် ၃၀ တွင် ကွယ်လွန် ခဲ့ သည်)။

ကိုယ်ပိုင်ဆောင်ပုဒ် ။

" အမှန်းကောင်း ၊ အလုပ်ကောင်း ၊ အဆုံးကောင်း "

" ငါရေးတာမှာ ကြွားတာ ၊မှားတာ ၊ မမှန်တာ မပါဘူး "

"သမိုင်းသုတေသနမှာ သက်သက်ညှာညှာ ပြောပါဆိုတဲ့ စည်းကမ်းမရှိဘူး။ ငါက မြန်မာ မဟုတ်လား၊ မြန်မာ အကြောင်း အကောင်းချည်းပဲ ဖော်ထုတ်မယ် ဆိုတာမျိုးလည်းမလုပ်ပါ။ သူကရန်သူမဟုတ်လား၊ သူ့ကိုတော့ ချိုးချိုးဖဲ့ဖဲ့ ရေးလိုက်မယ်ဆိုတာမျိုး မပါပါ။ "

" သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။ ချစ်လို့မြှောင့်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။ ဂတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါလို့ပြောချင်တာ။
*သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအ* ဘူးပေါ့။ (ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ) "

Photo & Scrip ;ShanYoma.Org မှ ကျေးဇူးပြုပါသည်။

AddThis