မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Monday, 25 November 2013

၁၈၉၃ တွင် ပြည်မြို့တောင်ဘက် ငါးမိုင်ကွာခန့်မှမှော်ဇာ အရပ် ၊ မောင်ကန် (မောင်ဂန်) ကုန်းမှ တွေ့ရပြန်သော မြန်မာနိုင်ငံသို့ ထေရဝါဒ ဗုဒ္ဓဘာသာ ရောက်ရှိရာ အထောက်အထား ။ ( နောက်ဆက်တွဲတွေ့ရှိမှု ) ။


https://www.facebook.com/photo.php?fbid=592351714147017&set=a.474475725934617.100938.474473762601480&type=1


ပေချပ် (၁)

[ ယေဓမ္မာ ဟေတုပ္ဗဘဝါ
တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယောနိရောဓော
ဧဝံဝါဒီ က္တွဒ္ဓိပါဒါ စတ္တာရော
သမ္မပ္ဗဓာနာ … ]

ပေချပ် (၂ )

[ ယေဓမ္မာ ဟေတုပ္ဗဘဝါ
(တေ) သံ ဟေတုံ တထာဂ တော အာဟ၊
တေသဉ္စ ယောနိ ရောဓော၊
ဧဝံ ဝါဒီ မဟာသမဏောတိ
က္တွတိပိတော ဘဂဝါ အရဟ သမ္မာ သမ္ဗုဒ္ဓေါ
ဝိဇ္ဇာ စရဏ သမ္ဗန္နော သုဂတော …]


အထက်ပါ ဂါထာတော် နှစ်ခုကို ရေးထားသော ရွှေပေလွှာ နှစ်ချပ်ကို ပြည်
မြို့တောင်ဘက် ငါးမိုင်ကွာခန့်မှရှေးဟောင်းပျူလူမျိုးတို့၏ မြို့တော်ဟောင်း
မှော်ဇာ အရပ် ၊ မောင်ကန် (မောင်ဂန်) ကုန်းမှ ၁၈၉၃ တွင် ရရှိခဲ့ပါသည်။

ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားပွင့်တော်မူပြီးခါစ၊ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ဥယျာဉ်
ကျောင်းတော်ဝယ် သီတင်းသုံးနေတော်မူစဉ် အခါတပါး၌၊ ပဉ္စဝဂ္ဂီငါးပါးတွင်
တပါးအပါအဝင်ဖြစ်သည့် အရှင်မဟာအဿဇိ မထေရ်ကြီး ဆွမ်းခံကြွနေ
သည်ကို အရှင်သာရိပုတ္တရာ အလောင်းအလျာ ဖြစ်သော တရားရှာဖွေနေသူ
ဥပတိဿ ပရိဗိုဇ် က ဖူးတွေ့ရလေသည်။ ကြည်ညိုဖွယ်ရာ အဆင်းနှင့်တည်
ငြိမ်သော ဣနြေ္ဒတော်တို့ကို ထောက်ရှု၍၊ မုချဧကန် တရားထူးတရားမြတ်
ကိန်းအောင်းသည့် ပုဂ္ဂိုလ် ဖြစ်ရမည် ဟု လေးနက်စွာ ယုံကြည်မှု နှင့် တရား
ထူးတရားမြတ် ရယူလိုမ၊ှု ပြင်းပြသည့် ဆန္ဒ ရည်ရွှယ်ချက်တို့ဖြင့် ဥပတိဿ
ပရိဗိုဇ် က အရှင်မဟာအဿဇိမထေရ်ကြီး ကို ရှိုသေစွာ ဆည်းကပ်ဝတ် ပြု
ပြီးလျှင် အရှင်မြတ်၊ အဘယ်ဆရာ၏ အဘယ်တရားများကို လိုက်နာကျင့်ကြံ
ပါသနည်း ဟု မေးမြန်း လျှောက်ထားလေသည်။ထိုအခါ အရှင်မဟာအဿဇိ
မထေရ်ကြီးက ဤသို့ ပါဠိဘာသာဖြင့် ဂါထာဖွဲ့၍ ဖြေကြားတော်မူလေသည်။
“ယေဓမ္မာ ဟေတုပ္ပဘဝါ တေသံဟေတုံ တထာဂတောအာဟ တေသ ယော “
နိရောဓေါ ဧဝံဝါဒီ မဟာသမဏောတိ။”အကြင် ခန္ဓာငါးပါး ဒုက္ခသစ္စာတရား
တို့သည် အကြောင်းတရား ဖြစ်သော သမုဒယသစ္စာတရား၌ အမွန်အစရှိ
ကုန်၏။ ထိုအလုံးစုံသော သမုဒယသစ္စာ၊ ဒုက္ခသစ္စာ တရားတို့၏ဖြစ်ရာဖြစ်
ကြောင်းနှင့်၊ ထို တရားတို့၏ ချုပ်ငြိမ်းရာ နိရောဓသစ္စာတရားကို ဗုဒ္ဓမြတ်
စွာဘုရားသည် ဟောတော်မူ၏။ ရဟန်းမြတ်စွာ တို့ဆရာဖြစ်သော ဗုဒ္ဓ္ဓမြတ်
စွာဘုရားသည် ဤကဲ့သို့ အယူရှိတော်မူ၏။ရှင်မဟာအဿဇိ မထေရ်ကြီး၏
တရားတော်ကို ကြားနာ ရသောကြောင့်၊ ပင်ကိုယ်ဉာဏ် ရင့်သန်ပြီးသော
ဥပတိဿ ပရိဗိုဇ် သည် သောတာပန် တည်လေသည်။ သွှယဗေလဋ္ဌပုတ္တ
သိဉ္ဇည်းဆရာကြီးထံ၌ တရားရှာဖွေ အတူနေသော တရားကျင့်ဖက် သူငယ်
ချင်း အရှင်မဟာမောဂ္ဂလ္လာန် အလောင်းအလျာ ကောလိတ ပရိဗိုဇ် ကို၊
တရားထူး ရလာခဲ့လျှင် တဦးကိုတဦး ပြန်လည် ဟောကြစတမ်းဟု ကတိ
စကား ထားရှိခဲ့ကြသည့်အတိုင်း၊ တဆင့် ပြန်လည် ဟောကြားသဖြင့်
ကောလိတ ပရိဗိုဇ် သည်လည်း သောတာပန် တည်လေသည်။

မြန်မာပြည် ရှေးဟောင်းအရပ်ဒေသများမှ ယေဓမ္မာ ဂါထာတော် -ယေဓမ္မာ
ဂါထာတော်ကို မြန်မာပြည်အနှံ့ ရှေးဟောင်းအရပ်ဒေသများမှ တူးဖေါ်ရ
ရှိသည့် ရွှေပေချပ်များ၊ ကျောက်စာများ နှင့် မြေပုံ (အုတ်ခွက်) ဘုရားများ
တွင် ခေတ်အဆက်ဆက်က ပါဠိဘာသာ၊ သင်္သကရိုက်ဘာသာ တို့ကိုသုံးစွဲ
၍၊ အက္ခရာမျိုးစုံဖြင့် ရေးထိုးထားကြောင်း တွေ့ရသည်။ ခရစ်နှစ် ၁၈၉၃
အတွင်းက ပြည်မြို့နယ် မှော်ဇာ အရပ်၊ သီရိခေတ္တရာ (ဂြီက္ခေတြ) မြို့ရှိုး
ဟောင်း အတွင်းရှိ တောင်လယ်ပေါ်ရွှာ မောင်ကန် ၏ ယာခင်းကုန်းမြေမှ
တူးဖေါ်ရရှိသော ‘မောင်ကန် ရွှေပေချပ်’ နှစ်ချပ် တွင် ပါဠိဘာသာ ယေဓမ္မာ
ဂါထာတော် အစချီ၍၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော် တို့ကို ရှေးဟောင်း
(ပျူ) အက္ခရာ ဖြင့် ရေးသား ထားသည်။ ထို ရွှေပေချပ်နှစ်ချပ် တွင် သုံးစွဲ
သော အက္ခရာများမှာ ရှေးအိန္ဒိယ တောင်ပိုင်း အက္ခရာများနှင့်ဆင်တူပြီး၊
ရေးထိုးချိန်သည် ၅ရာစု ခန့်တွင် ဖြစ်နိုင်သည်ဟု ပညာရှင်များ မှန်းဆကြ
သည်။ ခရစ်နှစ် ၁၉၂၆-၂၇ အတွင်းက ထို မှော်ဇာအရပ်၊ သီရိခေတ္တရာ (
ဂြီက္ခေတြ) မြို့ရှိုးဟောင်း အတွင်းရှိ မောင်ခင်ဘ ၏ ယာခင်းကုန်းမြေမှ
ရရှိသည့် ‘ခင်ဘ ရွှေပေချပ် ၂ဝ’ ပါ ပဋိစ္စသမုပ္ပါဒ် အစချီ ပိဋကတ်တော်
ကောက်နှုတ်ချက်များတွင် သုံးစွဲသော အက္ခရာများနှင့် တူညီကြောင်း
တွေ့ရသည် ဟုဆိုသည်။

ဧထ ဘိက္ခဝေါ သွာက္ခာတော ဓမ္မော
စရထ ဗြဟ္မစရိယံ
သမ္မာ ဒုက္ခဿ အန္တကိရိယာယ

နောက်ပါ တပည့် များစွာ နှင့်အတူ၊ ဂေါတမ ဗုဒ္ဓဘုရားရှင်၏ ခြေ
တော်ရင်းသို့ ပထမဦးဆုံးအကြိမ် လာရောက် ဦးခိုက်ကြသည့်၊
လက်ယာတော်ရံ အဂ္ဂသာဝက ဖြစ်တော်မူ လာလတံ့သော အရှင်
သာရိပုတ္တရာ အလောင်းအလျာ ဥပတိဿ ပရိဗိုဇ် နှင့်၊ လက်ဝဲတော်
ရံ အဂ္ဂသာဝက ဖြစ်တော်မူ လာလတံ့သော အရှင်မဟာမောဂ္ဂလ္လာန်
အလောင်းအလျာ ကောလိတ ပရိဗိုဇ် တို့ကို ဗုဒ္ဓရှင်တော်မြတ်က
‘ဧဟိ ဘိက္ခု’ ပါဠိတော်ဖြင့် မိန့်တော်မူကာ၊ အထက်ပါပုံတော် အတိုင်း၊
တရားဦးဟောတော်မူပေလိမ့်မည်ဟု မှန်းဆ ကြည်ညို ပူဇော် ကန်
တော့လိုက်ပါသည်။

ဆရာရန်ဝင်း - တောင်တံခါး ။
မိုးမခ ။

ဗုဒ္ဓ သာသနာဟာ ကုန်သည်ညီနောင်၏ ကောင်းမှုကြောင့်ဆံတော်ရှစ်ဆူနှင့်
အတူ မြန်မာပြည်မှာဗုဒ္ဓဘုရားရှင်လက်ထက်တော်တိုင်မှယနေ့ထိတိုင်တည်
ရှိနေသောသာသနာဖြစ်ပါတယ် ။ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ ကျောင်းကန်
ဘုရား စေတီ ပုထိုး များသည် ဗုဒ္ဓသာသနာ၏ စစ်မှန်သော သက်သေဖြစ်
သော်ငြားလည်း ၊ သမိုင်း သုတေသန သမားတို့အနေနှင့် မြင်သာထင်သာ
ရှိသော နေရာများမှ ကျောက်စာ ၊ မှင်စာ ၊ နံရံဆေးရေး ပန်းချီတို့ကိုသာ
သမိုင်းသက်သေပြုနိုင်၍အချို့သော သမိုင်းကွင်းဆက်များရှာမရသည်လည်း
ရှိ၏။ တခါတရံ အလိုအလျောက် ပြန်လည် ပေါ်လာ၍လည်း ပျက်နေသော
သမိုင်းအထောက်အထားများ ပိုမိုခိုင်မာလာခဲ့သည်လည်း ရှိ၏ ။ သို့ပေမယ့်
မြန်မာနိုင်ငံ၏ အရေးပါလှသော သမိုင်းသက်သေ အထောက် အထား များ
သည် ဘုရားစေတီပုထိုးတို့တွင်တွေ့ ရလေ့ရှိသော ကောင်းမှုတော်ကျောက်
စာများ ၊ ခေါင်းလောင်စာများ ၊ စေတီပျက် ဌာပနာများမှ ရှာဖွေ အတည်ပြု
ခဲ့ရသည်သာများ လေသည် ။ ဆိုလိုသည်မှာ မြန်မာနိုင်ငံ၏သမိုင်းသည် ဗုဒ္ဓ
သာသနိက အဆောက် အဦ တို့နှင့် ခွဲခြား မရခြင်းပင် ဖြစ်ပါသည် ။

တစ်ချိန်တုန်းက မြန်မာနိုင်ငံ၏ အလွန်ထင်ရှားပြီး ယဉ်ကျေးမှု မြင့်မား လှ
သော ပျူနိုင်ငံတော်များဖြစ်သည့် တကောင်း ၊ သရေခေတ္တရာ ၊ ဗိဿနိုး ၊
ဟန်လင်း - စသည် တို့သည် တကယ် မရှိခဲ့သယောင် ပုံပြင် ဒဏ္ဍာရီ ဆိုပြီး
အနောက် နိုင်ငံသားတွေကလှောင်ပြောင် သရော်ခဲ့ကြတယ်။ မြန်မာ့သမိုင်း
အစစ်အမှန် တစ်ခုကို နှိမ်ချပြီး မျိုးချစ် စိတ် ၊ ဇာတိသွေး ဇာတိမာန်ကို ရိုက်
ချိုးခဲ့ကြတယ် ။ သို့ပေမယ့်မြန်မာ့ရှေးသုတေသနပညာရှင်တို့ကျေးဇူးကြောင့်
သရေခေတ္တရာ မြို့ဟောင်းကြီး ဘွင်း ဘွင်းပေါ်ပေါက်လာခဲ့သည်။ ဟိုယခင်
တစ်ခါက ဒဏ္ဍာရီ သည် ယနေ့ သမိုင်းဝင် ဂန္တဝင် စံတော်ဝင် အဖြစ် ရှိနေ
ပေပြီ။ ထို့နည်းတူစွာ ပိဋကတော်စာပေများတွင် ဖော်ပြထားသော အသော
ကမင်းကြီးသည် ပုံပြင်သဖွယ် ပိဋကစာပေတွင် ဖော်ပြလေ့ ရှိသော သာသ
နာပြု ဘုရင်ကြီး အဖြစ်မှာ တကယ်ရှိခဲ့ကြောင်း ကိုးတိုင်း ကိုးဌာနကိုသာသ
နာပြု စေလွှတ်ခဲ့ကြောင်းအထောက်အထားမပြ နိုင်ဖြစ်ခဲ့ကြရ၏ ။ ထို့ကြောင့်
ပင်ဗုဒ္ဓသာသနာတော်ကို တိုးတက်အောင် အထူးရွက်ဆောင်ခဲ့သော ဘုရင်
တစ်ပါး ဖြစ်ပြီး အထောက် အထား မပြနိုင်သော အခါ ပိဋကတော် များတွင်
ပါဝင်သော အချက်အလက် များသည် ဘာသာရေး စည်းရုံးမှု အဖြစ်ထည့်
သွင်းထားသယောင်ထိုးနှက်တိုက်ခိုက်ခဲ့ကြသေးသည် ။ သို့သော်ခေတ်သစ်
ရှေးဟောင်း သုတေသနပညာရှင်တို့ ကျေးဇူးကြောင့် အသောကမင်း ၏
ကျောက်စာတိုင်များ တွေ့ ရှိမှုကပင် ၊ ဗုဒ္ဓစာပေများသည် တိကျမှန်ကန်ပါ
သည်ဟု ပညာရှင်တို့မှ မှတ်တမ်းတင်လာခဲ့ရပါသည်။

အသောက မင်းကြီး ကိုးတိုင်း ကိုးဌာနကို သာသနာပြု စေလွှတ်သော အခါ
အရှင် သောဏ နှင့် အရှင် ဥတ္တရတို့သည် သုဝဏ္ဏဘူမိသို့ သာသနာပြု ကြွ
သည်ဟု ပိဋကတ်တော်တွင် ပါရှိသည်။ သို့သော်လည်း နှစ်ပေါင်း များစွာ
ကြာသော အခါတွင် သုဝဏ္ဏဘူမိ အမည်ကို ခံယူသော နိုင်ငံများပေါ်ပေါက်
လာခဲ့ကြသည်။ စုမတြား ကျွန်းကို သုဝဏ္ဏဘူမိဟု ခေါ်ဆိုသည်လည်းရှိ၏ ။
ယိုးဒယားမှ လည်း ယနေ့ ထိတိုင် သုဝဏ္ဏ ဘူမိနေ ဆဲဖြစ်သည်။ မြန်မာတို့
သမိုင်း တောက်လျောက် တွင်လည်း သထုံမြို့ သည် ထာဝရ သုဝဏ္ဏဘူမိ
ဖြစ်သည်။ ထိုသို့ သုဝဏ္ဏဘူမိ ပေါင်းများစွာ ပေါ်လာသောအခါမိမိတို့မြန်မာ
နိုင်ငံ၏ သုဝဏ္ဏဘူမိ ကို မယုံမရဲ ဖြစ်လာ ခဲ့ကြ သည်။ ရဲရဲ ဝင့်ဝင့် မပြောရဲ
တော့ပေ ။ အမှန်တရား သည် အမှန်တရား ဖြစ်၏ဟု ဆိုရမည်ပင် ။

မြန်မာ့ ရှေးဟောင်း သုတေသနဌာနသည် ခရစ်နှစ် ၁၈၉၃ တွင် ပြည်မြို့
တောင်ဘက် ငါးမိုင်အကွာတွင်ရှေးခေတ် ပျူလူမျိုးတို့၏ မြို့တော်ဟောင်း
မှော်ဇာ အရပ်ရှိမောင်ကန် (မောင်ဂန်) ကုန်း မှ ရရှိခဲ့သော ရွှေပေချပ် နှစ်ခု
သည် သရေခေတ္တရာသမိုင်းနှင့်တကွ သုဝဏ္ဏဘူမိသမိုင်းအတွက်ပါ ကြီးမား
သောသက်သေတစ်ခုဖြစ်ခဲ့ပေတော့သည်။ထိုမျှမက၁၉၁၀၊၁၁တွင်ကျောက်
စာပိုင်း တစ်ခု၊ ၁၉၂၆၊ ၂၇တွင်မှော်ဇာမှပင် ပေစာနှင့်တူသောရွှေပေချပ် ၂၀
ပါသော ရွှေကျမ်းစာ တစ်ထုပ် ရရှိခဲ့ပြန်၏ ။ ထိုရရှိခဲ့သော ရွှေပေချပ်များ
ကျောက်စာပိုင်းတို့သည် ပါဠိဘာသာဖြင့်ရေးထိုးထားသည်။


ထိုသို့ ပါဠိဘာသာဖြင့် ရေးထိုးထား သော မောင်ကန်ရွှေပေချပ် နှစ်ခု သည်
မြန်မာပြည် တောင်ပိုင်း တောင်ပိုင်း သုဝဏ္ဏဘူမိသို့ သာသနာပြု - ဆရာ
တော်နှစ်ပါးရောက်ရှိပုံနှင့် ဆက်စပ်မှုရှိသည် ။ ရွှေပေချပ် နှစ်ခုတွင်ရေးထိုး
ထားသော ပါဠိစာပေအရေးအသားသည် တမ္ဗပဏ္ဏိ(သီဟိုဠ်)ဂိုဏ်း၏ ပါဠိ
ပိဋကတော်အတိုင်းပင်ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ၏ပါဠိပိဋကတော်သည်
သီဟိုဠ်မှတဆင့်ကူးယူခဲ့သောပိဋကတော်ပင် ဖြစ်သည်။ အသောကမင်းကြီး
၏ သာသနာပြုရန် စေလွှတ်သော ဒေသတွင်သီဟိုဠ်လည်းပါဝင် ၏ ။ သာ
သနာပြု ဆရာတော်မှာ အရှင်မဟိန္ဒ မထေရ် ဖြစ်၍သီဟိုဠ်တွင် ထေရဝါဒ
ဗုဒ္ဓသာသနာကို စတင် ပျိုးထောင် တော်မူခဲ့သည်။ ရှင်မဟိန္ဒ မထေရ် ပြုစု
တော်မုူသော သီဟိုဠ် ပါဠိပိဋကတော်နှင့် သုဝဏ္ဏဘူမိသို့ သာသနာပြုသော
မထေရ် နှစ်ပါး၏ ပါဠိပိဋကတော်မှာ ဘီစီ ၁၃၅ ခု ပါဋလိပုတ်ပြည် သင်္ဂါယနာ
တင်ပွဲ အပြီး သာသနာပြု စေလွှတ်လိုက်သော ပါဠိပိဋကတော် များပင် ဖြစ်
သောကြောင့်ကွဲလွဲစရာ အကြောင်းမရှိပါချေ။ထိုမောင်ကန် ရွှေချပ် နှစ်ခုတွင်
ယေဓမ္မာ ဟေတုပ္ဗဘဝါ အစချီသော ထေရဝါဒဂါထာတော်၏ ပါဠိ အရေး
အသားသည် ယနေ့ မြန်မာ့ပြည်၏ ပါဠိ အရေးအသားပင် ဖြစ်သောကြောင့်
သုဝဏ္ဏဘူမိ သို့ သာသနာ လာပြု သောဆရာတော်နှစ်ပါးမှာ မြန်မာပြည်၌
သာသနာဖြန့်ဝေ ခဲ့ကြသည်ဟု မုချမှတ်ယူနိုင်ပေသည်။ သရေခေတ္တရာတွင်
ထေရဝါဒဗုဒ္ဓစာပေ ရှိနေပြီဖြစ်လျှင် သေချာပေါက်ပိဋကတော်တွင် ဖော်ပြ
ထားသော သုဝဏ္ဏဘူမိ သည်ကား မြန်မာနိုင်ငံမှ သထုံမြို့ပင် ဖြစ်သည်ဆို
သည်မှာ အငြင်းပွားဖွယ် မရှိတော့ပါချေ။ အေဒီ ၄ ရာစုတွင် မြို့တည်သက်
တမ်းရှိသော သရေခေတ္တရာမြို့ဟောင်းတွင် တွေ့ရှိရသော ထေရဝါဒ ဗုဒ္ဓ
စာပေ အထောက်အထားများ အဖြစ် ရွှေပေချပ်များကြောင့် သရေခတ္တရာ
တွင် ထေရဝါဒ ဗုဒ္ဓသာသနာသည် သထုံမှ တဆင့်ထို ကာလအတွင် ပြန့်
ပွားခဲ့သည်ဟု ခန့်မှန်းနိုင်ပါသည် ။ ထို့ကြောင့် အနော်ရထာမင်းမတိုင်ခင်
မြန်မာနိုင်ငံ၌ ထေရဝါဒသာသနာမထွန်းကားဘူး ဆိုသော ထင်မြင်ချက်ကို
ထို ရွှေပေလွှာနှစ်ချပ်က ချေဖျက် ပြလိုက်သလိုပင် ။

ဤသို့ဆိုလျှင် ဗုဒ္ဓမြတ်စွာဘုရားရှင် သက်တော် ထင်ရှား ရှိစဉ်အခါမှ ကုန်
သည် ညီနောင် ပင့်ဆောင် လာခဲ့သော ဆံတော် ရှစ်ဆူမှသည် ယနေ့ မြန်
မာ့ ကျက်သရေ ဆောင် ရွှေတိဂုံ စေတီတော်ကြီး ဖြစ်တည်၍ သော် လည်း
ကောင်း ၊ မြန်မာနိုင်ငံတော် မဖြစ်မှီ တကောင်း ၊ သရေခေတ္တရာ ၊ သုဝဏ္ဏ
ဘူမိ ၊ ဝေသာလီ ၊ ကမ္ဘောဇ စတဲ့ မင်းနေပြည်တော်တိုင်းမှာ ဗုဒ္ဓသာသနာ
ထွန်းကားခဲ့ခြင်းသည် လည်းကောင်း ၊ ထို့နောက် ပုဂံခေတ်မှ ယနေ့ထက်
တိုင် အောင် မြန်မာပြည်မှ မြန်မာ လူမျိုးများနှင့်ဗုဒ္ဓသာသနာသည် ခွဲခြား၍
မရနိုင်ပါ ။

ဦးယဉ်ကျေး ။

photo credit ; မိုးမခ ။

AddThis