မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Sunday 13 December 2015

မ"အ"​အောင်​ သမိုင်းသင်

သမိုင်းသင်တာ “မအ” အောင် လို့ ဆိုပြီး ပြောထားတဲ့ ဒေါက်တာသန်းထွန်းစကားကို သိဖူး ကြားဖူး ဖတ်ဖူး ကြပေမယ့် ဘယ်လို “မအ” အောင် သင်ရမလဲ ဆိုတာကို ဆရာကြီးက အချက် (၄) ချက်နဲ့ ပြောသွားပါတယ် ။
လေ့လာကြည့်ပါ ။

(၁) သမိုင်းဟာ အထောက်အထားရှိမှ တိကျမှန်ကန်မယ် ။ တိကျမှန်ကန်တဲ့ အထောက်အထားကို ရအောင် ရှာထားနိုင်ရင် “မအ” တော့ဘူး။ သူများလိမ်ညာတာ မခံရတော့ဘူး။

(၂) သမိုင်းမှတ်တမ်းရေးသူဟာ အဂတိမလိုက်ရဘူး ။ ချစ်လို့ မြောက်ရေးတာ မုန်းလို့ နှိမ့်ချရေးတာ၊ မသိတာကို ၀န်မခံလို့ ဖြစ်ကတတ်ဆန်း ရေးတာမျိုး မလုပ်ရဘူး။ အဂတိ မလိုက်ဘဲ ရေးလိုက်တဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါ ။ ဒါဆို သမိုင်းစစ်ကိုသိရင် “မအ” တော့ပါ။

(၃) သမိုင်းကို မှတ်တမ်းအားကိုးနဲ့ ရေးတိုင်း မှတ်တမ်းကို မစစ်ဆေးပဲ လက်မခံရပါ၊၊ မှတ်တမ်းတချို့က အထက်က တင်ပြရမှာ အခြေအနေမှန်နဲ့  တလွဲစီရေးတာမျိုးတွေ့ ရတတ်ပါတယ်။ ကိုယ့်အပြစ်ကို သူများအပြစ်ဖြစ်အောင် လှည့်ပတ်ရေးတာမျိးလဲ ရှိတတ်ပါတယ်။ အပြစ်ကို အကြောင်းရင်းမပြောဘဲနဲ့ ထိမ်ချိန် ရေးတာလည်း ရှိတတ်ပါတယ် ။ သမိုင်း ပညာရှာသူ လေ့လာသူက အခြေအနေမှန် ဖြစ်ရပ်မှန်ကို စူးစမ်းဖော်ထုတ် လေ့လာဆန်းစစ်ရပါမယ်။ ဒါဆို အလိမ်မခံရတော့ဘူး။ “မအ” တော့ဘူးလို့ ဆို ပါတယ်။

(၄) မှတ်တမ်းမရှိတဲ့ အကြောင်းအရာတွေ ရှိပါတယ်။ မှတ်တမ်းမရှိပေမယ့် ကိုယ်တွေ့ ကြုံခဲ့ရသူတွေဆီက တဆင့်သိခဲ့ရသူတွေရဲ့ ယုံကြည်ရလောက်တဲ့ တိုက်ဆိုင်စစ်ဆေးလို့  မှန်ကန်တဲ့ စကားကို အတည်ပြုပြီး ရှေ့ နောက် ညီညွတ်အောင် ရေးရပါတယ်။ အဖက်ဖက်က လေ့လာစစ်ဆေး အတည်ပြုထားတဲ့ စာတမ်းရပြီဆိုရင် တကယ့် အခြေအနေမှန်ကို သိရပြီလို့ ပြောနိုင် ဆိုနိုင်ပါပြိ ။ဒါဆိုရင်လဲ “မအ” တော့ဘူးပေါ့။

သမိုင်းနည်းနဲ့ ရှေ့ဖြစ်နောက်ဖြစ်မြင်သူ --ရေးသားသူ မောင်တင်ခြုံ မကွေး
ဒေါက်တာသန်းထွန်း ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်စာတမ်းများ
အမှတ်(၁)
၃၀ နိုဝင်ဘာ ၂၀၁၅
စာမျက်နှာ ၁၄၁

AddThis