မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Tuesday, 18 June 2013

ဆရာ ငြိမ်းကျော် ၊ သုဓနု ၊ ဒွေးမယ်နော် တို့၏ ငွေတောင်နှင့် အနီးကပ် ရှုမြင်ခြင်း။

ဆရာငြိမ်းကျော်၏ ငွေတောင် ဆိုသော သုတေသန စာတမ်း တစ်ခု ။ အမျိုးသား စာပေဆု ချီးမြှင့်ခြင်း ခံရသော စာအုပ်လေး တစ်အုပ်။ဗိုလ်မှူးဘရှင် ၏ ရှေးဟောင်းသုတေသန ဆိုင်ရာ သုံး သပ်ချက်။ ပါမောက္ခ ဦးမောင်မောင် ကြီး ၏ပျို့၊ ရကန်၊ ပြဇာတ် နှင့် စာပေအထောက်အထား သုံးသပ် ချက်များ နှင့် ဝေဝေ ဆာ ဆာရှိလှကြောင်း မိတ်ဆွေ တစ်ဦး၏ အားတတ်ဖွယ် အညွှန်း ကြောင့် စာရေးသူ အင်မတန် စိတ်ဝင်တစား ဖတ်ချင် ၍ ရရှိ နိုင် ရန် ကြိုး စားခဲ့ရပါသည်။ ညွှန်းသောမိတ်ဆွေ ကပင် ကူညီ ရှာဖွေ ပေး၍ လက်ဝယ် ပိုင်ဆိုင် ရသောအခါ ထုံးစံအတိုင်း အမှာစာကို ကျေညက်သည် ထိ ဖတ် မိတော့သည် ။ကရင်အမျိုးသား တို့၏ ယုံကြည်မှု တွင် သုဓနုမင်းသား နှင့် ဒွေးမယ်နော် တို့မှ ပေါက်ဖွား ဆင်းသက်လာ သည်ဟုယုံကြည်လျက် ၊ ကယား တိုင်း ရင်းသား တို့မှာ ၎င်း တို့ ဒေသအတွင်း တည်ရှိသော ငွေ တောင်နယ် ကို ဒွေးမယ်နော် ဇာတ်တော်လာ ငွေတောင်ဖြစ်သည် ဟုယုံ ကြည် မှု များ ရှိနေပါ သည် ။ ထိုသို့ သော အခြင်းအရာ များကြောင့် စိတ် ပါဝင်စား ရသည့်အထဲ ဆရာ ငြိမ်း ကျော်၏ ကနဦး အမှာစာ ရှည်ကြီး ထဲမှ တက္ကသိုလ် ကျောင်းသားတစ်ဦး ၏မပြည့်စုံ မှု များ ကြားမှ ဇွဲနပဲ ကြီးစွာ သုတေသန နတ်၏ဖမ်း စားခြင်း နောက် သို့ တကောက် ကောက် လိုက်ပါ နေပုံ ကိုဖတ်မိသဖြင့် ဤအသွင် သဏ္ဍာန် အားစိတ်ကူးနှင့် မြင်ယောင် ပုံဖော်မိပါ သည်။

Saturday, 8 June 2013

ကယန်း လူမျိုး အမျိုးသမီးများ၏ များ ကြေးစွပ် ဓလေ့။

ကယန်းလူမျိုး များသည် အခြားမဟုတ်လည်ပင်းတွင် ခွေစွပ်ထားသော အမျိုးသမီးများ ကြောင့် ကမ္ဘာကပင် စိတ်ဝင်စားကြ သည်ကို လူတိုင်းသိရှိပြီး ဖြစ်လေသည်။ ကယန်း ဟူသောစကား သည် (ကမ်းယန့် )မှဆင်းသက် ပြောင်းလဲလာသော စကား ဖြစ်သည်။ (ကမ်း) ဟူသော အဓိပ္ပါယ်မှာ နယ်မြေဒေသ၊ နယ်ပယ်၊ ဧရိယာ သတ်မှတ်ထားသော မြေသား အကျယ်အဝန်း ဖြစ်၍ ၊(ယန့် ) ဆိုသည်မှာ စွဲစွဲ မြဲမြဲရှိခြင်း၊ အတည်တကျ ရှိခြင်းဟု အဓိပ္ပါယ် ဆောင်သည်။ သို့ ဖြစ်ပါ၍ ကယန်း၏ အဓိပ္ပါယ် မှာ နယ်မြေဒေသ တစ်ခုအတွင်းအတည်တကျ နေသော သူများကို ခေါ်ဆိုခြင်းဖြစ်သည်။ ၎င်းတို့ အား (ပဒေါင်) ဟု ခေါ်လျှင် နှစ်သက်လေ့ မရှိပေ။ ပဒေါင် ဟုခေါ်ဆိုခြင်း မှာ ကယန်းဘာသာစကား မဟုတ်ပဲ ၊ ရှမ်းဘာသာစကား (ယန်းပဒေါင်း) ဟု အဓိပ္ပါယ်ရှိရာရှမ်းဘာသာ စကားဖြင်း ယန်း= ကရင်မျိုးနွယ် ၊ ပဒေါင်း= ကြေးပတ် ဖြစ်ရာ ယန်းပဒေါင်းကို ကြေးခွေစွပ်ထား သော ကရင်လူမျိုး ၊ရှမ်းဘာသာစကားဖြစ်သော ယန်းပဒေါင်း မှတွင်လာခြင်း ကြောင့် ဖြစ်သည်။ ကယန်း ပဒေါင် တို့ သည် အခြားတိုင်းရင်းသာ များနည်းတူ မွန်ဂိုကုန်းမြင့် ဒေသမှ ရေကြည်ရာ မြက်နုရာ အရပ်သို့  တရွေ့ ရွေ့  ဆင်းလာကြရာ မှ ယန်းစီမြစ် နှင့် ဟန်ဟို မြစ်ဖျားတွင် နေထိုင်ခဲ့ ဖူး သဖြင့် ယင်းဒေသ များမှ ဆင်းသက်လာသည်ကို အစွဲပြု၍ ကယန်းဟု ခေါ်ခြင်းဖြစ်သည် ဟုယူဆခဲ့ ကြသည်။

ရွှေနန်းဆီသို့ (၂) သုဝဏ္ဏ ဘူမိ

(င) ။ နောက်ဆက်တွဲ သမိုင်း သက်သေတည်ပါစေ မှ သဘောတွေ့ မိသော ဖြေရှင်းချက်အချို့  ။သုဝဏ္ဏ ဘူမိ အဓိပ္ပါယ်။

သုဝဏ္ဏ ဘူမိဟူသော ပါဋ္ဌိ ဝေါဟာရ၏ အနက်သည် သုဝဏ္ဏ သည် ရွှေ ဟူ၍လည်းကောင်း၊ ဘူမိသည် မြေ ဟူ၍ လည်းကောင်း ပါဋ္ဌိ-မြန်မာ အဘိဓာန် တွင် တွေ့ နိုင်ပေသည်။ ထို့ ကြောင့် သုဝဏ္ဏဘူမိ ဟူသော နာမသည် `“ရွှေမြေ [ ဖြစ်သည်။ တနည်းအားဖြင့် ရွှေ ပေါများ ကြွယ်ဝစွာ ထွက်ရှိရာ ဒေသ အဖြစ် ရှေး အိန္ဒိယ သားတို့ က တင်စားခေါ်ဝေါ် ကြခြင်းဖြစ်ပေသည်။ သုဝဏ္ဏ ဘုမိဟူ၍ လွဲမှားစွာ ဖြင့် မှတ်သားထား တတ်မှုများကြောင့် ဘုမိ ဟူသည် ဘုံ ဟုအဓိပ္ပါယ် ထွက်လျက် ရွှေဘုံ ဟု မြန်မာလို အဓိပ္ပါယ်ရသဖြင့် ဝေါဟာရ ခြင်းကော ၊ အနက် အဓိပ္ပါယ် ပါ များ စွာကွာခြားလျက်ရှိသဖြင့် သုဝဏ္ဏ ဘူမိ နှင့် သုဝဏ္ဏ ဘုမိ မရောထွေးသင့်ပေ။

ကျမ်းဂန်လာ သုဝဏ္ဏ ဘူမိကို အဓိပ္ပါယ် ကောက်ယူရာဝယ်။

Sunday, 2 June 2013

ဒေါက်တာ သန်းထွန်း၏ သမိုင်းမှတ်တမ်း ထဲမှ သိလာရသော မြန်မာတို့ အတွက် ပုဂံ ယဉ်ကျေးမှုရှေးဟောင်းနယ်မြေ။

မြန်မာနိုင်ငံသားတိုင်း ပုဂံ အကြောင်းကောင်းကောင်း သိထား သင့်ပေသည်။ မှန်နန်းရာဇဝင်ထဲက ပုဂံတော့မဟုတ်။ ဘုရားသမိုင်း အထွေထွေမှ ပုဂံ လည်း မဟုတ်။ သို့ဆိုလျှင် အဘယ်နည်း ။ မြန်မာတို့၏ အထင်ကရကျက်သရေဆောင် နယ်မြေ ဖြစ်ခဲ့သော ပုဂံ ဒေသကို အစစ်ဆေးခံ၊ မှတ်ကျောက်တင်ခံ၊ အထောက်အ ထားနှင့် တကွဖြစ်သော ပုဂံ အား ရှေးဟောင်းသုတေသန ကလောင်ဖြင့် မှတ်တမ်းတင် ထားလျက်ရှိသော နောက်ထပ် ရှုထောင့် တစ်မျိုးနှင့် ပုဂံ အား တင်ပြလိုက်ရပေသည်။

လက်နက်နိုင်ငံတော်မရှိတဲ့ ဧကရာဇ် (ခရစ်နှစ် ၁၅၅၇)

                                     
    
ရေးသူ-ဒေါက်တာသန်းထွန်း
 ရှင်းလင်းပြောပြစရာ အများကြီးနော်။ အချိန်ကာလတိုတိုမှာ နောင်အကြာကြီး အကျိုး အပြစ်ခံရမယ့် အကြောင်းအရာတွေကတော့ အစုလိုက်အပြုံလိုက် တိုးနေတယ်။ မြန်မာအများ က ဗုဒ္ဓသာသနာဟာ အနှစ်ငါးထောင်တည်မယ်လို့ ယုံတယ်။ ဒါပေမယ့် စဉ်းစားကြည့်စမ်းပါ။ သာသနာ အဓွန့်ရှည်အောင်လုပ်ဖို့ လူအား ငွေအား အများကြီးလိုတယ်။ ဒါပေမယ့် ဘာပဲပြောပြော တခုခုကို တကယ်ယုံကြည်ပြီး လုပ်ချင်ကြပြီဆိုရင် ဟိုလိုတမျိုးလုပ်၊ ဒီလိုတမျိုး လုပ်နဲ့ ပန်းတိုင်ကို ဆိုက်သွားတာပါပဲ။ အဲဒီအားကို ငါက အသုံးချရမှာလို့ ငါယူဆပြီးသား၊ လူစွမ်းကောင်းဆိုရင် အပြောမပိုင်ဘူး။ ဒါပေမယ့် သူက အစွမ်းထက်တဲ့ ဧရာမပုဂ္ဂိုလ်ကြီး ဖြစ်လာတတ်ပါတယ်။ ငါ့ကိုယ်ငါ သီရိပရ၀မမဟာရာဇာဓိရာဇ (ဘုန်းကျက်သရေကြီးတဲ့ တရားစောင့်တဲ့ မင်းတကာ့မင်း) လို့ ဆိုတယ်။

Saturday, 18 May 2013

ဆရာဝန် တင်မောင်ကြည် ( မန္တလေး )။ မြန်မာပြည် ရောက်ယိုးဒယား အနွယ်လာများ။

ဆရာဝန် တင်မောင်ကြည် ( မန္တလေး )။

မြန်မာပြည် ရောက်ယိုးဒယား အနွယ်လာများ။

first edition ;march , 2013

ရုပ်ပုံနှင့် ယှဉ်တွဲဖော်ပြထား သောသမိုင်း။

ပုံ (၃) ။ စီးချင်းထိုးပုံ ။

On fighting elephant , the leader always sat on nape. He made rapid command to the elephant not with his mouth but with his kneels , heels , toes , soles , and with kick and jerk to which the elephant was trained to respond. The assistants sat on sedan chair and handed over necessary weapons installed on his side . He also cursed mantras and magic; and fanned them towards the enemy using peacock tail. ( Myanmar soldiers never used it) . The rear guard's main duty was cover the rear. He never fell down as his knee and feet were tugged under leather straps.

အယုဒ္ဓယ စီးချင်းတိုက်ပွဲတွင် ခေါင်းဆောင်သည် ဆင်လည်ကုပ် ( ရာဇထိုင် ) တွင် ထိုင်သည် ။ တစ်ဘက်ရန်သူကို လှမ်းအော် ပြောရသေးသည်။ လက်ကလည်း ရန်သူကို တိုက်ရသေးသည်။ ဆင်ကို နှုတ်မှ အမိန့် ပေးချိန်မရပါ။ ဒူး- ခြေဦး-ဖနောင့်- တို့နှင့် ကန်-ပေါက် လိုရာခိုင်းသည်ကို လေ့ကျင့်ထားသော ဆင်က ကောင်းစွာ လိုက်နာသည်။ အကူလက်ထောက် ( ကုန်းလည်စီး ဟုခေါ်သည် ) မှာ ဆင်ကပေါ်တွင် ထိုင်ရပြီး လှံအစ ရှိသော လို ရာ လက်နက်များ ကိုကမ်းသည်။ ထို့ပြင် ရန်သူရှုံးရန် မန္တန်ရွတ် ၍ ဒေါင်းမြီးနှင့် ယပ်ရသည်( မြန်မာတွင် ထိုသို့လုပ်လေ့မရှိ ) ။ နောက်ထိုင်မှာ ခြေနှင့် ဒူးများကို ဆင်ကကြိုး နှင့်ပတ်သိုင်း ထား၍ ဘယ်သောအခါမှ လိမ့်မကျပေ။

၁၉၊၅၊၂၀၁၃ ။

painting from Internet ။

ဒေါက်တာသန်းထွန်း၏အတ္ထုပတ္တိ

                                                   ဒေါက်တာသန်းထွန်း။

(B.A.Hons:), MA, Ph.D, D.Lit,(London)
အငြိမ်းစားပါမောက္ခ၊သမိုင်းဌာန၊ မန္တလေး တက္ကသိုလ်။
အဖွဲ့ ဝင်၊မြန်မာနိုင်ငံ သမိုင်းကော်မရှင်။
ဂုဏ်ထူးဆောင် ပါမောက္ခ၊မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာဌာန။
ဂုဏ်ထူးဆောင် ပါမောက္ခ၊သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ်။

မွေးသက္ကရာဇ် ။

၆၊ ၄၊ ၁၉၂၃ ။

မွေးဖွားရာဒေသ ။

ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်း မြို့ နယ်၊ ငဝန်မြစ် အနောက်ဖက်ကမ်းက ဒေါင့်ကြီးရွာ ။

မိဘများ ။

ဦးဘိုးတွေ + ဒေါ်သင် ။

မွေးချင်း ။

လေးယောက် - ဒုတိယသား

AddThis