မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Tuesday, 12 March 2013

တိဘက် - မြန်မာတို့ ၏ ရနိုင်သမျှ ခြေရာ။


( ၁ )။ ယျေဘုယ လူမျိုးစုများ ခွဲခြားပုံ ကမ္ဘာပေါ်တွင် လူမျိုးစု များ ( ဝါ ) မျိုးနွယ်စု သုံးမျိုး ခွဲခြားထား ပါသည်။ အသားမည်း လူမျိုး ၊ အသားဖြူလူမျိုး နှင့် အသားဝါ လူမျိုးတို့ ဖြစ်ကြသည်။ အသားမည်း မျိုးနွယ်စု ကြီးကို Neroid ဟူ၍လည်းကောင်း ၊ အသားဖြူ လူမျိုးကို Europoid ဟူ၍လည်းကောင်း ၊ အသားဝါ လူမျိုးကို Mongoloid ဟူ၍ လည်း ကောင်း ခေါ်ကြသည်။ အာဖရိက တိုက်ရှိလူမျိုး အားလုံး လိုလို အသားမည်း မျိုးနွယ်စုကြီးတွင် ပါဝင်သည်။ အသားဖြူ မျိုးနွယ်စုကြီးသည် အများအား ဖြင့် ဥရောပတိုက်တွင် နေထိုင် သည်။ အသားဝါ လူမျိုးစု ကြီးမူကား အာရှတိုက် အရှေ့ပိုင်း တွင် နေထိုင်ကြသည်။ အမေရိက တိုက်တွင်လည်း နေထိုင်သည်။မွန်ဂိုလွိုက် သည်အသားဝါ မျိုးနွယ်စုများ အားလုံးကို ခြုံ၍ခေါ် သော အမည် ဖြစ်သည်။ ယင်းထဲတွင် မွန်ဂိုလ် လည်းအပါအဝင် ဖြစ်သည် ။ မွန်ဂိုလ် နှင့် မွန်ဂိုလွိုက် ဟူသော ဝေါဟာရ မတူပေ။ မွန်ဂိုလ် သည် လူမျိုးဖြစ်၍ မွန်ဂိုလွိုက်သည် မျိုးနွယ်စုဖြစ်သည် ။အမေရိကတိုက် ရှိ Red Indian များလည်း အပါ အဝင် ဖြစ်သည် ။ အသားဝါ မျိုးနွယ်စုကြီးတွင် တိဘက် - မြန်မာ လူမျိုးတို့ ပါဝင်လျှက် ရှိသည် ။ အကြမ်းအားဖြင့် တိဘက် - မြန်မာ ကို အုပ်စုနှစ်မျိုး ခွဲခြားနိုင်သည် ။ ခရစ်တော် မပေါ်မီ နှစ်ပေါင်း များစွာခန့်က ရှေးတရုတ် တို့၏ ရာဇဝင်ကျမ်းများတွင် ရှေးတရုတ် နိုင်ငံ၏ အနောက်ဖက် တွင် ချိယန် ( Chi'ang ) ဟူသော မျိုးနွယ်စု ကြီးတစ်စု ရှိခဲ့ ကြောင်း ထင်ရှားစွာ ဖော်ပြထား သည်။ ယခု တရုတ်နိုင်ငံ၏ အနောက်ပိုင်းတွင် တိဘက် အနွယ်စု ၊ ယှီဖန် အနွယ်စု စသည့် တိဘက် - မြန်မာ အနွယ်စု များပျံ့နှံ့ နေထိုင်သည်က တစ်ကြောင်း ၊ စီချွမ်နယ် အနောက်မြောက်အပိုင်းတွင် ချိယန် အမည်ရှိအနွယ်စု တစ်စု၏ ဘာသာစကားသည် တိဘက် - မြန်မာ ဘာသာစကားနှင့် နီးစပ် သည်ကတစ်ကြောင်းကြောင့် ထိုသို့ ကောက်ချက်ချခြင်း ပင်ဖြစ် သည်။

Saturday, 9 March 2013

သုဝဏ္ဏဘူမိ။ ( ခ ) ရာဇဝင်ကို ခွဲခြမ်းကြည့်သော်။

သထုံရာဇဝင်ပါအကြောင်းအရာတို့သည် ခေတ်ပြိုင် ကျောက်စာလည်းမဟုတ်၊ သမိုင်းမှတ်တမ်းလည်းမဆိုသာ ၊ ဒဏ္ဍာရီပါ အကြောင်းအရာတို့ကို သမိုင်းနည်းဖြင့် အချိန်ကာလ၊ နေရာဒေသနှင့် အဖြစ်အပျက်များကို ထုတ်နှုတ်ပြီးဆန်းစစ် တင်ပြပါမည်။အချိန်ကာလအားဖြင့် ဗုဒ္ဓခေတ်နှင့် ဗုဒ္ဓလွန်ခေတ် အကြောင်းတို့ပါဝင်နေသည်။ သုဝဏ္ဏဘူမိ သထုံပြည်ကို ဗုဒ္ဓမြတ် စွာမပွင့်ခင်က တည်ထောင်ခဲ့သည်ဆိုထား၏။ တဖန် သိကြား ၊ ရသေ့ ၊ ဝိဇ္ဇာဓိုရ် တို့တည်ထောင်ခဲ့သော ပထမ နှင့် ဒုတိယ သုဓမ္မ ဝတီ တို့သည်လည်းပါဝင်လေရာ မြို့ရိုးခုနှစ်ထပ် ကျုံးခုနှစ်ထပ်ဖြင့် တည်ပေးခဲ့သည်ဟုမှတ်သားဖွယ်ရာ တွေ့ရသည်။ထို့ပြင်သထုံမြို့တွင် မြို့ရိုးအထပ်ထပ်ဖြင့် တည်ထား သောမြို့ဟောင်းရာများကို ကောင်းကင်ဓါတ်ပုံများမှ ရှာဖွေတွေ့ရှိထားပေသည်။ဥပမာ ကျိုက္ကရာ မြို့ဟောင်းအရာဆို လျှင် မြို့ရိုးခုနှစ်ထပ်ထက်မနည်း ရှိသည်ကိုတွေ့နိုင်ပါသည်။

Thursday, 7 March 2013

The Making of Burma ( Dorothy Woodman )

စာအုပ်အမည် - ခေတ်မြန်မာတည်ဟန် (The Making of Burma) 
စာရေးသူ - Dorothy Woodman
 ဘာသာပြန်သူ - ဦးတင်မောင်ရင် (မဟာဝိဇ္ဖာ)
 ထုတ်ဝေကာလ - (ပ) ၁၉၇၈၊ (ဒု) ၂၀၀၈ 
ပုံနိုပ် - (ပ) မြတ်နိုးသူစာပေ၊ (ဒု) ရာပြည့်စာအုပ်တိုက်
 ထုတ်ဝေသူ - ရာပြည့်စာအုပ်တိုက်
 စာမျက်နှာ - ၅၅၀ တန်ဖိုး - ၄၅၀၀ ကျပ်

Wednesday, 6 March 2013

သုဝဏ္ဏဘူမိ

( က) ရာဇဝင်များထဲမှ သုဝဏ္ဏဘူမိ မြန်မာသက္ကရာဇ် - ၈၄၁( အေဒီ-၁၄၇၉ ) တွင် ပခူး ( ဟံသာဝတီ) ဘုရင် ရာမာဓိပတိ( ဓမ္မစေတီ မင်း )သည် ကလျာဏီသိမ်ကျောက်စာကို ရေးထိုးသည့်အခါ " ဗုဒ္ဓဘာသာ စတင် တည်၍ ရဟန်းယောကျာင်္း ရဟန်းမိန်းမ သာမဏေယောကျာင်္း သာမဏေမိန်းမတို့ဖြစ်ကြကုန်၏ " ဟုဖော်ပြခဲ့သည်။

Saturday, 2 March 2013

မွေတော် ကက္ကူ - ၃၀၀၀

စာရေးသူဟာ တောင်ကြီးဇာတိဖြစ်ပြီး ၁၉၉၈ ခုနှစ်ထိ တောင်ကြီးမြို့တွင် နေထိုင်ခဲ့ဖူးပါသည် ။ ရှမ်းပြည်နယ်ရဲ့မြို့တော် ဖြစ်တဲ့ ( ယခုရှမ်း ပြည်တောင်ပိုင်း ) တောင်ကြီးမြို့သည် ပင်လယ်ရေမျက်နှာ ပြင်အထက်ပေပေါင်း ၄၇၂၁ ပေ မြင့်တဲ့ တောင်ကြီး အပေါ်မှာ မြို့တည်ပြီး လူများ အထူးသဖြင့်ပအိုဝ် လူမျိုး အများစုနှင့် ရှမ်းတိုင်းရင်းသားပေါင်းစုံ ဗမာလူမျိုး အခြားတိုင်းရင်းသား အနည်းငယ် တရုတ်လူမျိုး ကုလားလူမျိုး (အစ္စလာမ်ဘာသာဝင်အများစု) တို့ အတူတကွနေထိုင် ကြပါသည်။

Thursday, 28 February 2013

ရာဇဝင်တိုက်ပွဲ။ ( ဃ )။ မန်ရှုကျမ်းလာ အခေါ်အဝေါ်၊ နာမည်ပေးပုံ ၊အနက်တူ၊ အသံတူ ၊ ယင်း မြစ်တူသော ပုဒ်များဖြင့် မန် နှင့် မြန်မာ နီးစပ်မှုရှိသလား။

ပထမ ။ "ဖန်ချောသည် ယုန်ချန်နယ်တစ်ဝိုက်တွင် နေထိုင်ကြသော မူလ ဗမာ ( Proto-Burman ) များနှင့်ပတ်သက်၍အတော်များများသိ ရှိလေသည်။" G.H.Luce,Old Kyaukse,pp.77 ဤစကားစုသည် မန်ရှုမှတ်တမ်း အားပြုစုခဲ့သူဖန်ချောပြောသော စကားလုံးဝမဟုတ်ပေ။မန်ရှု မှတ်တမ်းတွင်လုံးဝမပါဘဲ ယခုခေတ်မှယူနန်နယ် ယုံချန်တဝိုက်နေ မူလဗမာများဟု Mr.Luce ဘာသာပြောသော Mr.Luce အသုံးအနှုန်းသာဖြစ်သည်

Gordon Hannington Luce(G.H.Luce)

မွေးသက္ကရာဇ် - ၂၀၊၁၊၁၈၈၉
 မွေးရပ် - Gloucester England
 ကွယ်လွန်ချိန် - ၃၊၃၊၁၉၇၉( အသက် ၉၀)
 ကွယ်လွန်သည့် နေရာ - Jersey
နိုင်ငံသား - British
 အခြား အမည် - G . H . Luce
 အလုပ်အကိုင် - မြန်မာ့သမိုင်းပညာရှင်၊တက္ကသိုလ် ပါမောက္ခ၊ စာရေးဆရာ၊
 ဇနီး - Tee Tee Luce ဒေါ်သီသီ (၁၉၁၅-၁၉၇၉) မိခင်တက္ကသိုလ် - Emmanuel College , Cambridge Dean Closed School
 သား/ သမီးများ - John Luce , Sandra Luce

AddThis