မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Wednesday, 4 September 2013

အရှင်နှစ်ပါး ပါတော်မူပြီ ဘယ်တော့မှ ပြန်မလာပြီ ။

၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၊၂၈ ရက် နေ့ နံနက် ဆယ်နာရီ အချိန် ဖြစ်သည် ။ မန္တ လေးမြို့ ဂေါဝိန်ဆိပ်ကမ်း ၊ ဧရာဝတီမြစ် ရေပြင် ထက် အင်္ဂလိပ် စစ်သေ နာပတိချုပ် ဗိုလ်ချုပ် -ပရင်ဒါဂတ် ဦးဆောင် လာသော အင်္ဂလိပ် စစ်သင်္ဘော အုပ်စုဆိုက်ရောက်လျက် ရှိသည် ။ ယင်းအုပ်စု တွင်

Tuesday, 20 August 2013

ဧရာဝတီ (သို့) ရာဇဝင်များရဲ့ သတို့သမီး

မြန်မာလူမျိုး ၊ မြန်မာ့ယဉ်ကျေးမှု နှင့် မြန်မာ့ သမိုင်းစဉ်သည် ဧရာဝတီမြစ်၏ ဝဲယာမြစ် ကမ်းပါး ပေါ် တွင် ဖြစ်တည် လာ၍ မြန်မာ နိုင်ငံကြီး သည်လည်း ဧရာဝတီမြစ် ဝဲယာ ကမ်းပါးပေါ်တွင် လူလား မြောက်၍ ဤမြစ် ဝဲယာ ၌ပင် ရှင်သန် တည်ရှိနေ ပေသည် ။ ဧရာဝတီသည် မြန်မာ နိုင်ငံ အတွင်း ၌ပင် စ၍ မြန်မာနိုင်ငံ တွင်ပင် ဆုံးသော မြန်မာ့ သဘာဝ အဝေးပြေး လမ်း မ ကြီး ဖြစ် သည် ။ တ ကောင်း ၊ ဟန်လင်း ၊ ဗိဿနိုး ၊ သရေ ခေတ္တရာ ၊ ပုဂံ ၊ ပင်းယ ၊ စစ်ကိုင်း ၊ အင်းဝ ၊ အမရပူရ ၊ ရတနာပုံ အစ ရှိသော မင်း နေပြည်တော် ကြီး များ သည် ဧရာဝတီမြစ် ဝဲယာ ကမ်းပါး ပေါ်တွင် ထွန်းကားခဲ့ ပြီး မြန်မာ တိုင်း ရင်းသား ပြည်သူတို့ ၏ ကိစ္စ အဝဝ သည် ဧရာဝတီ နှင့် ဆက်စပ် လျက် ရှိ သည် ။ ဧရာဝတီမြစ် ပို့ချခဲ့သော မြေပေါ်တွင် မြန်မာ့ ပထဝီဝင် ၊ မြန်မာ့ ရာဇ ဝင် ၊ မြန်မာ့ သမိုင်း ၊ မြန်မာ့ ဇာတိ ၊ မြန်မာ့ ယဉ်ကျေးမှု နှင့် မြန်မာနိုင်ငံ သား တို့  ဖြစ်ပေါ် လာပါသည် ။ လွန်စွာ လှပသော မြစ်ကျဉ်း ငါးခု နှင့် ပင် လယ် ထွက်ပေါက် ပါရှိသော အဖိုးတန် သဘာဝ ရတနာ ပင် ။ကမ္ဘာပေါ်တွင် မည် သည့်နိုင်ငံ မဆို လူဦးရေသာ လျှင်တိုးတက်မှု ရှိပြီး မြေကြီး တိုးတက်မှု ကား မရှိပေ ။ သို့သော် ဧရာဝတီ မြစ်၏ နုန်းတင် မြေနုများ ပို့ချမှု ကြောင့် အနှစ် (၁၀၀) ကြာတိုင်း မြစ်ဝ ကျွန်းပေါ်တွင် သုံးမိုင်မျှ ကျယ်ဝန်းသော မြေ ပမာဏကို မြန်မာပြည်သူ တို့အတွက် လက် ဆောင်ပေးလျက်ရှိ ပါသည် ။

Sunday, 18 August 2013


ထူးခြားလှသည့် အရည်အချင်း ရှိသော လက်ရာ ဖြစ်သည့် ပရန ကန် ရတနာ ပစ္စည်း တစ်ခုမှာ ပုံတွင် ဖော်ပြ ထားသည့် ရွှေဖြင့် ပြုလုပ်ထား သော စိန် ခါး စည်း ဖြစ်သည်။ ထို ခါးစည်းတွင် ဒေါင်းရုပ်ကို စိန်လုံး များနှင့် ပုံဖော် ထား သည် ။ ဤခါးစည်းကို ၂၀ ရာ စု နှစ် အစောပိုင်း လောက်က ထူးခြားလှသည့် ၇၅ ကာရက်ရှိသော စိန်လုံးရေများဖြင့် ပြုလုပ် ထားသည်။ ဘာကယ်လ် (Buckle) နှင့် ဘေး...မှစိန်များသည် အ၀ါ ရောင်စိန်၊ အညို ရောင်စိန်နှင့် ပန်း ရောင် သန်းသည့် လိမ္မော်ရောင် စိန်တို့ဖြင့် ပြုလုပ် ထားခြင်း ဖြစ်သည်။ ဒေါင်း ရုပ် ကိုယ်ထည်မှ အလယ် စိန်လုံးမှာ ဥရောပ ၌ သွေးထားသော စိန် ဖြစ်ပုံ ရ ၍ အလေးချိန် ၅ ကာရက် ရှိသည်။ ဤခါးစည်းမှ ဘာကယ်လ်(Buckle) ဒီဇိုင်း ပုံမှာ ဖြုတ်လိုက်လျှင် စိန်ရင်ထိုး သဖွယ် သုံး၍ ရသည်။

Saturday, 17 August 2013

နှစ်ပေါင်း (၁၅၀၀)ခန့်က ပျူခေတ် ကချေသည် ကြေးရုပ်တို့၏ အတိတ်သမိုင်းကို စာမျက်နှာများပေါ်မှ တူးဆွခြင်း


၁၉၆၇ ခုနှစ် ဇန်န၀ါရီလ အတွင်းတွင် သုတေ သန ၀န်ထောက် ဦး စိန်မောင် ဦး ဦးစီးသည့် အဖွဲ့သည် သရေ ခေတ္တရာမြို့ ဟောင်းအရှေ့ မြောက် ဘက် မြို့ရိုး၏ အပြင် ဘက်ရှိ ၊ ဘုရားမာ ဘုရားအနီး တူးဖော်မှု ကုနုးအမှတ် (၈) မှ ကျက်သရေ မင်္ဂလာ အထိမ်းအမှတ် သင်္ကေတ သီရိဝစ္ဆပုံနှင့် ကြာပန်း ကြာခက် တို့ဖြင့် ခြယ်လှယ် ထားသော အမြင့် ၁၁ လက်မ ခန့်ရှိသည့် ကြေး ခေါင်းလောင်း တစ်လုံး ကို တူးဖော် တွေရှိခဲ့သည်။ ထိုကြေး ခေါင်းလောင်း အတွင်းမှ ထူးခြားသော ပျူခေတ် ကြေးရုပ် ငါးရုပ်ကို တွေ့ရှိခဲ့ ပေသည် ။ ကြေးရုပ်ငါးရုပ် သည် ထိုခေတ် တီးမှုတ်ကခုန်သည့် သဘင်ပညာသည်တို့၏ ပုံသဏ္ဍန်ကို ဖော်ညွှန်းသွန်း လုပ်ခဲ့ဟန်ရှိပေသည်။ အရုပ် တစ်ခုသည် ပလွေ မှုတ်ဟန်၊ အရုပ်တစ်က ဗုံတီးဟန်၊ နောက်တစ်ခု က ခွက်ခွင်း တီးပြီး၊ တစ်ရုပ် က ပျော့ပြောင်းနွဲ့ နှောင်း နူးညံ့ ငြိမ့်ညောင်းစွာ ကပြ ဟန်နှင့် နောက်ဆုံး တစ်ခုက ပုပု ကွကွ ခါးကုန်းကုန်း ၊ သူ့ ကျောကုန်း မှာ အထုပ် တစ်ခု ပိုးပြီး ပျော်တော် ဆက် (လူပြက်) ဟန်ပါပါ ဟာသပြု သရုပ်ဆောင် နေပုံ များဖြစ် သည်။ ၄င်းတို့သည် ငယ်ပင် ငယ်စေကာမူ အလွန်အသက် ပါလှပြီး အလွန် မြတ်နိုးဖွယ် ဖြစ်အောင် အနုပညာ လက်ရာ မြောက်ကြ ပေသည်။ ဆင်ယဉ် ထုံးဖွဲ့မှုနှင့် ဟန်ပန် အနေအထား များမှာ အိန္ဒိယ ဆန်လှသည် ။

Friday, 16 August 2013

ကျောက်စာများတွင် တွေ့ ရသော ပုဂံပြည့်ရှင် စည်သူ (၂) ၏ မိဖုရားများ


စည်သူ(၂) ၏ လက်ထက်တွင် နိုင်ငံတော် သည် အရှေ့  သလ္လင်ကျေ ၊ အ နောက် မစ္စဂီ ရိ ၊ မြောက် ငဆောင်ချံ ၊ တောင် တလိုင် သရိယ် နှင့် ထဝယ် လျင် အပိုင်းအခြား ရှိ သည် ဟုစိရပါသည် ။ စည်သူ (၂)၏ မိဖုရား ခြောက်ပါး စာရင်းကိုလည်း တွေ့ ရပါ သည် ။ ယင်းတို့ မှာ

၁ ။ တောင်ပ္လင်သည် (တောင်နန်းစံ) ။

၂ ။ မ္လစ်ပ္လင်သည် (မြောက်နန်းစံ) ။

၃ ။ စဝ်မြကန်သည် (မြကန် မိဖုရားစော) ။

၎ ။ ဝဋံ သိကာ (ဦဆောက်ပန်)(ထိပ်ခေါင်တင် မိဖုရား) ။

၅ ။ စဝ်အလွမ် (ထိပ်ထား မိဖုရားစော) ။

၆။ ဝေလုဝတီ (ဝါးမိဖုရား) ။

တို့ ဖြစ်ပါသည် ။
ယင်းတို့ အနက် စဝ်မြကန်သည် အရေးပါ အရာအရောက် ဆုံးမိဖုရား ဖြစ်ဟန် တူ ၏။ ထိုမိဖုရား၏ သားတော် နာတောင်မျာ က စည်သူ (၂) ၏ အရိုက်အရာ ကို ဆက်ခံသော ကြောင့် ဖြစ်သည် ။

Thursday, 15 August 2013

ပျူမင်းသား ဂီတခရီး စဉ် အေဒီ - ၈၀၂ ။




၂၀၁၂ ခုနှစ် ၊ မတ်လ အတွင်း ရန်ကုန် မြို့ ၊ ယဉ်ကျေး မှု နှင့် အနု ပညာ တ က္ကသိုလ် ပါမောက္ခ ချုပ်က မြန်မာ့သ မိုင်းအ ဖွဲ့ ဒုတိယ ဥက္ကဌ ကြီး ဒေါက်တာ တိုးလှ နှင့် မြန်မာ့ သမိုင်း အဖွဲ့ဝင် ဒေါက် တာ ချစ်စံဝင်း တို့ကို ခေါ်ယူ တွေ့ ဆုံ၍ တရုတ်နိုင်ငံ တွင် ရုပ်မြင် သံကြား ဇာတ် လမ်း တွဲ အဖြစ်ရိုက် ကူးမည် ဖြစ်သော ပျူအဖွဲ့၏ ဂီတ ဖျော်ဖြေမှု နှင့် အက တင် ဆက်မှုကို ကူညီပေးရန် ဖိတ်ကြား ခဲ့ ပါသည် ။ ခရစ်နှစ် ၈၀၂ ခုနှစ်က အိမ်ရှေ့ မင်းသာ; သုနန္ဒန ဦး ဆောင်၍ သရေခတ္တရာ မှ တရုတ်နန်း တော် ချန်အန်းသို့ သွား ရောက် ဖျော် ဖြေ ခဲ့ရာ ဤအ ကြောင်း ကို ဇာတ်လမ်းတွဲ ရိုက်ကူး မည် ဟုသိရသည် ။ မြန် မာ့ အနု ပညာရှင် များနှင့်တကွ သမိုင်း ပညာ ရှင် များကပါ ထို ခေတ်ကာလ က ပျူဂီတ ဖျော်ဖြေ မှု နှင့် အက တင်ဆက်မှု တို့ အ မှား အယွင်း မရှိစေရန် နှင့် မြန်မာ့ဘက် မှ စီစဉ် တင်ဆက် ထားမှုနှင့် ကိုက်ညီရန် နှစ်ဘက် တွေ့ဆုံ ဆွေး နွေး ခြင်းဖြစ်ပါ သည် ။ ထို ဇာတ်လမ်းတွဲ တွင် မြန်မာ့ အနုပညာ ရှင် များလည်း ပါဝင်သရုပ် ဆောင်မည်ဟု သိရသည် ။

ပျူ ဂီတ အနုပညာ ရှင်များ ။ ( Noel . F Singer 1997 )
ခရစ်နှစ် ၈၀၂ ခုနှစ် တရုတ်ပြည် ရောက် ပျူဂီတ အနု ပညာ အဖွဲ့ ၏ စွမ်းပ ကား သည် တရုတ်တို့ ကိုအံ့အားသင့် စေခဲ့ပါသည် ။ ပျူ ဂီတ အနုပညာ၏ အင်အားသည် သရေခတ္တရာ ၏ အင်အား ပင် ဖြစ်ပေသည် ။ မြန်မာနိုင်ငံတွင် ပျူဂီတ အနုပညာ အတွက် မြေ ပေါ် မြေအောက် အထောက် အထား ဆို၍ မှော်ဇာရှိ မြင်ဗာဟုစေ တီ ပျက် ကုန်းမှ ခြေထိုးကနေဟန် အုတ်ခွက် တစ်ခု ၊ မှော်ဇာ အခြားနေရာမှ ခြေထိုး လက်မြှောက် ကနေဟန် အုတ်ခွက် တစ်ခု နှင့် ၁၉၆၆-၆၇ ခုနှစ်အတွင်း သရေခတ္တရာ မြို့ဟောင်းမှ တူးဖော် ရရှိသော ကခုန် တီးမှုတ် နေသော ကြေးရုပ် ငါးရုပ် လောက်သာ တွေ့ရပါသည် ။ သို့ဖြစ်ပါ၍ တရုတ်တို့ ၏ ထန်မင်းဆက် သမိုင်းဟောင်း ၊ ထန်မင်းဆက် သမိုင်းသစ် နှင့် ထန် မင်းဆက် အုပ်ချုပ် ပုံစာတမ်း များတွင် ပျူဂီတ ခရီးသွား အဖွဲ့အ ကြောင်းကို ဆရာကြီး ဦးရည် စိန် ၏ ကျေးဇူးနှင့် လေ့လာရပါ ဦးမည် ။

Monday, 12 August 2013

အမတ်ကြီးဦးပေါ်ဦးနှင့် သုတေသနအမြင် အပိုင်း (၂)။


 ဦးပေါ်ဦး ၏ အဆက်အနွယ် ဇယားး
အမတ်ကြီးဦးပေါ်ဦးအကြောင်း နှင့် ပတ်သတ်၍ ဦးအောင်၊ ပိဋိကတ် ဆရာ မြိုင် ၊ ဦးကျော်ထွန်း ၊ စာတော်ပြန် ဆရာသိန်းတို့က လျှောက်ထုံး စာအုပ်များ ထုတ်ဝေခဲ့ ဖူးကြသည် ။ မြန်မာ လူမျိုးတို့ သည် ဦးပေါ်ဦး အကြောင်းကို သက်ကြီးစကား သက်ငယ် ကြား အ နေဖြင့် ကြားဖူး နားဝရှိခဲ့ ကြပြီး ယခု အချိန်ထိ ကိုးကား၍ ပြောဆို နေကြဆဲ ဖြစ်သည် ။ ဦးပေါ်ဦး သည် အမှန် တကယ်တွင် တော့ လူ အများ သိထားသလို ပျော်တော်ဆက် တစ်ဦး မဟုတ် ပါ။ပျက်တီး၊ ပျက်ချော်နေတတ်သူလည်းမဟုတ်ပြန်ပေ။ထို့ပြင် ဝန်ကြီးတစ်ဦး လည်း မဟုတ်ခဲ့ပါ။မြန်မာဘုရင်လက်ထက် နန်းတွင်းအဖွဲ့ အ စည်းတွင် မြေ တိုင်း အတွင်းဝန် တစ်ဦးသာ ဖြစ်ပါသည် ။ စာရေးဆ ရာများ၏ ဖန်တီးချက် သာ ဖြစ်ပြီး ထို ဖန်တီးချက် များကို စာအုပ် တစ်ချို့ထဲတွင် အကိုး အကား အဖြစ် အသုံးပြုနေကြ၍ စာဖတ်သူ များမှ လျှောက်ထုံးများ ထဲရှိဦးပေါ်ဦးကို အစစ် အမှန်ဟု ယုံကြည် သွားမည် စိုးသောကြောင့် စာရေးဆရာ ဦးတင်နိုင် တိုးမှ ဦးပေါ်ဦး ၏ ဘဝ သရုပ်မှန်နှင့် သူ၏ လျောက်ထုံး များကို သမိုင်း သု တေ သန အမြင်ဖြင့် ချဉ်းကပ်ရန် ကြိုးစားခဲ့ပါသည်။

AddThis