မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Tuesday, 18 June 2013

ဆရာ ငြိမ်းကျော် ၊ သုဓနု ၊ ဒွေးမယ်နော် တို့၏ ငွေတောင်နှင့် အနီးကပ် ရှုမြင်ခြင်း။

ဆရာငြိမ်းကျော်၏ ငွေတောင် ဆိုသော သုတေသန စာတမ်း တစ်ခု ။ အမျိုးသား စာပေဆု ချီးမြှင့်ခြင်း ခံရသော စာအုပ်လေး တစ်အုပ်။ဗိုလ်မှူးဘရှင် ၏ ရှေးဟောင်းသုတေသန ဆိုင်ရာ သုံး သပ်ချက်။ ပါမောက္ခ ဦးမောင်မောင် ကြီး ၏ပျို့၊ ရကန်၊ ပြဇာတ် နှင့် စာပေအထောက်အထား သုံးသပ် ချက်များ နှင့် ဝေဝေ ဆာ ဆာရှိလှကြောင်း မိတ်ဆွေ တစ်ဦး၏ အားတတ်ဖွယ် အညွှန်း ကြောင့် စာရေးသူ အင်မတန် စိတ်ဝင်တစား ဖတ်ချင် ၍ ရရှိ နိုင် ရန် ကြိုး စားခဲ့ရပါသည်။ ညွှန်းသောမိတ်ဆွေ ကပင် ကူညီ ရှာဖွေ ပေး၍ လက်ဝယ် ပိုင်ဆိုင် ရသောအခါ ထုံးစံအတိုင်း အမှာစာကို ကျေညက်သည် ထိ ဖတ် မိတော့သည် ။ကရင်အမျိုးသား တို့၏ ယုံကြည်မှု တွင် သုဓနုမင်းသား နှင့် ဒွေးမယ်နော် တို့မှ ပေါက်ဖွား ဆင်းသက်လာ သည်ဟုယုံကြည်လျက် ၊ ကယား တိုင်း ရင်းသား တို့မှာ ၎င်း တို့ ဒေသအတွင်း တည်ရှိသော ငွေ တောင်နယ် ကို ဒွေးမယ်နော် ဇာတ်တော်လာ ငွေတောင်ဖြစ်သည် ဟုယုံ ကြည် မှု များ ရှိနေပါ သည် ။ ထိုသို့ သော အခြင်းအရာ များကြောင့် စိတ် ပါဝင်စား ရသည့်အထဲ ဆရာ ငြိမ်း ကျော်၏ ကနဦး အမှာစာ ရှည်ကြီး ထဲမှ တက္ကသိုလ် ကျောင်းသားတစ်ဦး ၏မပြည့်စုံ မှု များ ကြားမှ ဇွဲနပဲ ကြီးစွာ သုတေသန နတ်၏ဖမ်း စားခြင်း နောက် သို့ တကောက် ကောက် လိုက်ပါ နေပုံ ကိုဖတ်မိသဖြင့် ဤအသွင် သဏ္ဍာန် အားစိတ်ကူးနှင့် မြင်ယောင် ပုံဖော်မိပါ သည်။


ဝေလီဝေလင်း အချိန်တွင်လွယ်အိတ်တစ်လုံး ကိုလွယ်လျက် စာ အုပ်များ ကိုမနိုင်မနင်း သယ်ဆောင်လာကာ ရန်ကုန် တက္ကသိုလ် ဝင်းအတွင်း အဓိ ပတိလမ်းမကြီးပေါ် သုတ်သုတ် ပြာပြာ သွားနေ သောလူငယ် တစ်ဦး ။ထိုသူ၏ အာရုံတွင် ကြီးစိုးလွှမ်းမိုး နေသော မဟာယန ပိဋကတ် ဇာတ်တော်ကြီး များ၊ ဇာတကများ ထဲတွင် ပါရှိသော ဒွေးမယ်နော် မနော်ဟရီ ကန္ဒ ရီပျို အား တွေ့ လိမ့်နိုး လိုက်လံရှာ ဖွေလိုစိတ်အာသီသ ကို ထပ်မျှ ခံစားမိသည် ။ ဒွေးမယ် နော် ဖြန့်ကျက် ပျံသန်းခဲ့ သော ခရီးကား မသေးလှပေ ။ သုဓနုကို လက်ဆွဲ ယူ၍ ကောသမ္ဗီ ကောင်းကင်တစ်ခွင်တွင် လှည့်လည်၍ ပေလော၊ မထုရာနှင့် ကသ္မီယတွင် တွေ့လိုက် ရ သ လော၊ ထိုထိုမျှ အားမရ သေး အာရှတခွင် နှင့် ဥရောပ ကုန်းမြင့် ဒေသများ သို့ပါ ပျံသန်းလျက် ခရီးတွင်တွင် နှင်နေလေ၏။ ပျံလေရာ လမ်း ကြောင်းအနှံ့ တွင် လည်း အက္ခရာ အမျိုးမျိုး ကို ရေးခြစ်ထားခဲ့ပြန်သည် ။ ဘာသာစကား မျိုးစုံကိုလည်း ပြောသွား ခဲ့ဟန်တူသည် ။ သက္ကတ၊ တရုတ်၊ တိဗက်၊ မွန်ဂိုလိ ယား၊ ဂျပန် ၊ ကိုရီး ယား၊ ပါဠိ၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ခိုတန် နှင့် ၊ အရှေ့တောင် အာရှ ဘာသာစကားများ၊ စာပေများထဲတွင် မွှေနှောက် လူးလား ပျံသန်း နေခဲ့ သည်။ ဤသည်မှာ စာတမ်း ဖြစ်ပေါ်လာရန် ဆရာငြိမ်းကျော် ရှာဖွေခဲ့ရသော အကိုးအကား တို့ ရှိရာ ဒေသများ၊ ဘာ သာစကား များကို ထိုသို့ လျင်လျင် တင်စားမိခြင်းသာ ဖြစ်ပေသည် ။ ဤ ငွေတောင် စာတမ်း ဖြစ်မြောက်ဖို့ ရန် လိုအပ်သော အချက်အလက် တို့ကို လပေါင်း နှစ် ဆယ်ခန့် ရှာပွေစုစည်းခဲ့ရပြီး နှစ်လ ကျော်ကြာ ရေးသား ခဲ့ရ ပေသည် ။ ထိုကာလ အခိုက် ဆ ရာ ငြိမ်းကျော် ငြီးတွားနေခဲ့ရသည်။ သူ၏ ငွေတောင်စာတမ်း အတွက် စာအုပ်စာတမ်း အထောက်အထားတို့သည် စိတ်ကျေနပ်ရအောင် ပြည့်စုံမှု မရှိခဲ့ပေ။ မြန်မာနိုင်ငံရှိ စာကြည့် တိုက် များ အတွင်း လိုချင်သော စာအုပ်၊ လိုအပ်သော စာတမ်းတို့ကို ရှာဖွေရသည်မှာ မလွ ယ်လှပေ။ လေ့လာလိုသော ဘာသာရပ်အသီးသီး အတွက် တပြိုင်နက် ပြီး ပြည့်စုံစေ လောက် အောင် စာအုပ်စာတမ်းများ စုံလင်မှု မရှိခဲ့ပေ ။ လိုအပ်သမျှ စာအုပ်စာတမ်း များကို သုတေ သန သမားများထံ ကိုယ်တိုင်မှ မေတ္တာရပ်ခံ စုဆောင်းရခြင်း မျိုးမို့ အတိမ်းအစောင်းစိုစဉ်းမှ မရှိသင့်သော စာတမ်းတစ်ခု အတွက် ကြန့်ကြာမှု များကြုံရလေတော့သည် ။ ထိုကြန့် ကြာ မှုတို့ထက်ဆိုးသည်ကား အထောက်အထား မပြည့်စုံမှုပင်။ ဤသော မပြည့်စုံမှုသည် သမိုင်း စဉ် အဆက်မပြတ်အောင် ဆက်စပ် စေ့စပ် ကြည့်ရှုဖို့ရန် နှိုင်းယှဉ်လေ့လာရာ၌ အဟန့်အ တား ဖြစ်လာသည်။ စာတမ်း၏ အသွင်သဏ္ဍာန် ပေါ်လာရုံမျှသာ အကျိုး ဖြစ်စေခဲ့သော်လည်း ပမာဏ အားဖြင့် သေးငယ်လည်း လျှစ်လျူရှု၍မရသော အားနည်းချက် ထောက်ကွက် လေး များ ရှိလာနိုင်သည်ကြောင့် စာတမ်းရှင် ကိုယ်တိုင် အားမလိုအားမရ ငြီးတွားနေဖြစ်ခဲ့ သည်။ တန်ဖိုးကြီးလွန်း၍ မဝယ်နိုင် ခဲ့ သော ပိဋကတ်များ၊ ကော်ပီမူပိုင်ကြောင့် ဓါတ်ပုံရိုက်ခွင့် ကူးယူ ခွင့် မရခဲ့သော စာအုပ်များ ၊ မည်သ်ို့မျှ ခြေရာခံ၍ မရတော့ သော ပျောက်ဆုံး စာအုပ်များ၊ အ တွဲလိုက် အ နေ နှင့် ရှိသော စာအုပ်များ ထဲမှ မိမိလိုအပ်သော အပိုင်းတစ်ချို့သာ ပျောက် ဆုံး နေခြင်းများ စသည် အခက်အခဲတို့အကြား ရုန်းကန်နေရသူ စာတမ်းရှင် အတွက် ပင်လယ်ထဲ ရေငတ် နေရသူ အလား ဖြစ်နေ မည်မှာ မလွဲပေ ။ မူရင်းကျမ်း မရနိုင်တော့ သောကြောင့် တဆင့် ကိုး ကျမ်းများကို ပြန်၍ ကိုး ကားရခြင်းမျိုး အဖြစ်မျိုးနှင့် ကြုံလာသည့် အခါ၌ စာတမ်း ရှင်တွင် မည်ကဲ့ သို့သော စိတ်မလုံခြုံမှုမျိုး ခံစားနေလိမ့်မည်လဲ ဆိုသည်မှာ တွေး ကြည့်လျင် ပင် ရှင်းရှင်းမြင်နိုင်ပေသည် ။ ဤသို့သော အခက်အခဲများကြားမှ ပြုစုခဲ့ရသော စာတမ်း တစ် ခုသည် အားနည်းချက် ထောက်ကွက် သေးသေး မွားမွား အချို့မှအပ သမိုင်းကြောင်း အခြေခံ မှုတွင် အင်မ တန် ခိုင်လုံ သပ်ရပ် သည်ကိုကား ဝမ်းမြောက်ဖွယ် လက်သင့်ခံမိပေသည်။ သု တေသန စာတမ်း တစ်ခုအား အကြောင်းအရာ တခု၌သာ မှုတည်၍ ပြုစုမည် ။ စသည်ဖြင့် ကြိုတင် ပိုင်းခြားသတ်မှတ်၍ မရစကောင်း။ သုတေ သနဆိုင်ရာ လေ့လာမှုဟူသည် အရှိန်ရ လာ လေလေ ကျယ်ပြန့် လာလေ မှာ ဖြစ်မြဲ ဓမ္မတာပင်။ အချို့ သော အခိုက်အတန့်တို့၌ ဘာသာရပ်တခု၏ နယ် ပယ်ကို ကျော်ဖြတ်၍ အခြားဘာသာ ရပ် တစ်ခု အတွင်းသို့ မွှေနှောက် ရသည် လည်းရှိ တတ်သည်။ ဒေသတစ်ခုကို ကျော်ဖြတ်၍ အခြားဒေသကို အခြေ ချရခြင်း မျိုးသည် လည်း မဆန်းလှပေ။ သုတေသန တည်း ဟူသော အလုပ်တွင် အရာရာသည် အ ကြောင်း အကျိုး အကောင်းအဆိုး အတက်အကျ ယှဉ် တွဲ လျက် ရှိစမြဲ ဖြစ်သည် ။

ဆရာ ငြိမ်းကျော်က ဤသို့ဆိုခဲ့သည်။ "ဝါသနာ အလျောက် သု တေသန ပြုသူနှင့် ဝါသနာ အလျောက် စာကြည့်တိုက် ဝန်ထမ်း တို့ သည် ထာဝရ မိတ် ဆွေများ ဖြစ်ကြ၏။ ဝါသနာ အ လျောက် သု တေသနပြုသူနှင့် ထမင်းအရ စာကြည့်တိုက်ဝန်ထမ်းတို့ သည် ထာဝရ ရန်သူ များဖြစ်ကြသည်။ ထမင်းအရ သုတေသနပြု သူ နှင့် ဝါသနာအလျောက်စာကြည့်တိုက် ဝန် ထမ်း တို့သည် ထာဝရ သူစိမ်းများ ဖြစ်ကြသည်။ ထမင်း အရ သုတေသနပြု သူ နှင့် ထမင်း အရ စာကြည့်တိုက်ဝန်ထမ်းတို့ သည် ထာဝရ ကမ္ဘာ ခြား လျက်ရှိနေ တော့သည် ။" နောက် ထပ် ပေးသွားသော ဥပမာ တစ် ခု ကား "ငွေကြေး ကိုရဖို့ရာ အစွမ်းကုန် မျက်နှာချို သွေးထား သော ပြည့်တန်ဆာမ ကဲ့သို့ မိမိလိုလားသော စာအုပ်စာတမ်း ရဖို့ရန် အလို့ငှာ သုတေသီ သည် အစွမ်း ကုန် မျက်နှာချို သွေး ထားကာ စာငှားစင် အနီးသို့ချဉ်းကပ်ရလေသည်။ ပညာ ရှာ ပမာ သူဖုန်းစား ကဲ့သို့ဖြစ်ရပေ၏။" ဤစကားစုမျှနှင့်ပင် သုတေသန သမားတစ်ဦး အဖို့ ပြည့်စုံလုံလောက်သော စာတမ်း တစ်စောင် ပေါ်ပေါက် လာစေရန် အတွက် စာအကိုးအကား ပြည့်ပြည့်စုံစုံ ရရှိ ရန်မည်မျှ ပေးဆပ် ထား ရသည်ကို နားလည်း ခံစား သဘောပေါက် စေချင် သည်။ လိုရာစာအုပ် ကို ရှာဖွေတွေ့ရှိသည့်အခါ ဖြစ်ပေါ်လာသော ဝမ်းသာကြည်နူး ခြင်းသည် စာအုပ်စာတမ်း အငှားအရမ်း ကူသန်း ခေါက်သယ် များပြားသော ကြောင့် ငြိုငြင်စွာ ဆောင့် ဆောင့် အောင့်အောင့် ဆက်ဆံနေသူ စာကြည့်တိုက် ဝန် ထမ်း၏ ပုံရိပ်ကိုပင် မေ့လျော့သွား စေ သည်။ မိမိနှင့် မိမိ စူးစိုက်ရာ ဘာသာ ရပ်မှ တပါး အရာရာကို ခဏတာ မေ့ လျော့သွားရ လောက်သည် အထိ ခန်းနားသော သုတေသန သမားတို့၏ပီတိအား စပါးကြီးမြွေ အညှို့ခံ ရသူလိုပင် ဝါသနာအလျောက် စွဲလန်း မိတော့သည်" ဟုဆရာက သူ၏ စိတ်ခံစားချက်ကို အ ရိပ်အမွက် ထုတ်ဖော် ပြခဲ့ ပါသည်။ သုတေသန သမား များနှင့် လက်ရှိ အ ချိန် အထိ သက်ဆိုင် လျက် ရှိသော အမျိုးသား ကဗျာဆရာကြီး ဆရာဇော်ဂျီ ၏
" ဒီချောင်းကို ဝင်မိလျှင် ၊မထင်နဲ့ တစ်ခေါက်ထဲ ၊တက်တုံ သက်တုံ နဲ့ ၊ တက်မကုန် သက်မဆဲ ၊ မောလောက် အောင်ပဲ " ကဗျာစာပိုဒ် လေးအား အဖန်ဖန် ရွတ်ဆိုပြီး ဇွဲနပဲ ကြီးစွာ ၊ အောက် သက် ကျေစွာ ဖြင့် ငွေတောင် စာတမ်းကို ရေးသားပြုစု ခဲ့ပုံအား ဂုဏ်ယူစဖွယ် တွေ့ မိ ပါ သည် ။ ဤသည် တွင် ဆရာငြိမ်းကျော်နှင့်တကွ အထင်ကရ/ အညတရ သုတေသန သ မား များ အား မြင်ယောင် လေးစားမိပြန်ပါသည်။

ဆရာငြိမ်းကျော် မှ သိသင့်သည် ထင် ၍ သူ၏ အတွေ့အကြုံ တစ်ချို့ကို ဝေငှ အသိပေးခဲ့ သည် ။ ရှိသမျှနှင့် ဖြစ်အောင် သုတေသန လုပ်ပါ ဟူသော ပြုံးချင် စဖွယ် အဆိုအမိန့် ကို ညွှန်ကြား ဖူးသော ပုဂ္ဂိုလ်မျိုး ရှိခဲ့ ဖူးသည် ဟူ၏ ။ ၁၉၆၅ ခုနှစ် တဝိုက်မှ မြန်မာ့ သုတေသန လောက၏ ရှုပ်ထွေးပုံ များကို ခပ်ပါးပါးလေး ထည့်ပြ သွားခဲ့သည်။ ထိုခေတ် သုတေသန ဆရာတို့၏ အ တွေ့ အကြုံတို့အား အကျဉ်းချုံး ဖောက်သည်ချပြရလျှင်

- လိုချင်သော အထောက်အထား အဆိုအမိန့် ကိုတွေ့လျှင်တွေ့ ခြင်း မဆိုင်းမတွ ယူငင်ကိုးကား မိ၍ ဝေဖန်ခံ ရခြင်း။
- အချက်အလက် အဟောင်း များကိုယူငင် ကိုးကား၍ အသစ် တွေ့ရှိချက်များ အောက်တွင် လူရယ်စရာ ဖြစ်ရခြင်း။
- မိမိတင်ပြချက် လွဲချော်သွားခဲ့ သော် ပညာရှင်ပီသစွာ ဝန်ခံခြင်း မရှိပဲ မိမိအမှား ကိုဖုံးကွယ် ရန်ကြိုးစားရာမှ ထပ်ဆင့် အမှားကို ကျူးလွန် မိခြင်း။
- ဖော်ထုတ်နိုင်ရန် ခက်ခဲ၍ အင်မတန် ကောင်းမွန်သော အသစ် တွေ့ရှိ ချက်များကို အာဏာသုံး၍ လှည့်ဖျား ရယူပြီး ဖျောက်ဖျက် ခံရခြင်း ။
- စာတမ်းတစ်စောင် အတည်ပြုနိုင်ရန် အတွက် သုံးသပ်သူထံ နှစ်အတော်ကြာ ကြန့်ကြာနေခြင်း ၊ သို့တည်းမဟုတ် အစ ပျောက်သွားခြင်း ။
- ပညာရပ် တစ်ခုကို မိမိထက်အရင် သိရှိပြီး ၊ ဖော်ထုတ်ထားပြီး ဖြစ်သော်လည်း ၊ ထိုအထဲမှာ သဲလွန်စယူပြီး အလားတူ ပညာ ရပ်မျိုးကိုပင် ထပ်မံဖော်ပြ သည့်အခါတွင် မူလပညာရှင်၏ တွေ့ ရှိမှုကို ကျမ်းကိုး မပေးပဲ ထိမ်ချန်ထား ခြင်း ။
- ကုလားထိုင်မှ မခွာ၊ စာတစ်မျက်နှာမှ လှန်မကြည့် ၊ ပဲစိတ်ကူး စိတ်သန်းနှင့် အထောက်အထား ရှာကြခြင်း။
- တစ်အုပ်ထဲကိုပင် လေ့လာ၍ အစအဆုံး သည်၏ မရွေးကူးချ ကာ ထိုစာအုပ်ထဲမှ ကျမ်းကိုးစာရင်း ကိုဖော်ပြပြီး ဤစာအုပ်၏ အမည်နှင့်တကွ စာရေးသူကိုပါ ထိမ်ချန်၍ ကျမ်းခိုးကြခြင်း ။
- ထို့အပြင် တခါက ကမ္ဘာပေါ်တွင် ပထမဆုံး အသစ်တွေ့ရှိချက်တစ်ခု အား သုတေသနပြု လိုသူ ကျောင်းသူတစ်ဦး အတွက် လိုအပ်သော စာအုပ်စာတမ်း များကို လက်ဝယ်ရှိသူများက မငှားနိုင် ကြ၍ သိုဝှက်သိမ်းဆည်းထားကြခြင်းကြောင့် ထို စာတမ်းရှင် ကျောင်းသူမှာ ဒုက္ခ ကြုံရပုံ ။ ကံကောင်းထောက်မ၍ နောက်ဆုံးတွင် လိုအပ်သော စာအုပ်စာတမ်းတို့ကို ရရှိပြီး နိုင်ငံတကာ အသင်းအဖွဲ့များ ၊ တက္ကသိုလ် များ၊ သုတေသန အဖွဲ့အစည်း များက ဂုဏ်ပြုခြင်း ခံရပုံတို့သည် မှတ်သားဖွယ်ဖြစ်လေသည် ။ အကယ် ၍များ ထိုအကိုး အကား စာအုပ်များ သူမလက်ထဲ ရောက်မလာခဲ့သော် သူမအဖို့ မည်မျှ နှမြောတသဖြစ်နေရမည် ကို တွေးဆ ကြည့်ပါ ကုန်။ အထက်ပါ အကြောင်းအရာ တို့မှာ သုတေသန အ သိုင်းအဝိုင်း အတွင်း ပြုပြင် ရန်လိုအပ်သည့် ကိစ္စအချို့ပင် ဖြစ်ပါသည် ။ ထို့ ကြောင့် ဆရာ ငြိမ်းကျော်က သူနာယူ ခဲ့ဖူး သော စကားရပ် တခုကို ဤသို့ တင် ပြသွား ခဲ့ပါသည် ။ " စာတမ်းတစ်စောင် ရေး ပြီးတဲ့အခါ အဲဒီ စာတမ်းမှာ ပါတဲ့ ပညာရပ်ဆိုင်ရာ အသိဥာဏ်ကို နားလည်လိုက် ရတဲ့ အပြင် အဲဒီစာတမ်း ရေးစဉ်က တွေ့ကြုံဆက် ဆံရ တဲ့ လူတွေ အကြောင်းကိုပါ နားလည်လိုက် ရတယ် မဟုတ် လား ၊ ဒါကို အစွန်းထွက် အမြတ်တမျိုးလို့ သဘောထား လိုက်ပေါ့၊ သို့ပေမယ့် ဒီလူတွေရဲ့ အမူအကျင့်နဲ့ တစ်ချို့သော စိတ်ဓါတ်ကို အရပ်ထဲက လူတွေသိရင် ရှက် စရာကြီး ဗျာ " ဟူ၏ ။

ဆရာ ငြိမ်း ကျော်မှ သုတေသန နှင့် အမျိုးသား အကျိုးစီးပွား ကို ဤသို့ ဆက် စပ်ပြသည် ။ သုတေသန ပြုစုချက်တစ်ခု ၊ ရှာဖွေ ဖော်ထုတ်မှု တစ်ခု သည် အမျိုးသား ယဉ်ကျေးမှု ဘဏ္ဍာ တိုက် ထဲသို့ ပြားစေ့ တစ်စေ့ ထည့်ဝင် လိုက် ခြင်းဟု နားလည်ထား ရမည် ။ ထို ပြုစုချက် သည် မိမိအား စားစရာ၊ ဝတ်စရာ ၊ နေစရာ ပေးထားသော နိုင်ငံတော် ၌၊ မိမိ အပါအဝင် မှီ တင်းနေ ထိုင် လျက် ရှိကြသော အမျိုးသား ယဉ်ကျေးမှု အဆောက်အအုံ ထဲ သို့ သဲ တစ်ပွင့် ထည့်ဝင် ဖြည့်စွက် လိုက်ခြင်း ဟုခံယူထားပါ ။ အသိဥာဏ် အယူအဆ ခေါင်းပါး လာကြသည့် အခါ၊ ပညာရှင် ပီသစွာ ပြုမူနိုင်စွမ်း မရှိတော့သည့် အခါ၊ ပြုစုချက်ထက် ပြုစုသူကို သာ အ လေးထားမိကြသည့်အခါ အဖိုးများ လှသော ပညာရပ်များ ဆုတ်ယုတ်ပေတော့မည် ။ ပုဂ္ဂိုလ် ရေး မစ္ဆရိယ တို့နှင့် ပညာ ရပ် အကျိုးကို မခွဲခြား နိုင်လျှင်ကား အသိတွင် စိတ်နှလုံး ကောင်း မ တည်နိုင်တော့ပဲ ကောင်းကျိုးဖြစ်ထွန်း နိုင်မည် မဟုတ် ပေ ။ ထိုသူသည် အ မျိုးသား ယဉ် ကျေးမှု ကို စာလုံးပေါင်းမျှပင် မတတ်နိုင် ဖြစ်ရပေလိမ့်မည် ။ အချို့သော သဘောထား များ အ ရ သုတေသန ကိစ္စတွင် အမျိုးသား ယဉ် ကျေး မှု ကို ဇောင်းပေး ၍ ပြောဆိုနေမှုများ ကို ကျဉ်းမြောင်းသည် ဟု ဆိုလို က ဆိုလိုနိုင်ပေ သည် ။ မြန်မာနိုင်ငံသား သုတေသီသည် ပုဂံ နိုင်ငံတော် သမိုင်း ကိုပြုစုလိုက ပြုစုမည်။ ပါရှား ဘာသာ စကားရှိ ရှေ့ဆက် ပစ္စည်း များကို ပြုစုလိုက ပြုစုမည် ။ ရှမ်း၊ကရင်၊ကယား၊မွန် တို့၏ ယဉ် ကျေးမှုကို သုတေသန ပြုလိုက ပြု နိုင်သည် ။ မည်သည့် အကြောင်း အရာ ကိုသာ သီး သန့်သုတေသန ပြုရမည်ဟု ကန့်သတ် ထား ခြင်း မရှိပေ ။ အဓိက အရေးကြီး သည်မှာ မိမိ၏ ကိုယ်ပိုင် အမျိုးသား ယဉ်ကျေးမှုကို ပြည့်ပြည့်စုံစုံ သိထား ရန်ပင် ဖြစ်သည် ။ မိမိ အမျိုးသား သမိုင်းကို သေချာ မသိသေးသမျှ မိမိအ ကြောင်းကို မိမိ ကိုယ်တိုင်မသိ ရှိသူကဲ့သို့ပင် ဖြစ်နေပေဦးမည် ။ လူတို့သည် ကိုယ်ပိုင် အသက်ရှင်မှုနှင့် ကိုယ်ပိုင် အကျိုးစီးပွား ဖြစ်ထွန်းမှုကို ရောင့်ရဲနိုင် ခြင်း မရှိသော်လည်း မိမိ၏ အမျိုးသား ယဉ်ကျေးမှု အရာ၌ ရောင့်ရဲနေတတ် ကြသည်။ အဘယ့်ကြောင့် ဆိုသော် မိမိ နိုင် ငံနှင့် စပ်လျဉ်း၍ တိုင်းတပါးသား တို့ရေးသား ထားခဲ့သော စာအုပ်စာတမ်း များကို ပင် ကုန် အောင် မဖတ်နိုင် သေး ။ ထို့ပြင် မှား၏ မှန်၏ ပြည့်စုံသည် မပြည့်စုံသည် ကို ပြင်ဆင်ပေး နိုင်ရန်ဝေးစွ လိုသမျှ ဤစာအုပ်များထဲက ကူးယူကာ စာသင်ခန်းတွင်ပါ ပို့ ချလျက် ရှိနေကြ သည် ။

စာရေးသူ၏အမြင် ။
ဤစာတမ်းရှည်ကြီးသည် သုတေသီနှင့် မရင်းနှီးသော ခက်ခဲသော စာပေ အထောက်အထား တို့နှင့် တိုက်ဆိုင်စစ်ဆေး အတည်ပြု ထားသည် ကို တွေ့ ရပါသည်။ ဦးစွာ ဖတ်ဖြစ်သော အ မှာစာ ကဏ္ဍထဲမှာ ပင် တွေးဆစရာ ဆင်ချင်ဖွယ်ရာတို့ ဖြင့်၊ပြည့်နှက်၍ နေပေသည် ။ ဗိုလ် မှူးဘရှင် ပြောသွားခဲ့ သလိုပင် အရှေ့ တောင် အာရှ ဆိုင်ရာ အယူဝါဒ ကိုး ကွယ် ယုံကြည် မှု များ ရောက် ရှိလာ ပုံသည် အမှန်တကယ်ပင် ရှုပ် ထွေးလျက်ရှိပေသည် ။ ရှုပ်ထွေး သလောက် လည်း အလွန် နက်နဲသိမ်မွေ့ပေသည် ။ သုဓနုခြေရာကို ရှာဖွေ ထား သော ငွေတောင်စာတမ်း သည် ဗုဒ္ဓအယူဝါဒ နှင့် အခြားအယူ ဝါဒ တို့ ရော ယှက်နေမှုကို ခွဲခြားဖော်ပြ ထားသည် ။ မြန် မာတို့ ၏ ဗိဿနိုး ၊ သရေ ခတ္တရာ ခေတ်ကာလများ တွင် ရောက်ရှိနေခဲ့ ဟန်တူသော မဟာ ယန အယူဝါ ဒများ ကိုစိစစ်ဖော်ပြ ထားသည်ကို တွေ့မိပြန် ပါသည်။ ကျမတို့နှင် မရင်းနှီး သော တစိမ်းပြင်ပြင် ဖြစ်နေသော မဟာယန အယူဝါဒ များကို ပီပြင်စွာ ခွဲ ခြားပြနိုင်သည် ။ ဘာသာ ရပ်ပေါင်း များစွာကို လေ့လာ၍ မဟာယန ဇာတ် တော်လာ၊ ဇာတကလာ ၊ ပိဋိကတ် လာ သုဓနုနှင့် ဒွေးမယ်နော် ဇာတ် အစစ် အမှန်ကို အနီးစပ်ဆုံး ဖော်ထုတ်ပေးထားသည် ။ ထိုစဉ်က အကိုး အကား အတွက် လိုအပ်သော်လည်း ရရှိရန်ခက်ခဲ၍ လက်လွှတ် ခဲ့ရသော ကျမ်းအဖုံဖုံ ၏ အဖြစ်နှင့် မူရင်း ပျောက်ဆုံး ပျက်ဆီး ကုန်ပြီဖြစ်၍ တဆင့်ကိုးကား ထားရ ခြင်း တို့ သာ မရှိခဲ့ပါလျှင် ကရင် ၊ ကယား အမျိုးသားတို့ ၏ ယဉ်ကျေးမှု သ မိုင်းနှင့် စင်းလုံးချော ဆက်စပ် နိုင်မည်ဖြစ်သည် ။ သို့ပါသော်လည်း ဗုဒ္ဓ သာ သနာ ပြန့်ပွားပုံ ၊သုဓနု ဇာတ်တော် သည် မြန်မာနိုင်ငံသို့ မည်သည့် ကာလ၌ ရောက်ရှိလာပုံ၊ မဟာ ယန ဂိုဏ်းတို့ကိုခွဲခြားပုံ ၊ မြန်မာနိုင်ငံ တွင်း သုဓနု ဇာတ် ကို မည်သူက မည်သို့ ဖော်ထုတ်ထားပုံ ကို တင်ပြထားသော ဆရာ ငြိမ်းကျော်၏ စေတနာကို ခံစားမိပါသည်။ ဤစာတမ်းသည် ကျမ်းကြီး ကျမ်း ခန့်များကို ကိုးကားလျက်လေးနက်သော အကြောင်းအရာ ကို ဖော်ထုတ် ထား ခြင်းဖြစ်ရာ စာတမ်းခန့် သည်။ တနည်း လူတိုင်း သဘောမ ပေါက်လွယ် ပဲ လေးနေသည်ဟုလည်း ထင်မြင်မိပါ သည်။ မြန်မာ့ စာပေ သမိုင်းတွင် ထင် ရှားသော ပြည်နဝဒေး ၏ မနော်ဟရီပျို့နှင့် သူဇာပျို့ ၊ရွှေတောင် နန္ဒသူ ၏ ငွေတောင် ရကန် ၊အရှေ့တိုင်းနှင့် အနောက်တိုင်း စာရေးဆရာများ ၏ သ ရုပ်ဖော်ချက်များ ဖြင့် ဒွေးမယ်နော်ကို ခြေရာခံ ထားပုံမှာ စိတ်ဝင် စားဖွယ် ကောင်းလှ ပေသည် ။ မည်သို့ပင်ဖြစ်စေ ဇာတက လာ ဇာတ်တော်ကြီးတစ်ခု ၏ သမိုင်းကြောင်းအစစ် အမှန်၊ မည်သည့် အဆိုက မှန်ကန်သည် ၊မဟာယန ဇာတက ဇာတ်တော်ကြီး တွင် ပါဝင်ထဲ့ သောမူရင်း နှင့် အနီးစပ်ဆုံး သုဓနုနှင့် ဒွေးမယ်နော် မောင်နှံအား ခိုင်ခိုင်မာမာ မြင်တွေ့ရပေ သည်။ ကန္တာရဝတီ အလံတော်၏ အနက်အဓိပ္ပါယ် နှင့် သမိုင်း ကြောင်းကို လေ့လာရ သည်မှာလည်း စာဖတ်သူတို့အတွက် အကျိုးအမြတ် တစ်ခုပင် မဟုတ်ပါလား ။
သျှင်လေညင်း ။ ၁၈၊ ၆ ၊ ၂၀၁၃ ။

AddThis