မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....
Showing posts with label ရွှေနန်းဆီသို့. Show all posts
Showing posts with label ရွှေနန်းဆီသို့. Show all posts

Thursday, 28 February 2013

ရာဇဝင်တိုက်ပွဲ။ ( ဃ )။ မန်ရှုကျမ်းလာ အခေါ်အဝေါ်၊ နာမည်ပေးပုံ ၊အနက်တူ၊ အသံတူ ၊ ယင်း မြစ်တူသော ပုဒ်များဖြင့် မန် နှင့် မြန်မာ နီးစပ်မှုရှိသလား။

ပထမ ။ "ဖန်ချောသည် ယုန်ချန်နယ်တစ်ဝိုက်တွင် နေထိုင်ကြသော မူလ ဗမာ ( Proto-Burman ) များနှင့်ပတ်သက်၍အတော်များများသိ ရှိလေသည်။" G.H.Luce,Old Kyaukse,pp.77 ဤစကားစုသည် မန်ရှုမှတ်တမ်း အားပြုစုခဲ့သူဖန်ချောပြောသော စကားလုံးဝမဟုတ်ပေ။မန်ရှု မှတ်တမ်းတွင်လုံးဝမပါဘဲ ယခုခေတ်မှယူနန်နယ် ယုံချန်တဝိုက်နေ မူလဗမာများဟု Mr.Luce ဘာသာပြောသော Mr.Luce အသုံးအနှုန်းသာဖြစ်သည်

Saturday, 23 February 2013

ရွှေနန်းဆီသို့(၁)

( ဂ ) ရာဇဝင်တိုက်ပွဲ G . H . Luse ၏ တိဘက်- မြန်မာ ( ချိယန် ၊ မန် ) တို့ ဆင်းလာသည့်လမ်းကြောင်း အပေါ် မြန်မာ့သမိုင်း သုတေသီတို့၏ သုံးသပ်မှုများ ။ တရုတ်ပြည်၏ အနောက်ဖက်မှ စီးဆင်းနေသော မြစ်ဝါမြစ် ဖျားပိုင်းတွင် တောင်ဖက်မှစီးဝင်သော ထောင် မြစ်လက်တက်၏ မြစ်ဝှမ်း တွင် ရှေးကျောက် ခေတ်သစ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော ရှေးလူသားတို့၏ ရုပ်ကြွင်း များနှင့် ယဉ် ကျေးမှု အထောက်အထား များစွာကို သုတေသန သမိုင်းပညာရှင်တို့ တူးဖော်တွေ့ရှိခဲ့ကြသည်။ ဘီစီ ၂၀၀၀(ဝါ) လွန်ခဲ့သော နှစ်ပေါင်း လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ကျော်ထိသက်တမ်း ရှိနေပြီ ဖြစ်သည်။ ပညာရှင်တို့၏ ကောက်ချက် အရ ဘီစီ ၃၀၀၀ ခန့်ကပင် ယင်း ထောင်မြစ်ဝှမ်း ၌ ရှေးဦး တရုတ်လူတို့နှင့်မတူပဲ သီးခြား ယဉ်ကျေး မှု အစဉ်အလာ ရှိသော လူမျိုးစု ဖြစ်ကြောင်း ကိုလည်းလေ့လာသိရှိ အတည်ပြုခဲ့ကြသည်။တရုတ်တို့ သည် မြစ်ဝါ မြစ်ကွေ့ကြီးသို့ အရှေ့ ဖက်အောက်ထောင့်တွင် စီး ဝင်သော ဝေမြစ်ဝှမ်း မှ အနောက်ဖက်သို့ တဖြည်းဖြည်း နယ်မြေ ချဲ့ လာကြ သောအခါ ထောင်မြစ်ဝှမ်း ရှိ ချိယန် လူမျိုးစု ကို ထိပါးလာကြချေ၏။

ရွှေနန်းဆီသို့(၁)

(ဂ) ရာဇဝင်တိုက်ပွဲ G . H . Luse ၏ Old Kyauk-se and Coming of Burma မြန်မာအစကျောက်ဆည်ကစာတမ်း၏လိုအပ်ချက်ရှိနေသေး သော အကိုးအကားများ ။ G . H . Luse သည် မြန်မာ့သမိုင်းဆိုင်ရာစာတမ်းအချို့ကိုရေးသားခဲ့ပါသည်။ (၁) Fu-Kan-Tu-Lu (၂)Geography of Burma (၃)Note on the people of Burma (၄)Burma down to fall of Pangan (၅)The Ancient Pyu (၆)The Economic Life of Burma စာတမ်းများက်ု ဒုတိယကမ္ဘာစစ်မတိုင်မီ ၁၉၂၀ မှ ၁၉၄၂ ခုနှစ်ကြားတွင် ရေးသားဖတ်ကြားခဲ့ပြီး Journal of Burma Research Society စာအုပ်များတွင်ပုံနှိပ်ဖော်ပြခဲ့ပါသည်

ရွှေနန်းဆီသို့ (၁)

(ခ) မြန်မာအစ-တကောင်းက နှင့် မြန်မာအစ ကျောက်ဆည်က ၏ ဝိရောဓိ။ မှတ်ချက်။ ။ ဖတ်ရှုလေ့လာမိသော စာအုပ်များထဲမှ ဝါဒတူရာ စာပိုဒ်များကို မိတ်ဆွေများ အဆင်ပြေပြေ လေ့လာနိုင်စေရန် စုစည်းထားသည်။ မည်သည့် စာအုပ်ထဲမှ ဖြစ်သည်ကိုလည်း အသိပေးထားသည်။

ရွှေနန်းဆီသို့ ( ၁ )

( က )တရုတ်မှတ်တမ်း မှီငြမ်းထားလွန်းတဲ့ ရွှေ တို့၏မြန်မာအစ-ကျောက်ဆည်က ဟူသော အထောက်အထား ကို အသက်သွင်းပုံ။ မှတ်ချက်။ ။ ဖတ်ရှုလေ့လာမိသော စာအုပ်များထဲမှ ဝါဒတူရာ စာပိုဒ်များကို မိတ်ဆွေများ အဆင်ပြေပြေ လေ့လာနိုင်စေရန် စုစည်းထားသည်။ မည်သည့် စာအုပ်ထဲမှ ဖြစ်သည်ကိုလည်း အသိပေးထားသည်။မိမိ ဘာလဲ၊ မိမိလူမျိုးအစဉ်အလာ မည်သို့ရှိခဲ့လဲ ၊

AddThis