မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Saturday, 11 May 2013

သူပြောတဲ့ သူ့အကြောင်း

၂၀၀၀ ပြည့်နှစ်ဆိုရင် ငါ့အသက်၇၇ ပြည့်လို့  ရ၈ဖြစ်တော့မယ်။ ဆိုလိုတာက သေခါနီးပြီပေါ့။

Monday, 6 May 2013

ကျောက်စာတွင် ပါဝင်သော စာလုံးများကို ဖတ်၍ ရသလောက်ဆိုလျှင်-



၁ ။ သကရာစ် ၈၂၃ ခု တေ
၂ ။ တ် ၈ ရာက် နေ့ နှိုက် ဒ-
၃ ။ ကြီသည် မျာကြီ မိရွေဝါ
၎ ။ တယောက် စ မျာငယ် -
၅ ။ လေ တစ်ယောက် ဤသူ
၆။ နတ်ရွာ လာပါအံ ဟူရုယ်
၇။ ၀် ပ္လု တေ -
၈။လှူ သည့်ကျန်း
ဟူ၍ ရေးထိုးထားပါသည်။

Saturday, 27 April 2013

သမိုင်းသက်သေ ကျောက်စာများ (၂) ။

ကျောက်စာဖတ်သူ ။ ဦးငြိမ်းမောင် ။
 နောက်ဆက်တွဲ ကျောက်စာများ။

Thursday, 18 April 2013

သမိုင်းသက်သေ ကျောက်စာများ (၁) ။

                                      ကျောက်စာဖတ်သူ ။ ဦးငြိမ်းမောင် ။
                                      နောက်ဆက်တွဲ ကျောက်စာများ

Wednesday, 17 April 2013

သုတေသနလေ့လာရေး ခရီးတစ်ထောက်


မှတ်မှတ်ရရ တကောင်းရွှေပြည်ကြီးကို ပုံဖော်ချင်ခဲ့မိသည် ။ ယုံကြည်ကိုးကွယ်ရာ ဘာသာတရား အပေါ်အလေးထားပုံ ၊ ပျူစောထီးမင်းကြီးမှစ၍ ထိုအချိန်အကာလက ရွှေနန်းတော်ကြီး မင်းခမ်းမင်းနားများ၊ ထီးသုံးနန်းသုံးပစ္စည်းများ ၊ ထီးဓလေ့နန်း ရာများ ၊ နှစ်ပြည်ထောင်မင်းတို့ ၏ ချစ်ကြည်ရေး၊ တိုင်းနိုင်ငံ နှစ်ခုစစ်ပြုကြပုံ ၊ ရာဇဝင်ထဲမှ ရှေးမြန်မာစစ်သားကြီးတို့၏ ခန့်ညားသောအသွင် သဏ္ဍာန် ၊ တော်ဝင်အခမ်း အနားများတွင် တီးမှုတ်ကခုန် ဖျော်ဖြေမှု ၊ ကုန်သည် ကုန်ဝယ် အပေါင်းတို့ ၏ စီးပွားရေးကူးလူးဆက်ဆံမှု စသည်ဖြင့် အတွေးကြွယ်ကြွယ် အရေးသွက်သွက်နှင့် စာရေးချင်မိသော အိပ်မက်တစ်ခုပါ ။ မှန်နန်းရာဇဝင်တော် ကြီးထဲမှာ တကောင်းရွှေပြည်ကား ထည်ဝါစွာတည်ရှိနေမလား စေ့ငုံစွာ ရှာဖွေမိတော့ အဘိရာဇာ မှစသော (၃၃)ပါးသော မင်းဆက်များ လောက်သာတွေ့ရသည် ။ ရခိုင်နှင့် ဗမာသည် ညီအစ်ကို နှစ်ယောက်က အုပ်ချုပ်၍ အမျိုးနွယ်တူသည် ဟူ၏။တကောင်းနေပြည်ကို စိန့်တိုင်း ဂန္တာရာဇ် ခေါ် တရုတ်တို့ ဖျက်၍ ပျက်သုန်းရကြောင်း လည်း တွေ့ရသည် ။

Saturday, 6 April 2013

မန်ရှုကျမ်းနှင့် ကျမ်းပြုသူတို့၏ အစဆွဲထုတ်မိရာဝယ်။

သမိုင်း ရေးသားပြုစုရာတွင် ကျမ်းကိုး ပြုအပ်ခြင်း၊ မပြုအပ်ခြင်း နှင့်ပတ်သတ်၍ သမိုင်းပညာရှင်များ လိုက်နာကျင့်သုံးကြသော ပညာရပ်ဆိုင်ရာ စံသဘောရှိပါသည်။ ကျမ်းကိုးပြုစုရာ၌ မိမိပြုစု သော သမိုင်းခေတ်နှင့် ဆိုင်ရာခေတ်ပြိုင်လည်းဖြစ် ၊ ကိုယ်တွေ့ လည်းဖြစ်သော ( ဝါ ) တဆင့်ကြားလည်းမဟုတ်သော မူရင်းမှတ်တမ်းများ ၊ မူရင်း အထောက်အထားများ စသည်တို့ကို သာ အသုံးပြုကျမ်းကိုးလေ့ရှိပါသည်။ တဆင့်ကြားမှတ်တမ်းများ နောက်ရေးသမိုင်းများ ၊ဆင့်ထိုး နောက်ထိုး စာများသည် အလိုအပိုမကင်း တတ်၍ ကျမ်းကိုးပြုရန် စိတ်မချရ ယုံကြည် ကိုးစားမရ ဟုဆိုကြပါသည်။ ဥပမာ ဦးကုလား မဟာရာဇဝင် တော်ကြီး၊ မှန်နန်းရာဇဝင် အစရှိသော ရှေးဗမာ မှတ်တမ်းများနှင့် ရှေးဗမာ နောက်ထိုး၊ ဆင့်ထိုး ၊ စပ်ထိုး ကျောက်စာစသည်တို့ကို အချို့သော ပညာရှင်များမှ မြန်မာ့သမိုင်းကို ပြုစုရာတွင် ပစ်ပယ် ဖယ်ထုတ်လေ့ရှိပါသည်။

AddThis