မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Saturday 2 March 2013

မွေတော် ကက္ကူ - ၃၀၀၀

စာရေးသူဟာ တောင်ကြီးဇာတိဖြစ်ပြီး ၁၉၉၈ ခုနှစ်ထိ တောင်ကြီးမြို့တွင် နေထိုင်ခဲ့ဖူးပါသည် ။ ရှမ်းပြည်နယ်ရဲ့မြို့တော် ဖြစ်တဲ့ ( ယခုရှမ်း ပြည်တောင်ပိုင်း ) တောင်ကြီးမြို့သည် ပင်လယ်ရေမျက်နှာ ပြင်အထက်ပေပေါင်း ၄၇၂၁ ပေ မြင့်တဲ့ တောင်ကြီး အပေါ်မှာ မြို့တည်ပြီး လူများ အထူးသဖြင့်ပအိုဝ် လူမျိုး အများစုနှင့် ရှမ်းတိုင်းရင်းသားပေါင်းစုံ ဗမာလူမျိုး အခြားတိုင်းရင်းသား အနည်းငယ် တရုတ်လူမျိုး ကုလားလူမျိုး (အစ္စလာမ်ဘာသာဝင်အများစု) တို့ အတူတကွနေထိုင် ကြပါသည်။
တောင်ကြီးပေါ်တွင် မြို့တည်ထား သည်ဆိုသော်လည်း အမှန်မှာ တောင်၏ ခါးပန်းပြတ်တွင် ခပ်ပြန့် ပြန့််ဖြစ်နေသော တောင်မြောက် ၅ မိုင်နီးပါး အရှေ့အနောက် ၂ မိုင်ကျော်ကျော် ဧရိယာ အတွင်း တည်ထားသော တောင်ပေါ် မြို့လေးသာဖြစ်ပါသည်။ မြို့၏ အရှေ့ဖက်တွင် စိတ်အထင် ပေ ၁၅၀၀ ခန့်မြင့်မည်ဖြစ်သော မတ်စောက်သော တောင်တန်းကြီး တစ်ခုရှိသေးရာ မြို့ခံများက တောင်ချွန်းကြီး ဟုခေါ်ကြပါသည်။ ထူးဆန်းသည်မှာ တောင်ကြီးမြို့ ကို အဓိက ရေပေးဝေနေသော သောက်ရေကန်ကြီး များသည် ထို တောင်ချွန်းကြီးပေါ်တွင် ရှိနေခြင်းဖြစ်သည်။ထိုတောင်တန်းကြီးကား မြို့နှင့် အပြိုင် သွယ်တန်းနေပြီး ဘုရား စေတီအချို့ ဘုန်းကြီးကျောင်း (တောကျောင်း)အချို့သာ ရှိပါသည်။ ကားလမ်းရှိသော်လည်း ၁၉၉၄-၉၅ အချိန်ကာလ လောက်မှ ကားများသွားလာနိုင်ပါသည်။ အကြောင်းမှာ ထိုတောင်တန်းသည် အညို ရောင်နယ်မြေဖြစ်သော ကြောင့် လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်နိုင်သောကာလတွင်မှ ရဲရဲတင်းတင်းသွားလာနိုင်ကြပေသည်။ ယခုအချိန်မှာကား view point ကြည့်ရှုရန်အဖြစ် ကားများ ဆိုင်ကယ်များဖြင့် အလွယ် တကူ သွားလာနေကြပြီဟုသိရှိရပါသည်။ဗဟုသုတ အလို့ ငှာ တင်ပြရခြင်းဖြစ်ပါသည်။ မွေတော်ကက္ကူ ဘုရားစေတီများကား စာရေးသူ နေထိုင်စဉ် ကာ လအတွင်း ၁၉၉၆-၉၇ လောက်တွင် ဤ ကျီးဖြူကန်ကြီး တဝိုက်မှ ရောင်ခြည်တော်များ ကွန့် မြူးလာရာ စာရေးသူတင်ပြခဲ့ သော တောင်ချွန်းကြီးပေါ်မှ လည်းကောင်း ထိုမှတဆင့် မြို့ ပေါ်မှလည်းကောင်း ဖူးတွေ့ ရာမှ တန်ခိုးကြီး ဘုရားအစုကို ရှာဖွေတွေ့ ရှိခဲ့ ပါသည်။ ။မွေတော်ကက္ကူ ဘုရားစေတီ တို့မှာ တောင်ကြီးမြို့ ၏အနောက်ဘက် ၂၆ မိုင်အကွာတွင်တည်ရှိသည်။မြို့ ပေါ်မှ အနောက်ဘက်သို့  လှမ်းကြည့်လျှင် တောင်ခြေရှိ ကျီးဖြူကန် ဟုခေါ်သော ကျီးတစ်ကောင် အတောင်ဖြန့် ၍ ပျံနေဟန် ရေကန်ကြီး အနီးတဝိုက်တွင် တည်ရှိပါသည်။ ယခင်က ခရီးလမ်းပမ်းထက်ခဲပြီး တောင်ကြီး တောင်တက်လမ်း၏အခွဲ အေးသာယာ- တောင်နီ ကားလမ်းလေးမှ အတော်အတန်သွားရောက်ရပါသည်။ စေတီအစု အဝေး များ ဖြစ်ပြီး မွေတော် ကက္ကူသည်၊ ပအိုပ်းဘာသာစကား ကက် ကူ၊ ကက် = စခန်း၊ကင်းစခန်း နှင့် ကူ=နယ်ခြား ဖြစ်သည်၊ ပြန်ပြောရလျှင် နယ်ခြားစခန်းကဘုရားဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် မွေတော် ကက္ကူဘုရားရှိရာ ကက္ကူရွာနေရာသည် ဆီဆိုင်စော်ဘွားပိုင်နယ်နှင့် ညောင်ရွှေစော်ဘွားပိုင်နယ် အစပ်ဒေသတွင်ဖြစ်သည်၊ထိုနယ်စပ်တွင်ရှိသောဘုရားဟု ပအိုဝ်း လိုခေါ်ကြရာမှကက္ကူဘုရားဖြစ်လာပုံရသည်။မွေတော်ကက္ကူဘုရားတည်ထားကိုးကွယ်ခြင်းအစကိုလည်း မြန်မာ သမိုင်းဆရာအချို့က ပုဂံခေတ် အလောင်းစည်သူမင်း (၁၁၇၄ -၁၂၁၁) ဖေါင်ဆိုက်ရာမှတည်ထားကိုးကွယ်သည်ဟုဆိုသည်၊ ပအိုဝ်း မှတ်တမ်းများအရ နရပတိစည်သူမင်း တည်သည် သို့မဟုတ် ပြန်လည်ပြုပြင်မွမ်းမံသည် ဟုဆို၏၊ပါးစပ်ပြောရာဇဝင်များအရ မွေတော် ကက္ကူဘုရားသည် ဗုဒ္ဓဘာသာတွင် သာသနာပြုသူရဲကောင်း မင်းကြီးဖြစ်တော်မှုသော သီရိဓမ္မာသောကမင်းကြီး၏ ရှစ်သောင်းလေးထောင် ၈၄၀၀၀ အလှူထဲမှ အလှူဖြစ်သည်ဟုဆို၏၊ ယနေ့တိုင် ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ သိမ်နေရာဟောင်း ရှိသေးသည်ဟုဆိုကြသည်၊သီရိဓမ္မာသောကမင်းကြီး၏ သာသနာပြုလုပ်ငန်းနဲ့ ဆက်စပ်နေသော ထူးခြားသောအရာဖြစ်စဉ် ၆ခု ရှိသည်ဟုဆိုကြ၏၊၎င်းတို့မှာ ဓါတုစေတီ၊ ပရိဘောဂစေတီ၊ ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ကျောင်းနေရာဟောင်း၊သိမ်နေရာဟောင်းတို့ ဖြစ်သည်။ ဒေါက်တာသန်းထွန်းမှ ကက္ကူဘုရားတော အမည်ရှိစာတမ်းတစ်ခုကို ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၀၃ တွင်တင်သွင်းခဲ့ပါသည်။ စာတမ်းအကျဉ်းချုပ်မှာ - ၁။ကက္ကူမွေတော်အကြောင်းကို ဘိုးတော်ဘုရား ( ဗဒုံမင်း ) ၁၇၈၅-၁၈၁၉ လက်ထက် တွင် ပေစာတစ်စောင်တွင် ဖတ်ဖူးတယ်လို့ ပြောစကား ကြားဖူးပါသည်။ ၂။ ၁၉၇၃ ခုနှစ်နှင့် ခေါင်းလောင်းစာမှာ ကုန်းပေါ်က စေတီကို ရွှေဂူကြီးဟု အမည်ပေးထားကြောင်း သိရသည်။ ၃။ ၁၇ ဖေဖော်ဝါရီ ၁၈၀၂ က စေတီတော်ကြီးကို ထီးတော်တင်လှူခဲ့ ကြောင်း သိရှိရပါသည်။ ၄။ စေတီ များ အလယ်မှာ ၁၈၉၃ ခုနှစ် သက္ကရာဇ်ပါ ခေါင်းလောင်းမှ ကက္ကူ မွေတော်လို့  ခေါ်ကြောင်းသိရသည်။ ၅၊စေတီတော်တွေသည် ဥာဏ်တော်အမြင့် ၁၅ ပေ ဝန်းကျင်သာရှိသည်။ ၆။ စေတီတော်တွေရဲ့  အရေအတွက်ကို ၂၀၀၁ ခုနှစ်က ရေတွက်ကြည့်တဲ့ အခါ စုစုပေါင်း ၂၄၇၈ ဆူရှိကြောင်း စာစောင်တစ်ခုမှာ ဖော်ပြထားကြောင်း သိရပါသည်။ ဒေါက်တာသန်းထွန်း၏ ခန့် မှန်းချက်။ ။ ခရစ်နှစ် ၁၈၀၀ လောက်ကတည်ထားခဲ့ ဟန်ရှိကြောင်း ဘုရားများတွင် တွေ့ ရသော နတ်ရုပ် များ၏အနေအထားကိုကြည့်ပြီး လက်ရာများဟာ ခရစ်နှစ် ၁၈၀၀ ဝန်းကျင်ကသာဖြစ်ဖို့ များကြောင်း ခန့် မှန်းထားပါသည်။ (၁၂၊၃၂၀၀၃) တွင် ဖိလစ်စောတောက် ဟူသော အမျိုးသားမှ ယူလာသော ရှမ်းဘာသာဖြင့် ရေးထိုးထားသော ခေါင်းလောင်းစာမှ အချက်အလက်များမှာ ၁။ ခေါင်းလောင်းစာ တစ်ခုမှာ ဘုန်းကြီးလူထွက် ဦးနှိုက်သွန်းလောင်းထားသည်။ ၂။ ဒုတိယ ခေါင်းလောင်းစာ တစ်ခုမှာ လူထွက် ဦးစိုင်းက သွန်းလုပ်ပူဇေိာပြီးစီးပါကြောင်း ရေးထိုးထားသည်။ ၃။တတိယ ခေါင်းလောင်းစာ တစ်ခုမှာ ၁၁၅၈ ၊တပေါင်းလဆန်း ၊၂ ရက် (၂၇၊၂၁၇၉၇) သွန်းလုပ်ကြောင်းတွေ့ ရသည်။ ၄။ ဆင်ခံဘုရား တစ်ဆူမှာ တြိသုခ အလို့ ငှာ ခင်ကြီး အရိယဝန်သ ကောင်းမှု ဟု လည်းကောင်း ထပ်မံသိရပါသည်။ ထိုမှတဆင့် ကက္ကူ ဘုရားများမှ ကုသိုလ်တော်တွေကို ခရစ်နှစ် ၁၈၀၀ ဝန်းကျင် (၂၇၊၂ ၊၁၇၉၇) ကတည်ထားကိုးကွယ်ခဲ့ တယ်လို့ သိရှိခဲ့ ရပါသည်။ (ဒေါက်တာသန်းထွန်း - ကက္ကူမွေတော် ၃၀၀၀ စတိုင်သစ် မဂ္ဂဇင်း ။အမှတ် (၁၃၀) မေလ၊ ၂၀၀၄ ) ထိုစာတမ်းမှတဆင့် စာရေးသူ၏ဇာတိမြို့ အနီးမှ ကက္ကူမွေတော် ဘုရား ၏သက်တမ်းနှင့်တကွ မှတ်ဖွယ် မှတ်ရာများကို ဗဟုသုတ အလို့ ငှာတင်ပြပေးလိုက်ပါသည်။ သျှင် လေညင်း။ ။(၃၊၃၊၂၀၁၃) Photo credit to ; barnay.wordpress.com

AddThis