Pages

Friday, 13 May 2016

အညာပုဂံဘုရားဖူး


မြန်မာတွေရဲ့ အတိတ်သမိုင်းအစစ်ကို သိချင်ရင် ပုဂံသွားကြည့် နိုင်ပါတယ်တဲ့ ..
ကိုယ့်အရှင် ကိုယ့်သခင် ကိုယ့်ဘုရင် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှာန်းနဲ့ နေထိုင်လာနိုင်ခဲ့တဲ့ သက်သေ နန်းတော်ရာကြီးများနှင့် နန်းမြို့ရိုး
ဓနငွေကြေး အင်အားတောင့်တင်းမှုကို အကောင်းဆုံးဖော်ထုတ်တင်ပြနေတဲ့ သက်သေ လက်ညှိုးထိုးကြည့်တိုင်း မလွဲနိုင်လောက်အောင် များပြားခဲ့တဲ့ စေတီပုထိုးများ နှင့်အတူ
စည်ပင်ပြန့်ပွားခဲ့သော ဗုဒ္ဓဘာသာရေးဆိုင်ရာပြယုတ်များ
တစ်ဖြည်းဖြည်း တိုးတက်ထွန်းကားလာတာကို တွေ့နိုင်တဲ့ ဗိသုကာလက်ရာများ သဒ္ဓါတရား ထက်သန်လွန်းစွာခြယ်မှုန်းတင်ပြထားတဲ့ ပန်းချီလက်ရာများ အပြင်အခြားသော အနုပညာ သုခုမ ပန်းဆယ်မျိုးဆိုင်ရာ အနုစိတ်လက်ရာများ အစရှိသဖြင့်ပုဂံဟာ မြန်မာ့သမိုင်းတစ်လျောက်လုံးအတွင်း မာန်ဟုန်မည်မျှ ကြီးမားခဲ့တာကို သိနိုင်ပါတယ်