မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Wednesday, 19 February 2014

မြစ်သားကျောက်စာ



စောလူးမင်း ( ဗဇြာဘရဏဒေဝ ၊ ဂြီဝဇြာဘရဏ (အေဒီ ၁၀၇၇-၁၀၈၄) ) ၏ မြစ်သားမြို့ နယ်တွင် ပြုခဲ့သော ကုသိုလ်များမှာ
၁ ။ ရွှေစောလူးစေတီ (သက္ကရာဇ် ၄၁၃ ) ။
၂ ။ စောလူးမင်းစေတီ (သက္ကရာဇ် ၄၁၅ (သို့) ၄၄၁ မသိရသေး ) ဘွဲ့အမည် မသိ ။
၃ ။ ရွှေစေတီ ( သက္ကရာဇ် ၄၂၃)
၎ ။ ရွှေစောလူးစေတီ ( ခုနှစ်မသိ ) တို့ဖြစ်သည် ။

Saturday, 1 February 2014

ပြက္ခဒိန် သမိုင်း


=========

ပြက္ခဒိန်ဆိုသည်မှာ လက်ရှိကာလ အဖြစ်အပျက်များ ၊ အတိတ်ကာလ၊ 
အနာဂတ်ကာလမှ အဖြစ်အပျက်များ စသည်တို့ကို မှတ်သားရလွယ်ကူ
စေရန်အတွက် လည်းကောင်း၊ အစိုးရ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ၊ တရား 
စီရင်ရေး ဆိုင်ရာတို့တွင် သုံးစွဲရန် အတွက် လည်းကောင်း၊ လူမှုဘ၀၌ 
လက်ထပ် ထိမ်းမြားခြင်း ၊ သာရေး နာရေးကိစ္စများ ဆောင်ရွက်ခြင်း ၊ 
ဘာသာရေး အခမ်းအနားများ ကျင်းပခြင်း၊ တစ်ဦးနှင့် တစ်ဦး အချိန်း 
အချက် ပြုခြင်း စသည် တို့တွင် ရည်ညွှန်း ပြောဆိုရန် အတွက် လည်း
ကောင်း အချိန် ကာလကို ပိုင်းခြား သတ်မှတ်ခြင်း ပင်ဖြစ်သည် ။ တစ် 
နည်းအားဖြင့် ရက်အပိုင်းအခြား ၊ လအပိုင်းအခြား ၊ နှစ်အပိုင်းအခြား ၊ 
ရာသီဥတု အပိုင်း အခြားတို့ကို သတ်မှတ်ခြင်းဖြစ်၏ ။ ဤသို့သတ်မှတ် 
ရာတွင် ပြက္ခဒိန် ၌ အတို ဆုံးသော အချိန် ကာလ မှာ ရက် ဖြစ်သည် ။ 
ရက်များ ကို သီတင်းပတ် များအဖြစ် ၊ သီတင်းပတ် များကို လများ အ
ဖြစ်၊ လများ၏ အစု အဝေးကို နှစ်များ အဖြစ် စီစဉ် သည် ။ ထို့ကြောင့် 
ပြက္ခဒိန်တစ်ခုတွင် အခြေခံ အားဖြင့် ရက် ၊ သီတင်းပတ် ၊ လ ၊ နှစ် တို့ 
ပါဝင်သည် ။ ထို့ကြောင့်ပင် ရှေးယခင် ခေတ်များကပင် ကမ္ဘာအရပ်ရပ်
မှ လူသား တို့သည် မိမိနည်း မိမိဟန်ဖြင့် ပြက္ခဒိန် များကို တီထွင်ခဲ့ကြ 
လေသည်။

Monday, 25 November 2013

၁၈၉၃ တွင် ပြည်မြို့တောင်ဘက် ငါးမိုင်ကွာခန့်မှမှော်ဇာ အရပ် ၊ မောင်ကန် (မောင်ဂန်) ကုန်းမှ တွေ့ရပြန်သော မြန်မာနိုင်ငံသို့ ထေရဝါဒ ဗုဒ္ဓဘာသာ ရောက်ရှိရာ အထောက်အထား ။ ( နောက်ဆက်တွဲတွေ့ရှိမှု ) ။


https://www.facebook.com/photo.php?fbid=592351714147017&set=a.474475725934617.100938.474473762601480&type=1


ပေချပ် (၁)

[ ယေဓမ္မာ ဟေတုပ္ဗဘဝါ
တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယောနိရောဓော
ဧဝံဝါဒီ က္တွဒ္ဓိပါဒါ စတ္တာရော
သမ္မပ္ဗဓာနာ … ]

ပေချပ် (၂ )

[ ယေဓမ္မာ ဟေတုပ္ဗဘဝါ
(တေ) သံ ဟေတုံ တထာဂ တော အာဟ၊
တေသဉ္စ ယောနိ ရောဓော၊
ဧဝံ ဝါဒီ မဟာသမဏောတိ
က္တွတိပိတော ဘဂဝါ အရဟ သမ္မာ သမ္ဗုဒ္ဓေါ
ဝိဇ္ဇာ စရဏ သမ္ဗန္နော သုဂတော …]

Sunday, 24 November 2013

နန်းတော်မြို့ရိုးများအောက်က အမှန်တရား (သို့) လူစတေးခြင်း ။


မြို့ရိုး ၊ မြို့တံခါးတွေမှာ ဖုတ်ပြိတ္တာဖြစ်ပြီး စောင့်ဖို့အတွက် လူ
အရှင်လတ်လတ်ကို မြေတွင်းတူးမြှုပ် ၊ အပေါ်ကတံခါးတိုင်စိုက်
ဆိုတာမျိုးတွေ လုပ်လေ့ရှိတယ် ဆိုတာကို အင်္ဂလိပ်လက်ထက်
ကျောက်စာဌာန၏ ကျောက်စာဝန် ဖြစ်တဲ့ချားလ်ဒူရွိုင်ဆယ်ရေး
တဲ့ မန္တလေးနန်းတော်လမ်းညွှန်ကြား စာအုပ်မှာ အတိအလင်း
အကျယ်တဝင့်ထည့်ရေးသွားတာ တွေ့ရပါတယ် ။ ၁၉၂၅မှာရေး
ဒီစာအုပ်ကိုပဲ၁၉၆၃ခုနှစ်တွင်ရှေးဟောင်းသုတေသနရုံးမှ၊အမေ
ရိကန်အဖွဲ့တစ်ဖွဲ့သည်“အာရှဖောင်ဒေးရှင်း”ဆီမှအထောက်အ
ပံ့ယူ၍ မူလခေါင်းစဉ် “ မန္တလေး နန်းတော် လမ်းညွှန်ကြား ” မှ
“လမ်းညွှန်”ကိုဖြုတ်၍ “ မန္တလေးနန်းတော် ”ဆိုတဲ့ အမည်သစ်
နှင့်ထပ်မံပုံနှိပ်ကာ မြန်မာပြည်အတွင်း တစ်အုပ်ကိုးကျပ်နှုန်းဖြင့်
ရောင်းချခဲ့ပါသည် ။ အင်္ဂလိပ်ဘာသာနှင့် ပုံနှိပ်ထုတ်ဝေတာ ဖြစ်
လို့ထိုစဉ်ကမြန်မာနိုင်ငံသို့ လာရောက်ကြတဲ့ နိုင်ငံခြားသား တိုင်း
ဝယ်ယူဖတ်ရှု လျှက်ရှိခဲ့ပါတယ် ။ ဆရာကြီးဒေါက်တာသန်းထွန်း
မှနယ်လှဲ့ရာဇဝင်ဆိုသော စာအုပ်တစ်အုပ်ထဲတွင် ဘာသာပြန်၍
ဤ အကြောင်းအရာ ကို ရေးသားသွားခဲ့ရာ အလျဉ်းသင့်၍ ပြန်
လည်ပြုပြင် တင်ပြလိုက်ရပါတယ် ။

Saturday, 7 September 2013

ကမ္ဘာကျော်ပေမယ့် မြန်မာမကျော်တဲ့သူ ။

Zin Yaw Page မှကူးယူဖော်ပြပါသည် ။

မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ ဦးဘ မော်ဟာ ပုံတောင်ဂျီးဟား ခေါ်တဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း သန်း ၄၀ ကလူသား ရဲ့ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးကို စတင်ရှာဖွေတွေ့ရှိခဲ့ တယ်။ လူသားများ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့နေထိုင်ခြင်း ဆိုင်ရာ သီအိုရီအဟောင်း တွေကို လည်း ပြောင်းပြန်လှန်ပစ်ခဲ့တယ်။

ရာဇဝင်ထဲကမိန်းမသား(သို့) မြန်မာတို့၏နောက်ဆုံးမိဖုရားတစ်ပါးဟာ မိန်းမကြမ်းကြီးတဲ့လား ။


အင်္ဂလိပ်နယ်ချဲ့ သမိုင်းရေးသူတွေရဲ့ သမိုင်းတွေကို ဖတ်မိပြီး ယုံ ကြည်မိနေ ကြသူတွေအများကြီးရှိနေတာ သိလာရပါတယ် ။ အဲဒီလို မျိုးမြန်မာ့သမိုင်းကို ရေးတဲ့သူအချို့က ဘယ်လိုများ ဝါးကူထိုးလိုက် ကြလဲဆိုရင် သီပေါမင်းတရားနဲ့ စုဖုရားလတ်တို့ အသုံးမကျလို့ အ ထူးသဖြင့် စုဖုရားလတ် “စွာ” လို့ မြန်မာ့လွပ်လပ်ရေး ဆုံးရှုံးခဲ့ရတယ် လို့ ယူဆထားသူတွေ အများအပြားရှိနေပါတယ် ။ အဲဒီလိုထင်မြင်ယူဆမှုတွေကြောင့်လည်း မြန်မာနိုင်ငံကို ကျူးကျော် သိမ်းပိုက်လိုက်တဲ့ နယ်ချဲ့တွေဟာ အလိုလိုနေရင်း “ ကယ်တင်ရှင် ကြီး ကရုဏာရှင်ကြီး အဖြစ်သို့ ရောက်သွားခဲ့သည် မဟုတ်ပါလား ။ စာရေးသူအနေနှင့်တော့ မည်သည်မည်ဝါ ကိုအမှန်၊ အမှားခွဲခြားပြ ရန် ဆန္ဒမရှိပါ ။ သို့သော် မြန်မာ့သမိုင်းကို မြန်မာ့အမြင်စင်စစ်ဖြင့် ချဉ်းကပ်ခဲ့ကြသော မြန်မာ့ အမျိုးသား စာပေပညာရှင်တွေ ၏စာအု ပ်စာတမ်းမြောက်မြားစွာထဲမှ ရှာဖွေတွေ့ရှိလာသည့် “ မြန်မာ့မျိုး ချစ်စိတ် ” ကိုတော့ဖြင့် ရှာဖွေတင်ဆက်ပေးလိုက်ပါသည် ။

Thursday, 5 September 2013

သမိုင်းကြောင်းဆိုင်ရာ အရေးပါသော ရှင်ဒီသာပါမောက် ကျောက်စာ အေဒီ ၁၂၈၅။ ဒေါက်တာသန်းထွန်း

ရှေးမြန်မာ ဆိုဒ်မှ ဆရာကြီး ဒေါက်တာသန်းထွန်း၏ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော ဤ
စာတမ်းကို  တတ်အားသရွေ့ အဓိပ္ပါယ် ပြန်ထားပါသည် ။

The Historical Important of the Disapramuk Inscreption, A.D. 1285
By Dr Than Htun,

သမိုင်းကြောင်းဆိုင်ရာ အရေးပါသော ရှင်ဒီသာပါမောက် ကျောက်စာ အေဒီ ၁၂၈၅။
ဒေါက်တာသန်းထွန်း
The Disapramuk stone inscription now stands as one of the collection of stone inscriptions at the Pagan Museum but originally if belongs to the Mingala Zedi of Pagan and a photogravure of its rubbing has been published as Plate 271 in portfolio two of Inscriptions of Burma ( Tin & Luce, London, 1936 ). The historical information that we get from this inscription is new to our knowledge of the Mongol invasion of Burma at the end of the 13th century. It enables us to correct the story given in the Chinese sources on that particular aspect. Therefore we would like to give the story as found in the chronicles on Burma-China relations on the eve of the Mongol invasion that terminated the reign of King Narathihapati (1254-1287) who is now called as Tayoke Pyay Min- the king who fled from the Chinese.


ယခုလက်ရှိ ပုဂံပြတိုက် အတွင်းတွင် Plate - 271 အဖြစ်မင်ကူး၍ စာအိတ်- အတွင်း အခြားကျောက်
စာနှစ်ခုနှင့် အတူ  ထိန်းသိမ်းထားသော သျှင်ဒိသာ ပါမောက္ခ ကျောက်စာ  (မူလ- မင်္ဂလာစေတီ၊ပုဂံ)
တွေ့ရသည် ။ (တင်၊လု့စ်၊ လန်ဒန်၊၁၉၃၆) ။ -ဤကျောက်စာမှ ၁၃  ရာစုအတွင်း မြန်မာနိုင်ငံ ကိုမွန်
ဂိုတို့  ကျူးကျော်ခဲ့သော အဖြစ်ကို သိရပါသည် ။ တရုတ်မှတ်တမ်း - များနှင့် တိုက်ဆိုင် -စစ်ဆေး၍
သမိုင်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်မှန်ကို ကျွန်ုပ်တို့ ပြင်ဆင် -ပေးနိုင်ပါသည် ။ ထို့ကြောင့် - ပထမ
ဦးစွာ မြန်မာ့ -ရာဇဝင် ကျမ်းများထဲတွင် တွေ့ရသော နရသီဟပတေ့မင်း -( တရုတ်ပြေးမင်း ) အေဒီ
၁၂၅၄-၁၂၈၇ လက်ထက် မွန်ဂိုကျူးကျော်စစ် ၏ အဖြစ်အပျက် များကို မှတ်တမ်းတင်ထားမှုကိုဦးစွာဖော်ပြပေးပါမည် ။ 

AddThis