ဗုဒ္ဓစာပေကျမ်းဂန်များဖြစ်ကြ
၁။ ဗုဒ္ဓမတိုင်မီ သုဝဏ္ဏဘူမိမြို့ တည်ထောင်ပုံ
၂။ ဗုဒ္ဓနှင့် ခေတ်ပြိုင် သုဝဏ္ဏဘူမိ
၃။ ဗုဒ္ဓလွန် သာသနာနှစ် သုံးရာစုနှစ်တွင် ကိုးတိုင်း ကိုးဌာနသို့ အသောကမင်းကြီးမှ သာသနာပြု အဖွဲ့များစေလွှတ်ခဲ့စဉ်က အရှင် သောဏ နှင့် ဥတ္တရမထေရ်တို့ ကြွရောက်တော်မူခဲ့သော သုဝဏ္ဏဘူမိ
၎။ ဗုဒ္ဓလွန် သာသနာနှစ် ၉၃၀ တွင် အရှင်ဗုဒ္ဓဃောသ မထေရ် သည် သီဟိုဋ္ဌ်ကျွန်းမှ ပိဋကတ်သုံးပုံ ပါဋိတော်နှင့် အဋ္ဌကထာကို မာဂဓ ဘာသာစကား နှင့်ကူးရေးခဲ့၍ သုဝဏ္ဏဘူမိ သထုံပြည် သို့ယူဆောင်လာခဲ့ခြင်း
၅။ ပုဂံ ပြည် အနုရုဒ္ဓမင်း ( အနော်ရထာ ) နှင့် မနူဟာ မင်းတို့စစ် ဖြစ်၍ သထုံပြည် ပျက်ခြင်း စသည်ဖြင့်
သုဝဏ္ဏဘူမိ သည်၎င်း ဖြစ်ရပ်ကြီး ငါးခုနှင့် တိုက်ဆိုင်နေသည် ။
ဤဖြစ်ရပ်များကို စာရေးသူမှ ရွှနန်းဆီသို့ ( ၂ )သုဝဏ္ဏဘူမိ ရှာပုံတော်ခရီး ( က) ရာဇဝင်များထဲမှ သုဝဏဘူမိ ဟူသော ဆောင်းပါးတွင် အကျယ် ရှင်းလင်းခဲ့ပြီးဖြစ်ပါသည် ။ ဤအကြောင်းအရင်း ငါးရပ်နှင့် တိုက်ဆိုင်လျက်ရှိသော နေရာဒေသသာလျှင် သုဝဏ္ဏဘူမိဧကန်ဖြစ်ပေသည် ။ သုဝဏ္ဏဘူမိသည် ထိုင်းနိုင်ငံ ဖြစ်သလား ၊ မလေးကျွန်းဆွယ် တွင်လော၊ စုမားတြားကျွန်း ၊ ဂျားဗားကျွန်းဖြစ်သလား ၊ အောက်မြန်မာနိုင်ငံ တွင်လား ၊ အိန္ဒိယနိုင်ငံ ဘင်္ဂလား နယ်လော ခွဲခြားဖို့ရန် ဤဖြစ်ရပ်ကြီး ငါးခုနှင့်သာ တိုက်ဆိုင်စစ်ဆေး ရမည်ဖြစ်သည် ။ ထိုသို့တိုက်ဆိုင်စစ်ဆေး ကြည့်လျှင် ဤအချက်များနှင့် ကိုက်ညီသော ဒေသမှာ သထုံဒေသပင် ဖြစ်သည် ။အချို့သမိုင်း ပညာရှင်ကြီးများမှ သုဝဏ္ဏဘူမိကို ကေလာသ တောင်ခြေမှ ဝင်းက ၊အယက်သည်မ မြို့ဟောင်းဟု ယူဆမှု များရှိလာပေ၍ သုဝဏ္ဏဘူမိသည် သုဓမ္မဝတီ အချိန်နှင့်အမျှအကြောင်းအမျ
ဘုရားရှင် ရှစ်ဝါမြောက်၌ကြွလာသော သုဝဏ္ဏဘူမိ သထုံပြည် သည် ကား ဇင်းကျိုက်တောင်၏မြောက်ဘက်ခ
မြန်မာဘုရင်များအတွက်အရေးပါ
သုဝဏ္ဏဘူမိခေတ် ရှေးမြို့ဟောင်းကြီး တစ်ခုရှိကြောင်း သတိပြု မိပြီး၊ ဂရုတစိုက်ဖော်ထုတ်ပေးသူမှာ ဓမ္မစေတီခေါ် ရာမာဓိပတိ မင်းကြီး (၁၄၇၂-၁၄၉၂) ပင်ဖြစ်ပါသည်။ ကေလာသတောင်ထိပ် စေတီကို ထပ်မံတည်သည့်အခါ ၎င်းတောင်၏ တောင်အောက် က သုဝဏ္ဏဘူမိမြို့ရိုးဟောင်း ၊ ကျုံဟောင်းနေရာတို့ကို တွေ့မြင်ပြီး ၊ဤကား သုဝဏ္ဏဘူမိ မြို့ဟောင်းဖြစ်သည် ဟု ယုံကြည်လျက် ကလျာဏီသိမ်တွင် ကျောက်စာကမ္ဗည်း ဖြင့် မော်ကွန်းတင်ခဲ့သည် ။ ကုန်းဘောင်အလောင်း မင်းတရားကြီး သည်လည်း ထိုကလျာဏီသိမ် ကျောက်စာကို ဂရုတစိုက် လေ့ လာခဲ့သူဖြစ်ပေသည် ။ ထို့ကြောင့် ထိုမင်းဆရာ တောင်တွင်း ကြီး ဆရာတော် ခင်ကြီးဖျော်အား ကလျာဏီ သိမ်ကျောက်စာ ကို ဘာသာပြန် ရေးသားစေခဲ့သည် ။ ထိုမင်းကြီး၏ သားတော် ဗဒုံမင်းသည်လည်း မွန်ရာဇဝင်ပေမူ ကျမ်းစာများ မှ သုဝဏ္ဏဘူမိ သမိုင်းဝင်စာပေတို့ကို မြန်မာဘာသာသို့ ပြန်ဆိုစေခဲ့ ခြင်းဖြင့် ကုန်းဘောင်ခေတ် မင်းများလက်ထက်ကပင် သုဝဏ္ဏဘူမိမြို့ ဟောင်းများအကြောင်း သိရှိခဲ့ ကြပေသည်။ မှန်နန်း ရာဇဝင် တော်ကြီးကို ဘကြီးတော်မင်းတရားလက်ထက်တွင
အနော်ရထာနှင့် ရှင်အရဟံတွေ့ပြီးလျှင် " ဘုရားဟောတော် မူသော တရားအရေအတွက် သည်ကား ဓမ္မဝိနိယ အားဖြင့် နှစ်ပါး ၊ ပိဋိကတ်အားဖြင့် သုံးပါး ၊ နိကာယ်အားဖြင့် ငါးပါး ၊ အင်္ဂါ အားဖြင့် ကိုးပါး ၊ ဓမ္မာက္ခန္ဓယ အားဖြင့် ရှစ်သောင်း လေးထောင် ရှိသည် ။ ထိုသို့အရေအတွက်ရှိသော ဓမ္မဒေသနာတို့ကို မဇ္ဈိမ ဒေသအရပ်၌ သင်္ဂါယနာ သုံးကြိမ်တင်ပြီးသည့် နောက် သီဟိုဋ္ဌ် ကျွန်း၌ ပေထက် အက္ခရာတင်ထားရှိသည်ကို ဆရာတော် တို့သည် ရေးကူးဆောင်ယူတော်မူခဲ့၍ သထုံမင်း အားပေးအပ် သည်။ သထုံပြည်ဝယ် ပိဋိကတ် အစုံ သုံးဆယ်ရှိသည်။ ဓါတ်တော် မွေတော်လည်း များစွာရှိသည် ။ ဟုမိန့်တော်မူ၏။ "
ဤသို့ အရှင်အရဟံ မိန့်တော်မူသော စကားကို အနော်ရထာ မင်း ကြားသိလျှင် အတိုင်းထက်အလွန် သဒ္ဒါခြင်းဖြစ်၏။ပြီးလျှင် လက်ဆောင်ပဏ္ဍာကာရ အများစီရင်၍ လိမ္မာသော အမတ်တစ် ယောက်ကို သာယာချေငံသော စကားဖြင့် သထုံပြည်သို့ စေလွှတ်၍ တောင်း၏။ သထုံမင်းသည်လည်း မကောင်းသော နှလုံးဖြင့် ကြီးလှစွာသော အမျက်ရှိသည်ဖြစ်၍ မချေမငံ သော စကားဖြင့်ပြန်ဆိုလေသည် ။
အနော်ရထာမင်းစောသည်လည်း အမျက်ကြီးစွာ ထွက်၍ ရေကြောင်း ကြည်းကြောင်း စစ်တပ်ကြီးဖြင့် သထုံသို့ ချီတက်ခဲ့ လေသည်။ သထုံပြည်ကို ရဲမက်တော် အပေါင်း ဝင်နိုင်သည် ။ မနူဟာမင်းနှင့် တကွသား၊ မယား၊ အမှူးအမတ်တို့ကို ဖမ်း၍ အနော်ရထာမင်းအားဆက်သည် ဟုဖော်ပြပါရှိပါသည် ။ ( မှန်နန်း၊၂၄၆) ။ ထို့နောက် ဆက်လက်၍ သထုံပြည် အကြောင်း ကို "ထိုသထုံပြည်ကား ဘုရားရှင်ရှိတော်မူစဉ် အစစွာ သီဟရာဇာ မည်သောမင်းသည် မင်းပြုသည် ။ ထိုမင်းမှစ၍ မနူဟာ မင်းဆက်တိုင် လေးကျိပ် ရှစ်ယောက် သော ( တိုက်ကုလား မင်း ၁၀ ဆက်မပါ ) မင်းတို့သည် ဘုန်းတန်ခိုး အာဏာနှင့် ပြည့်စုံတော်မူ၍ ဘုရားရှင်သာသနာတော်ကို အစဉ် ဆောင်ရွက်တော်မူပါသည် ။ ပြည်သူအပေါင်းတို့သည်လည်း ဒါန သီလ အစရှိသော ကျေးဇူးနှင့် ပြည့်စုံကြသည်ဖြစ်၍ နတ်ပြည်ကဲ့သို့ အလွန်ဝပြော သာယာစွာ ဖြစ်သည်။"( မှန်နန်း ၊စာ ၂၄၈) ။
သထုံပျက်သည့် အကြောင်းအရင်းနှင်ပတ်သတ်၍လည
ဦးမြ ဖော်ထုတ်ခဲ့သော သိကြားဘုရားမှဒ်ကပ်များမှ ဇာတ်တော်များ။
ကဗ္ဗည်း ကျောက်စာဝန် ဦးမြ၏ ၁၉၃၃-၃၄ ခုနှစ် သထုံသုတေသန ခရီးတွင် သိကြား ဘုရား စဥ့်ကွင်းနှင့် ကလျာဏီ သိမ်နိမိတ်တိုင် တစ်တိုင် တွင်ရှိသော သရုပ်ဖော်ချက်များသည် မဟာနိပါတ်တော် ဇာတ်ကွက်များဖြစ်ကြောင်း လေ့လာအကဲ ဖြတ်ခဲ့ပါသည် ။ ၁၈၉၁ ခုနှစ်က မစ္စတာတော်စိန်ခို အကဲဖြတ်ခဲ့သော သထုံနန်းတော်ကုန်း မှ သိကြားဘုရား မုဒ်ကပ်များတွင် ထည့် သွင်းထားသော မြေမီးဖုတ် ရုပ်ကြွများကို အကဲဖြတ်ရာတွင် ဟိန္ဒူ ဗြဟ္မဏ ဇာတ်တော်များ ဟူသော ယူဆချက်ကို ပြင်ဆင်နိုင်ခဲ့  လေသည်။ ပါမောက္ခလု့စ်မှလည်း ယင်းအဆိုကို အပြည့်အဝထောက်ခံ၍ သူ၏( The Phases of Pre- Pagan Burma ; Volume | ,pp 171 plates.92.a ) တွင်သိကြားဘုရားမှ ဝေသန္တရာ ဇာတက ( ပုဏ္ဏားများက ဆင်ဖြူစီးလျက်နေစဉ် မြို့သားများက ခဲဖြင့်ပစ်ပေါက်ပုံ ) ဇာတ်ဝင်ခန်းကို ဖော်ပြလျက် " ဦးမြသည် မြန်မာတို့၏ အတော်ဆုံး ပညာရှင်ဖြစ်သည် ။ သူသည် အငြင်းပွားဖွယ် ဖြစ်နေသည့် သိကြားဘုရား စဥ့်ကွင်းများကို ဗုဒ္ဓ သာသနာနှင့်သာ သက်ဆိုင်ကြောင်းကို သက်သေထူလျက် အဆုံးအဖြတ်ပေးခဲ့ပေသည် " ဟုဖော်ပြခဲ့ပါသည် ။ဦးမြခန့်မှန်း ပေးထားသော ခရစ်နှစ် ၁၁-၁၂ ရာစု ရက်စွဲကိုမူ မည်သို့မှ မှတ်ချက်ပေးခြင်း မရှိပဲ ၎င်းကိုယ်တိုင်ကမူ မြန်မာနိုင်ငံ၏ အစော ဆုံးလက်ရာဖြစ်မည်ဟု ခန့် မှန်းခဲ့သည် ။ ထို့ပြင် ဦးမြ၏ သထုံ ကွင်းဆင်းခရီး၌ပင် " သထုံမြို့ ၊ သဒ္ဓမဇောတိကကျောင်း ပဓာန ဆရာတော် ဦးအာဒိစ္စဝံဿ ပူဇော်ကိုးကွယ်ထားသော ဒီပင်္ကရာ မြတ်စွာဘုရား ကြေးသွန်းရုပ်ပွားတော်တစ်ဆူ
ပါဠိဘာသာ ပါရဂူ ဒူရွိုင်ဇယ် ၏သုဝဏ္ဏဘူမိ ခရီးစဉ်။
၁၉၃၅ ခုနှစ်တွင် ဦးမြအငြိမ်းစားယူ သွားပြီးနောက် ပါဠိဘွဲ့ရ ဦးလူဖေဝင်းကို ကဗ္ဗည်းကျောက်စာဝန် အလုပ်သင် အဖြစ်ခန့်အပ်ခဲ့ ရာ ဒူရွိုင်ဇယ် ကိုပြန်လည်ခေါ်ယူ၍ လေ့ကျင့် ပေးရန် ကြီးကြပ်စေခဲ့သည်။၁၉၂၆ ခုနှစ် မှော်ဇာတူးဖော်ရေး တွင် ဦးဆောင်ခဲ့သော ဒူရွိုင်ဇယ် သည် တူးဖော် သုတေသန လုပ်ငန်းများတွင် အတွေ့အကြုံ ရှိ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သို့နှင့် ဦးလူဖေဝင်းကို လေ့ကျင့်ပေးရင်း သုဝဏ္ဏဘူမိ ကိုတူးဖော်ရန် အခွင့်အရေးကြုံခဲ့သည် ။ ကြုံတူဒေသသည် စစ်တောင်းမြစ်အနောက်ဘက် ရှိမြစ်ဝကျွန်းပေါ်ဒေသ ရှိ လယ်ကွင်းများအကြား ဘုရားကုန်းဟောင်းများ ဖြစ်သည်။ အနောက်ဘက်နှင့် မြောက်ဘက်တို့တွင် ပဲခူးစစ်တောင်း တူးမြောင်း နှင့် ရန်ကုန်မော်လမြိုင်ကားလမ်း အရှေ့တောင် ဘက်တွင် ရန်ကုန် မော်လမြိုင် မီးရထားလမ်း အကြားဘုရား ကုန်း ဟောင်းများဖြစ်သည် ။ဝေါမြို့မှ အရှေ့မြောက်ယွန်းယွန်း ၁ မိုင်ခန့်အကွာ ၊ ပဲခူးမှ ၂၂ မိုင်ခန့်အကွာတွင်ရှိ၍ ကျိုက္ကသာ မြို့ ဟောင်းနှင့်ဆိုလျှင် ၁၀ မိုင်ခန့်သာ ကွာဝေးပေသည် ။ ထို့ကြောင့် ကြုံတူယဉ်ကျေးမှုသည် ကျိုက္ကသာ ယဉ်ကျေးမှု ဖြစ်နိုင်ဖွယ်ရှိပါ သည် ။ ရန်ကုန်မြို့ အင်းစိန် မှုခင်းရဲတပ်ဖွဲ့ သင်တန်းကျောင်း ( စီ၊ အိုင်၊ ဒီ) ၏ကျောင်းအုပ်ကြီးဦးဘသော်မှ ပဲခူးတိုင်း ဝေါမြို့နယ် ကြုံတူဒေသမှ မြေမီးဖုတ်အုပ်ချပ်များ ထွက်ပေါ်လာသည် ဟုသတင်းပေးရာမှ ပါမောက္ခ ဒူရွိုင်ဇယ် သွားရောက်လေ့လာ ဖြစ်ခဲ့ခြင်းဖြစ်သည် ။ ကြုံတူမြေမီးဖုတ်အုပ်ချပ်မျ
ကြုံတူရုပ်ကြွချပ်များ၏ ရက်စွဲကိုခန့်မှန်းကြည့်သော
ဦးဖိုးလတ်၏ သုဝဏ္ဏဘူမိသုတေသနခရီးမှ အကျိုးရလာဒ်များ။
မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ညွှန်ကြားရေးဝန် ဦးဖိုးလတ် နှင့် မြန်မာနိုင်ငံ သမိုင်းကော်မရှင် အဖွဲ့ဝင်များ လိုက်ပါခဲ့သော ၁၉၅၈ ခုနှစ်က ၊သုဝဏ္ဏဘူမိသုတေသနခရီးသည် အချိန်တို တောင်းလွန်းသော်လည်း အကျိုးရလာဒ်မှာကား မနည်းလှပေ။ သထုံဒေသကို ရှေးဟောင်းယဉ်ကျေးမှုတည်ရာဌာ
(၁)။ မွန်ယဉ်ကျေးမှု
(၂)။ ပျူယဉ်ကျေးမှု
(၃)။ မြန်မာယဉ်ကျေးမှု ဟူ၍ ပဓန အားဖြင့် သုံးမျိုး ခွဲခြားသင့် ကြောင်း၊ ရခိုင်ယဉ်ကျေးမှုကို မြန်မာယဉ်ကျေးမှု တွင်ထည့်သွင်း စဉ်းစားသင့်ကြောင်း ၁၉၅၉၊ ဧပြီ၊၃ ရက်နေ့ညနေ ၊ ပုဂံမြို့ဟောင်းတွင် ကျင်းပသော ပုဂံရက်သတ္တပတ် ဖွင့်ပွဲအခမ်းအနားတွင် ထုတ်ဖော်ပြောကြားခဲ့ပါသည် ။ ( ဦးဖိုးလတ်၊၁၉၅၈၊စာ-၃၀)။
မွန်ယဉ်ကျေးမှုကိုလည်း ဒွါရဝတီ (ယိုးဒယား)မွန် ( အရှေ့မွန်) နှင့် သထုံ ( သုဓမ္မဝတီ )( အနောက်မွန် ) ဟူ၍ နှစိနေရာ၊ နှစ်မျိုး ကွဲပြားသည်ဟု အဆိုပြုပါသည် ။ ( ဦးဖိုးလတ်၊၁၉၅၈၊-၃၀ )။
ဦးဖိုးလတ်သည် ၁၉၅၈ ခုနှစ် ဧပြီခရီးစဉ်တွင် သထုံဒေသနှင့် ပတ်သတ်ပြီး သမိုင်းရှုထောင့် အမြင်များကို ထုတ်ဖော်ခဲ့ကြောင်း တွေ့ရပါသည် ။
၁။ သုဝဏ္ဏဘူမိဟူသည် အောက်မြန်မာ နိုင်ငံ သထုံဒေသပင် ဖြစ်သည်။ ယင်း သထုံသည် သမိုင်းခေတ်စဉ် ( Chronology )အရ ပုဂံ (၁၁-ရာစုနှစ်) ထက်ပို၍ ရှေးကျသည်။
၂။ ပုဂံ အနော်ရထာမင်းလက်ထက် ( အေဒီ ၁၀၈၇) တွင် စစ်ချီ တက် တိုက်ခိုက်သိမ်းသွင်းခဲ့သော
၃။ သထုံမှ ပိဋိကတ်ကျမ်းစာများ ကျမ်းဂန်တတ် ရဟန်းတော်များ ပုဂံ သို့ရောက်ရှိပြီး ဗုဒ္ဓသာသနာ ပို၍ စည်ပင်ထွန်း ကားသည်။ထိုအချက်ကို ထောက်၍ သထုံသို့ ပိဋိ ကတ်တော်များ ရောက်ရှိလာခဲ့ပုံကိုလည်း အရှင်မဟာ ဗုဒ္ဓ ဃောသမထေရ် ဆောင်ယူခဲ့ခြင်းသာ ဖြစ်နိုင်ကြောင်း ဆိုလိုပေသည်။
၎။ မိမိကိုယ်တိုင် ကွင်းဆင်း၍ ကေလာသတောင်ခြေမှ ဂေါဠမတ္တိ ကနာဂရ၊ တိုက်ကုလားမြို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖော်ပြခဲ့ သဖြင့် အရှင် သောဏနှင့် ဥတ္တရ မထေရ်တို့ သာသနာပြု ကြွရောက်တော်မူသော သုဝဏ္ဏဘူမိ၊ သုဓမ္မဝတီမြို့ဟောင်းသည် ၎င်း ကေလာသတောင်ခြေ ဒေသပင် ဖြစ်နိုင်ကြောင်း ခန့်မှန်းယူဆသည်။
ဤကဲ့သို့ပင် ဦးဖိုးလတ်၏ ၁၉၅၈ ခုနှစ်နှင့် ၁၉၆၀ ပြည့်လွန်နှစ် များအတွင်း ရှေးဟောင်းသုတေသန ခရီးထွက်ခြင်း၊ မြန်မာနိုင်ငံ သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာများကို ဟောပြောခြင်းကိုကြည့်လျှင် မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ဌာန ၊ ညွှန်ကြားရေးဝန်ကြီးတစ်ဦး အနေဖြင့် အောက်မြန်မာနိုင်ငံ သထုံဒေသသည် ရှေးဟောင်း သုဝဏ္ဏဘူမိယဉ်ကျေးမှု န်ာမြေတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြု ထားခဲ့သည်ကိုတွေ့ရမည်ဖြစ်ပါ
ပါမောက္ခ ဂျီ၊ အိတ်ခ်ျ ၊ လု့စ်
ပါမောက္ခ ဂျီ၊ အိတ်ခ်ျ ၊ လု့စ် သည် သုဝဏ္ဏဘူမိမှာ မုတ္တမ ပင်လယ်ကွေ့ ၊( The Gulf of Multama / Martaban ) တွင်ရှိ၍ သထုံဒေသဖြစ်သည်ဟု ( Old Burma Early Pagan ) တွင်ဖော်ပြထားသည် ။ သထုံမြို့ဟောင်းမှ ဦးမြတွေ့ခဲ့သော ဒီပင်္ကရာ ကြေးမတ်တပ် ဆင်းတုတော်နှင့် ပတ်သတ်၍လည်း ပါမောက္ခလု့စ်မှ ပုဂံ အာနန္ဒာဘုရားမှ ရပ်တော်မူ ဆင်းတုတော် ကြီးများ၏ ရှေ့ပြေးပုံစံ ဟုယူဆခဲ့သည် ။ပါမောက္ခလု့စ်သည် သူ၏( The Phases of Pre- Pagan Burma ; Volume | ,pp 171 plates.92.a ) တွင်သိကြားဘုရားမှ ဝေသန္တရာ ဇာတက ( ပုဏ္ဏားများက ဆင်ဖြူစီးလျက်နေစဉ် မြို့သားများက ခဲဖြင့်ပစ်ပေါက်ပုံ ) ဇာတ်ဝင်ခန်းကို ဖော်ပြလျက် " ဦးမြသည် မြန်မာတို့၏ အတော်ဆုံး ပညာရှင်ဖြစ်သည် ။ သူသည် အငြင်းပွားဖွယ် ဖြစ်နေသည့် သိကြားဘုရား စဥ့်ကွင်းများကို ဗုဒ္ဓ သာသနာနှင့်သာ သက်ဆိုင်ကြောင်းကို သက်သေထူလျက် အဆုံးအဖြတ်ပေးခဲ့ပေသည် " ဟုဖော်ပြခဲ့ပါသည် ။ ကြုံတူ ရုပ်ကြွချပ် နှင့်ပတ်သတ်၍လည်း ဤရုပ်ကြွချပ်သည် ထူးခြားမှုရှိပါသည် ။ ရုပ်ကြွချပ်၏ လေးထောင့်ပုံ ဘောင်အတွင်းက ဗဟိုစက်ဝိုင်းထဲ၌ အဝိုင်းပုံ စက်ဝန်းသုံးထပ် အရစ်ကွင်းများ ပါသည် ။ ၎င်းတို့အတွင်းရှိ ရုပ်ပုံမှာ ခြင်္သေ့ ဦးခေါင်းပုံဖြစ်သည်။ ပါးစပ်ကို ခပ်ကျယ်ကျယ် ဟထားပြီး ထိုပါးစပ်အတွင်းမှ ရေများထွက်လျက် စီးကျနေပုံ ဖြစ်သည်။ ဟိမဝန္တာ တောင်တန်း ပေါ်တွင်ရှိသည် ဆိုသော နာမည်ကျော် အနောဝတ ရေအိုင်ကြီး မှလမ်းကြောင်းလေးသွယ်ဖြင့် အပြင်သို့ စီးထွက်လာသော စမ်း ချောင်း( မြစ် ) ကြီးလေးခု တို့သည် ခြင်္သေ့ခံတွင်း ၊ နွားခံတွင်း ၊ ဆင်ခံတွင်းနှင့် မြင်းခံတွင်းတို့မှ အစပြုသည် ဆိုသော ဒဏ္ဍာရီ လာ သတ္တဝါကောင်များအနက် ခြင်္သေခံတွင်းမှ စီးထွက်လာပုံကို ကိုယ်စားပြုပါသည်။
သထုံဒေသနှင့် ပတ်သတ်၍ သမိုင်းကော် မရှင် အဖွဲ့ဝင် ပေါမောက္ခ လု့စ်၏တင်ပြချက်များမှာ ပို၍ထိ ရောက် မှုရှိပါသည်။ လု့စ်သည် သူ၏ ပုဂံအစောပိုင်းကာလ မြန်မာနိုင်ငံ ( Old Burma Early Pagan ) စာအုပ်ကြီးကို အတွဲ သုံးတွဲဖြင့် ပုံနှိပ်သည့်အခါ အောက်မြန်မာနိုင်ငံ မုတ္တမကွေ့ ပင်လယ်ကမ်းရိုးတန်း ဒေသကို ရှေးဟောင်းရာမည ဒေသဟု လည်းကောင်း သုဝဏ္ဏဘူမိဟူ ၍လည်းကောင်း မြေပုံပေါ်တွင် ရေးဆွဲတင်ြ့ပခဲ့ သည်။ ( Luce.G.H,Old Burma-Early Pagan. Vo||,Catalogue,New York,Artibus Asie,1969-70) ။ ဤ ကျမ်းကိုနိုင်ငံခြားတွင် ပုံနှိပ် ထုတ်ဝေခဲ့ခြင်းကြောင့် ကမ္ဘာအနှံအ ပြားမှ သုတေသီများက သုဝဏ္ဏဘူမိအကြောင်းကို ပိုမိုစိတ်ဝင် စားလာသဖြင့် မြန်မာ့သုဝဏ္ဏဘူမိကို ကမ္ဘာသိဖြစ်အောင် ဆောင် ရွက်ပေးခဲ့ခြင်းဖြစ်သည်။ ရှေးဟောင်းသုတေသနနည်းဖြင့် မြေအောက်ကို တူးဖော်လေ့လာခြင်း မရှိသေးကာမူ မြေပေါ်တွေ့ အထောက်အထားဖြင့်ပင် ပါမောက္ခကြီး လု့စ်သည် အောက်မြန်မာနိုင်ငံကို သုဝဏ္ဏဘူမိနယ်မြေ ဖြစ်ခဲ့ကြောင်း ကမ္ဘာ သိကြော်ညာ နိုင်ခဲ့ ခြင်းဖြစ်သည် ။
ဒေါ်သင်းကြည်၊ ဗိုလ်မှူးဘရှင်၊ ဒေါက်တာသန်းထွန်း ။
ပါမောက္ခ ဒေါ်သင်းကြည်က စစ်ပညာဂျာနယ်တွင် " သုဝဏ္ဏဘူမိ သထုံမြို့ဟောင်း လေ့လာချက်များဆောင်းပါးကို ရေးသားသည့် အခါ အနော်ရထာမင်းနှင့် မနူဟာမင်းတို့ စစ်ပွဲခင်းကျင်း တိုက်ခိုက်ခဲ့စဉ်က သထုံမြို့ဟောင်း၏ ကာကွယ်ရေး အစီအမံများ ပြုလုပ်ထားပုံများ၊ ပထဝီဝင်အနေအထားများ ပြုလုပ်ထားပုံများကို ပထဝီဝင်အနေအထား ရှုထောင့်မှ ကြည့်၍ ဆွေးနွေးတင်ပြခဲ့သည် ။ ( စစ်ပညာဂျာနယ်၊ အတွဲ ၃၊ အမှတ် ၂၊ ၁၉၅၇၊ ဇွန်၊စာ၁၄၆-၁၅၃ )
သမိုင်းကော်မရှင်အဖွဲ့ဝင် ဗိုလ်မှူးဘရှင်က ၎င်း၏ အနော်ရထာ မတိုင်မီက မြန်မာနိုင်ငံ၊ သုတေသနကျမ်းကို ရေးသားသည့်အခါ သုဝဏ္ဏဘူမိ၏ တည်နေရာကို ယခုစစ်တောင်းနှင့် သံလွင်မြစ်နှစ် သွယ်စပ်ကြား မုတ္တမ ပင်လယ်ကွေ့ပေါ်ရှိ ကမ်းမြောင်ဒေသမှာ သုဝဏ္ဏဘူမိနိုင်ငံ တည်ခဲ့ရာ ဒေသဖြစ်သည် ။ မြို့တော်မှာ ထိုဒေသရှိ ကေလာသ တောင်ခြေတွင် ရှိသည် သမိုင်းခေတ်ဦး ကထိုမြို့ကို ရတနာသိုက်ကြီး အဖြစ်သိခဲ့ကြသည် ။ တရုတ်၊ရောမ၊ ခေါမ၊ အိန္ဒိယ ကုန်သည်များက ထိုမြို့ကို "ရွှေမြေ" ဟုအ ဓိပ္ပါယ်ရသော မိမိတို့ဘာသာစကားတို့ဖြင့် အမည်ပေးရမှတ်တမ်း တင်ခဲ့ကြသည်။ သုဝဏ္ဏဘူမိနိုင်ငံ အကျယ်မှာ အနောက်ဘက် ဧရာဝတီ မြစ်အထိ ၊ အရှေ့ဘက် သောင်ရင်းမြစ်အထိ ဖြစ်သော ဧရာဝတီ ၊ စစ်တောင်း ၊ နှင့် သံလွင်မြစ်ဝကျွန်းပေါ်ဒေသဟုယ
ပါမောက္ခဒေါက်တာသန်းထွန်း ကလည်း " ငါးရာငါးဆယ်သော ဇာတ်တော်များမှ အစပါဋိစာပေ၌ထင်ရှားသော သုဝဏ္ဏဘူမိဟူ သည်မည်သည့်အရပ်နည်းဟု တွေးတောကြံဆဖွယ်ရာရှိပါ သည်။တော်လမီ၏ မြေပုံ၌ "ခရီရှေ" ကား သုဝဏ္ဏဘူမိပင်ဖြစ် သည်။ သိန်းခို ( သီဟိုဋ္ဌ်၊သီရိလင်္ကာ ) ရေးရာဇဝင်များဖြစ်ကြ သော လေးရာစု ဒီပါဝင် နှင့် ခြောက်ရာစု မဟာဝင် တို့သည် လည်း သုဝဏ္ဏဘူမိကို ဗုဒ္ဓဘာသာ၏ အခြေခံအရပ်ဟု ညွှန်းပြ သည်။ ယင်းသုဝဏ္ဏဘူမိကား သထုံမဟုတ်ဟု ဆိုချင်သည် ။ သထုံ၏ အနောက်မြောက် ဘက် မိုင် (၃၀ ) ခန့်အကွာတွင် ကေလာသ ကျောက်တောင်စွန်း ရှိပါသည် ။ ထိုတောင်စွန်း၏ တောင်ပေါ် တောင်အောက်တဝိုက် သာလျှင် သုဝဏ္ဏဘူမိမြို့ ဟောင်းရာဖြစ်ပါသည်။ လတ္တီတွတ် မြောက် ၁၇ အံသာ၊ ၁၁ လတ္တာနှင့် လောင်ဂျီတွတ် အရှေ့ ၉၇ အံဟာ ၆ လိတ္တတွင် ရှိသည်။( သန်းထွန်း၊ ခေတ်ဟောင်းရာဇဝင်။ စာ -၈၁) ။
အထက်ပါပညာ ရှင်သုံးဦးတို့တွင် ပါမောက္ခ ဒေါ်သင်းကြည် သည် ခရစ်နှစ် (၁၀၅၇) ခုနှစ်က ပုဂံ အနော်ရထာမင်းနှင့် ခေတ်ပြိုင် သုဝဏ္ဏဘူမိကိုဆိုလို၍ ၊ ဒေါက်တာ သန်းထွန်းကမူ ခရစ်အကြို ဘီစီ ၃ ရာစုနှစ်အတွင်း အိန္ဒိယနိုင်ငံ အသောကမင်း နှင့် ခေတ်ပြိုင်တည်ရှိခဲ့သော သုဝဏ္ဏဘူမိကိုဆိုလိုခြင်း ဖြစ်သည်။ ဗိုလ်မှူးဘရှင်နှင့် နေရာအညွှန်းတူကြသည်။ သို့ရာတွင် ဆရာကြီးဒေါက်တာသန်းထွန်းသည်
ဦးအောင်မြင့်နှင့် သုဝဏ္ဏဘူမိတူးဖော်ရေး ရလာဒ်များ။
၁၉၇၄ ခုနှစ်တွင် မွန်ပြည်နယ် သထုံခရိုင်နှင့် မော်လမြိုင် ခရိုင် များသို့ သုတေသနမှူး ဦးမြင့်အောင်ခေါင်းဆောင်၍ သုတေသန ပြုခဲ့ သည် ။ ထိုကွင်းဆင်းအဖွဲ့သည် ပထမမြို့ဟောင်းဖြစ်သော အယက်သမရွာနှင့် ဒုတိယမြို့ဟောင်း ဖြစ်သော ဝင်းကရွာ တို့ ကိုဦးစားပေး အဖြစ်တူးဖော်ခဲ့ပါသည် ။ ပင်လယ်နှင့်နီး ကပ်စွာတည်ရှိ၍ ဓမ္မစေတီမင်း ရေးထိုးခဲ့သော ပဲခူး ကလျာဏီ သိမ်ကျောက်စာတွင် သုဝဏ္ဏဘူမိမြို့တော်တစ်နေရြာ
အခြား အထောက်အထားများ ။
ဝင်းက၊ ဇုတ်သုတ် သထုံ ကျေးရွာဒေသများတွင် ဂဝံဖြင့် ခြင်္သေ့ ရုပ်ထုဆစ်ခြင်း ၊ဆင်ရုပ်ထုဆစ်ခြင်းဓလေ့ကို လည်းတွေ့နိုင်ပါ သည်။ဤဓလေ့သည် သထုံ၏မူပိုင်ဓလေ့ တစ်မျိုးဖြစ်သည်။ ဘုရားတံတိုင်း မြို့တံတိုင်း များတွင် ခြင်္သေ့ရုပ်ထားခြင်း မူလအစ ကိုလည်း ဤဒေသမှပင် တွေ့န်ုင်သည်ဟုဆိုချင်ပါသေး
မှတ်ချက်။ ။ ရနိုင်သမျှအချက်အလက်များကို