Sunday, 11 August 2013
ကျောက်စာများထဲမှ ပုဂံခေတ်ဆိုင်ရာ အပင် ၊ အသီး စာရင်း ။
ပျဉ်မ = ဣပ်မှူယ် ။
ဥသျှစ် = ဥိရေစ် ။
အုန်း = ဥိ ။
အောက်မဲညို = အောင်မညိစ် ။
ကြက်သွန်ဖြူ = ကသွန် ။
ကုလားပဲ = ကုလာပါယ် ။
ကင်ပွန်း = ကမ်ပေါန် ။
ကန်ချုပ် = ကန်ချောင် ။
ကျောက်ဖရုံ = က္လေည်ဖူရုံ ။
Saturday, 10 August 2013
ပုဂံခေတ် ကျောက်စာများ တွင် နေ့ ခုနှစ် နေ့ အား ရေးထိုးထားပုံ ။ မြန်မာ-မွန်-ပါဠိ-သက္ကတ ။
တနင်္ဂနွေ နေ့  = တန်နှင်ကနုယ် ။ တငဲ / တ္ဂဲ (ဂ=င) (မွန်) ။
တနင်္လာနေ့  = တန်နှင်လာ ။ တငဲ (မွန်) ။
အင်္ဂါ နေ့  = အင်ကာ ။
ဗုဒ္ဓဟူး နေ့  = ပုတ္တဟူ ။
ကြာသာပတေး နေ့  =္ကကြဿပတိယ် ။ ဗြိဟ သ္မတိ (သက္ကတ) ။
သောကြာ နေ့  = သုက္ကြာ ။ သုက္က (ပါဠိ) ။ ဂုကြ (သက္ကတ)။
စနေ နေ့  = စနိယ် ။ သနိ (ပါဠိ) ။ ဇနိ (သက္ကတ) ။
Photo Copied
Friday, 9 August 2013
ပုဂံခေတ်ဆိုင်ရာ ကျောက်စာများထဲ မှ တွေ့ နိုင်သော အသက်မွေးဝမ်းကြောင်း ကိုလိုက် ၍ သတ်မှတ်သော စကားလုံး များ ။
(က) ။ မွေးမြူရေး နှင့် လယ်ယာလုပ်ငန်းဆိုင်ရာ။
လယ်သမား = လယ်သယ်/ လယ်သူ ။
လယ်ခင်းစောင့် = လယ်ဥယင်စောင့် ။
ကောက်စိုက်သူ/ သမ = စပါစိုက် ။
ဥယျာဉ်မှူး = ဥယင်သည် ။
ကျွဲနွားမွေးသူ = နွာထိန် ။
ကြက်မွေးသူ = က္လွထိန် ။
ဆိတ်မွေးသူ = ဆိတ်ထိန် ။
ဆင်ထိမ်းသူ = ဆင်ထိန်/ ဝမ်ပယ်ထိန် ။
နွားကျောင်းသူ = နွာက္လောင်စွံ ။
Tuesday, 6 August 2013
ပုဂံခေတ် ဆိုင်ရာ ကျောက်စာများမှ အဆွေ / အမျိုး တို့  အပေါ် အခေါ် အဝေါ် စကားလုံး များ ။( မြန်မာ / မွန် )
ပုဂံခေတ် လူမှုအဖွဲ့  အစည်း တွင် ထိုအခါ ၊ ထိုကာလ ကပင် အမိ ၊ အဖ နှင့် သားသမီး တစ်အုပ်တို့  သည် အရေး အပါဆုံး သောအဖွဲ့ အစည်း ပင်ဖြစ်သည် ။
Saturday, 3 August 2013
မြန်မာ့ သမိုင်းအပေါ် အဆိုးအကောင်း သက်ရောက်စေခဲ့ သော အင်္ဂလိပ် တို့ ၏ ကိုလိုနီ ပညာရေး ။
မြန်မာတို့ သည် ရှည်လျားသော သမိုင်းကြောင်း ရှိခဲ့ ကြသည် ။ သို့  သော် သမိုင်း ကြောင်း မှတ်တမ်းတင် ရာတွင် လိုအပ်ချက် များရှိ နေ လျက် ပြီးပြည့် စုံသော ထောက် ကွက် မရှိသော သမိုင်းစစ်ကို ထား မသွား နိုင်ခဲ့  ကြ ။ ရှေးက ရာဇဝင် ဆရာ တို့  သည် လုပ်ပိုင်ခွင့် အပြည့် အဝ မရရှိခဲ့ကြ၍လော ။ ဒေသတွင်း ရင်းနှီး ချစ် ကြည် မှုကို ရှေ့ တန်းတင် ချင်ဇော အားကြီး လွန်း ၍လော ။ သမိုင်း အထောက် အထား ဆိုင်ရာ ဗဟု သုတ အားနည်း ချက်ကြောင့် လော ။ သို့ လောပေါင်း များစွာ နှင့် မြန်မာ့သမိုင်း ကြောင်း ပုံရိပ်သည် ရာဇဝင် အဆင့်သာ ရှိသည် ဟု နိုင်ငံ တကာ ဆိုင်ရာ ပညာရှင် တို့ က သတ်မှတ်ခြင်း ခံခဲ့ ရလေ သည် ။
Thursday, 25 July 2013
လွန်ခဲ့ သော နှစ်ပေါင်း (၂၀၀၀) ကျော် ပျူခေတ်က ဟုယူဆရသော ရှေးဟောင်း ပစ္စည်းများ စစ်ကိုင်းတိုင်း တွင် တွေ့ ရှိ ။
ဇူလိုင်၊ (၂၅) ။
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ သမန္တောကျေးရွာနေ ဦးထွန်းမြင့်(၄၂)နှစ်နှင့် ဦးသန်းဇော်(၄၂)နှစ်ဆိုသူတို့ သည် လွန် ခဲ့သော(၁၅)ရက်ခန့်က သန်းဇော်ဆိုသူက ၎င်းပိုင်ယာမြေအတွင်း နွားဖြင့် ထွန်ယက်စဉ် ငွေဖလား ဟုထင်ရသော ဘောလုံး အသေးအရွယ် ခန့်အား ထယ်ဖြင့်ထိုးမိသဖြင့် ကြည့် ရှုရာ ဖလား(၃)လုံး ထပ်လျက်တွေ့ရှိရကြောင်း၊ ၎င်း ဖလား(၃)လုံးအနီး ၀န်း ကျင် တွင် ရွှေလုံး ဘယက်ကုံးများ၊ ရွှေဝါရှာကွင်း များ၊ ရွှေဆွဲပြားနှင့် ရောင်စုံ ကျောက်ပုတီးများကို ထပ်မံတွေ့ရှိသဖြင့် သိမ်း ဆည်းခဲ့ သည်။ (၃/၄)ရက်ခန့် အကြာတွင် ဦးသန်းဇော်က အိမ်နီးချင်းနေ ဦးထွန်းမြင့်နှင့်အတူ မြင်းမူမြို့ရှိ ရွှေဆိုင် (၁)ဆိုင်သို့ သွားရောက်ပြသခဲ့ သော်လည်း ၀ယ်ယူခြင်းမရှိသဖြင့် ၂၂-၆-၂၀၁၃ ရက်နေ့တွင် ဦးထွန်းမြင့် နှင့်အတူ မန္တလေးမြို့၊ မန်းမြို့ဈေး အတွင်းရှိ ““ရွှေထိပ်ဦး”” ရွှေဆိုင်သို့ လာ ရောက်ရောင်းချခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆိုင်ဆရာကြီး ဦးဟန်ပ
မန္တလေးမြို့တွင်သာမက မြန်မာတစ်နိုင်ငံလုံး ကျော်ကြားထင်ရှားတဲ့ ရွာစား ကြီး စိန်ဗေဒါ ကွယ်လွန် တဲ့နောက်“ဦးဟန်ပ”ဟာ အကြီးကျယ်ဆုံး မြန်မာ့ ဂီတ ပညာရှင်ကြီးပါ ။ ဒီလောက် ပုဂ္ဂိုလ်ကြီးက နတ်ကနား တီးတဲ့ဆီ ပညာ သွားယူ ရတယ်ဆိုတော့ ကျနော့် စိတ်ထဲ တမျိုးကြီး ။နတ်ကနား တီးတာက မန္တလေး နတ်ကနား လောကမှာ (နတ်ကနားစိန်ဗေဒါ) ရယ်လို့ ထင်ရှားတဲ့
“ဦးဘဒင်”ပါ ။ “ဦးဘဒင်”ဟာနတ်ကနားကို အလွန်ခေတ်မှီအောင် တီးတဲ့သူ ပါ ။ “ဗလာဆိုင်း” သမား တွေက နတ်ကနား တီးတဲ့သူတွေ ကို သိပ်အထင် မကြီးကြ ဘူး ။ နတ်ကနား တီးတဲ့ သူတွေက လည်း “မင်းတို့ ငါတို့လို့ တီး တတ် ရဲ့လား”လို့ ပြန်မေးတာ တွေရှိတယ် ။ အမှန်ဝန်ခံ ရရင်တော့ သူတို့ တီးသလို မတီးတတ်တာ အမှန်ပါ ။

Subscribe to:
Posts (Atom)