မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Sunday, 7 July 2013

ဗိဿနိုး မြို့ ဟောင်း ဆိုင်ရာ ယခင် တူးဖော်တွေ့ ရှိ ချက်များကို ချေပခြင်း ။

2003 June 10 တွင် ဗိဿနိုး မြို့ ဟောင်း နေရာ မှ တူးဖော် တွေ့ ရှိ ခဲ့သော ဗုဒ္ဓ ရုပ်ပွား တော် တစ်ဆူ ကြောင့် ယခင် အယူ အဆများ ပြေပျောက်ခဲ့ ရပါ သည် ။ ယခင်က ဗိဿ နိုး မြို့ ဟောင်းတူးဖော်ရာ တွင် မည်သို့ သော သာသ နာ အထောက် အထား တစ်စုံတ ရာမှတွေ့ ရှိခြင်း အလျင်း မရှိခဲ့ ပေ။ သို့ ဖြစ် ရာ အေဒီ ၁ရာစု ခန့် ကစည်ပင် ခဲ့ သော ဗိဿနိုး မြို့ ဟောင်းတွင် မည်သည့် သာသနာ ကိုးကွယ်မှု အထောက်အထား များမရှိ ဟူသော အယူအဆ များနှင့် ဗိဿနိုး သည် ကိုးကွယ်မှု တစုံတရာ မရှိဟန် ယူဆခဲ့ ကြ ပေသည် ။ မြန်မာ နိုင်ငံ ရှေးဟောင်း သုတေ သန ဌာနမှ တူးဖော် တွေ့ ရှိသော ဆင်းတု တော် သည် ဗိဿနိုး ခေတ် ၏ ဗုဒ္ဓ သာ သနာ အထောက် အ ထား ကိုလှစ်ဟ ပြ လိုက်သည် သို့ ပင် ။ သမိုင်း သက်သေတည် မှ အသိပေးထား သလိုပင် မြေ ထဲ သမိုင်း တဖြစ်လဲ ရှေးဟောင်း သုတေ သန အပိုင်း တွင် အချက် အလက် များစွာ ကို အသစ် အ သစ် သော တူးဖော် တွေ့ ရှိမှု များနှင့် ဆ က်စပ် ဖော် ထုတ် ရပေသည် ။ သမိုင်း ပညာ ရှင် တို့ ၏ တာဝ န်မှာ ကွင်းဆက် ပြတ် နေ လျှင် ဖြစ်တန် ဖြစ်ကောင်း ဘွယ်ရာ၊ ဖြစ်နိုင်ဘွယ် ရာ ရှိသည် ဟူ၍ အနု မာန နှင့် ယာယီ ဖြည့်ထား ပေးရ ပေမည် ။ သို့ မှသာ နောင်ဆက် ခံသော သမိုင်း ပညာ ရှင်မှ အသစ်တွေ့ ရှိချက် များရှိ လာလျှင် အလွယ်တကူ ပြန်လည် အ တည်ပြု ရေးသား နိုင် မည် ဖြစ်သည် ။ ဗိဿနိုး မြို့ ဟောင်း ဆိုင်ရာ အရေး ပါသော တွေ့ ရှိချက် ဖြစ်သည့် ဤ ဆင်းတု တော် တွေ့ ရှိမှု ကို ဥပမာ ယူ၍ သမိုင်းဘာသာ ရပ် တွင် မည်သို့ မျှ အတည်သဘော မရှိနိုင်ကြောင်း ၊ မည် သည့် ဖြစ်ရပ်ကိုမျှ ပုံသေတွက် ချက် မထားသင့် ကြောင်း သတိချပ် နိုင်ကြ စေရန် ပြန်လည် ဖော်ထုတ် တင်ပြလိုက် ပါ သည် ။

Saturday, 6 July 2013

သမိုင်းကြောင်းတို့  တိုက်ဆိုင်ရာ ။


ပြောရရင် တော့ သမိုင်းဆို တာ ဆုံချက်လေး ရှိရမယ် ။ သဘောက ခေတ်ပြိုင် မှတ်တမ်းတွေ တိုက်ဆိုင်ရမယ် ။ရေမြေဒေသ နီးစပ် တဲ့  နေရာတွေမှာ သမိုင်းကြောင်း အချက်အလက် တွေဆက်နွယ်နေရမယ် ။
သေချာလေ့လာ လိုက်မိတော့ မြန်မာ့နိုင်ငံ တိုင်းရင်းသားတွေ ရဲ့  သမိုင်းဟာ ရာဇဝင် ပိုင်းမှာ တိုက်ဆိုင်မှုတွေ ရှိနေတာကို တော့တွေ့ ရပါတယ်။ အကြောင်းက ခေတ်ပြိုင် သဘောမျိုး မှတ်တမ်းတင် ထားတာမဟုတ်ပဲ အလွန်တရာ မှနောက်ကျနေပြီ ဖစ်သော အချိန်ကာလမှာ ရေး ခဲ့ ကြလို့ ပဲ ။ ရေးခဲ့ တဲ့  အချိန်ကာလ အလိုက် ဘုန်းမီးနေလ တောက်ပြောင် နေသူတွေ က အသာစီး မှနေပြီး ရေးခဲ့ တဲ့  အဂတိသဘော မလွတ်တာလေး တွေ အနဲ အများဆို ပါနေတာမို့ လို့  တိုက်ဆိုင်သော အကြောင်း အချက်အလက်တွေ ကို သာလိုရာဆွဲ ကိုးကားတတ်ကြပါတယ် ။ ကမ္ဘာ့  သမိုင်းနယ်ပယ် တွင် ပေါက်ပေါက်မြောက်မြောက် ရှိကြသော ပုဂ္ဂိုလ်တို့  စွတ်စွဲကြသလို ရာဇဝင်ကြီး များဟာ မင်းလိုလိုက် မင်းကြိုက် ဖန်တီးခဲ့  ကြတယ် ဆိုတာ ကိုလဲ ငြင်းမရတာတော့ သေချာပါတယ် ။ သို့ သော် ခေတ်ကာလ အလိုက် ထိုရာဇဝင် ကျမ်းကြီးများ ၏အကိုးအကား ကိုမည်သည့်နေရာမှ ရသည်ကို မဖော်ထုတ်နိုင် သေးသရွေ့ ကတော့ တိုင်းရင်းသား တို့ ၏ ရာဇဝင် များကို လျစ်လျူရှု ပစ်ရန် လုံးဝမဖြစ်နိုင်သေးပေ ။ လွန်လေပြီး သော သမိုင်းပညာ ရှင် တို့ ကို ကျမတို့  လေးစားကြရမည် မဟုတ်ပါလား ။

Friday, 28 June 2013

သင့်လူ ၏ ဖေ့ဘွတ်နုတ်စ် ထဲမှ ကျောက်စာထဲက ပုဂံ


သင့်လူ ၏ ဖေ့ဘွတ်နုတ်စ် ထဲမှ ကျောက်စာထဲက ပုဂံ အပိုင်း (၁) မှ အပိုင်း (၄) အထိ ကူးယူဖော် ပြပါသည် ။ရှေးသုတေသန ၏အသက် ဖြစ်သော ခိုင် မာသောကျောက်စာ အထောက်အထား များနှင့် ဆောင်းပါးရှင်၏ အာဘော် ကို ပါးနပ်စွာ ထည့်သွင်း ရေးသားထားသည် မို့  လေးလံ ခြင်းမ ရှိသော သ မိုင်းစာ ဟုထင်မြင်မိပါတယ် ။ ဝါသနာ တူ ညီအစ်ကို မောင် နှမ များ လေ့လာ မှတ်သား နိုင်စေရန် ကူးယူဖော်ပြပေးလိုက်ပါသည် ။ဆောင်းပါးသည် ပြီးဟန် မတူသေးပါ ။ အနုရုဒ္ဓ ၊ ထိလိုင်မင် ၊ စည်သူ စသော ပုဂံခေတ်၏ လျှမ်းလျှမ်း တောက် အောင်မြင် ထင်ရှားခဲ့ သော မင်းသုံးပါး အကြောင်း နှင့်တကွ ထိုမင်း တို့ လက်ထက် မှ စီးပွားရေး ၊နိုင်ငံရေး ၊လူမှုရေး ၊ယဉ်ကျေးမှု အထွေထွေ ကို ဤမျှ ပြည့်စုံ အောက်စုစည်းဖော်ပြထား သည်ကို သမိုင်း သက်သေတည်မျှ လွယ်လင့်တကူ ဖတ်ဖူးခြင်း အလျင်းမရှိပါ။ ပြည့်စုံနေပါ၍ ဖတ်နိုင်ရန် စုစည်းတင်ပြထားပါသည် ။

ဤ ဆောင်းပါး အတွက် ကို သင့်လူ အား သမိုင်းသက်သေတည်မှ အထူး ကျေးဇူး တင်ရှိပါကြောင်း ။
မှတ်ချက် ။ ။ ဖြတ်တောက်ပြင်ဆင် ထားခြင်းမရှိပါ။

Tuesday, 18 June 2013

ဆရာ ငြိမ်းကျော် ၊ သုဓနု ၊ ဒွေးမယ်နော် တို့၏ ငွေတောင်နှင့် အနီးကပ် ရှုမြင်ခြင်း။

ဆရာငြိမ်းကျော်၏ ငွေတောင် ဆိုသော သုတေသန စာတမ်း တစ်ခု ။ အမျိုးသား စာပေဆု ချီးမြှင့်ခြင်း ခံရသော စာအုပ်လေး တစ်အုပ်။ဗိုလ်မှူးဘရှင် ၏ ရှေးဟောင်းသုတေသန ဆိုင်ရာ သုံး သပ်ချက်။ ပါမောက္ခ ဦးမောင်မောင် ကြီး ၏ပျို့၊ ရကန်၊ ပြဇာတ် နှင့် စာပေအထောက်အထား သုံးသပ် ချက်များ နှင့် ဝေဝေ ဆာ ဆာရှိလှကြောင်း မိတ်ဆွေ တစ်ဦး၏ အားတတ်ဖွယ် အညွှန်း ကြောင့် စာရေးသူ အင်မတန် စိတ်ဝင်တစား ဖတ်ချင် ၍ ရရှိ နိုင် ရန် ကြိုး စားခဲ့ရပါသည်။ ညွှန်းသောမိတ်ဆွေ ကပင် ကူညီ ရှာဖွေ ပေး၍ လက်ဝယ် ပိုင်ဆိုင် ရသောအခါ ထုံးစံအတိုင်း အမှာစာကို ကျေညက်သည် ထိ ဖတ် မိတော့သည် ။ကရင်အမျိုးသား တို့၏ ယုံကြည်မှု တွင် သုဓနုမင်းသား နှင့် ဒွေးမယ်နော် တို့မှ ပေါက်ဖွား ဆင်းသက်လာ သည်ဟုယုံကြည်လျက် ၊ ကယား တိုင်း ရင်းသား တို့မှာ ၎င်း တို့ ဒေသအတွင်း တည်ရှိသော ငွေ တောင်နယ် ကို ဒွေးမယ်နော် ဇာတ်တော်လာ ငွေတောင်ဖြစ်သည် ဟုယုံ ကြည် မှု များ ရှိနေပါ သည် ။ ထိုသို့ သော အခြင်းအရာ များကြောင့် စိတ် ပါဝင်စား ရသည့်အထဲ ဆရာ ငြိမ်း ကျော်၏ ကနဦး အမှာစာ ရှည်ကြီး ထဲမှ တက္ကသိုလ် ကျောင်းသားတစ်ဦး ၏မပြည့်စုံ မှု များ ကြားမှ ဇွဲနပဲ ကြီးစွာ သုတေသန နတ်၏ဖမ်း စားခြင်း နောက် သို့ တကောက် ကောက် လိုက်ပါ နေပုံ ကိုဖတ်မိသဖြင့် ဤအသွင် သဏ္ဍာန် အားစိတ်ကူးနှင့် မြင်ယောင် ပုံဖော်မိပါ သည်။

Saturday, 8 June 2013

ကယန်း လူမျိုး အမျိုးသမီးများ၏ များ ကြေးစွပ် ဓလေ့။

ကယန်းလူမျိုး များသည် အခြားမဟုတ်လည်ပင်းတွင် ခွေစွပ်ထားသော အမျိုးသမီးများ ကြောင့် ကမ္ဘာကပင် စိတ်ဝင်စားကြ သည်ကို လူတိုင်းသိရှိပြီး ဖြစ်လေသည်။ ကယန်း ဟူသောစကား သည် (ကမ်းယန့် )မှဆင်းသက် ပြောင်းလဲလာသော စကား ဖြစ်သည်။ (ကမ်း) ဟူသော အဓိပ္ပါယ်မှာ နယ်မြေဒေသ၊ နယ်ပယ်၊ ဧရိယာ သတ်မှတ်ထားသော မြေသား အကျယ်အဝန်း ဖြစ်၍ ၊(ယန့် ) ဆိုသည်မှာ စွဲစွဲ မြဲမြဲရှိခြင်း၊ အတည်တကျ ရှိခြင်းဟု အဓိပ္ပါယ် ဆောင်သည်။ သို့ ဖြစ်ပါ၍ ကယန်း၏ အဓိပ္ပါယ် မှာ နယ်မြေဒေသ တစ်ခုအတွင်းအတည်တကျ နေသော သူများကို ခေါ်ဆိုခြင်းဖြစ်သည်။ ၎င်းတို့ အား (ပဒေါင်) ဟု ခေါ်လျှင် နှစ်သက်လေ့ မရှိပေ။ ပဒေါင် ဟုခေါ်ဆိုခြင်း မှာ ကယန်းဘာသာစကား မဟုတ်ပဲ ၊ ရှမ်းဘာသာစကား (ယန်းပဒေါင်း) ဟု အဓိပ္ပါယ်ရှိရာရှမ်းဘာသာ စကားဖြင်း ယန်း= ကရင်မျိုးနွယ် ၊ ပဒေါင်း= ကြေးပတ် ဖြစ်ရာ ယန်းပဒေါင်းကို ကြေးခွေစွပ်ထား သော ကရင်လူမျိုး ၊ရှမ်းဘာသာစကားဖြစ်သော ယန်းပဒေါင်း မှတွင်လာခြင်း ကြောင့် ဖြစ်သည်။ ကယန်း ပဒေါင် တို့ သည် အခြားတိုင်းရင်းသာ များနည်းတူ မွန်ဂိုကုန်းမြင့် ဒေသမှ ရေကြည်ရာ မြက်နုရာ အရပ်သို့  တရွေ့ ရွေ့  ဆင်းလာကြရာ မှ ယန်းစီမြစ် နှင့် ဟန်ဟို မြစ်ဖျားတွင် နေထိုင်ခဲ့ ဖူး သဖြင့် ယင်းဒေသ များမှ ဆင်းသက်လာသည်ကို အစွဲပြု၍ ကယန်းဟု ခေါ်ခြင်းဖြစ်သည် ဟုယူဆခဲ့ ကြသည်။

ရွှေနန်းဆီသို့ (၂) သုဝဏ္ဏ ဘူမိ

(င) ။ နောက်ဆက်တွဲ သမိုင်း သက်သေတည်ပါစေ မှ သဘောတွေ့ မိသော ဖြေရှင်းချက်အချို့  ။သုဝဏ္ဏ ဘူမိ အဓိပ္ပါယ်။

သုဝဏ္ဏ ဘူမိဟူသော ပါဋ္ဌိ ဝေါဟာရ၏ အနက်သည် သုဝဏ္ဏ သည် ရွှေ ဟူ၍လည်းကောင်း၊ ဘူမိသည် မြေ ဟူ၍ လည်းကောင်း ပါဋ္ဌိ-မြန်မာ အဘိဓာန် တွင် တွေ့ နိုင်ပေသည်။ ထို့ ကြောင့် သုဝဏ္ဏဘူမိ ဟူသော နာမသည် `“ရွှေမြေ [ ဖြစ်သည်။ တနည်းအားဖြင့် ရွှေ ပေါများ ကြွယ်ဝစွာ ထွက်ရှိရာ ဒေသ အဖြစ် ရှေး အိန္ဒိယ သားတို့ က တင်စားခေါ်ဝေါ် ကြခြင်းဖြစ်ပေသည်။ သုဝဏ္ဏ ဘုမိဟူ၍ လွဲမှားစွာ ဖြင့် မှတ်သားထား တတ်မှုများကြောင့် ဘုမိ ဟူသည် ဘုံ ဟုအဓိပ္ပါယ် ထွက်လျက် ရွှေဘုံ ဟု မြန်မာလို အဓိပ္ပါယ်ရသဖြင့် ဝေါဟာရ ခြင်းကော ၊ အနက် အဓိပ္ပါယ် ပါ များ စွာကွာခြားလျက်ရှိသဖြင့် သုဝဏ္ဏ ဘူမိ နှင့် သုဝဏ္ဏ ဘုမိ မရောထွေးသင့်ပေ။

ကျမ်းဂန်လာ သုဝဏ္ဏ ဘူမိကို အဓိပ္ပါယ် ကောက်ယူရာဝယ်။

AddThis