မြန်မာနိုင်ငံ၏ လွန်ခဲ့သော အတိတ်ကိုပြန်လည် တူးဆွချင်မိပါသည် .....

Friday, 5 April 2013

ဆရာဝန် တင်မောင်ကြည် (မန္တလေး )


မြန်မာပြည်ရောက် ယိုးဒယားအနွယ်လာများ။
 first edition : March, 2013
 ရုပ်ပုံနှင့်ယှဉ်တွဲဖော်ပြထားသော သမိုင်း။ပုံ (၁)
။ Fall of Ayutthia : Myanmar forces advenced from north and south of Ayutthia : north from Chiang Mai and south from Tavoy. the northern advance was resisted by guerrillas from Bang Rajan. Singburi province. They could repulse seven times . The village was defeated finally, but its name remain in history. မြန်မာစစ်ကြောင်း (၂) ကြောင်း- တောင်ဘက်ထားဝယ်မှ တစ်ကြောင်း၊ မြောက်ဘက် ဇင်းမယ်မှ တစ်ကြောင်း အယုဒ္ဓယ သို့ ချီတက်လာကြသည်။ ဇင်းမယ်စစ်ကြောင်းကို အန်ရချန် ရွာသားများက ပြောက်ကျားစနစ် ဖြင့် ခုခံခဲ့ သည်။ ရှစ်ကြိမ်မြောက်တွင် ရှုံးသည်။ ထိုရွာ၏ နာမည်သည် သမိုင်းတွင် ကျန်ရစ်သည်။ * Copy right by Dr. Tin Maung Kyi

Saturday, 30 March 2013

သုဝဏ္ဏဘူမိ ။ (ဃ)။ သုဝဏ္ဏဘူမိ တိုက်ပွဲ၏ အလားလာကောင်းသော တင်ပြမှုများ။

တည်နေရာ ရှာရာဝယ် ။

ဗုဒ္ဓစာပေကျမ်းဂန်များဖြစ်ကြသော ဇာတကအဋ္ဌကထာ၊ အဂုတ္တရကထာ၊ ပါရာဇိက အဋ္ဌကထာ၊ မိလိန္ဒပဥှာ တို့က သုဝဏ္ဏဘူမိအမည်ကို ဖော်ထုတ်လျက် တည်နေရာအနေအ ထားကို ညွှန်ပြခဲ့ပြီးဖြစ်ပါသည် ။ ယင်းတို့ကို အစဉ်အလာ မှတ်တမ်း များအဖြစ်သာသတ်မှတ်၍ သိပ္ပံနည်းကျ ဆန်းစစ် ခဲ့ခြင်း မရှိသေးပေ။ ယင်းတ်ို့ကို အထောက်အကူပြုသော ဒေသတွင်းသား တို့၏ ရာဇဝန်ကျမ်းများ ၊ ကျောက်စာမော်ကွန်း များကိုလည်း ခေတ်ပြိုင် အထောက်အထား မျမဟုတ်သဖြင့် ဒဏ္ဍာရီများသာ ဖြစ်သည်ဟုသတ်မှတ်ပါသည် ။ သမိုင်းဆရာ များအတွက် ဒဏ္ဍာရီဆန်ဆန်ပုံပြင်များ ဟု တိုင်းရင်းရာဇဝင်များ ကို ငြင်းပယ်ကြမည် ဖြစ်သော်လည်း စာပေအက္ခရာ မပေါ်ထွန်းမီ ကလူ့သမိုင်းကို လေ့လာမည့် ရှေးဟောင်းသုတေသန ပညာရှင် များအတွက်မူ ၎င်းရာဇဝင်ထွက် အထောက်အထား သဲလွန်စ ကို ရှာနိုင်လိမ့်မည်ဖြစ်သည် ။ တိုင်းရင်း အထောက်အထားများ မှ သုဝဏ္ဏဘူမိ အကြောင်းကိုဖော်ပြရန် နေရာဒေသနှင့် အချိန် ( ရက်စွဲ ) ကိုသိသာစေရန် ကာလအပိုင်းအခြား ( Date ) နှင့် အဖြစ်အပျက် ( Event ) ကိုဖော်ညွှန်း တင်ပြရပါမည် ။ အနောက်တိုင်း သမိုင်းတင် ရက်စွဲကို ခရစ်နှစ် နှင့်ဖော်ပြလျက် ရှိသကဲ့သို့ အရှေ့တိုင်း အိန္ဒိယ ၊ မြန်မာ၊ ထိုင်း နိုင်ငံတို့၏ သမိုင်း အတွက် ဗုဒ္ဓပရိနိဗ္ဗာန်စံလွန်သည့်နှစ် သာသနာ သက္ကရာဇ် ကိုသုံး လေ့ရှိသည် ။ ယခု သုဝဏ္ဏဘူမိ သမိုင်းကိုလည်း ဖြစ်ရပ်ကြီး ငါး ရပ်နှင့်တိုက်ဆိုင်စစ်ဆေးသင့်ပါသည် ။

Wednesday, 27 March 2013

(၁)။တည်နေရာ အပေါ် အငြင်းပွားမှု။

သုဝဏ္ဏဘူမိ ။

သုဝဏ္ဏဘူမိ တိုက်ပွဲ။

(၁)။တည်နေရာ အပေါ် အငြင်းပွားမှု။

ဦးရည်စိန် ။

တော်လမီ၏ ပထဝီဝင် ကျမ်းတွင်ပါဝင်သော ရွှေကျွန်း ၊ ရွှေကျွန်းဆွယ်သည် လည်းကောင်း ၊ အရှင် ယီကျောင်း၏ ခရီးသွားမှတ်တမ်းလာ ရွှေကျွန်း ( ကျင်းကျိုး) သည် လည်းကောင်း ၊ အာရပ် ( အာရေဗျ) မှတ်တမ်းလာ Zabaj သည်လည်းကောင်း ထပ်တူညီကြောင်းတွေ့ရသည်။ တော်လမီ၏ ပထဝီကျမ်းက မြေပုံနှင့် ယခု အရှေ့တောင်အာရှ မြေပုံတို့ကို ထပ်၍ကြည့်လျှင် တော်လမီကျမ်းတွင် ရည်ညွှန်းထား သော ရွှေကျွန်းသည် အာရှတိုက်၏ တောင်ဖက် အစွန်ဆုံး နေရာ တွင် ရှိကြောင်းကို တွေ့ရသည် ။ တဖန် တော်လမီ၏ ပထဝီဝင်ကျမ်းသည် Besynga ( သို့မဟုတ် အိန္ဒိယ ကျမ်းဂန်လာ Vessunga ဝေသုင်္ဂ ) ကိုဖော်ပြပြီးနောက် Sarabak ကွေ့ကြီး မြောက်ဖက်တွင် မြို့ကြီးလေးမြို့ကို ဖော်ပြထားသည်။ ရွှေကျွန်း ကို Sarabak ကွေ့ သို့မဟုတ် မုတ္တမကွေ့တွင်ရှိကြောင်း မဖော်ပြထားခဲ့ပေ။ အရှင်ယိကျင့်သည် ခရစ်နှစ် ၇ ရာစုအခါ၌ စူမတြကျွန်းကို ရွှေကျွန်းဟု နှစ်ကြိမ်ဖော်ပြထားခဲ့သည် ။ ဤကား သက္ကတ ဘာသာ Suvrgmadviba သို့မဟုတ် ပါဠိဘာသာ သုဝဏ္ဏ ဒီပကို တရုတ်ဘာသာဖြင့် တိုက်ရိုက် ပြန်ထားခြင်းဖြစ်သည် ။ထို့အပြင် အာရေဗျ ( အာရပ် ) ပထဝီဝင် ဆရာ ဗီရူနီသည် Zabaj ကျွန်းများ သီရိဝိဇိယ နိုင်ငံတည် ရှိထား သော ကျွန်းကို ဟိန္ဒူလူမျိုးတို့က Suvarn Div သုဝရ်ဏဒွိပ Suvrana Dvipa ဟုခေါ်ကြောင်းအတိအကျ မှတ်တမ်းတင်ထားခဲ့သည် ။ သီရိဝိဇိယနိုင်ငံတည်ရာ ဌာနသည် စူမတြကျွန်းပင်တည်း ။ ထို့အပြင် အိန္ဒိယနိုင်ငံ သောမဒေဝ ပြုစု သော သမုဒ္ဒရာပုံပြင်၌ ဂုဏဝတီ မင်းသမီးသည် ကဠဟ ယခု မလေးရှား အရှေ့ဘက် ကမ်းခြေရှိ (Kedah ) မှ အိန္ဒိယ နိုင်ငံသို့ အပြန်ခရီးတွင် သုဝရ်ဏဒွိပ ( သုဝဏ္ဏဒီပ ) ကျွန်းတွင် သဘောင်္ ပျက်ခဲ့ ကြောင်း ဖော်ပြထားရာ ဂုဏဝတီ မင်းသမီးစီးခဲ့သော သင်္ဘောသည် မလေးကျွန်းဆွယ် အရှေ့ဘက်ကမ်းမှ စူမတြား ကျွန်း ရေလက်ကြားကို ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံသို့ ပြန်လာ ရခြင်း ဖြစ်သည် ။ ထို့ကြောင့် ခရစ်နှစ် ၂- ရာစုမှ ၁၁- ရာစုအထိ အိန္ဒိယ၊ ဂရိ၊ တရုတ် နှင့် အရေဗျ မှတ်တမ်းအစောင်စောင်တွင် ဖော်ပြထား သော သုဝရ်ဏဒွိပ/သုဝဏ္ဏဘူမိ သို့မဟုတ် သုဝဏ္ဏ ဒီပ/သုဝဏ္ဏဘူမိ သည် မုတ္တမကွေ့ မြောက်ဘက်တွင်မရှိနိုင် ။ ယခုစူ မတြကျွန်းတွင်သာဖြစ်ကြောင်း ထင်ရှား၏ ။

Thursday, 14 March 2013

မြန်မာရာဇဝင်များကို ခုခံကာကွယ်သူ ဒေါက်တာထင်အောင် ဆိုတာ

မွေးသက္ကရာဇ် - ၁၈၊၅၊၁၉၀၉ မိဘအမည် - အရေးပိုင် ဦးဖိန်း + ဒေါ်မိမိ မွးချင်း - ခုနှစ်ယောက် ( ပဉ္စမမြောက်သားဖြစ်သည် )

မွေးရပ် - ပဲခူး

ကွယ်လွန်ချိန် - ၁၀၊၅၊၁၉၇၈

ကွယ်လွန်သည့် နေရာ - မြန်မာနိုင်ငံ

နိုင်ငံသား - မြန်မာ

အလုပ်အကိုင် - စာရေး ဆရာ ၊ မြန်မာနိုင်ငံ သုတေသန အသင်း၏ ဥက္ကဌ ၊ မြန်မာ့သမိုင်း ကော်မရှင် - ဒုတိယ ဥက္ကဌ ၊ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ၊ ရန်ကုန်တက္ကသိုလ် အပြည်ပြည် ဆိုင်ရာ လေ့လာရေး ဌာန၏ ညွှန်ကြားရေးမှူး ၊ သီဟိုဠ်နိုင်ငံ သီရိလင်္ကာ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး။
ဇနီး - ဒေါ်တင်လှ

မိခင်တက္ကသိုလ် - ရန်ကုန် တက္ကသိုလ်။(မှတ်ချက်။ တက်ရောက်ပညာသင်ကြားချိန်တွင် အသက် -၁၅ နှစ်သာရှိသေးသည်။) London school of Economic၊ Queen College, Cambridge ,England.၊ Trinity College, Dublins , Ireland ၊ University of Paris ၊ Oxford , United Kingdom ၊

Tuesday, 12 March 2013

တိဘက် - မြန်မာတို့ ၏ ရနိုင်သမျှ ခြေရာ။


( ၁ )။ ယျေဘုယ လူမျိုးစုများ ခွဲခြားပုံ ကမ္ဘာပေါ်တွင် လူမျိုးစု များ ( ဝါ ) မျိုးနွယ်စု သုံးမျိုး ခွဲခြားထား ပါသည်။ အသားမည်း လူမျိုး ၊ အသားဖြူလူမျိုး နှင့် အသားဝါ လူမျိုးတို့ ဖြစ်ကြသည်။ အသားမည်း မျိုးနွယ်စု ကြီးကို Neroid ဟူ၍လည်းကောင်း ၊ အသားဖြူ လူမျိုးကို Europoid ဟူ၍လည်းကောင်း ၊ အသားဝါ လူမျိုးကို Mongoloid ဟူ၍ လည်း ကောင်း ခေါ်ကြသည်။ အာဖရိက တိုက်ရှိလူမျိုး အားလုံး လိုလို အသားမည်း မျိုးနွယ်စုကြီးတွင် ပါဝင်သည်။ အသားဖြူ မျိုးနွယ်စုကြီးသည် အများအား ဖြင့် ဥရောပတိုက်တွင် နေထိုင် သည်။ အသားဝါ လူမျိုးစု ကြီးမူကား အာရှတိုက် အရှေ့ပိုင်း တွင် နေထိုင်ကြသည်။ အမေရိက တိုက်တွင်လည်း နေထိုင်သည်။မွန်ဂိုလွိုက် သည်အသားဝါ မျိုးနွယ်စုများ အားလုံးကို ခြုံ၍ခေါ် သော အမည် ဖြစ်သည်။ ယင်းထဲတွင် မွန်ဂိုလ် လည်းအပါအဝင် ဖြစ်သည် ။ မွန်ဂိုလ် နှင့် မွန်ဂိုလွိုက် ဟူသော ဝေါဟာရ မတူပေ။ မွန်ဂိုလ် သည် လူမျိုးဖြစ်၍ မွန်ဂိုလွိုက်သည် မျိုးနွယ်စုဖြစ်သည် ။အမေရိကတိုက် ရှိ Red Indian များလည်း အပါ အဝင် ဖြစ်သည် ။ အသားဝါ မျိုးနွယ်စုကြီးတွင် တိဘက် - မြန်မာ လူမျိုးတို့ ပါဝင်လျှက် ရှိသည် ။ အကြမ်းအားဖြင့် တိဘက် - မြန်မာ ကို အုပ်စုနှစ်မျိုး ခွဲခြားနိုင်သည် ။ ခရစ်တော် မပေါ်မီ နှစ်ပေါင်း များစွာခန့်က ရှေးတရုတ် တို့၏ ရာဇဝင်ကျမ်းများတွင် ရှေးတရုတ် နိုင်ငံ၏ အနောက်ဖက် တွင် ချိယန် ( Chi'ang ) ဟူသော မျိုးနွယ်စု ကြီးတစ်စု ရှိခဲ့ ကြောင်း ထင်ရှားစွာ ဖော်ပြထား သည်။ ယခု တရုတ်နိုင်ငံ၏ အနောက်ပိုင်းတွင် တိဘက် အနွယ်စု ၊ ယှီဖန် အနွယ်စု စသည့် တိဘက် - မြန်မာ အနွယ်စု များပျံ့နှံ့ နေထိုင်သည်က တစ်ကြောင်း ၊ စီချွမ်နယ် အနောက်မြောက်အပိုင်းတွင် ချိယန် အမည်ရှိအနွယ်စု တစ်စု၏ ဘာသာစကားသည် တိဘက် - မြန်မာ ဘာသာစကားနှင့် နီးစပ် သည်ကတစ်ကြောင်းကြောင့် ထိုသို့ ကောက်ချက်ချခြင်း ပင်ဖြစ် သည်။

Saturday, 9 March 2013

သုဝဏ္ဏဘူမိ။ ( ခ ) ရာဇဝင်ကို ခွဲခြမ်းကြည့်သော်။

သထုံရာဇဝင်ပါအကြောင်းအရာတို့သည် ခေတ်ပြိုင် ကျောက်စာလည်းမဟုတ်၊ သမိုင်းမှတ်တမ်းလည်းမဆိုသာ ၊ ဒဏ္ဍာရီပါ အကြောင်းအရာတို့ကို သမိုင်းနည်းဖြင့် အချိန်ကာလ၊ နေရာဒေသနှင့် အဖြစ်အပျက်များကို ထုတ်နှုတ်ပြီးဆန်းစစ် တင်ပြပါမည်။အချိန်ကာလအားဖြင့် ဗုဒ္ဓခေတ်နှင့် ဗုဒ္ဓလွန်ခေတ် အကြောင်းတို့ပါဝင်နေသည်။ သုဝဏ္ဏဘူမိ သထုံပြည်ကို ဗုဒ္ဓမြတ် စွာမပွင့်ခင်က တည်ထောင်ခဲ့သည်ဆိုထား၏။ တဖန် သိကြား ၊ ရသေ့ ၊ ဝိဇ္ဇာဓိုရ် တို့တည်ထောင်ခဲ့သော ပထမ နှင့် ဒုတိယ သုဓမ္မ ဝတီ တို့သည်လည်းပါဝင်လေရာ မြို့ရိုးခုနှစ်ထပ် ကျုံးခုနှစ်ထပ်ဖြင့် တည်ပေးခဲ့သည်ဟုမှတ်သားဖွယ်ရာ တွေ့ရသည်။ထို့ပြင်သထုံမြို့တွင် မြို့ရိုးအထပ်ထပ်ဖြင့် တည်ထား သောမြို့ဟောင်းရာများကို ကောင်းကင်ဓါတ်ပုံများမှ ရှာဖွေတွေ့ရှိထားပေသည်။ဥပမာ ကျိုက္ကရာ မြို့ဟောင်းအရာဆို လျှင် မြို့ရိုးခုနှစ်ထပ်ထက်မနည်း ရှိသည်ကိုတွေ့နိုင်ပါသည်။

Thursday, 7 March 2013

The Making of Burma ( Dorothy Woodman )

စာအုပ်အမည် - ခေတ်မြန်မာတည်ဟန် (The Making of Burma) 
စာရေးသူ - Dorothy Woodman
 ဘာသာပြန်သူ - ဦးတင်မောင်ရင် (မဟာဝိဇ္ဖာ)
 ထုတ်ဝေကာလ - (ပ) ၁၉၇၈၊ (ဒု) ၂၀၀၈ 
ပုံနိုပ် - (ပ) မြတ်နိုးသူစာပေ၊ (ဒု) ရာပြည့်စာအုပ်တိုက်
 ထုတ်ဝေသူ - ရာပြည့်စာအုပ်တိုက်
 စာမျက်နှာ - ၅၅၀ တန်ဖိုး - ၄၅၀၀ ကျပ်

AddThis