မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Monday 4 January 2016

လူမျိုးကြီး ဝါဒစွဲ အမြင်ကျဉ်းသမားများရဲ့ အနုပညာ


ဖြေရှင်းရခက်တဲ့ နားလည်ရခက်တဲ့ သမိုင်းအခြင်းအရာများကို အဖြေရှာတွေ့ပြီးသားပုံစံ နှင့် ပြန်လည် ရေးပြတဲ့အခါ ရှင်းလင်းပြီး နားလည်ရလွယ် သမျှ ဖော်ပြရေးသားချက် ဘယ်အရာကို မဆို ဖတ်ကြည့်လိုက်တာနဲ့ အောက်ပါအချက်များ အနက် တစ်ခုခုကို စောင်းပေးဖော်ပြ ထားတာပဲတွေ့ရပါလိမ့်မယ် ပုံပြင်ပမာ သိပ်ဖတ်ကောင်းနေပါလိမ့်မယ်
(၁) ရှေးအနှစ်နှစ်ထောင်က ပျူအထောက်အထားများကို မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရသည်ဟု ဖော်ပြပါရှိပါလိမ့်မယ် ။
(ဖော်ပြချက်ဟာ ဒီမှာတင် မရပ်ပါဘူး ပျူနှင့်အတူ ဗမာများသည် အစဉ်အလာကြီးသောသူများဖြစ်သည်လို့ ဆက်ပြောပါလိမ့်မယ်။ ပြီးတော့ ပျူအထောက်အထားတွေ့နေရာကနေ ဘယ်လိုကဘယ်လို ဗမာအထောက်အထားအဖြစ် ပြောင်းမှန်းမသိ ပြောင်းသွား ပါလိမ့်မယ်)

(၂) ယခုကမ္ဘာပေါ်ရှိ ပညာရှင်များက ပျူလူမျိုးဟု တစ်ညီတစ်ညွတ်တည်း လက်ခံ သတ်မှတ်ထားသည့် လူမျိုးများနှင့် မြန်မာလူမျိုးများသည် အတူတူပင်ဖြစ်သည် ဆိုတာကို အကြောင်းသင့်တိုင်း ထည့်ထည့်ရေးပြ ပါလိမ့်မယ် ။
( တရားဝင် သုတေသန ဖော်ထုတ်ချက် လုံးဝ*မပါတဲ့ အထောက်အထားများနဲ့ ကိုက်ညီရာ ဇာတ်လမ်း ဇာတ်ကွက် ဖြတ်ညှပ်ကပ်များကို ကိုးကားပြောဆိုပါလိမ့်မယ် ။ ရှေးရာဇ၀င်နဲ့ ခေတ်ဟောင်း ဘုရားသမိုင်းတွေကို သုံးပါလိမ့်မယ် ပကတိ လူသားဘဝကို ပိုင်ဆိုင်ခွင့်ရသည့် ကာလကို သိပ္ပံပညာဖြင့် ဖော်ထုတ်ပြပြီး ဖြစ်သော်လည်း သူတို့ကမ္ဘာကား ဗြဟ္မာကြီးကသာ စပါတယ် လိုအပ်သော အထောက်အထားများ အတွက် တစ်ခုသော ကျမ်းကတော့ ကိုးမြဲ ပြမြဲ ပါမြဲပဲမို့ တစ်ကျမ်းကိုးဝါဒလို့ ခေါ်လိုက ခေါ်နိုင်ပါသေးတယ်)
(၃) ပျူခေတ်မှ စပြီး ပုဂံခေတ်တိုင်အောင် ထေရ၀ါဒ အစဉ်အလာကို မပျောက်ပျက်အောင် ထိန်းသိမ်းခဲ့သည် ဟုလည်းကောင်း မွန်တို့ထံမှ ပိဋကတ်ယူသည်မှာ မဟုတ်ကြောင်း စာရေးသားခြင်း အတတ်နှင့် ဗိသုကာ ပညာများကိုလည်း မွန်တို့ထံမှ ဆက်ခံထားသည် ဆိုသည်မှာ မဟုတ်ကြောင်း တွင်တွင် ငြင်းထားပါလိမ့်မယ်
(ဒီအချက်ကို ကျားကန်ဖို့ အတွက် သထုံသို့ အနော်ရထာမင်း သွားခဲ့ကြောင်းကို ဖော်ပြထားသော ရှေးရာဇ၀င်များကို မယုံကြည်ကြောင်း မကိုးကားကြောင်း ဖော်ပြလိမ့်မယ် မြန်မာရာဇဝင်ကြီးများကို ကနဦးရေးသားသူဖြစ်တဲ့ ဦးကုလားဟာ ဇင်းမယ်အနွယ်ဝင်ဖြစ်တယ် ဇင်းမယ်သားက ဗမာရာဇဝင်ကို ဖျက်တယ်ဆိုပြီး ပုတ်ခတ်ပြောလိမ့်မယ် မှန်နန်းရာဇဝင်ကြီး ကိုတော့ ကူးချတာလို့ ပြီးစလွယ် ပြောလိမ့်မယ် ပြီးရင် ရှေးဟောင်းသုတေသန ညွှန်ကြားရေးမှူး ခေါ် ကျောက်စာဝန်တွေရဲ့ နှစ်စဉ်တင်သွင်း ဖော်ပြထားတဲ့ တရားဝင် အစီရင်ခံစာတွေ ထဲမှ တစ်စောင်ကိုမှ ထည့်မပြောဘဲ တမင်ထိမ်ချန်ထားလိမ့်မယ် လူတွေက ပို့စ်ဆိုရင် ရှည်တော့ မဖတ်ဖူး အောက်က ကောမန့်တ် မှာ ငြင်းလို့ နိုင်တဲ့ဘက်ကို အမှန်လို့ သတ်မှတ်တတ်ကြတော့ ကောမန့်တ်တွေထဲမှာ လုစ် ဘလက်ဒင်ကစလို့ ကျောက်စာဝန် ဒူရွာဇယ် တော်စိန်ခို ဦးမြ ဦးအောင်သော် တရားဝင် ရာထူးပေး ခန့်အပ်ခံထားရတဲ့ အော်ဖစ်ရှယ် အရာရှိ တစ်ယောက်မကျန်ကို ပုဂ္ဂိုလ်ရေး အရ မဟုတ်မဟပ်တွေကို လုပ်ကြံ အပုတ်ချပြောလိမ့်မယ် လူကြိုက်အများဆုံး စကားလုံးတွေဖြစ်တဲ့ ကိုလိုနီဝါဒသမားများတို့ လုစ်နောက်လိုက်တို့ စသည်ဖြင့် သုံးစွဲ လိမ့်မယ် လူမျိုးရေး သွေးခွဲလုပ်ကြံထားတဲ့ တလိုင်းဒီမိုတို့ ရခိုင်(ရခီး)အစွန်းရောက်တို့ ကုလားတို့ အစရှိတဲ့ စကားလုံးများကို လှိုင်လှိုင်သုံးစွဲလိမ့်မယ် ဝင်ဖတ်မိသူခမျာ ဘာပညာမှ မရဘဲ အကုသိုလ်တွေ နားထဲစိတ်ထဲယူသွားပြီး ယောင်တောင်ပေါင်တောင် ဖြစ်ပေတော့ )
(၄) ကုလား နဲ့ သာကီဝင်ကို အဆက်ဖြတ်ဖို့ ကြိုးစားလိမ့်မယ်။ ကုလားဆိုတာ အရင်က မပေါ်သေးပါဘူး ဆိုတာရော သာကီဝင်စကားက တိဗက်တိုဘာမင်ဆိုတာရော အတင်းဆွဲပြီး စပ်ဟပ်ဖော်ပြပါလိမ့်မယ်
ကျန်တဲ့ ပုဂံခေတ် လူမှုရေးတို့ စာပေတို့ ရေးထားလား လိုက်ရှာကြည့် မတွေ့ရဘူး ပညာရပ်တို့ လက်လှမ်းမမီနိုင်တဲ့ ပျူခေတ်က မထွက်နိုင်ပဲ ဖြစ်နေပါမယ်
အားလုံးနားလည်အောင် ပြောရရင် သမိုင်းနဲ့ သမိုင်းစာဟာ မတူပါဘူး တကယ်ဖြစ်ခဲ့တာက သမိုင်းဖြစ်ပေမယ့် အဲဒါကို ပြန်ရေးတာ သမိုင်းစာဖြစ်ပါတယ်။ စာတို့စကားတို့ဆိုတာ
ပြောသူ addresser
နာသူ addressee
ပြောလိုတဲ့ ရည်ရွယ်ချက် purpose
ပြောနေတဲ့အကြောင်းအရာ topic/subject
ပြောနေတဲ့အခြေအနေ context
ပြောနေတဲ့ ဘာသာစကား code
ပြောနေတဲ့စာအမျိုးအစား genre and register
စတာတွေအပေါ်မူတည်ပြီး ကနဦးမှာ ပြောဆိုခဲ့တဲ့ speech act စကားဖြစ်စဉ်ရဲ့ reference လို့ခေါ်တဲ့ ရည်ညွှန်းအနက်နဲ့ သဘောပေါက်မှုအနက်တွေ မတူညီမျှတော့ပါဘူး signifier ရည်ညွှန်းစကားလုံးနဲ့ signified ရည်ညွှန်းခံအနက်ကွာဟ တာမျိုးရှိပါတယ်
စာတွေရဲ့ အပေါ်ရံအနက်နဲ့ အတွင်းအနက်ကို ဖော်ထုတ်မယ်ဆိုရင် စာကို စကားသွားစကားလာ discourse အရ ဖော်ထုတ်တာမျိုးရှိတယ် စာတွေရဲ့ တည်ဆောက်ပုံ rhetoric ကိုကြည့်ပြီး သုံးသပ်တာရှိတယ် သမ္ဘာရအဆောက်အဦးဝါဒလို့ခေါ်တဲ့ structuralism ပစ္ဆာသမ္ဘာရဝါဒခေါ်တဲ့ post-structuralism တွေမှာ သမိုင်းစာကို decolonialization ကိုလိုနီဖြိုကွဲလေ့လာနည်းနဲ့ (အမှီအခိုကင်းစွာလေ့လာနည်း)သုံးသပ်ဖတ်ပါတယ် ဒါမှ ဘာကို ဆိုလိုထားသလဲ အမှန်မြင်နိုင်မှာပါ
သည်နေရာမှာ ခေတ်သစ် သမိုင်းအမှန် ဖော်ထုတ်ပုံ ဖော်ထုတ်နည်းကို ညှပ်ပြီး တင်ပြချင်ပါတယ် ခုခေတ် အွန်လိုင်းပေါ်က သမိုင်းစာတွေရဲ့ rhetoric သဘောနဲ့ သူတို့တွေ အသုံးပြုပုံ ဝါဒဖြန့်ပုံ သွေးဆောင်ပုံ လူ့စိတ်ကို ကစားပုံတွေကို နားလည်ထားသင့်ပါတယ်
ရေးသားထားတဲ့ ပို့စ်တစ်ခု၏ လိုအပ်ချက်ကို သိကျွမ်း နားလည်သူတို့က ဝင်ပြီး ထောက်ပြပြီဆိုပါတော့ အဖွဲ့ဝင် တစ်ဦး တစ်ယောက်ကတော့ လေပြေလေးနဲ့ ရှင်းပြလိမ့်မယ် ပို့စ်တ်ရေးသူကတော့ အမြဲ အေးအေးဆေးဆေးနဲ့ သူ့ပို့စ်ကို အသည်းအသန် ကာကွယ်ထားတဲ့ လိုရာစွဲ အထောက်အထားများကို ချရေးပါတယ် အခြားအကောင့်များ ကတော့ နားမလည်သူကို ရှင်းပြမနေနဲ့လို့ ပိတ်ပြောပြီးတော့ ဆက်ပြောလို့ မရအောင် ကြပ်လာပြီဆိုရင် ဆဲတဲ့နည်း သုံးလိမ့်မယ် တစ်ကောင့်ပြီး တစ်ကောင့် လာပါတယ် တော်ရုံလူ ယှဉ်ပြီး မဆဲဝံ့အောင် မကြားဝံ့မနေသာတွေ ဆဲဆိုမယ်
အငြင်းအခုန် ဖြစ်ကြတဲ့ အချိန်ကစပြီး ဝင်ရောက်ထောက်ပြသူကို မိတ်ဆွေအဖြစ် add ပါလိမ့်မယ် profile ကိုကြည့်ပြီး ချိန်ဆလက်ခံဖို့ အကြံပေးချင်ပါတယ် တစ်ချို့သော ဝါသနာရှင်တွေက လာရောက် စူးစမ်းတာမျိုးလည်း ရှိပါတယ် လော်ဘီလုပ်ဖို့ သက်သက် ဖွင့်ထားတဲ့ အကောင့်အတုတွေ ဆိုရင်တော့ နှစ်ဖက်ငြင်းတဲ့ အခါ သူတို့လူကို like တွေပေးပြီး ခင်ဗျားကို အာရုံလာနှောက်ပါလိမ့်မယ် (ဘလော့ခ်နည်းကို သုံးပြီး ကာကွယ်ပါ။) သူတို့ လုပ်နေပုံကတော့ လေးကောင်ဂျင်ကစားနည်းမှာ အလံရှူးတွေ ချထားတဲ့ ပုံစံမျိုး ကလေးအကွက်တွေ ဖြစ်ပါတယ် ထိန်းထိန်းသိမ်းသိမ်း ကာကွယ်ဖို့ ကတော့ မခက်လှပါဘူး ဝင်လာသူတွေရဲ့ အမည်တွေဟာ နေရာတိုင်းမှာ အတူတူချည်းပါပဲ သဘောတူဝါဒ တစ်ခုထဲကို ကိုင်စွဲထားတဲ့ လော်ဘီများသာဖြစ်ပါတယ် ကိုယ်ကဘလော့ခ်ထားလို့ မမြင်ရရင် မြင်ရအောင် တမင် screenshot တွေရိုက်ပို့ပါလိမ့်မယ် သူတို့ကို ဂရုမစိုက်ပဲ ပွဲရဲ့ ပန်းတိုင်ကို အာရုံမလွှဲပဲ ကစားကွက် ပြောင်းလဲမသွားအောင် ထိန်းပြီး သူတို့ကို ထောက်ပြဖို့ ကြိုးစားရပါတယ်
သမိုင်းဆိုင်ရာ ဆွေးနွေးငြင်းခုန်မှုကို တကယ်စိတ်ဝင်စားပြီး ဘေးက စောင့်ကြည့်နေတဲ့ ဝါသနာရှင်တွေလည်း ရှိတယ် သူတို့က ဘာမှတော့ ဝင်မပြောဘူး သိချင်စိတ်ပြင်းပြပြီး စိတ်ပါဝင်စား လေ့လာချင်တယ် ထိုသူတို့က သမိုင်းမမှန်ဘူးဆိုတာလည်း ကြားဖူးထားတယ် သည်တော့ ဘယ်ဟာ အမှန်လဲ သိချင်နေသူတွေပဲ ဖြစ်ပါတယ် ရိုးသားစွာ သမိုင်းအမှန်ကို တည်ဆောက်ချင်တယ် ပျူစာတွေဖတ်ပြီး ဖော်ထုတ်ချင်တယ် ဆိုတဲ့လူမျိုးတွေပါ ဘာကိုမှ သေချာသိမထားသူတွေ ဆိုတော့ တစ်ဘက်ဝါဒဘက်ကို သွေးဆောင်နေမှန်းမသိ ပါသွားတတ်ပါတယ် သူတို့အတွက် ပူပန်ရတာပါ ဖြေရှင်းပေးလို့ ထိုသူတွေ ကိုယ့်ကို မုန်းသွားလည်း တစ်ချိန် အားလုံးကို သဘောပေါက်နားလည်သွားလို့ အမြင်ကြည်လင်လာတဲ့အချိန် ကျရင် ကျေးဇူးတင်မှာပဲ လို့တွေးပြီး အမှန်တရားကို ပြောပြနေရပါတယ်
သမိုင်းသဘောကို သိနားလည်ထားပြီး အဆိုပါ ဆွေးနွေးမှုကို အရမ်းစိတ်ဝင်စားနေသူတွေ အချို့လည်း ကိုယ့်ဘက်က ဝင်ပြောတာမျိုး ရှိတယ် သူတို့နှင့် လက်ဝါးချင်းရိုက်ထားတာမျိုး မဟုတ်တော့ ကိုယ်နဲ့ပါ တစ်ခါခါ ဝါဒကွဲမယ် ဒီလူတွေ ဆိုတာက လူမျိုးကြီး ဝါဒတစ်ခု၏ နှိပ်ကွပ်မှုကြောင့် စိတ်ဒဏ်ရာရထားတဲ့ မြန်မာလူမျိုး အခြားတိုင်းရင်းသားတွေပဲ ဖြစ်ပါတယ် သူတို့ကလည်း သူတို့ပြောချင်တဲ့ အသိကို ဝင်ပြောတာမျိုး ရှိတယ် ဒီလို လူတွေထဲမှာတော့ အများစုက ရိုးသားကြပါတယ် အပြောမတတ်တာ အဆွခံနေရလို့ ဒေါသဖြစ်နေတာပဲ ပြောစရာ ရှိနေတယ် သူတို့နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ပြီး ပြည်ထောင်စု စိတ်ဓာတ်ထား ချစ်ကြည်နိုင်ပေမယ့် သမိုင်းသဘောတရားအမြင်မှာတော့ ကိုယ်ရပ်တည်ရာကို ပွင့်လင်းစွာပြောပါတယ်
သမိုင်းသဘောတရားကို နားလည်ပြီး ဆွေးနွေးမှုကို စိတ်ဝင်စားသော်လည်း ဓားခုတ်ရာ လက်ဝင်မလျှိုလိုသူတွေလည်း ရှိပါတယ် ပရိုဖိုင်း အစစ်နှင့် ကိုယ့်ပညာနှင့် ကိုယ်ရပ်တည်နေသူများဖြစ်လို့ ကိုယ့်နာမည်ကို ထိမ်းသိမ်းနေရရှာတဲ့ သူတို့ကိုလည်း နားလည်ရပါတယ် ( အသက်ကြီးမှ မိုးမွှန်အောင် အဆဲခံနိုင်ရတယ် မဟုတ်လား )
ပြီးတော့ ဆွေးနွေးမှုကို စိတ်မဝင်စားသူတွေကတော့ အများစုပါ စိတ်အညစ်အကြေး ကင်းကင်းနေနိုင်တဲ့သူတွေ သမိုင်းရဲ့ အရောင်လွတ်သူတွေဖြစ်လို့ပါ
ဘာပဲပြောပြော ကိုယ်အသိပညာအတွက် ကိုယ်သာလျှင် အခရာအကျဆုံး ဖြစ်တယ်ဆိုတာ လူတိုင်း သဘောပေါက်လျှင် ကျေနပ်ပါပြီ...
Zaw Min Oo

AddThis