မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....
Showing posts with label ကြော်ငြာ. Show all posts
Showing posts with label ကြော်ငြာ. Show all posts

Saturday, 2 April 2016

ဦးစိန်​ဝင်း-ပျူအက္ခရာစာ​ပေ​ပေါင်းချုပ်

လေးစားပါတယ်
ဆရာဦးစိန်ဝင်း
ပျူအက္ခရာ စာပေပေါင်းချုပ် စာအုပ်ကို ချွင်းချက်မရှိသော
#လုပ်သက်
#အတွေ့အကြုံ
#ကျွမ်းကျင်မှု
#နှံ့စပ်တတ်ကျွမ်းနားလည်ခြင်း
#သမားဂုဏ်
#ပညာရည်ပြည့်ဝခြင်း
တို့ဖြင့်
သမိုင်းအမှန်အတိုင်း ရေးသား ထုတ်ဝေပေးထားသဖြင့် ကျေးဇူးတင်ပါသည်။

Tuesday, 18 June 2013

ဆရာ ငြိမ်းကျော် ၊ သုဓနု ၊ ဒွေးမယ်နော် တို့၏ ငွေတောင်နှင့် အနီးကပ် ရှုမြင်ခြင်း။

ဆရာငြိမ်းကျော်၏ ငွေတောင် ဆိုသော သုတေသန စာတမ်း တစ်ခု ။ အမျိုးသား စာပေဆု ချီးမြှင့်ခြင်း ခံရသော စာအုပ်လေး တစ်အုပ်။ဗိုလ်မှူးဘရှင် ၏ ရှေးဟောင်းသုတေသန ဆိုင်ရာ သုံး သပ်ချက်။ ပါမောက္ခ ဦးမောင်မောင် ကြီး ၏ပျို့၊ ရကန်၊ ပြဇာတ် နှင့် စာပေအထောက်အထား သုံးသပ် ချက်များ နှင့် ဝေဝေ ဆာ ဆာရှိလှကြောင်း မိတ်ဆွေ တစ်ဦး၏ အားတတ်ဖွယ် အညွှန်း ကြောင့် စာရေးသူ အင်မတန် စိတ်ဝင်တစား ဖတ်ချင် ၍ ရရှိ နိုင် ရန် ကြိုး စားခဲ့ရပါသည်။ ညွှန်းသောမိတ်ဆွေ ကပင် ကူညီ ရှာဖွေ ပေး၍ လက်ဝယ် ပိုင်ဆိုင် ရသောအခါ ထုံးစံအတိုင်း အမှာစာကို ကျေညက်သည် ထိ ဖတ် မိတော့သည် ။ကရင်အမျိုးသား တို့၏ ယုံကြည်မှု တွင် သုဓနုမင်းသား နှင့် ဒွေးမယ်နော် တို့မှ ပေါက်ဖွား ဆင်းသက်လာ သည်ဟုယုံကြည်လျက် ၊ ကယား တိုင်း ရင်းသား တို့မှာ ၎င်း တို့ ဒေသအတွင်း တည်ရှိသော ငွေ တောင်နယ် ကို ဒွေးမယ်နော် ဇာတ်တော်လာ ငွေတောင်ဖြစ်သည် ဟုယုံ ကြည် မှု များ ရှိနေပါ သည် ။ ထိုသို့ သော အခြင်းအရာ များကြောင့် စိတ် ပါဝင်စား ရသည့်အထဲ ဆရာ ငြိမ်း ကျော်၏ ကနဦး အမှာစာ ရှည်ကြီး ထဲမှ တက္ကသိုလ် ကျောင်းသားတစ်ဦး ၏မပြည့်စုံ မှု များ ကြားမှ ဇွဲနပဲ ကြီးစွာ သုတေသန နတ်၏ဖမ်း စားခြင်း နောက် သို့ တကောက် ကောက် လိုက်ပါ နေပုံ ကိုဖတ်မိသဖြင့် ဤအသွင် သဏ္ဍာန် အားစိတ်ကူးနှင့် မြင်ယောင် ပုံဖော်မိပါ သည်။

Thursday, 7 March 2013

The Making of Burma ( Dorothy Woodman )

စာအုပ်အမည် - ခေတ်မြန်မာတည်ဟန် (The Making of Burma) 
စာရေးသူ - Dorothy Woodman
 ဘာသာပြန်သူ - ဦးတင်မောင်ရင် (မဟာဝိဇ္ဖာ)
 ထုတ်ဝေကာလ - (ပ) ၁၉၇၈၊ (ဒု) ၂၀၀၈ 
ပုံနိုပ် - (ပ) မြတ်နိုးသူစာပေ၊ (ဒု) ရာပြည့်စာအုပ်တိုက်
 ထုတ်ဝေသူ - ရာပြည့်စာအုပ်တိုက်
 စာမျက်နှာ - ၅၅၀ တန်ဖိုး - ၄၅၀၀ ကျပ်

Wednesday, 27 February 2013

ဆရာ ဘုန်းတင့်ကျော်၏စာအုပ် နှစ်အုပ်ဖြစ်သော ပျူစစ်လျှင်မြန်မာ နှင့် လွန်ခဲ့သောနှစ်၂၂၀၀ ကျော်အထောက်အထားရှိခဲ့သည့် မြန်မာတို့၏သမိုင်းအမှန် စာအုပ်နှစ်အုပ် တူညီမှုရှိသလား။

တနေ့က သမိုင်း ဆရာကြီးတစ်ယောက် ပြောသွားတဲ့ ဦးဘုန်းတင့်ကျော်ရဲ့ ပျူစစ်လျှင်မြန်မာဆိုတဲ့စာအုပ် စာရေးသူထံ လက်ဝယ်မရှိသေးတာကြောင့် သူများကိုအဝယ်ခိုင်းရပါတယ်။ တလက်စတည်း နဲ့စာရေးသူ မိတ်ဆွေကလည်း ဆိုင်မှာတွေ့သမျှ ဆရာဘုန်းတင့်ကျော် ရဲ့စာအုပ်တွေဝယ်လာပေးခဲ့ပါတယ်။ မနေ့ နေ့ ခင်းပိုင်းလောက်စာရေးသူ လက်ထဲရောက်တော့ ဖတ်ကြည့်လိုက်ပါတယ်။
ဆရာဘုန်းတင့်ကျော်၏ပျူစစ်လျှင်မြန်မာ စာအုပ်ကို ပြန်လည် ဝေမျှရရင်ဖြင့် အောက်ပါအတိုင်း အကျဉ်းမျှ စာမြည်းသဘော တင်ပြပေးပါမည်။

AddThis