မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Saturday 1 February 2014

ပြက္ခဒိန် သမိုင်း


=========

ပြက္ခဒိန်ဆိုသည်မှာ လက်ရှိကာလ အဖြစ်အပျက်များ ၊ အတိတ်ကာလ၊ 
အနာဂတ်ကာလမှ အဖြစ်အပျက်များ စသည်တို့ကို မှတ်သားရလွယ်ကူ
စေရန်အတွက် လည်းကောင်း၊ အစိုးရ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ၊ တရား 
စီရင်ရေး ဆိုင်ရာတို့တွင် သုံးစွဲရန် အတွက် လည်းကောင်း၊ လူမှုဘ၀၌ 
လက်ထပ် ထိမ်းမြားခြင်း ၊ သာရေး နာရေးကိစ္စများ ဆောင်ရွက်ခြင်း ၊ 
ဘာသာရေး အခမ်းအနားများ ကျင်းပခြင်း၊ တစ်ဦးနှင့် တစ်ဦး အချိန်း 
အချက် ပြုခြင်း စသည် တို့တွင် ရည်ညွှန်း ပြောဆိုရန် အတွက် လည်း
ကောင်း အချိန် ကာလကို ပိုင်းခြား သတ်မှတ်ခြင်း ပင်ဖြစ်သည် ။ တစ် 
နည်းအားဖြင့် ရက်အပိုင်းအခြား ၊ လအပိုင်းအခြား ၊ နှစ်အပိုင်းအခြား ၊ 
ရာသီဥတု အပိုင်း အခြားတို့ကို သတ်မှတ်ခြင်းဖြစ်၏ ။ ဤသို့သတ်မှတ် 
ရာတွင် ပြက္ခဒိန် ၌ အတို ဆုံးသော အချိန် ကာလ မှာ ရက် ဖြစ်သည် ။ 
ရက်များ ကို သီတင်းပတ် များအဖြစ် ၊ သီတင်းပတ် များကို လများ အ
ဖြစ်၊ လများ၏ အစု အဝေးကို နှစ်များ အဖြစ် စီစဉ် သည် ။ ထို့ကြောင့် 
ပြက္ခဒိန်တစ်ခုတွင် အခြေခံ အားဖြင့် ရက် ၊ သီတင်းပတ် ၊ လ ၊ နှစ် တို့ 
ပါဝင်သည် ။ ထို့ကြောင့်ပင် ရှေးယခင် ခေတ်များကပင် ကမ္ဘာအရပ်ရပ်
မှ လူသား တို့သည် မိမိနည်း မိမိဟန်ဖြင့် ပြက္ခဒိန် များကို တီထွင်ခဲ့ကြ 
လေသည်။


လူမျိုး ၊ ဘာသာ ၊ နိုင်ငံ အလိုက် ပြက္ခဒိန် စီစဉ်ပုံများ ကွဲပြားသည် ။ 
အချို့ ပြက္ခဒိန်များမှာ ရိုးရှင်းသည် ။ ကောင်းကင် နက္ခတ်၏ အသွား 
အလာတို့နှင့် မပတ်သက် ။ အချိန် ကာလကို ရည်ညွှန်းနိုင်ရန် သက်
သက်သာ စီစဉ်ထားသည် ။ ထိုပြက္ခဒိန်မျိုးကို နှစ်ပေါင်း ရာထောင်ချီ
ပြီးစီစဉ်နိုင်သည် ။ Perpectual Calendarဟုခေါ်၏ ။နှစ်စဉ်အပြောင်း 
အလဲ သိပ်မရှိလှ။ အခြေခံဂဏန်းသင်္ချာတတ်လျှင် သာမန်လူများပင် 
တွက်နိုင်သည် ။ သို့သော် အချို့သော ပြက္ခဒိန်များမှာ ကောင်းကင် ၊
နေ ၊ လ ၊ နက္ခတ်တာရာများနှင့် ဆက်စပ်ပတ်သက်နေသည် ။ တွက်
ပုံ တွက်နည်း ကိန်းဂဏန်း များပြားသလောက် အခေါ်အဝေါ်များမှာ
လည်း ရှုပ်ထွေး လှသည် ။ ကောင်းကင်ရှိ နေ ၊ လ ၊ နက္ခတ် တာရာ 
များ၏ တည်နေရာမှာ အမြဲပြောင်းလဲ လျှက်ရှိရာ ဤ ပြက္ခဒိန်မျိုးကို 
နှစ်တိုင်းအတွက် အသေ တွက်ထား၍ မရ ။ နက္ခတ် အသွား အလာ
များနှင့် အမြဲ ချိန်ညှိ နေရသည် ။ သာမန်လူတို့ တွက်ချက် နိုင်ရန် မ
လွယ်ကူပေ ။ ထိုပြက္ခဒိန်မျိုးကို စီစဉ် တွက်ချက်နိုင်ရန် နက္ခတ်ကိန်း 
ခန်းများ၊ ဂြိုဟ်သွား ဂြိုဟ်နေများကို နားလည်တတ်မြောက်ရသည် ။ 
အချို့ နိုင်ငံများတွင် ပြက္ခဒိန်များကို တရား ဥပဒေ ပြဌာန်းပြီး ဥပဒေ
ကြောင်း အရ ထုတ်ပြန် သော်လည်း အချို့နိုင်ငံများ တွင်မူ ဥပဒေမ
ရှိပဲ ရိုးရာနှုတ်ပြောဖြင့်သာ တွက်ချက်ထုတ်ပြန်ကြသည် ။

ရှေးခေတ် လူများသည် ပြက္ခဒိန်ကို ကြံဆတီထွင် ကြရာတွင် ကောင်း
ကင်၌ မြင်တွေ့ နေရသော နေ၊ လ နှင့် နက္ခတ် တာရာများကို အခြေခံ 
ခဲ့သည် ။ နေ့ရက်များ ၊ လများ နှင့် ရာသီဥတု များအပေါ် အခြေခံ- ၍ 
ပြက္ခဒိန်ကို စီစဉ်ကြသည် ။ ဤသို့တီထွင်ကြရာတွင်တစ်နေ့နှင့်တစ်ည
ကို တစ်ရက် ၊ ကောင်းကင်မှ လမင်းကြီး စပေါ် လာချိန်မှ နောက်ထပ် 
တစ်ကြိမ် ထပ်မံပေါ်လာချိန်ထိကို တစ်လစသဖြင့် သတ်မှတ်ကြသည်။ 
အစောပိုင်း ကာလများ၌ ရက်အပိုင်း အခြားကို နေထွက်ချိန်မှ နောက်
တစ်နေ့ နေထွက်ချိန်ထိ သတ်မှတ်၏ ။ စက်နာရီများပေါ်လာသောအခါ
မှသာတစ်ရက်ကိုပထမသန်းခေါင်မှနောက်သန်းခေါင်ထိသတ်မှတ်ခြင်း 
ဖြစ်သည် ။ တစ်နှစ် ဟူသော အချိန် ကာလမှာ အတိအကျ သတ်သတ် 
မှတ်မှတ် မရှိခဲ့သေး ။ နွေ ၊ နွေဦး ၊ ဆောင်း ၊ ဆောင်းဦး -ဟူသော ရာ
သီများ တစ်ပတ် လည်ချိန်ကို တစ်နှစ်ဟုခေါ်ဆိုသည် ။ ရာသီဥတုများ
မှာ နေသွား လမ်းကြောင်း ပြောင်းလဲ သောကြောင့် ဖြစ်ပေါ် လာရခြင်း 
ဖြစ်သည်ကို နောင်တွင် သိရှိလာကြသည် ။ တနင်္ဂနွေ နေမင်း ကို ဗဟို 
ပြုလျှက် ကမ္ဘာ အပါ အဝင် ဂြိုလ် ၊ နက္ခတ်များ သည် လှည့်လည် ရွှေ့ 
လျား နေကြရာ တစ်ဆယ့် နှစ်ရာသီ အံသာ ၃၆၀ပတ် ပြည့်သော အခါ 
နေသွား ကာလ တစ်ခု ဖြစ်ပေါ် လာ သည်ကို သဘော ပေါက် လာကြ
ပြီး ထိုအချိန် ကာလကို နှစ်၏ ကာလ အပိုင်း -အခြားဟု သတ်မှတ် ၍ 
တစ်နှစ်ဟု ခေါ်သည် ။ လများ ကို သတ်မှတ် ရာတွင် မူ လမင်းကြီး ၏ 
သွားနှုံးကို မူတည်သတ်မှတ်သည် ။ 

ရက် ၊ လ ၊ နှစ် အချိန် ကာလ သုံးပါးတွင် “ရက်” သည် ရှေး ကတည်း
က ယခုတိုင် သတ်မှတ် ခဲ့သည့်အတိုင်း အထူးအထွေ ကွဲပြားမှု မရှိပါ ။ 
ကမ္ဘာပေါ်ရှိ လူမျိုးအသီးသီးတို့က မိမိတို့ ယဉ် ကျေးမှု ဓလေ့ ထုံးစံနှင့်
အညီ တီထွင် အသုံးပြုထားသော ပြက္ခဒိန် သည်ကား လအပိုင်းအခြား 
နှင့် နှစ်အပိုင်းအခြားမှာ ကွဲပြားကြပါသည် ။ ပြက္ခဒိန်သမိုင်းဆိုသည်မှာ 
ဤကဲ့သို့ နေသွား၊ လသွား ကာလများကို ညှိယူရသော သမိုင်းကြောင်း
ပင် ဖြစ်တော့၏။ 

ကမ္ဘာပေါ်ရှိလူမျိုးအသီးသီးတို့ ကိုယ်ပိုင်ပြက္ခဒိန်များ သည် အောက်ပါ
မူလ အခြေခံ ပြက္ခဒိန် သုံးမျိုးမှ ပေါက်ဖွားလာသော ပြက္ခဒိန်များသာ 
ဖြစ်ကြသည် ။ 

(က) ပြည်တော်သုံး ပြက္ခဒိန် ။

တိုင်းပြည်အုပ်ချုပ်ရေး ၊ ရာဇဝင် မှတ်တမ်းများ ၊ တရားရုံးတော် ၊ ငွေ 
ချေးစာချုပ်များအစရှိသော လူမှုကိစ္စ ၊ ရုံးကိစ္စများနှင့် သံတမန် ဆက်
သွယ်ရေးကိစ္စများ၌ နှစ် ၊ လ ၊ ရက်များ မှတ်သား ရန်အသုံးပြုခဲ့သော 
ပြက္ခဒိန် ဖြစ်၍ ပြက္ခဒိန်တွက်ချက် စီစဉ်မှုတွင်လွယ်ကူစေပြီး နှစ်ပေါင်း 
ငါးဆယ်ကျော် နှစ်ပေါင်းတစ်ရာ စသည့် ကာလများအတွက် လွယ်ကူ 
စွာတွက်ချက် နိုင်သော ဂရက်ရိုဒီယန် ပြက္ခဒိန်ဖြစ်သည် ။ ယခု ကမ္ဘာ 
တစ်ဝမ်းလုံးက အသုံးပြုလျက်ရှိသည် ။

(ခ) နက္ခတ် ပြက္ခဒိန် ။

နေ ၊ လ အပါအဝင် ဂြိုလ်နက္ခတ် ၊ တာရာများ တည်ရှိနေသော ရာသီ 
အံသာများ ဖော်ပြထား ၍ နက္ခတ်ပညာရှင်များ ပင်လယ်သမုဒ္ဒရာနှင့် 
အာကာသလေကြာင်းများ၌ သွားကြသော ရေယာဉ် ၊ လေယာဉ်မှုးများ 
အသုံးပြု နေကြသော ပြက္ခဒိန်ဖြစ်သည် ။ ထိုပြက္ခဒိန် မျိုးသည် နေ့စဉ် 
ကြယ် ပြက္ခဒိန် ၊ အနောက်နိုင်ငံ ရာဖီ-နက္ခတ် ပြက္ခဒိန် ၊ နော်တီကယ် 
အယ်လမနက် ပြက္ခဒိန် စသည်များဖြစ်သည် ။

(ဂ) ဘာသာရေး ပြက္ခဒိန် ။

ကမ္ဘာတစ်ဝမ်းလုံးရှိ ဗုဒ္ဓဘာသာ ၊ ဟိန္ဒူဘာသာ ၊ ခရစ်ယာန်ဘာသာ ၊ 
အစ္စလာမ်ဘာသာ ၊ ဂျိမ်းဘာသာစသော ဘာသာဝင်များက မိမိတို့၏ 
ဘာသာရေးအယူနှင့် လျော်ညီသော အခါ ရက်များ၌ ပွဲတော်များကျင်း
ပရန် ဖော်ပြသော ပြက္ခဒိန်ဖြစ်သည် ။ 

အထက်ဖော်ပြပါ ပြက္ခဒိန်များကို စင်္ကြာဝဠာ သဘာဝအကြောင်း လေ့ 
လာချက်များအပေါ် မူတည်၍ တွက်ချက်ရသည် ။ ယခုအချိန်တွင်အာ 
ကာသထဲသို့သွားရောက် လေ့လာစူးစမ်း နိုင်ပြီဖြစ်၍မျက်မြင်လေ့လာ 
နိုင်ကြကာ ခေတ်မီနက္ခတ်ဗေဒပညာရပ်ကို ဖော်ထုတ်နိုင်ပြီဖြစ်သည် ။ 

ဆက်ရန် ။
သျှင်လေညင်း ။

ကိုးကား ။ ဦးအုန်းကြိုင် မြန်မာ ပက္ခဒိန် သုတေသနကျမ်း။
---------။ ဦးအေးငြိမ်း မြန်မာ ပြက္ခဒိန် တွက်နည်း ။

photo ; old egyptian calendar

AddThis